Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 12, 2009

မိဘများ သုဂတိရောက်နိုင်အောင် ဘယ်လိုလုပ်မလ

အမေ။ ။ဘုန်းဘုန်းဘုရား…သားသမီးက တော်ရင် ထက်မြက်ရင် လိမ္မာရင်
မိဘများမှာက သုဂတိဘုံ ရောက်တယ် ဆိုတာ လက်ခံနိုင်ပါသလားဘုရား။
ဖြေကြားပေးစေလိုပါတယ်ဘုရား။
မောင်ဇော်မျိုး
ရန်ကုန်

အဖြေ။ ။ သားသမီးများ တော်တယ်ထက်တယ်ဆိုတာ ဘာလဲ၊ စီးပွားရေးမှာ
တော်ထက်တာကိုပြောတာလား၊ စီးပွားရေးမှာ တော်ထက်ရုံမျှနဲ့ သားသမီး
ချမ်းသာပြီးသူဌေးဖြစ်ရုံမျှနဲ့ မိဘတွေကိုသုဂတိဘုံရောက်အောင်အထောက်
အပံ့မပေး နိုင်ပါ။ ဒါပေမဲ့ တစ်ချို့တော်ထက်တဲ့ အကျင့်သီလပြည့်စုံတဲ့သား
သမီးတွေကြောင့် သုဂတိဘုံရောက်ကြရတဲ့ မိဘများလည်း ရှိပါသေးတယ်။

ဘုရားရှင်ဟောကြားထားတဲ့ အတိုင်း သားသမီးများက မိဘများကို ကျေးဇူး
တကယ်ဆပ်ချင်တယ်ဆိုရင်မိကိုလက်ျာဖကိုလက်ဝဲပုခုံးပေါ်ထမ်းပြီး နှစ်ပေါင်း
တစ်ရာကြာအောင်ပြုစုလုပ်ကျွေးပါသော်လည်း ကျေးဇူးဆပ်တယ်လို့မခေါ်ပါ
ဘူး။

အသက်ထင်ရှားရှိစဉ် ဒါနကုသိုလ်နဲ့တဲ့ မိဘများကို ဒါနကုသိုလ်ပြုတတ်အောင်
ပြုနိုင်အောင်ဖန်တီးပေးစွမ်းဆောင်ပေးမယ်၊သီလမရှိတဲ့ မိဘများကိုသီလစောင့်
ထိန်းချင်စိတ် ရှိလာအောင်၊ သီလစောင့်ထိန်းနိုင်အောင် စွမ်းဆောင်ပေးမယ်၊
ဘာဝနာတရားမပွားသေးတဲ့ မိဘများအား ဘာဝနာပွားချင်စိတ်ဖြစ်လာအောင်
ပွားများနိုင်အောင်ဖန်တီးပေးမယ်စွမ်းဆောင်ပေးမယ်ဆိုရင်၊ မိဘများကိုကျေးဇူး

ဆပ်ရာရောက်တယ်။ လို့ ဘုရားရှင်ဟောကြားထားပါတယ်။ဘုရားရှင် ညွန်ကြား
သလို ဒါန၊ သီလ၊ ဘာဝနာ မရှိတဲ့ မိဘများအား ဒါန၊သီလ၊ ဘာဝနာတရားများ
အားထုတ်ချင်စိတ်ပေါ်လာပြီး တကယ်လည်း ဒါန သီလ ဘာဝနာတရားများနဲ့
အချိန်ကုန်ကာ သေလွန်သွားမယ်ဆိုပါရင် မိဘများဟာ သုဂတိဘုံသို့ ရောက်
နိုင်ပါတယ်။ ဒါဟာ တော်တဲ့ထက်တဲ့ သားသမီးများ လို့ ခေါ်နိုင်ပါတယ်။

သာမာန်စည်းစိမ်ချမ်းသာများ သဘောရှိသုံးဆောင်စေပြီးလိုလေသေးမရှိ
ပြုစုရုံမျှနဲ့တော့ မိဘများ သုဂတိဘုံသို့ မရောက်နိုင်ပါ။တော်တဲ့ထက်တဲ့
သားသမီးများလည်း ဖြစ်မလာနိုင်ပါ။
ကြုံတုန်းပြောပါအုံးမယ်…….သားသမီးများ တော်တယ်ထက်တယ်ဆိုလို့…

လောကမှာ သားသမီး သုံး မျိုး ရှိပါတယ်။
(၁)အတိဇာတ၊
(၂) အနုဇာတ၊
(၃)အ၀ဇာတ တို့ဖြစ်ကြပါတယ်။

မိဘများထက် သီလ၊ သမာဓိ၊ပညာ ပိုလွန်တဲ့ သားသမီးများကို “အတိဇာတ” လို့ခေါ်တယ်။
မိဘနဲ့ သီလ၊သမာဓိ၊ပညာတန်းတူရှိတဲ့ သားသမီးများကို “အနုဇာတ”လို့ ခေါ်တယ်။
မိဘများထက် သီလ၊ သမာဓိ၊ ပညာ ယုတ်ညံ့တဲ့သူကိုတော့ “ အ၀ဇာတ” လို့ ခေါ်ပါတယ်။
ကိုယ်ဟာ ဘယ်အမျိုးအစားအထဲမှာ ပါ တယ်ဆိုတာ ခွဲခြားသိဖို့ပါ။

သားသမီးတော်ထက်တဲ့အတွက် ဖခင်ကြီး သုဂတိဘုံရောက်သွာရတဲ့အကြောင်းကို သဂြိုလ်ဘာသာ
ဋီကာမှာ ဖတ်ရတဲ့အတိုင်း ဖေါ်ပြ ပေးလိုက်ပါတယ်။
တစ်ခါက သောဏဂိရိ ခေါ်တဲ့ တောင်ပေါ်ကျောင်း တစ်ကျောင်းမှာ ရဟန်းတောတစ်ပါး သီတင်းသုံးတော်
မူပါတယ်။သူ့အမည်က အရှင်သောဏ၊ အာသဝေါကင်းကွာရဟန္တာတစ်ပါးဖြစ်တော်မူပါတယ်။သူ့မှာဖခင်
အိုကြီး ရဟန်းတစ်ပါးလည်း ရှိပါတယ်။ ဖခင်ရဟန်းကြီးဟာ လူ့ဘ၀တုန်းကမိသားစုအတွက်မုဆိုးအလုပ်နဲ့

အချိန်ကုန်ခဲ့ပါတယ်။ အသက်ကြီးလို့ သာသနာ့ဘောင်ဝင်ပြီး သားတော်ရဟန်းထံမှာ ရဟန်းပြု ပြီးနေပါတယ်။
ဖခင်ရဟန်းကြီး သေခါနီးအချိန်ရောက်တဲ့အခါ တောင်ခြေက ခွေးနက်ကြီးတွေ လာကိုက်နေသယောင် နိမိတ်
ထင်နေတဲ့အတွက် “ ဟဲ့..ချောက်ထုတ်ပါသားရဲ့” ဆိုပြီး ဆက်ကာ ဆက်ကာ အော်ဟစ်နေပါတယ်။

ဒီအသံကို သားရဟန်းကြားတော့ “ ဘာဖြစ်တာလဲ ဦးဇင်းကြီး” မေးတော့ “ခွေးကြီးတွေခွေးကြီးတွေ”
လို့ ဖခင်ရဟန်းကြီးက ပြန်ပြောပြပါတယ်။ “’ဒါဟာငရဲနိမိတ်တွေပဲ၊ ဒီအတိုင်းသေသွားလို့ကတော့ ငရဲ
ရောက်မှာ သေချာနေပီ၊ ငါလို သားတစ်ယောက်လုံး ရှိနေပါလျှက်နဲ့ဖခင်ရဟန်းကြီး ဘာ့ကြောင့် ငရဲကျ
ရမှာလဲ” လို့ တွေးကာ ကိုရင်လေးတွေကို ပန်းခူးခိုင်းပြီး စေတီရင်ပြင်တော်မှာ ပန်းမွေ့ရာခင်းစေတော်မူ
ပါတယ်။

ဖခင်ရဟန်းကြီးကိုတော့ ညောင်စောင်းနဲ့အတူ စေတီရင်ပြင်အရှေ့ကို ချထားစေပါတယ်။
အဲဒီအခါ သားရဟန်းက “ ဦးပဇင်းကြီးအတွက် ပန်းပူဇော်ပေးထားပါတယ်၊ ကြည်ညိုပါ”
လို့တိုက်တွန်းလိုက်ပီးတဲ့နောက်ပိုင်း ဖခင်ရဟန်းကြီးဟာကြည်ညိုဝမ်းမြောက်ဆဲခဏမှာ
ခွေးနက်ကြီးတွေမထင်တော့ဘဲနတ်သမီးတွေ ထင်လာပါတယ်။
ဒီမှာဖခင်ရဟန်းကြီး ပြောလိုက်တာက….
“ဟဲ့….သား ဖယ်ပေးပါ……ဖယ်ပေးပါ….သားရဲ့ မိထွေးတွေ လာနေတယ်” လို့ ယောင်ယမ်း
ပြောဆိုနေစဉ်စုတိစိတ်ကျပြီးသေဆုံး သွားပါတယ်၊ သေလွန်တဲ့အခါနတ်ပြည်သို့ရောက်ရပါတယ်။

ဒါဟာအတိဇာတ လို့ဆိုတဲ့ သားရဟန်းရဲ့ တော်မှုထက်မှုကြောင့် ဖခင်ရဟန်းကြီးငရဲကျမဲ့ဆဲဆဲကသီသီ
လေးလွတ်ကာ နတ်ပြည်သို့ ရောက်ခဲ့ရတဲ့ သာဓကတစ်ခုပါ။ ဒါလောက်ဆိုရင် မေးသူရော စာဖတ်နေသူ
များပါ သဘောပေါက်လောက်ပီထင်ပါရဲ့……….။

စာရေးသူ- ဦးကောဝိဒ(မြိတ်)

ကူးယူဒါနပြုပါသည်
သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်အောင်ထားတဲ့သူတွေဖြစ်ပြီး
သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ
ရင်းနှီးလေးစားစွာနှင့်
ရောင်နီ၀၇

No comments:

Post a Comment