Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

" ဒေါက်တာစတီဗင်ဆင် ( အမေရိက ) ၏လူဝင်စားလေ့လာချက်များ "

လူဝင်စားများနှင့်ပက်သက်၍ ဒေါက်တာစတီဗင်ဆင် ( အမေရိကန် ) သည် လူဝင်စားများကိုလေ့လာခဲ့သည် ။ သူသည်
အသ် ( ၆၀ ) နှစ်ရှိ၍ ဗာဂျီးနီးယားတက္ကသိုလ်စိတ်ရောဂါဗေဒဌာနတွင် ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည် ။ သူသည်
ဂျပန် ၊ အီတလီ ၊ အင်္ဂလန် ၊ မြန်မာစသောနိုင်ငံများရှိ လူဝင်စားများကို ကွင်းဆင်းလေ့လာခဲ့သည် ။
-- သူသည်လူဝင်စားကိစ္စများကို ရှေးဦးစွာ စုံစမ်းစစ်ဆေးသည် ။
-- လူဝင်စားပြောသော အတိတ်ဘ၀ ကွယ်လွန်သူပုဂ္ဂိုလ်အကြောင်းကို ဆိုင်ရာအရပ်ဒေသသို့ သွား၍စုံစမ်းသည် ။
-- သူတို့နှစ်ဦးနှင့်သက်ဆိုင်သောအချက်အလက် ၊ မိဘဆွေမျိုးသားချင်းနှင့်အပေါင်းအဖော်များ၏ ထွက်ဆိုချက်များ
နှင့် အရပ်ဒေသအခြေအနေ ဆက်သွယ်ခြင်းရှိ ၊ မရှိ ၊
-- ဆိုင်ရာပုဂ္ဂိုလ်နှစ်ဦး၏ ရုပ်လက္ခဏာ ၊ စိတ်ဓာတ်စရိုက် ၊ ၀ါသနာ ၊
-- လူဝင်စားကမည်ရွေ့မည်မျှမှတ်မိသည် ( အတိတ်ဘ၀ကသူ၏ခံစားချက် ) စသည်တို့ကို စုံစုံစေ့စေ့ ရှာဖွေစုဆောင်းခဲ့သည် ။
ထို့နောက်ရှာဖွေတွေ့ရှိချက်များကိုဗာဂျီးနီးယားတက္ကသိုလ် ကွန်ပြူတာစက်ဖြင့် ဆန်းစစ်ပေးသည် ။
တစ်ဘ၀နှင့်တစ်ဘ၀လိင်မတူမှု ၊ လူဝင်စားမဖြစ်မီ ကြားကာလ ၊ သေခါနီးစွဲလန်းမှု ၊ ဘ၀ဟောင်းမှအလေ့အကျင့်
စရိုက်ဝါသနာများပါလာမှုစသည်တို့ကိုနိုင်ငံလူမျိုး ၊ ဘာသာဝါဒ ၊ အစဉ်အလာ ၊ ယုံကြည်ချက် စသည်များနှင့်ချိန်
ထိုး၍ ဆန်းစစ်လေ့လာခဲ့သည် ။ ဗာဂျီးနီးယားတက္ကသိုလ်ရှိဒေါက်တာစတီဗင်ဆင်၏ သုတေသနဌာန၌ မှတ်တမ်းတင်
ထားသော လူဝင်စားမှုများမှာ အားလုံး ၁၆၆၇ - ခု ရှိသည်ဟုဆိုပါသည် ။
အာရှတိုက်မှ ၈၆၄
ဥရောပတိုက်မှ ၂၅၂
မြောက်အမေရိကတိုက်မှ ၄၉၉
အခြားတိုက်မှ ၅၂
ဒေါက်တာစတီဗင်ဆင်ကလူဝင်စားလေ့လာမှုနှင့်ပက်သက်၍ အများအားဖြင့်ထင်ရှားသော လက္ခဏာလေးရပ်ကို
ထုတ်ပြခဲ့ပါသည် ။
( ၁ ) လူဝင်စားဖြစ်သည်ဆိုသောသူသည် ကလေးအရွယ်အသက်သုံးနှစ်လောက်ကစ၍ မိမိ၏အတိတ်ဘဝ
အကြောင်းကို မှန်ကန်စွာပြောပြနိုင်ခြင်း ။
( ၂ ) ဘ၀ဟောင်းမှမိတ်ဆွေသားချင်း ၊ မိတ်ဆွေအပေါင်းအသင်း ၊ နေရာဌာနနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာများကို
ကောင်းစွာခွဲခြားမှတ်မိခြင်း ။
( ၃ ) မိမိဘ၀ဟောင်းနှင့်ပက်သက်၍ စိတ်လှုပ်ရှားခံစားမှုရှိခြင်း ၊ ဘ၀ဟောင်းမှလူများ ၊ နေရာဌာနများနှင့်
ဖြစ်ပျက်မှုများသည် ချစ်စိတ် ၊ မုန်းစိတ် ၊ ကြောက်စိတ် စသည်တို့ကိုဖြစ်ပေါ်စေခြင်း ။
( ၄ ) လူဝင်စားနှင့်ဆိုင်ရာအတိတ်ဘ၀ ပုဂ္ဂိုလ်တွင် စရိုက်ဝါသနာတူညီမှုရှိခြင်း ။
ဤအချက်များသည်လူဝင်စားအားလုံးလိုလို၌ အနည်းအများတွေ့ရသော ယေဘုယျလက္ခဏာများဖြစ်သည်ဟု
မှတ်ချက်ချထားပါသည် ။ သို့သော်သူကားလူသတ္တ၀ါတို့၏ ရုပ်နာမ်တရားဖြစ်ပျက်မှုနှင့်ပက်သက်၍ သိပ္ပံပညာက
မသိသေးသောအချက်များ အများအပြားရှိနေသေးသည် ဆိုသည်ကို စဉ်းစားမိချင်မှစဉ်းစားမိပေမည် ။ စိတ္တဗေဒ
စိတ်ဝိညာဉ်သုတေသန ဇီဝဗေဒစသောသိပ္ပံပညာရှင်များ တိုးတက်လာသည်နှင့်အမျှ လူဝင်စားမှုဆိုင်ရာတွေ့ရှိချက်များ
ကိုဆန်းစစ်မှုပိုမိုခရီးရောက်လိမ့်မည်ဟုသာ ၀န်ခံမှတ်ချက်ပြုသွားပါသည် ။
လူဝင်စားများ၌ကလေးသည်ပျမ်းမျှအားဖြင့်နှစ်ခါလည်နှင့်ခြောက်လတွင်ဘ၀ဟောင်းကိုမှတ်မိ၍ ပြောစပြုလာသည် ။
အသက် ( ၅ ) နှစ်အရွယ်တွင် မေ့စပြုလာသည် ။ ထိုအရွယ်တွင်ကျောင်းနေသောအရွယ်ဖြစ်၍ အရွယ်တူအပေါင်း
အသင်းများနှင့်ကစားနေရသောအရွယ် ဖြစ်နေ၍ ထိုအချိန်ဝယ်စိတ်အာရုံများပြားလာ၍ ဘ၀ဟောင်းကိုမေ့စပြုလာ
ခြင်းဖြစ်သည် ။ သို့ရာတွင်လုံးဝမေ့သွားခြင်းမဟုတ် ၊ ဘ၀ဟောင်းဆိုင်ရာအမှတ်သညာများ တစ်စတစ်စမှေးမှိန်လာ
ခြင်းမျှသာဖြစ်၍ ယေဘုယျအားဖြင့် အသက် ( ၁၀ ) နှစ်လောက်တွင်လုံးလုံးလျားလျား မေ့ပျောက်သွားတတ်သည် ။

No comments:

Post a Comment