အချစ်ငရဲ
ချစ်ခြင်းက အေးမြတယ်တဲ့
ငါအတွက် ပူလောင်တယ်
ချစ်ခြင်းက ကြည်နူးစရာတဲ့
ငါအတွက် ကြေကွဲစရာပဲ
ချစ်ခြင်းက နူးညံ့တယ်တဲ့
ငါအတွက် ကြမ်းတမ်းတယ်
ချစ်ခြင်းက ပျော်ရွှင်စရာတဲ့
ငါအတွက် ဝမ်းနည်းစရာပဲ
တကယ်ကို ငရဲ ကြနေတာလား...
မမြင်နိုင် မေတ္တာတွေရော
ငါမှာမရှိတာကြာပါပြီ
ဖြတ်မရတဲ့ သံယောဇဉ်ရော
ငါမှာမရှိတာကြာပါပြီ
ကတိတွေ သစ္စာတွေရော
ငါမှာမရှိတာကြာပါပြီလေ..
အခုတော့ ပူလောင်ခြင်းနဲ့
ပြည့်နေတဲ့ ရင်မှာ ..
ချစ်ငရဲ ကျနေပြီပေါ့....
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 week ago
No comments:
Post a Comment