မင်္ဂလာတွေရော
အကြင်နာတွေရော
ရင်နာစရာ ဘ၀င်နာစရာတွေရော
ရောပြွမ်းနေတဲ့ မနုဿစခန်းမှာ
ဒုက္ခတွေထမ်းပြီး
တလှမ်းပြီး တလှမ်း
မမြင်မကန်းနဲ့ ပင်ပန်းကြီးစွာ
လျှောက်လာခဲ့။
ကျောခွနေတဲ့
သောက၀န်ထုပ်ကလဲ လေးလှချည့်။
သံသရာ ဘ၀စက်ဝန်းထဲမှာ
နာမ်ခန္ဓာ နှစ်ဝလက်တွန်းလှည်းနဲ့
ဒရွက်ဆွဲ သွားလာ
သနားစရာ အများသတ္တ၀ါပါ။
ထန်းရွက်ယပ်နဲ့ တဖျတ်ဖျတ်
ခပ်ပေးလိုက်ချင်ပါသေးရဲ့။
ဒီ ချင်ခြင်းတွေကလဲ
ရင်တွင်းမှာ ဖိတ်လျှံ
စိတ်သန်တဲ့နှလုံးနဲ့
တောင်ကုန်အတက် ရောက်တော့မယ်။
တောင်ကုန်းအကျော်
မောင်ဖုန်း တမျှော်မျှော်နဲ့
ပြည်တောင်ကို ရောက်လုနီးနဲ့
တမိုး သစ်ခဲ့ရပြီကောကွယ်။
သောကအထုပ်က တဖက်
မောဟအရှုပ်က တဖက်နဲ့
မျှော်လင့်ချက် အထုပ်သစ်နဲ့
အလုပ်ဖြစ်အောင်
ခရီးဆက်ပြီး
ကိုယ့်အသက်ကို ရှည်အောင်မွေးရင်း
အရေးတော်ပုံ နွှဲဦးမယ်။ ။
ရောင်နီတွေနဲ့ ဒို့အတူ
1 week ago
No comments:
Post a Comment