မင်း …
လူ့ လောကအလယ် ရပ်တည်ဖို့ အရေး
နေ့ နဲ့ ညအပင်ပန်းခံကာ
ရတက်မအေးရှာဘဲ ပေးဆပ်ခဲ့ရတာ
ဘယ်သူလဲ …
မင်း …
ဘ၀လိုအပ်ချက် ကွက်လပ်မှန်သမျှကို
သိတတ်စွာဖြည့်စွက်ပေးခဲ့တာ
ဘယ်သူလဲ …
မင်း …
အနာဂတ်လမ်း အမှောင်ရိပ်မသန်းဖို့ 
ကြယ်တစ်စင်းပမာ လမ်းပြပေးခဲ့တာ
ဘယ်သူလဲ …
မင်း …
အောင်မြင်မှု့ တွေနဲ့ ကြုံလာတိုင်း
နွေးထွေးခြင်းတွေအပြည့်နဲ
ရင်ခွင်ထဲထွေးပွေ့ ခဲ့တာ
ဘယ်သူလဲ …
မင်း …
လောကဓံမုန်တိုင်း နာကျင်တိုင်းမှာ
အရှူံးကိုဖယ်ခွာလို့  အပြုံးနဲ့ သာကြိုပြီး
အားပေးစေခဲ့တာ
ဘယ်သူလဲ …
ဒီလိုမျိုး …
အတွေးစတွေနဲ့ ဘဝ
ကျောက်စက်ရည်ထက်အေးမြ
အဖွဲ့ အနွဲ့ တွေမရိုးလှတဲ့ 
ဖေဖေရဲ့ မေတ္တာတရားကို
သတိတရနဲ့  သား*ရေးချလိုက်ပြီဗျာ … ။ ။
၂၀၀၉ခုနှစ်၊ဇွန်လ(၂၁)ရက်နေ့ တွင်ကျရောက်သောကမ္ဘာ့ ဖေဖေများနေ့ အမှတ်တရ …
International Father’s Day is Third Sunday in June …
မိုးစွတ်(မေမေ့သွေး)
Wednesday, November 11, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment