"ခံဗျား" နှင့် "ရှံ" အသုံး
မြန်မာလို ခင်ဗျားနှင့် ရှင် အသံထွက်ကို ထားဝယ်အသံထွက်အားဖြင့် ခံဗျား ၊ရှံ ဆို၍ ပြောဆိုတက်ကြသည်။ ထားဝယ်သားများ ငယ်သူကကြီးသူကို စကားပြောလျှင် စကားအပိုဒ်ကျတိုင်း ယောကျာ်းကလေး ဖြစ်မူ ခံဗျား၊ မိန်းခလေးဖြစ်မူ ရှံအဖျားဆွတ် ထည့်ပြောလေ့ရှိသည်။ ကြီးသူကငယ်သူကို ပြောလျှင် နားထောင်ရသူက ကြားပြီဟု ၀န်ခံသည့် အနေဖြင့် ယောကျာ်းလေးက ခံဗျား၊ မိန်းခလေးက ရှံ လိုက်ပေးလေ့ရှိသည်။ လည်းကောင်းပြင် ငယ်သူကကြီးသူပြောသော စကားကိုသဘောပေါက်နားမလည်သေး၍ ထပ်မံပြောစေလိုလျှင် ခံဗျား-ရှံ ဟုအောက်မြစ်သံနှင့် တလုံးတည်းပြန်မေးသည့်အနေ ပြောဆိုတက်ပေသည်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment