Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 26, 2009

သုံးဆယ့်တဘုံသားတို့၏ သက်တမ်း

စကြ၀ဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌သတ္တ၀ါတို့၏တည်ရာဌာန (၃၁-ဘုံ) ရှိသည်၊
ထိုတွင် အပါယ်လေးဘုံနှင့် လူ့ဘုံသားတို့၌ အမြဲတည်သော သက်တမ်းမရှိ။
ကံအားလျှော်စွာသာလျှင် တည်ကြရသည်။

ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ်
နတ်မျိုးတွင်ပါဝင်သောဝိနိပါတိကအသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း
တည်မြဲသောသက်တမ်းမရှိ။ အချို့ အလွန်အသက်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်
မျှသာ တည်သည်-ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။

သို့ရာတွင် အဘိဓမ္မာ အနုဋီကာ ဇိနာလင်္ကာရဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏
သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။

လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ
ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာ
ခေတ် ဖြစ်သည်ဟု ဆိုပါသည်။

သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌
နှစ်ပေါင်း တထောင်၊ ပုဗ္ဗ၀ိဒေဟခေါ် အရှေ့ကျွန်း၌ အပရဂေါယာနခေါ် အနောက်ကျွန်း၌ နှစ်ပေါင်းငါးရာ
ယခုတိုင် သက်တမ်းရှိနေသည်-ဟုအချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏
နှစ်ပေါင်းငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်။

နှစ်ပေါင်းတရာသည် တာဝတိံသာနတ်တို့၏ တရက်။

နှစ်ပေါင်းနှစ်ရာသည် ယာမာနတ်တို့၏ တရက်။

နှစ်ပေါင်းလေးရာသည် တုသိတာနတ်တို့၏ တရက်။

နှစ်ပေါင်းရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်။

နှစ်ပေါင်းတထောင့်ခြောက်ရာသည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တရက်။
အသီးသီးဖြစ်သည်။

နတ်တို့၏အရေအတွက်အားဖြင့်မူ

စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်။
ယာမာ နှစ်ထောင်။
တုသိတာ လေးထောင်။
နိမ္မာနရတီ ရှစ်ထောင်။
ပရနိမ္မိတ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတုမဟာရာဇ်နတ်သက် ငါးရာကို လူတို့၏နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း (၉-သန်း) ရှိ၏။
တာဝတိံသာစသောအထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်းအဆင့်ဆင့်
လေးဆလေးဆ တက်၍ သွားပါသည်။


ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်။ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာသုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ။
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်နှင့် အသည်သတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ငါးဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀ အသီးသီးသက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၄၀၀၀ အသီးသီးရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ၀ိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

http://mawluu.blogspot.com/

ကူးယူဒါနပြုပါသည်
သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်
အောင်ထားတဲ့သူတွေဖြစ်ပြီးသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ............။
ရင်းနှီးလေးစားစွာနှင့်
ရောင်နီ၀၇

No comments:

Post a Comment