Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

အကျိုး နှင့် အကြောင်း

အမျိုးသားတို့ ကြိုးစားလို့ယူခဲ့ပေသည်
လွတ်လပ်ရေးအတွက်အထောက်အကူ
နောက်လူတွေအဆင်သင့်စေဖို့
သူတို့တွေရင်နင့်ခံခဲ့တယ်
ဗမာ့အမျိုး တိုးတက်စေဖို့တဲ့လေ ။

ငယ်ငယ်မြင်ခဲ့ဖူးတဲ့
အမျိုးသားနေ့ရဲ့ ဒေါင်းအလံ .....
အချိန်တွေပြောင်းလို့
အတိတ်ဟောင်းထဲ ကျန်ခဲ့လေသလား
တချိန်က စည်ကားခဲ့တဲ့နေ့
တချို့ မေ့တောင်နေခဲ့ပြီ ...
အလံတစ်ဝက်ပျံမတက်နိင်တော့ဘူး
ဘယ်သူ့မှာတာဝန်ရှိသလဲ ?


ငြမ်းမဖျက်တဲ့" ဘုရား"
"အလကား"ရယ်လို့ မဖြစ်စေဖို့
"အကျိုး "ပေါ်က "အကြောင်း "တို့မေးမှိန်ရသည်
အော်သင်္ခါရပါတကား ။

"ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား"
ထိုတစ်ခါ ညီညီညာ
ပြည်မြန်မာဆိုရွတ်ခဲ့လည်း
ယခုအခါ စာအုပ်ဟောင်းအဖြစ်
ဘော်ဒယ်ကုလားထံ ရစ်သမျှခံရသည်
တစ်ပိဿာတောင်မပြည့်ဘူးဆိုပဲ ...........

(nai)
11.11.09/WED
( အမျိုးသားနေ့အမှတ်တရ )
from ( www.whitelily.co.cc )

Tags: ကြာပန်းဖြူ

မျှဝေရန်

No comments:

Post a Comment