အများအကျိုး၊ ဆောင်သည်ပိုးခိုက်
လူဆိုးလူမိုက်၊ ဒုစရိုက်တို့
ရိုက်ပုတ်ငြင်းဆန်၊ အကျောက်အကန်
သည်းခံ…..သည်းခံ၊ သည်းညည်းခံ။
အမှန်တရား၊ မထွန်းကားအောင်
တားလိုက်ဆီးလိုက်၊ စွမ်းကုန်မိုက်ကြ
မိုက်သူမရဲ၊ ဗုန်းဗုန်းလဲလိမ့်
ရဲသူအောင်ပွဲ၊ လက်မှာမြဲလိမ့်
ဇွဲသန်ရဲမာန်၊ မလဲနိုင်တဲ့ တို့အောင်လံ။
လူသမိုင်းသည်၊ ခရီးရှည်၏
ရေရှည်တွေးရှု၊ စိတ်ရှည်မှုနှင့်
လူထုကောင်းအောင်၊ ထွန်းညှိပြီးနောက်
ခရီးမပျက်၊ ဆက်ချီတက်မှ
လက်နက်မမှန်၊ ပက်လက်လန်
အမှန်သည်သာ အောင်ပွဲခံ။ ။
ရောင်နီတွေနဲ့ ဒို့အတူ
19 hours ago
No comments:
Post a Comment