Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

သန်းခေါင်ပန်း

အရောင်တွေ တကယ်လှပေမယ့်

အမှောင်တွေ ဖယ်ခွာမချနိုင်တော့

တောင်တွေ အကွယ်ကျသလို

မမြင်ရနိုင်တဲ့ ပန်းကလေးတွေ။

အမှောင်ကြားမှာဖြင့်

အယောင်ယောင် အမှားမှား

အကြောင်ကြောင် အကျားကျားထင်ရဲ့

အရောင်ကလဲ ၀ါးတားတားပေမို့

ပြတ်ပြတ်သားသား ကြည်ကြည်လင်လင်

ပီပီပြင်ပြင် မမြင်ရချေ။

အမှောင်ဆိုတဲ့ သန်းခေါင်ညများဟာ

ထားဝရမဟုတ်ပါလေ

တရွေ့ရွေ့ တရစ်ရစ်နဲ့

နေ့သစ်သို့ အကူး

အရုဏ်ဦး မိုးသောက်ထ

ရောက်ရဦးမည် ယုံကြည်လျက်ပါပေ။ ။

No comments:

Post a Comment