ဇယစက္က မြတ်ဗုဒ္ဓ ဘုရားရှိခိုးတော်ကြီး
ဇယစက္ကော ဇယန္တော ယော ၊ ဇယိတဗ္ဗေ ဇယာသနေ ။
ဇယာပေသိ ဇယေသီနံ ၊ ဇယံ ဒေတု ဇယုတ္တရော ။
ယော ဇယစက္ကော - ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှငိကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ - အောင်သိဒ္ဓိ ဆင်မြန်းသည့် ပလ္လင်နန်း မှန်ကင်း အောင်ဗောဓိပင်ရင်းနှိုက်။
ဇယိတဗ္ဗေ - အောင်အပ်သည့်တရား မာန်ငါးပါးအပေါင်းတို့ကို ။
ဇယန္တော - အကြွေင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်းရွေ့ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ- မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထို ၀တ်အတွင်းမှ လွတ်ကင်း
အောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သူတို့အား ။
ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွန်ချူရွေ့ ထွတ်အငူအမြိုက်ဓတ်သို့ ဆိုက်ကပ်တော်
မူစေရွေ့ အောင်စေတော်မူလေပြီ ။
ဇယုတ္တရော - အောင်သူတကာတို့၏မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမိကိုဋ်ထီး အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ။
သော ဇယစက္ကော -အလုံးစုံအောင်ခြင်းနှင့်ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ။
မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ခူရန် လက်လှမ်းရွေ့ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူအကျွန်ုပ်အား
ဇယံ - အောင်ခြင်းကို(၀ါ)အောင်ပန်းဝေမြိုင် အောင်ဖူးတွေကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်းကြီးကို ။
ဒေတု - ပေးသနားတော် မူပါ အရှင်ဘုရား ။
Monday, November 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment