ပွင့်ပြီးခါမှပြန်ငုံ
ရွှေကြာမုံ နေအရုဏ် စောင့်ရောထင့်။
တချို့သော ပန်းကလေးတွေ
ပွင့်ပြီးတော့ ကြွေ
မဖြေသာ နေအလာကိုမျှ မစောင့်
အသက်အောင့်နိုင်ရှာဘူးကွယ်။
တချို့သောပန်းများမှာတော့
ရမ်းကားတဲ့ လေနီကြမ်းနဲ့
အလွမ်းသင့် မိတ်ဖက်
အချိတ်အဆက် စိတ်ပျက်စရာ
သာယာတဲ့ညနေခင်းပါ…တဲ့။
ဥယျာဉ်ထဲမှာတော့
ပြုပြင်ဆဲ ပျိုးပင်ငယ်ကလေးတွေ
မိုးစင်စင်လင်းခါမှ
သင်းရနံ့ တကြိုင်ကြိုင်နဲ့
အခိုင်လိုက်အဆုပ်လိုက် ပွင့်ကြမှာပါ။ ။
Friday, November 13, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment