ဝမ်းနည်းစရာကောင်းတဲ့
နင်နဲ့ငါကြားက ချစ်ခြင်းတရား
အတ္တနဲ့ မာနသာများခဲ့
နင့်အတ္တရဲ့ ... အလုံးစုံပိုင်ဆိုင်လိုခြင်းနဲ့
အထိခိုက်မခံနိုင်ခဲ့တဲ့ ငါ့မာန
ရင်ဆိုင်ဆုံတွေ့ကြတော့
လွန်ဆွဲတဲ့ ပွဲတစ်ပွဲ
နင်နဲ့ငါ နွဲမိတယ်နော်
အတ္တနဲ့ မာန
အားပြိုင်ဆွဲတဲ့ပွဲမှာ
အတ္တလဲစိတ်ဆိုး
မာနလဲစိတ်ဆိုး
ရှေ့ဆက်မတိုးနိုင်လို့
အတ္တလည်း ကိုယ့်ကိုကိုယ်သတ်
မာနလည်း ခပ်ပြတ်ပြတ်ပဲဆုံးဖြတ်
နောက်ဆုံးရလဒ်က
နင်တစ်နေရာ ... ငါတစ်နေရာ
အဝေးဆုံးမှာ ..............။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
3 months ago























No comments:
Post a Comment