Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

မချစ်နိုင်သူသို့ ........


မချစ်နိုင်သူသို့…..

သူငယ်ချင်း
မင်းက အရမ်းချစ်တတ်ခဲ့ပေမယ့်
ကိုယ်ကတော့ ရင်ခွင်ဗလာဘဲပေါ့
ဘယ်သူနဲ့မှ မတူတဲ့
ဘယ်သူ့အတွက်မှ မဟုတ်တဲ့
မင်းရဲ့ အချစ်တွေကို
ကိုယ် ပက်ပက်စက်စက် လစ်လျူရှုလို့ပေါ့…
ဝမ်းနည်း ကြေကွဲခြင်းတွေပဲ
ပေးနိုင်ခဲ့တဲ့ ကိုယ့်ကို
မင်းမမုန်းရက်ခဲ့တဲ့ အပြင်
အချစ်တွေ ပိုတိုးလို့ပေါ့
ဘယ်သူ့ကိုမှ မချစ်နိုင်တော့တဲ့
မင်းရဲ့အချစ်တွေအတွက်
ကိုယ်ပြန်ပေးနိုင်တာ
သံယောဇဉ်ပေါ့……
ပြန်မချစ်နိုင်တာ မဟုတ်ဘဲ
ချစ်တတ်တဲ့ အသည်းနှလုံးကို မရှိတဲ့
သမဏိ နှလုံးသား ပိုင်ရှင်ကြီးကို
မင်းဘ၀ထဲက
အပြီးအပိုင် ထုတ်လိုက်ပါလား
သူငယ်ချင်းရယ်………….။

No comments:

Post a Comment