မရဏတရားကို
အလှတပါးလို့ မြင်လာအောင်
အလောင်းတင် ပန်းရထားနဲ့
တခမ်းတနား ပြင်ကြ။
အုတ်ဂူမှာ နှင်းဆီနီ
သီကုံးထားတဲ့ ပန်းခွေနဲ့
လွမ်းမပြေ တသသ
တင်မိုး ၁၀၊ နိုင်ဝင်ဘာ၊ ၁၉၉၉ (အော်စလို) ဗုဒ္ဓဟူးနေ့ နံနက်ခင်း
ဂါရ၀ပြုကြ။
အသေလှချင်ရင်တော့
အနေလှ ဖို့လိုမယ်။
မသေခင်မှာ
မြေပြင်က လူသားချင်း
မိတ်တသင်း ပေါင်းကလျာတို့
စိတ်ရင်းကောင်းစွာ အကျိုးပြုမှ
သာဓုသံ သာလိမ့်မယ်။
လောဘငမ်းငမ်း
ဒေါသကြမ်းကြမ်း
မာနတွေ တန်းလန်းနဲ့
ရမ်းကားခဲ့သူကို
ပန်းရထားနဲ့ တင်လို့
အလှပြင်လို့ မရကောင်း
အပုပ်နံ့တွေက
အဟုတ်လန့်လောက်အောင်
တထောင်းထောင်း ထနေမှာပဲ။
အနေကောင်းမှ
အသေကောင်း
အလောင်းလှမှာပါ။
ကိုယ့်သမိုင်း ကိုယ်ထူ
ကိုယ့်အုတ်ဂူ ကိုယ်သလို့
ဘယ်မှာ ရနိုင်ပါ့မလဲ။
ကိုယ် တကယ်ကောင်းခဲ့ရင်
ခေါင်းချတဲ့အခါ
အလောင်းမလှမှာ မပူနဲ့
ပြည်သူတွေ ကိုယ်တိုင်
အလောင်းပိုက်ပြီး
ကျောက်တိုင်စိုက် အလေးပြုလိမ့်မယ်။
အမြင်မစောင်းကြနဲ့
အရှင်ကောင်းမှ အသေကောင်းမှာ။
နောက်နှောင်း လူတွေက
အုတ်ဂူပေါ် ပန်းခွေချ
အလေးပြုကြမှာ။
မော်ကွန်းထိုးတယ်ဆိုတာ
ကိုယ်ကျိုးစွန့် အနာခံ
အမှန်ကို ချစ်မြတ်နိုးသူကိုမှ
မော်ကွန်းထိုးကြမှာ ဧကန်။
ရာဇ၀င် သမိုင်း
ရေးခိုင်းတိုင်း ရေးလို့မရ
သေခါမှ အလှပြင်ချင်လို့မရ။
နေမ၀င်မီ
အသေလှဖို့ ပြင်တတ်မှ
မြင့်မြတ်ပေလိမ့်မယ်။
ဂူက စကားမပြော
လူက စကားပြောလိမ့်မယ်။
လူ့သမိုင်းဟာ
ရိုင်းချင်တိုင်း ရိုင်းမရ
ခိုင်းချင်တိုင်း ခိုင်းမရတဲ့
နိယာမကို မလွန်ဆန်နိုင်ဘူး
အမှန်တရားသာလျှင် မြဲတယ်။
မရဏံ မေ ဓုဝံ
သေခြင်းသာ မြဲ၏….တဲ့
သေတဲ့အခါကျတော့လဲ၊ သေခြင်းကမမြဲ
သစ္စာသာ မြဲတယ်။ ။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
6 months ago























No comments:
Post a Comment