ရွှေပြည်ကြီးဆီသို့
မြင်းကုန်းနှီး တပြင်ပြင်နဲ့
ခရီးတွင်အောင် အပြီးနှင်စမ်းမယ်လို့
မန်ကျည်းပင် ဆီးပင်တန်းရယ်နဲ့
ထန်းပင်ကွေ့ ရောက်ခဲ့ပြီ။
နွားသရမ်းတွေက
ကားလမ်းပေါ် ပိတ်ကာဆီး
ချိုကြီးတွေ တ၀င့်ဝင့်နဲ့
မျှော်လင့်သူကို
ကော်ပင့်ကာခတ်မယ် တကဲကဲ
သူရဲမင်းရဲ စီးနေလေတော့
လိမ်းမဖြောင့် အချိန်မမီ။
ကောင်းမျိုးတွေညွန်
ဒေါင်းအိုးဝေ တွန်သံကြားခါမှ
အားတက်ကာ ခရီးဆက်ပါရ
ဆီး ထန်းလျက် ကလေးနဲ့ ပွဲတော်တည်
နွှဲပျော်မည်ကွဲ့ ရွှေပြည်စခန်း။
မလွဲချော်သည်တဲ့ ရေကြည်စမ်း။
မြင်းတက်သုက်နှင်
ထမင်းထုပ် တပြင်ပြင်နဲ့
နေမ၀င်မီ အသေအချာရောက်ရမဟဲ့
မြေပြင်ဆီ ရွှေခွာမြှောက်ကာပ
ရောက်တော့မဟေ့ မသွေတမ်းသာမို့
ပေါက်တော့ ခြေလှမ်း။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment