ရခိုင်မှထားဝယ်ဖြစ်လာသည်ဟု ပြောဆိုကြသူတို့၏ကိုးကားချက်မှာ ၁၉၁၂-ခုနှစ်တွင် ရန်ကုန်မြို့ သုဓမ္မ၀တီ စာပုံနှိပ်တိုက်မှ ရိုက်နှိပ်သောအရေးတော်ပုံ ငါးစောင်တွဲစာအုပ် စာမျက်နှာ ၈၄ပါဓည၀တီအရေးတော်ပုံ၏ အခဏ်း ၄၈တွင်ဤသို့ပါရှိသည်။ တရံရောအခါ ထားဝယ်သား အာလောတက်ညွန့်သည်။ တရံရောအခါ ထားဝယ်သား အာလောတက်ညွန့်သည်လူပေါင်း ယောကျာ်းမိန်းမတထောင်နှင့် ၀င်ရောက်လာသောအခါ အမတ်ကြီးမဟာပညာကျော် လျှောက်သည်မူကားအရှင်မင်းမြတ် တက်ညွန့်တို့သည့် ရှေးဘေးတော်မင်းများ လက်ထက်မရိပ်ခေါင်းနေ မြုံကိုးခေါင်းသားတို့ ငြိမ်သက်စွာမနေ တမြို့တရွာကို သာတိုက်ဖျက်၍ အစဉ်ပြုကျင့် ဆိုးသွမ်းသောကြောင့် ထိုအရပ်ကသင်းတို့ကို သိမ်းခေါ်၍ ဘီတော်ဒေသရာဇာမင်းက မန်အောင်ကျွန်းတွင် ချထားတော်မူရာ တနှစ်ခန့်ရှိသော် ထွက်သွားတော်မူ၍ ယိုးဒယားနှင့်ပဲခူးတို့ နှစ်ပြည်အကြားတွင် နေလေရာမြို့ကို ထားဝယ်တွင်လေသည်။ ယင်းသို့ဇာတိရင်း ပမာသော်ကား တော၌ကြီး ပြင်းသော သတ္တ၀ါတို့ကိုလူယူ၍မွေးထားလေသော် တပါးသောအကောင်ဖြစ်လျှင် ယဉ်ကျေးပျော်ပိုက်ကြသည်ပင်။ တောကြက်မျိုးသည် လုံစွာထားတက်မှနေပါသည်။ မလုံလွတ်ချေမူ မိမိတောသို့သွားလေသည်။ ထို့အတူမြုံဓားဝယ်၊ ပသျှူး၊ လေးထူး၊ ချင်း၊ လင်းကဲ၊ ကချင်အမျိုးသားတို့သည်လည်း တောကြက်နှင့်တူပါသည်။ တိုက်ယူလုယက်စားသောက် မပြုရသော် အရှည်နေမည့် လူမျိုးမဟုတ်ပါ။ သင်းတို့စိတ်ကြိုက်လုယက်တိုက်ဖျက် နေရမှသာပျော်ပိုက် ရှည်ကြ မည့်လူမျိုးဖြစ်ပါသည်။ လူရှိသော မြို့ရွာအနီးအပါး ချထားချေမူ သင်းတို့သွေးသွင်းစေရမည် လျှောက်ထားလေသော် ပြည့်ရှင်မင်းလည်း ကြိုက်တော်မူ၍ မြုံထားဝယ်တို့ကိုအုန်းကျွေန်းမှာချထားလေသည်။တနှစ်မျှကြာသော် အုန်းကျွန်းမှ ၎င်းလူစုထွက်သွားပြန်လေသည်။
အထက်ပါမဟာပညာကျော် လျှောက်ထားချက်ကို ယုတ္တိတန် မတန်စီစစ်လျှင် . . .
(၁) မဟာပညာကျော်အမတ်သည် ရခိုင်ဘုရင်မင်းဖလောင်း၌ခစားသော အမတ်ကြီးဖြစ်သည်။ မင်းဖလောင်းဘုရင်နှင့်မြန်မာဘုရင့်နော်ကျော်ထင် နော်ရထာ ထီးပြိုင် နန်းပြိုင်ခေတ်ကောဇာသက္ကရာဇ် ၉၁၀ကျော်ဖြစ်၍၎င်းအချိန်တွင် အုန်းကျွန်း(ကပ္ပလီ)မှ အာလောတက်ညွန့်တို့လူစု ထားဝယ်ဒေသ သို့လောစေဦး၊ ထားဝယ်ဒေသသည် ဘုရင့်နောင်ပိုင်နက် ဖြစ်နေလျက် ထားဝယ်ဒေသ၌ထားဝယ်များရှိနေပြီဖြစ်၍ ယုတ္တိမတန်ချေ။
(၂) ဘီတော်ဒသရာဇာ ခေတ်ဆိုလျှင်လည်းကောဇာသက္လရာဇ် ၇၀၀-ကျော်ခန့်တွင်ဖြစ်၍ အင်းဝမြန်မာဘုရင်မင်းကြီး စွာစော်ကဲနှင့်၎င်း၊ ပဲခူးမွန်ဘုရင် ဗညာဦးတို့နှင့်၎င်း၊ ထီးပြိုင်နန်းပြိုင်အချိန်ဖြစ်သည်။ ထိုအချိန်က ထားဝယ်ဒေသသည်
မွန်လက်အောက်တွင် ရောက်ရှိနေ၍ မန်အောင်ကျွန်းမှ မြုံကိုးခေါင်းသားတို့ ယိုးဒယားနှင့် ပဲခူးအကြားနေလာရာ မြုံကိုးထားဝယ်တွင်သည်ဟု ဆိုရာ၌လည်း ၎င်းထက်စောပြီး ထားဝယ်ဒေသ၌ ထားဝယ်လူမျိုးရှိပြီးဖြစ်၍ ယုတ္တိမတန်ချေ။
(၃) မြန်မာရာဇ၀င် သမိုင်းအရ ပုဂံအနော်ရထာ မင်းလက်ထက်ကောဇာသက္ကရာဇ် ၄၀၁-ကျော်ခန့်ကပင်ထားဝယ်လူမျိုး ထားဝယ်ဒေသ၌ရှိပြီး အထောက်အထားများအရ မဟာပညာကျော် လျှောက်ထားချက်၏ ရခိုင်မှ ထားဝယ်ဆင်းသက်လာဟန် အဓိပ္ပါယ်သည် လုံးဝယုတ္တိမရှိဖြစ်ပေသည်။
မှတ်ချက်။ ။သို့ဖြင့် မဟာကျော် လျှောက်ထားချက်မူရင်းကိုပါ ဖော်ပြပြီး ထားဝယ်သည် ရခိုင်မှ ဆင်းသက်လာသော အမျိုးအနွယ်မဟုတ်ကြောင်း စီစစ်ဝေဖန်ချက်နှင့် ခိုင်လုံစွာ ရှင်ပြအပ်ပါသည်။
Monday, November 16, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment