သူငယ်ချင်းတို့ရေ
ဆရာတော်အရှင်ဆန္နာဓိကရဲ့ စိတ်အားဖြည့်ဓမ္မမိုးစက်ထဲက စာတစ်စုကို သူငယ်ချင်းတို့ဖတ်ဖို့ မျှဝေပေးလိုက်ပါတယ်နော် ....
အကောင်းအဆိုးဒွန်တဲနေတဲ့ လူ့သဘာဝ
ပုထုဇဉ်လောကမှာ
စင်းလုံးချောကောင်းတဲ့
လူသားရယ်လို့ တစ်ဦးတစ်ယောက်မှ မရှိသလို
စင်းလုံးကြမ်းတဲ့ လူသားရယ်လို့လည်း
တစ်ဦးတစ်လေမှ မရှိပါဘူး .....
လူသားတိုင်းမှာ
အကောင်းနဲ့အဆိုး
ဒွန်တွဲနေပါတယ် ....
အကောင်းများတဲ့လူကို လူကောင်း
အဆိုးများတဲ့လူကို လူဆိုးလို့
ယေဘုယျ အားဖြင့် သတ်မှတ်ကြပေမဲ့
လူကောင်းတွေ မကောင်းတဲ့ ကိစ္စမှာ
လူဆိုးက ကောင်းနေတတ်သလို
လူဆိုး မဆိုးတဲ့ကိစ္စမှာလည်း
လူကောင်းက ဆိုးနေတတ်ပြန်ပါတယ် ......
ကဲ ... သူငယ်ချင်းတို့ရော ဘယ်လူသားထဲမှာပါသလဲဆိုတာကို စဉ်းစားစေချင်ပါတယ်နော် .............
Tags:
မျှဝေရန်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 year ago























No comments:
Post a Comment