သပြေခက်တွေ ကြယ်ပွင့်တွေနဲ့
တကယ်တင့်တယ်နေတဲ့ စစ်ဗိုလ်တယောက်
ခါးထောက်ပြီး အမိန့်ပေးတယ်။
“ဟေး……ပစ်” တဲ့။
ရှေ့က တန်းစီချီတက်လာတဲ့
မဟာလူထုကြီး။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့
လူ့အခွင့်အရေးကို
သွေးနဲ့ရင်းပြီး တောင်းဆိုဖို့
မိုးပြိုသလို ပြိုလာတဲ့ မဟာလူထုကြီး၊
စစ်သားကလေးတစ်ယောက်
သေနတ်မြှောက်ပြီး ပစ်မယ်အလုပ်မှာ
တမုဟုတ်ချင်း စဉ်းစားတယ်။
ငါ့ချစ်သူရဲ့ ရင်အုံကို ထိမှန်တဲ့
ငါ့ကြည်ဆန်ဖြစ်နေမလား။
စိန်ခေါ်နေတဲ့ တိုက်ပွဲ
ရဲဘော်…သင် ဘယ်ဘက်ကလဲ။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment