Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 20, 2009

ခင်ပွန်းကြီး(၁၀) ပါး ရှိခိုးကန်တော့ ခြင်း.....

ခင်ပွန်းကြီး (၁၀) ပါး

၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဒါ
၃။ ရဟန္တာ
၎။ အဂ္ဂသာဝက
၅။ မိခင်
၆။ ဖခင်
၇။ ပညာသင်ဆရာ
၈။ လောကနီတိ ပညာသင်ဆရာ (သီလဂုဏ်၊ သမာဓီဂုဏ်၊ပညာဂုဏ် တို့ရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်)
၉။ ဓမ္မကထိက (ဓမ္မရေးရာသင်)ဆရာ
၁၀။ ကျေးဇူးပြု အကူအညီပေးဖူးသူ( မိမိ အပေါ် အကူအညီ အထောက်အပံ့ ပေးကမ်းချီးမြင့်ဖူးသောကျေးဇူးရှင်)

ခင်ပွန်းကြီး (၁၀)ပါး ဘုရားရရှိခိုး

ဗုဒ္ဒေါ ပစ္စေကဗုဒ္ဒါ စ၊
အရဟာ အဂ္ဂသာဝကာ
မာတာပိတု ဂုရု သတ္ထာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ ဒသ မဟာရုဏေ
အဟံ သန္ဒာမိ သဗ္ဒဒါ

ဗုဒ္ဒါ စ ၊ သစ္စာလေးပါး တရားသီမြင် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးတို့ သည် လည်းကောင်း။
ပစ္စေကဗုဒ္ဒါ စ ၊ ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဒါ တို့ သည် လည်းကောင်း။
အရဟာ စ ၊ အာသဝေါကုန်ခန်း ရဟန္တာ အရှင်လည်းကောင်း၊
အဂ္ဂ သာဝကာ စ ၊ လက်ဝဲ လက်ယာ ခြံရံကာ ဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့ လည်းကောင်း။
မာတာ စ၊ ကိုးလလွယ် ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်လည်းကောင်း ၊
ပိတု စ ၊ လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ဖခင် ကျေးဇူးရှင်လည်းကောင်း ။
ဂုရု စ ၊ ချမ်းသားရန်တွေး ပညာပေးသဖြင့် အလေးအမြတ် ပြုအပ်သော ဆရာလည်းကောင်း။
သတ္တာ စ ၊ လိမ္မာစေကြ ကျိုးကြောင်း ပြလျှက် ဆုံးမပေးတတ် ဆရာမြတ်လည်းကောင်း။
ဓမ္မ ဒေသကာ စ၊ သံသရာစခန်း သွားရာလမ်း ၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော် မြတ်သူတော်လည်းကောင်း ။
ဒါယကာ စ ၊ စားရေး နေရေး မနှောင့်နှေးရအောင် ပေးကမ်း တတ်သောတို့ လည်းကောင်း ။
က္ကုမေ ဒသ မဟာဂုဏေ ၊ ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤ ဆယ်ဦး သော သူတို့ကို
အဟံ အကျွနုပ်သည် ၊ ၀န္ဒာမိ ၊ ကျေးဇူးယှက်မြှေး စိမ့်စိမ့် တွေးလျက် မြတ်လေးကြည်ယုံ သဓ္ဒါ ဟုန်ဖြင့်
လက်စုံချီမိုး ပျပ်ဝပ်လျှိုး ၍ ရှိခိုးပါ၏ အရှင်ဘုရား။

ခင်ပွန်းကြီး(၁၀) ပါးအား ပူဇော်ခြင်း အကျိုး (၁၀)ပါး၊

၁။ အစားအစာ မရှားပါခြင်း။
၂။ ရောက်ရာ အရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုါ်ငါးပါးနဲ့ ကင်းဝေးနိုင်ခြင်း။
၎။ လူချစ်လူခင်ပေါများခြင်း။
၅။ ပရိတ်သတ်အလပ်၌ တင့်တယ်စွာနေနိုင်ခြင်း။
၆။ ကောင်းသတင်းဂုဏ် ကျော်ဇောခြင်း။
၇။ အခြွေအရံများခြင်း။
၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း။
၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။

ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် (၁၀)ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာ ဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ လက်ခြေပြတ်ခြင်း ကိုယ်အင်္ဂါ ပျက်စီးခြင်း။
၎။ ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါ များဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း။
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။
၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း။
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေရာ၊ တိုက်၊ အိမ် မီးလောင် ပျက်စီးခြင်း။
( ပစ္စုတ်ပန်ဘ၀၌ ထိုဒဏ် (၁၀)ပါး သင့်မည့် အပြင် သေလွန်
သော အခါ၌ လည်း အပါယ် ငရဲ သို့ ကျရောက်နိုင်ပါသည်။)

မှတ်ချက် ။ ။ ပညာ့ အလင်းပြ စာအုပ်မှ ကူးယူဖော်ပြသည်

Tags: ဘာသာရေး

မျှဝေရန်

No comments:

Post a Comment