ကောဇာသက္ကရာဇ် ၁၂၁၅ခုနှစ်(ခရစ်နှစ်-၁၈၅၃)တွင်စိုးစံသော မန္တလေး ရတနာပုံ နေပြည်တော် ဘုရင်မင်းတုန်းမင်းကြီးအား ထားဝယ်ခရိုင် သရက်ချောင်းမြို့မှ ဖမ်းဆီးရမိသော ဆင်ဖြူတော်တစီးကို သွားရောက်ဆက်သဘူးလေသည်။ သွားရောက် ဆက်သသော ဦးမြတ်ရေးအား ဆုလဘ်များပေးပြီး နေမျိုးသိဒ္ဓိကျော်ခေါင်ဟူသောဘွဲ့ ရွှေနဖူးစည်းကိုလည်း ချီးမြှင့်လေသည်။ ဦးမြတ်ရေးနှင့်အတူပါသွားသော လူပေါင်း၃၀ ကိုလည်းထိုက်သင့်သောဆုများ အသီးသီးချီးမြင့်လေသည်။ ဤသို့ ထားဝယ်မှ ဆင်ဖြူတော်အား ဆက်သဘူးခြင်းသည် ထားဝယ်အတွက် ဂုဏ်တင့်ဘွယ်အကြောင်းတရပ်ပင်ဖြစ်လေသည်။
(တောင်းပန်စကား)
ဆင်ဖြူတော်ဆက်သသူ ဦးမြတ်ရေးအား မင်းတုန်းဘုရင်ချီးမြင့်လိုက်သည့် နေမျိုးသိန္ဒိကျော်ခေါင်ဘွဲ့ နဖူးစည်းရွှေပြားပုံကို (ထားဝယ်ကျော်မင်း-အမြူတေ)စာအုပ်တွင်ဖော်ပြထားသော်လည်း ယခုတင်ပြရာတွင် အသုံးမပြုနိုင်တာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment