ရိုးရိုး ရှင်းရှင်း နှင့် ဆိုရလျှင် ခေါင်းဆောင် ဆိုသည်မှာ နောက်လိုက်ရှိသူဖြစ်သည်။ ခေါင်းဆောင်သည် နောက်လိုက် ရှိထိုက်သူဖြစ်သည်။ အသိအမှတ် ပြုခြင်းကို ရရှိထားသူ ဖြစ်သည်။ အာဏာ ဟူသည့် အကြောင်း တရပ်တည်းဖြင့် လေစားမှုကို ရနိုင်ဖို့မလုံလောက် တော့ပါ။...
*ခေါင်းဆောင်ဆိုသည်မှာ ၀န်တမ်းအကြီးစားဖြစ်သည်။ မည်သူ အကြီးအကဲ ဖြစ်ဖြစ် ထိုသူ ကို သင်တို့၏ အမှုတမ်းဖြစ်ပါစေ။
*ခေါင်းဆောင်သည် နောက်လိုက်များ၏ မျက်လုံးကို ထွင်းဖောက်ရှု မြင်နိုင်သည်။ ခေါင်း ဆောင်သည် နောက်လိုက်၏ နေရာသို့ ၀င်ကြည့်ပြီး သူတို့၏ စိတ်ကူး အိမ်မက်များ အ ကောင်အထည် ပေါ်လာအောင် ကူညီဆောင်ရွက်ပါသည်။
*ခေါင်းဆောင်သည် “ချီတက်ကြ” ဟု မပြောပါ။ “ချီတက်ကြစို့” ဟု ပြောပြီး လမ်းကို ရှေ့က ဦးဆောင်သွားပါသည်။ ခေါင်းဆောင်သည် ကြာပွတ်တလက်ကို ကိုင်ပြီး နောက်က မလိုက် ပါ။ တံခွန်ကို ကိုင်လျှုက် ရှေ့ကတက်ပါသည်။
*ခေါင်းဆောင်သည် နောက်လိုက်များအား သူနှင့် အတူ ဒိုးတူပေါင်းဖက် လုပ်နေသသည်ဟု ခံယူ ပါသည်။ သူ့အတွက်လုပ်နေသည်ဟု မယူဆပါ။
*ခေါင်းဆောင်သည် နောက်လိုက်ကို လုပ်ဖော်ကိုင်ဖက် အဖြစ် သဘော ထားသည်။ ဆုရ လာဒ်ကို သူတို့လည်း ဝေမျှယူဖို့ အသင်းအဖွဲ့ စိတ်ကို ဂုဏ်တင်သည်။
*ခေါင်းဆောင်သည် တခြားသူများကို သူ့ကိုယ်ပွားများ ဖြစ်အောင် ဖန်တီးနိုင်သည်။ သူသည် လူဖန်တီးသူဖြစ်သည်။ သူသည် သူအောက်က လူများတိုးတက် ကြီးပွား လာအောင် ကူပံ့ပေးသည်။ အဘယ်ကြောင့် ဆိုသော် အဖွဲ့အစည်းသည် လူတော်တွေ များလေလေ၊ အာဏာ မောင်သန်လေ ဖြစ်သည်ကို သူသဘောပေါက် သောကြောင့် ဖြစ်သည်။
*ခေါင်းဆောင်သည် လူထုကိုနှိမ်မထား၊ မြှင့်တင်ပေးသည်။ လူနောက်လိုက်တွေ တောင် ထိပ် ကိုတက်နိုင်အောင် ကူညီ တွန်းတင် ပေးသည်။
*ခေါင်းဆောင်သည် လူထုအပေါ်သစ္စာရှိသည်။ လူထုကို ယုံကြည် စိတ်ချသည်။ သို့ဖြစ်၍သူ တို့ ထံမှ အကောင်းဆုံးကို ဆွဲထုတ်သည်။ သူ့မျှော်လင့်ချက်ကြီးများ ကို သူတို့ ဖြည့်ဆည်း နိုင်ကြောင်းသူသိသည်။
*ခေါင်းဆောင်သည် သူ့ခေါင်းကိုသုံးသကဲ့သို့ သူ့နှလုံးသားကိုလည်း သုံးသည်။ အချက်အ လက် မျာကို ခေါင်းနှင့် စဉ်းစားပြီး နှလုံးသားကိုလည်း ကြည့်ခွင့်ပေးသည်။ သူသည် အကြီး အကဲ တဦးမျှသာမဟုတ်၊ မိတ်ဆွေ တယောက်လည်းဖြစ်သည်။
*ခေါင်းဆောင်ဆိုသည်မှာ ကိုယ်တိုင်စတင်သူ ဖြစ်သည်။ စီမံချက်များကို ရေးလည်းရေးဆွဲ အကောင် အထည်လည်း ဖော်သူဖြစ်သည်။ သဘောတရား သမားလည်း ဖြစ်သည်။ လက် တွေ့သမားလည်း ဖြစ်သည်။ စိတ်ကူးသမားလည်းဖြစ်၊ ဆောင်ရွက်သူလည်းဖြစ်သည်။
*ခေါင်းဆောင် မည်သည် ဟာသဥာဉ်လည်း ရှိသည်။ သိပ်ရှေးရိုးကျပြီး ခေါက်ရိုးကျိုး နေသူ မဟုတ်၊ သူ့ကိုယ်သူ ရယ်မောနိုင်သူဖြစ်ပြီး၊ နှိမ့်ချသည့်စိတ်ရှိသည်။
*ခေါင်းဆောင်သည် လမ်းညွှန်းဦးဆောင်မှု ကိုလည်း ခံနိုင်သည်။ သူ့သဘော၊ သူ့နည်းလမ်း အတိုင်းဖြစ်ဖို့ ကိုချည်းစိတ်ကမထား၊ အကောင်းဆုံးကို သူရှာဖွေသည်။ ပွင့်လင်းသည့် စိတ် ရှိသည်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 week ago
No comments:
Post a Comment