လေလှိုင်းမှာ ဈာန်ယာဉ်စီး
အထီးကျန်နေတဲ့ ငါ့အတွေးတစ
တသသ တလှပ်လှပ်
တဆတ်ဆတ် နာကျင်နေတယ်။
အလွမ်းနာနေတဲ့
ပရမ်းပတာ အတွေးများလား။
ဓာတ်ပုံကလေး တချပ်ပဲ
အမှတ်တရ ကျန်ရစ်
ငါ့ချစ်သူ ငါမတွေ့နိုင်တဲ့
တမြေ့မြေ့အဆွေးကြောင့်
အတွေးကလေးတွေ မှေးမှိန်
တည်းခိုအိမ် ပျောက်ခဲ့လို့လား။
စေတီပျက်ရဲ့
မြက်ခင်းကလေးပေါ်မှာထိုင်
ကိုယ့်နိုင်ငံ ကိုယ့်အကြောင်း
သောင်းပြောင်းဝိုင်းဖွဲ့
တွယ်ရာမဲ့ သူငယ်ချင်းတွေရဲ့
စီးဆင်းနေတဲ့မျက်ရည်တွေ
ရက်ရှည်နေရှာပကောလို
စိတ်မောဖွယ် ဒီအရေးကြောင့်လား။
မေပင်ပင် ထင်းရှုးပင်ရိပ်မှာ
ကစဥ့်ကလျား လွင့်ပါးနေတဲ့
အတွေးများကိုချိတ်ပြီး
တိတဆိတ် လမ်းလျှောက်နေမိတယ်။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment