ရှင်တော်မြတ် ဘုရား
ကမ္ဘာကြီး ပျက်မည်ကြား၍
ပန်းများကို မသီအား
ငွေဖလားနှင့်သာ လက်ခံတော်မူပါ ဘုရား...။
ပန်းတွေ မောက်မောက်
ဒူးထောက် ပူဇော်
လှူပြီးသော် နောက်
တင်လျှောက်ပါရစေ ဘုရား...။
ဗေဒအကျော် ဝေဒမော်များ
တွက်ချက် ဟောကြား
မှားနှိုင်မည် မထင်ပါ ဘုရား...။
ခရာစ် သက္ကရာဇ်
၂ဝ၁၂
ကမ္ဘာကြီးပျက်မည့်နှစ်ပါတဲ့ ဘုရား...။
အကယ်၍ ပျက်မည်ဟုမှန်ငြားအံ့
ရှင်တော်မြတ် ဘုရား
တား တော်မူလိုက်ပါနဲ့ ဘုရား...။
ချစ်သူရည်းစား
ကတိစကား မပျက်
ကမ္ဘာ လဆန်း(၁)ရက်မှာ
လက်ထပ်လှည့်ပါတဲ့ ဘုရား...။
သန်းစိန်
(မှတ်ချက်)E-mailပေးပို့လာသောမိတ်ဆွေထံပြန်ကြားချက်(ပေးစာ)ကိုမြတ်စံရေ့ ကြားပြီလား။ ကမ္ဘာကြီးပျက်တော့မယ် ဘာတွေပြင်ထားလဲ။...တဲ့
Copyright © 1999-2009 Google
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment