Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 16, 2009

ရပ်ရွာတိုင်း ဇရပ်တဆောင်

ထားဝယ်မြို့ပေါ်ရပ်ကွက်တိုင်းနှင့် တောလက်ကျေးရွာတိုင်းတွင် ရပ်ရွာပိုင် ဇရပ်တဆောင်စီ ဆောက်လုပ်ထားတက်ကြသည်။ ရပ်ရွာကိစ္စ အမူကြီးငယ်ရှိလျှင် အစည်းအ၀းပွဲ ပြုလုပ်ခြင်း၊ ရွာအလှူအတန်း ပြုလုပ်ခြင်းများကို ရွာဇရပ်၌ပြုလုပ်လေ့ရှိကြသည်။ ၎င်းအပြင် ညဥ့်အခါလူကြီးပိုင်းက ရွာဇရပ်၌ ဘုရားဝတ်တက်၊ ပရိတ်တရားများကို ရွတ်ဖတ်ကြသည်။ ရွာဇရပ်၌ ကုလားတက်ခေါ်(အုန်းမောင်း)တခုကိုလည်း အရံသင့်ချိတ်ဆွဲထားကြ၍ အစည်းအဝေပွဲပြုလုပ်လိုလျှင် ကိစ္စတခုခုဖြင့် လူစုလိုလျှင် ကုလားတက်ကိုခေါက်ကြရသည်။ ရွာဇရပ်၌ ရှိသော ကုလားတက်၊ သူကြီးအိမ်၌ရှိသော ကုလားတက်နှင့် ဘုန်းကြီးကျောင်း၌ရှိသော ကုလားတက်များသည် အသံအားဖြင့် ဖြစ်စေ၊ အချက်အားဖြင့်ဖြစ်စေ မတူရှိကြပေ။

No comments:

Post a Comment