Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 16, 2009

ဘုန်းနှင့်ကံနှင့် ပန်းသဇင်

ယခုအချိန်သည် မြောက်ပြန်လေ တဟူးဟူးနှင့် သဇင်ပန်းခိုင်များ လှချင်းပြိုင်နေသည့် အချိန်ဖြစ်သည်၊ မြန်မာနိုင်ငံပြည်သူများစုသည် သဇင်ပန်းကို ရခိုင်ပြည်နယ်မှာသာ ရှိသည်ဟု ထင်ကြဟန်တူပါသည်၊ သဇင် ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း၊ စာညွန့်လည်း ရှိသည်မဟုတ်ပါလား၊ ရခိုင်တွင် မည်သို့မည်မျှ ပေါများသည်ဟု စားရေးသူ မသိသော်လည်း မိခင်မြေဖြစ်သည့်၊ တနင်္သာရီတိုင်း ထားဝယ်မြေမှာတော့ မည်၍မည်မျှ ပေါများသည်ကိုကား သိပါ၏၊ ထားဝယ်ခရိုင် လေးမြို့နယ်တွင် မည့်သည့်တောကိုပင် ၀င်ဝင် မည်သည့်တောင်ပင် ရောက်ရောက် နတ်တော် ပြာသို တန်ပို့တွဲ ဟူသော ဆောင်းလများတွင် ကြိုင်ကြိုင်လှိုင်လှိုင် ဖွေးဖွေးဖြူပြီး အခိုင်လိုက် အဆုတ်လိုက် ပွင့်ဟန်များကိုကား မျက်စိထဲတွင် တပ်အပ်မြင်နေမိ သည်၊ ငယ်စဉ်အခါက သစ်ပင်ကြီးများပေါ်တွင် တက်ခူးဆွက်၍ အိမ်တွင် အလှစိုက်၊ အပိုအမျိုးဥများကို ပိဿာချိန်၍ ရောင်းသည်ထိပင် ပေါများလှပါသည်၊ သဇင်ပန်းသည် သန့်စင်ပန်းဟူသော ဝေါဟာရမှ ဆင်းသက်လာသည်ဟု အများက ယူဆကြပါသည်၊ တကယ်၌ လည်း သဇင်ပန်းသည် သန့်စင်၍ မွေးကြိုင်လှသော ပန်းမြတ်ပင်ဖြစ်၍ သန့်စင်ပန်းဟုခေါ်လျှင်လည်း မှားမည်မထင်ပါ၊ အညာရပ်၌ကား အတော်ပင် ရှားပါးလှသော ပန်းတမျိုးပင်ဖြစ်သည်၊ အရှေးရှေးမင်းများသည် သဇင်ပန်းကို မည်သို့မြတ်နိုးပုံးကို ဦးသုခ၏ သည်ဆောင်းဟေမန် ၀တ္ထုတွင် ရေးထားသည်မှာ “ မြို့ဝန် မင့်စာ၊ လိပ်မပါဘဲ၊ ကွယ်ရာဈေးပြင် ရောင်းလို့များမြင်ကလေ၊ သေချင်သေ၊ ရှင်ချင်ရှင် အင်မတိအင်မတန်၊ ရာဇ၀တ်တော်ခံရသည်၊ မြတ်ပန်တော်ပန်း ခိုင်လုံးလန်းကို ဟိုလောင်းပန်းပွင့် ဘယ်ဂုဏ်ဝင့်မလဲ၊ ဘုန်းနှင့်ကံနှင့်ပန်းသဇင်။” ဟူသော ကဗျာကိုထောက်ဆလျှင် သဇင်ပန်းမြတ်သည် အရှင်ဘုရင်များ၏ စိတ်နှလုံး၌ မည်မျှထိုး ဖောက်ပြီး၊ မည့်သို့ နေရာယူနေပုံကို ထင်ရှားစေသည် မဟုတ်ပါလော၊ အောက်ပြည်အောက်ရွာတွင် ပေါများသလောက် အထက်အရပ်တချို့၌ကား သဇင်ပန်းဆိုသည်ကို မကြားဖူးကြချေ၊ မြန်မာနိုင်ငံ တော်၏ တော်ဝင် နန်းထိုက်သည့်ပန်း သုံးမျိုးကို ဖော်ပြထားရာ သဇင်ပန်းသည်ကား သုံးခုအနက် နံပါတ်တစ်ပင်ဖြစ်သည်၊ နံပါတ် နှစ်ကား အင်ကြင်းပန်း၊ သုံးကား ပိတောက်ပန်း တို့ဖြစ်ပါသည်၊ နိုင်ငံအလိုက် တခုချင်း သတ်မှတ်လျှင်ကား ပိတောက်ပန်းကို လူအများ သိကြပါသည်၊ တတိုင်းပြည်လုံးကလည်း သိကြပါသည်၊ သစ်ခွပန်းသည်လည်း လူအများ နှစ်သက်ကြပါသည်၊ သဇင်ပန်းကိုကား လူသိနည်း၍ မထင်ရှားဆုံးသော တော်ဝင်ပန်းဖြစ်သည်၊ ဘယ်ကြောင့်လူမသိ၍ မထင်သနည်းဟူမူကား၊ သဇင်ပန်း (သန့်စင်ပန်း) သည် နေရာတိုင်း ပေါက်သော ပန်းမဟုတ်ပါချေ၊ မြင့်မြတ်နေရာ၌ပေါက်သော ပန်းတမျိုးဖြစ်သည်၊ သာသနိက နယ်မြေများ၌လည်း မအောင်မြင် မဖြစ်ထွန်းတတ်ပါ၊ မြေ၌ပေါက်သော သစ်ဝါးမျိုးလည်း မဟုတ်၊ ပင်ယံမြင့်တွင် ၀င့်ဝင့်ထည်ထည်ပွင့်သည့်ပန်း၊ ထူးသဖြင့်ဆိုရသော် ဂုဏ်မြင့်သည့်ပန်း၊ ပန်းများကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြရာ၌လည်း ကျေးဇူးပြုပြီး မုန်းလိုက်ပါနဲ့ဟု အဓိပ္ပါယ် ဖွင့်ကြ၏၊ ဤအကြောင်းထပ်ဆင့် ရှင်းလင်းရလျှင် ချစ်သက်ထားသည် အကြောင်းကြောင်း ကြောင့် ချစ်သူကို မျက်မာန်တော်ထား ငြိုငြင်လျှင်ပင် သဇင်ပန်းကို ဆက်သပြီး ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့ သဇင်၏ ဖြူစင်မြင့်မြတ်သောအလားသို့ မျက်မာန်တော်ပြေငြိမ်းပြီး အသနားခံ၏ဟု ဆိုလိုက်လျှင် သဇင်၏ဂုဏ်ကြောင့် ခွင့်ပြုတတ်သကဲ့သို့ ဟူသတည်း။

ရေးသားပေးပို့သူ အာကာ အားအထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment