Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, April 28, 2010

(၃၈) ယောက် (သို့မဟုတ်) အကြောက်တရားကို ရင်ဆိုင်ခြင်း

ဘန်ကောက်မြို့ ဂျုလိုင်လဟာ မိုးရွာတတ်လို့ မနက်ကတည်းက မိုးရွာမှာကို ကျနော့်ရင်ထဲမှာ အနည်းငယ် စိုး ရိမ်နေမိပါတယ်။ ဒါပေမယ့် ရာသီဥတုက ကျနော်တို့ဘက်မှာပါ။ ကောင်းကင်ဟာ ကြည်လင်ပြီး သာယာနေ တယ်။ ဒီနေ့ ဂျုလိုင် (၂) ရက်နေ့ ၁၉၉၁ ခု ကျနော်တို့ အကြောက်တရားကို ရင်ဆိုင်ဖို့အတွက် အစီအစဉ်တခု ဒီနေ့မနက်မှာ အကောင်အထည်ဖော်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ကျနော်တို့ လူစုဖို့ ချိန်းထားတဲ့ နေရာက တော့ ရမ်ဂန်ဟန်လို့ခေါ်တဲ့ ရပ်ကွက်က (၅၃) လမ်းမှာရှိတဲ့ ကျနော်တို့နေတဲ့ အိမ်မှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ပြီးခဲ့တဲ့အပတ်က JRS (Jesuit Refugee Service) ရုံးခန်းမှာ အချောသတ် ဆွေးနွေးပြီး ဆုံး ဖြတ်ချက်ချခဲ့တယ်။ JRS ဆိုတာ ဘန်ကောက်ရောက် မြန်မာကျောင်းသားတွေကို လူမှုရေးအရ အထောက် အပံ့ပေးနေတဲ့ ဌာနတခုပါ။

ဂျုလိုင် (၁) ရက်နေ့ ညမှာ ကျနော်တို့ မနက်ဖြန်လုပ်မယ့် အစီအစဉ်အတွက် အလုပ်များနေကြသလို ကျနော် တို့အားလုံးရဲ့ စိတ်တွေလည်း လှုပ်ရှားနေကြပါတယ်။ စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ မနက်ဖြန်အစီအစဉ်တွေ ဘယ်လိုဖြစ်လာမလဲ၊ အဆုံးသတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ သေသေချာချာ မသိလို့ပါပဲ။ အဓိက အစိုးရိမ်ဆုံးကတော့ ဒီနေ့ညမှာ ကျနော်တို့ကို ထိုင်းရဲက ဖမ်းနေကျအ တိုင်း လာဖမ်းသွားမှာကိုပဲ။ တကယ်လို့များ အဲဒီလိုဖြစ်ခဲ့ရင် မနက်ဖြန်လုပ်မယ့် အစီအစဉ်ပျက်ပြီ။

အဲဒီကာလကလည်း ဘန်ကောက်မြို့မှာ ထိုင်းရဲက နေ့တိုင်း တနေရာမဟုတ် တနေရာမှာ မြန်မာကျောင်းသား တွေကို ဖမ်းနေတဲ့အချိန် ဖြစ်နေတယ်။ အဲဒီတုန်းက ဘန်ကောက်ရောက် မြန်မာကျောင်းသားတွေရဲ့ ဘ၀ဟာ ထိုင်းရဲနဲ့ လိုက်တမ်း ပြေးတမ်း ကစားနေရတဲ့ ဘ၀မျိုး၊ အချို့သူငယ်ချင်းတွေဆိုရင် အချုပ်နဲ့ အပြင်မှာ နေရတဲ့ အချိန် တွက်ကြည့်ရင် အချုပ်ထဲမှာ နေရတဲ့ရက်က ပိုများနေတယ်။ ထိုင်းရဲက ဖမ်း၊ အချုပ်ထဲ ပို့ ၊ ထိုင်းဥပဒေ အရ တရားမ၀င် ခိုးဝင်လာတဲ့ ပုဒ်မနဲ့ ထောင်ချ၊ ရက်စေ့ (သို့) ရက်ကျော်ပြီးမှ ပြန်လွှတ်၊ ထိုင်း-မြန်မာနယ်စပ် အပို့ခံရပြီးတော့ တချို့ဆိုရင် နအဖစစ်တပ်က ဖမ်းမိပြီး ထောင်ချခံရ၊ အချို့ ဘန်ကောက်ကို ပြန်ခိုးတက်လာ ကြ၊ တခါ ထိုင်းရဲက ပြန်ဖမ်းနဲ့ သံသရာလည်နေတဲ့ ဘ၀၊ ဒီသံသရာကို ထိုင်းအစိုးရက မြန်မာစစ်အာဏာရှင် တွေနဲ့ အကျိုးတူပူးပေါင်းကာ ဖမ်းမိတဲ့ တော်လှန်သော မြန်မာကျောင်းသားများကို နအဖ(န၀တ)တွေဆီ ပြန်ပို့ ပြီး အဆုံးသတ်ချင်နေတဲ့ အချိန်ပေါ့။

ဒီနေရာမှာ အလျဉ်းသင့်လို့ ဘန်ကောက်ရောက် မြန်မာကျောင်းသားတွေရဲ့ အခြေအနေအချို့ကို ဖော်ပြပါရ စေ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရရှိရေးအရေးတော်ပုံအတွက် နေ၀င်းစစ်အာဏာရှင်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးဆင်နွဲဖို့ ထိုင်း-မြန်မာနယ်စပ်ဒေသသို့ ရောက်ရှိလာတဲ့အချိန်အထိ ကျနော်တို့ဟာ စစ်အာဏာ ရှင်စနစ်ဆိုးကြောင့် မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ဘ၀မှာ ကြီးပြင်းခဲ့ရတဲ့အတွက် ပြင်ပကမ္ဘာနဲ့ အဆက်အ သွယ်ပြတ်နေခဲ့တယ်။ နယ်စပ်မှတဆင့် ဘန်ကောက်ရှိ UNHCR ( United Nations High Commissioner for Refugees) ရဲ့ အထောက်အပံ့နဲ့ နေထိုင်ခွင့်ရတာ သိလာကြပြီးနောက်ပိုင်းမှာ ဘန်ကောက်မြို့ကို တဖြည်း ဖြည်း ရောက်လာတော့မှပဲ ပြင်ပကမ္ဘာနဲ့ တိုက်ရိုက်အဆက်အသွယ်ရတော့တယ်။ (၂၆) နှစ်ကြာ လှောင်ပိတ်ခံ ထားရပြီးမှ ပထမဦးဆုံး သိတဲ့အသိကတော့ မျက်စိပွင့်၊ နားပွင့်၊ ပါးစပ်ပွင့်သွားခြင်းပဲဖြစ်တယ်။ ဆိုလိုတာက ကိုယ့်ယုံကြည်ချက်၊ ကိုယ်ယုံကြည်တဲ့လမ်းပေါ်ကို ယုံကြည်တဲ့အတိုင်း ဖော်ဆောင်လို့ရတယ်ဆိုတဲ့ ပွင့်လင်းမှု ရခြင်းကို ဆိုလိုတာပါ။ ဒါကြောင့် မနက်ဖြန်လုပ်မယ့် အစီအစဉ်ဆိုတာလည်း ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်ရခဲ့ တဲ့အကျိုးရဲ့ နောက်ဆက်တွဲလို့ဆိုရမယ်။

ကျနော်တို့ အိပ်ရာစောစောထပြီး အားလုံးရေချိုးကာ တကိုယ်ရေသန့်ရှင်းပြီးနေပြီ။ အချိန်ကလည်း နံနက် (၈) နာရီကျော်ပြီဆိုတော့ အခြားသူတွေလည်း ရောက်ဖို့သင့်ပြီ။ ဒါကြောင့် ကျနော်လည်း တမျှော်မျှော်ပါ။ သိပ်မ စောင့်ရပါဘူး၊ အားလုံး အလျှိုလျှိုနဲ့ ရောက်လာကြပါတယ်။ တကယ်တော့ ကျနော်တို့ အစည်းအဝေးလုပ်က တည်းက ဆန္ဒရှိသူတွေ စုပေါင်းထားပေမယ့် မတူတဲ့အုပ်စုငယ်လေးတွေ (၆) စု (၇) စုလောက် ပေါင်းထားတာ ဆိုတော့ ဒီနေ့လုပ်မယ့် အစီအစဉ်အတွက် လူဘယ်နှစ်ယောက်လာမယ်ဆိုတာ တိတိကျကျတော့ မသိသေး ဘူးဖြစ်နေတယ်။ အစည်းအဝေးမှာတော့ လူ (၃၀) လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ ဒီလိုအစီအစဉ်မျိုး အတွက်က အကြမ်းဖျင်းအားဖြင့် လူလည်းရွေးရပါတယ်။ တူညီတဲ့ ရည်ရွယ်ချက်တခုအပေါ်မှာ အားလုံး ညီ ညွတ်မှုကို တည်ဆောက်ယူရတယ်။

ထုံးစံအားဖြင့်ဆိုရင်တော့ ကျနော်တို့ ညီညွတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် အကြောင်းရှိရင် ညီလို့ရတာ ကျနော် တို့ သိထားတယ်။ ကျနော်တို့ လူစုဖို့ဖြစ်လာတဲ့ အဓိကအကြောင်းအရင်းက အဲဒီအချိန်တုန်းမှာ ထိုင်းအစိုးရက ဖမ်းဆီးခံ မြန်မာကျောင်းသားတွေကို မြန်မာစစ်အာဏာရှင်တွေလက်ထဲ ရက်ရက်စက်စက် ဖမ်းဆီးပြန်ပို့ခဲ့ကြ တယ်။ ကျနော်တို့အားလုံးစိတ်ထဲမှာ ဘယ်မှာနေနေ မလုံခြုံတော့ဘူးလို့ ခံစားလာရတဲ့အပြင် ကျနော်တို့ရဲ့ သူငယ်ချင်း ရဲဋ္ဌေးလည်း န၀တလက်ထဲ ဖမ်းဆီးပြန်ပို့ခံရတဲ့အထဲမှာ ပါခဲ့တယ်။ နဂိုကတည်းကလည်း မဟုတ် ရင်မခံတတ်တဲ့ စိတ်ကလေးတွေကလည်းရှိထားတော့ တခုခုလုပ်ရမယ်ဆိုတာ သိလာတယ်။ ဒီနေရာမှာ မဟ တ္တမဂန္ဒီရဲ့ အနစ်နာခံပြီးလုပ်တဲ့ တော်လှန်ရေး (passive resistance) အတွေးအခေါ်လေး ရေးပြချင်ပါတယ်။

“အကြောက်တရားနဲ့ သေမလား၊ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်း တခုခုထလုပ်မလား” ဆိုတဲ့ အတွေးအခေါ် လေးပါ။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ စစ်အာဏာရှင်နေ၀င်းက မ တရားဖိနှိပ်ခဲ့တဲ့အတွက် အကြောက်တရားဟာ မြန်မာပြည်သားတွေ အားလုံးအတွက်တော့ အလေ့အကျင့်၊ အလေ့အထတခုလို ဖြစ်နေပါပြီ။ ကျနော့်ရင်ထဲမှာ ရှိတဲ့အတိုင်း အကြောက်တရားနဲ့ ပတ်သက်လို့ အမှန်အ တိုင်းပြောရရင် အဲဒီအကြောက်တရားတွေ၊ စိုးရိမ်မှုတွေနဲ့ပဲ ဒီတော်လှန်ရေးလုပ်ဖို့ ထွက်လာခဲ့တယ်ဆိုတာ အ သက် (၄၀) ကျော်မှ သေသေချာချာ သိလာပါတယ်။

ကျနော့်အကြောက်တရားက နေ၀င်းစစ်တပ်က လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့်နေတော့ သူတို့ကို ရင်ဆိုင်တိုက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးဆီသို့ ထွက်လာပေမယ့် လမ်းတလျှောက်လုံး မှာ စစ်တပ်ကပဲ ဖမ်းမလား၊ ငါပြန်ချနိုင်မလား၊ ငါတို့သွားချင်တဲ့နေရာအထိ သွားလို့ရပါ့မလား စသဖြင့် ရင်ထဲ က အကြောက်တရားမျိုးစုံကို ငါယောင်္ကျားပဲ၊ မြန်မာပြည်သူတွေ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက် ဖို့အတွက် ငါထွက်လာတာပဲဆိုပြီး အားတင်းပြီးလာခဲ့ရတယ်။ အဲဒီလို တော်လှန်ဖို့ ထွက်မလာပြန်ရင်လည်း စစ်အာဏာသိမ်းပြီးရင် အဖမ်းခံရမလားဆိုပြီး ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ ရှိခဲ့ဖူးတယ်။ ဒီလိုအကြောက်တ ရားတွေကို ဆိုလိုချင်တာပါ။
ဒါပေမယ့် အရေးကြီးတာက အဲဒီအကြောက်တရားတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုသိဖို့ပဲ။ ဒေါ်စုလည်း ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ ဆိုပြီး စာအုပ်ရေးထားသလို ဦးဝင်းတင်ကလည်း “မကြောက်တရားလက် နက်၊ အကြောက်တရားကို စွန့်ပြီး မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ။ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ။ အ ကြောက်တရားရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင်ကြပါလို့တိုက်တွန်းခဲ့တယ်။ မကြောက်တရားလက် နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲရှိပါတယ်” လို့ ပြောထားသလိုပါပဲ။

အဲဒီတုန်းက ကျနော်တို့ အကြောက်တရားကို ရင်ဆိုင်ဖို့ စိတ်တူကိုယ်တူ အဖြစ်နိုင်ဆုံးနဲ့ တိုက်ပွဲကာလအတွင်း မှာ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ကို အဓိကထားပြီး လူတွေစုပါတယ်။ ကျနော်တို့အားလုံး အင်္ကျီအဖြူရောင်တွေ ၀တ်မယ်၊ ဆံပင်တိုတိုညှပ်ပြီး ထိုင်းဘုရင် ဘူမိဘောရဲ့ ပုံတွေကို ကျနော်တို့ ရင်ဘတ်မှာ ထိုးထားဖို့ စီစဉ်ထား တယ်။ တကယ်တော့ ထိုင်းနိုင်ငံဟာ မြန်မာပြည်နဲ့စာရင် အပုံပေါင်းမြောက်များစွာ ဒီမိုကရေစီရှိတယ်လို့ ပြော လို့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီမိုကရေစီအောက်မှာပဲ ထိုင်းရဲနဲ့ ထိုင်းစစ်တပ်တွေကြောင့် မတရားသဖြင့် အသက်ပျောက်သွားတဲ့ မြန်မာနိုင်ငံသားတွေ၊ ဥပဒေမဲ့ အချုပ်အနှောင်ခံထားရတာတွေ၊ မတရားသဖြင့် အနိုင် ကျင့်ခံရတဲ့ မြန်မာအမျိုးသမီးငယ်တွေရဲ့ ဘ၀ပျက်မှုတွေ ဒုနဲ့ဒေး ရှိနေတာကို ကျနော်တို့ မျက်ဝါးထင်ထင် သိ ထားတဲ့အတွက် ကျနော်တို့ကိုလည်း ထိုင်းဥပဒေရဲ့နောက်ကွယ်က ဖြစ်ရပ်တွေထဲ ခေါ်ဆောင်သွားမှာ စိုးရိမ်မိ လို့ ထိုင်းပြည်သူတွေရဲ့ မေတ္တာ၊ ကရုဏာတွေ ရရှိဖို့အတွက် သန့်သန့်ရှင်းရှင်းနဲ့ ထိုင်းဘုရင်ပုံတွေ ရင်ဘတ်မှာ ထိုးထားတာဆို ပိုမှန်ပါလိမ့်မယ်။

အားလုံးစုံစုံညီညီ ရောက်မရောက်မေးပြီး ကျနော်တို့အစီအစဉ် မစခင်မှာ ကျနော်တို့ရဲ့ကြေညာချက်နဲ့ စာရွက် ပေါ်မှာ အားလုံးသဘောတူ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတဲ့အတိုင်း အားလုံးကို လက်မှတ်ထိုးဖို့ ပြင်ဆင် လိုက်ပါတယ်။

“ထိုင်းနိုင်ငံအစိုးရမှ မိမိတို့ မြန်မာကျောင်းသားများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် မြန်မာ နိုင်ငံတွင် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာသည့်အချိန်အထိ မိမိတို့မြန်မာကျောင်းသားများအား လူသားတ ဦးအနေအဖြင့် လွတ်လပ်စွာ ခေတ္တနေထိုင်ခွင့်ပြုပေးပါရန်နှင့် မိမိတို့၏ ဆန္ဒသဘောထားမပါဘဲ အလုံပိတ်စ ခန်းသွင်းခြင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများကို မပြုလုပ်ပါရန်” ခိုင်မာစွာ တောင်းဆိုထားပြီး မိမိ သဘောဆန္ဒအလျှောက် လက်မှတ်ရေးထိုးပါတယ်လို့ (၃၈) ယောက် လက်မှတ်ထိုးလိုက်ကြပါတယ်။

လက်မှတ်ရေးထိုးပြီးတာနဲ့ ကျနော်တို့အားလုံး ဦးဇင်း ဦးဥတ္တရရဲ့ တရားတော်နာယူကာ မိမိတို့လုပ်မယ့်အလုပ် ဟာ ဘန်ကောက်မြို့ရှိ မြန်မာကျောင်းသားတွေအားလုံးအတွက် ဖြစ်တာကြောင့် မိမိတို့အလုပ်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အောင်မြင်စွာလုပ်ဆောင်ဖို့ သံန္နိဌာန်ချလိုက်ကြပါတယ်။

ကျနော်တို့ စီစဉ်ထားတဲ့အတိုင်း လူခွဲပြီး ရမ်ဂန်ဟန် တက္ကသိုလ်ကျောင်းဝင်းအတွင်းကို့ လမ်းလျှောက်သွားကြ ပါတယ်။ အဲဒါ ကျနော်တို့ရဲ့ နောက်ဆုံးစုရပ်ပါ။ ရမ်ဂန်ဟန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ လူစုဖို့ နေရာရှာထား ပြီး ကျနော်တို့အတွက် ငှားထားတဲ့ နံပါတ်(၇၁) ဘတ်စ်ကားအစိမ်းရောင်လေး ရောက်အလာကို စောင့်နေကြပါ တယ်။ ကျနော်တို့အားလုံးဟာ အတွေးကိုယ်စီနဲ့ ကိုယ်လုပ်ရမယ့် အလုပ်အတွက် ကျေကျေနပ်နပ်ဖြစ်နေတာ အားလုံးရဲ့မျက်နှာတွေမှာ အထင်သားပေါ်နေပါတယ်။ ကျနော်ကတော့ ရင်တမမနဲ့ပါ။ လူ (၃၈) ယောက် ထိုင်း ကျောင်းထဲမှာ ဟိုနားတစု ဒီနားတစု ဖြစ်နေလို့ ရဲတွေ့သွားမှာကို စိုးရိမ်နေတာပါ။ မိမိတို့ လုပ်မယ့်အလုပ် မ လုပ်ဖြစ်ဘဲ ရဲအဖမ်းမခံနိုင်ပါ။

ဒီအလုပ်ဖြစ်ဖို့အတွက် ကျနော်တို့မှာ အများကြီး ပြင်ဆင်ခဲ့ရပါတယ်။ ပထမဦးဆုံး ဆန္ဒရှိသူတွေ စုစည်းဖို့အ တွက် တာဝန်ခံနိုင်သူတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး ဒီလိုလုပ်သင့်မသင့်၊ လုပ်ရင် ဘာအကျိုးကျေးဇူးရမလဲ၊ တကယ်ကော လုပ်ရဲပါ့မလား၊ ဘာကြောင့်လုပ်တာလဲ စသဖြင့် မေးခွန်းပေါင်းမြောက်များစွာကို ဆွေးနွေးတိုင် ပင်ခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေမှာ ကျနော်တို့ကြီးပဲမဟုတ်ပါဘူး။ ကျနော်တို့ထက်ပိုပြီး ဗဟုသုတရှိသူ၊ ဒါ့အ ပြင် နိုင်ငံခြားသားအချို့တောင် ပါပါသေးတယ်။ အဲဒီလိုဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာပါ။

ကျနော်တို့ ဆွေးနွေးမှုမှာ ကျနော်တို့ လုပ်မယ့်အလုပ်အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း လေ့ လာကြပါသေးတယ်။ သတင်းလုံခြုံမှု၊ လိုအပ်တဲ့ ငွေကြေးစုဆောင်းမှု၊ နောက်ဆုံးမှာ ဒီအလုပ် အောင်မြင်ချော မွေ့အောင် စီစဉ်မှု စတာတွေ လုပ်ခဲ့ရပါတယ်။ ဒီထဲမှာ ဂုဏ်ယူစရာတခုရှိပါသေးတယ်။ အဲဒါကတော့ မိန်းက လေး (၃) ယောက်က သူတို့လည်းပါမယ်ဆိုပြီး အရေးဆိုလာတာပါ။ ယောင်္ကျားလေးတွေလုပ်တဲ့အလုပ်ကို သူ တို့လည်း လုပ်ရဲတယ်လို့ဆိုလာတော့ ကျနော်တို့လည်း ခေါင်းကိုက်သွားပါတော့တယ်။ ကျနော်တို့က မြန်မာ ဆန်တဲ့ မြန်မာတွေဖြစ်တာကြောင့် ဒီအလုပ် မိန်းခလေးတွေနဲ့ မသင့်တော်ဘူးလို့နားလည်ထားသလို တကယ် လို့ထိုင်းရဲက တစုံအရာ စော်ကားတာမျိုးဖြစ်ခဲ့ရင်လည်း ကျနော်တို့အတွက် မကောင်းဘဲ ပြဿနာတွေလည်း ပိုလာနိုင်တယ်ပေါ့နော်။၊ ဒါပေမယ့် အာဂအမျိုးသမီးတွေပါ။ စစ်အာဏာရှင်ကိုတောင် အံတုရဲတဲ့ မိန်းကလေး (၃) ဦးဆိုတော့ ကျနော်တို့လည်း သဘောတူ လက်ခံပေးလိုက်ရပါတော့တယ်။

အချိန်က မနက် (၁၀) ကျော်လာပါပြီ။ ငှားထားတဲ့ကားက ရောက်မလာသေးပါ၊ အဲဒီအချိန်မှာ ကျနော်တို့အထဲ မှာ စောင့်ရတဲ့အတွက် စိတ်ပြောင်းချင်တဲ့သူလည်းရှိလာပါတယ်။ ကျနော်က အဲဒီလူကို စိတ်မပျက်ဖို့နဲ့ ဆုံးဖြတ် ချက်ချထားပြီးရင် စိတ်ခိုင်ခိုင်ထားဖို့ ဖျောင်းဖြရပါတယ်။ တကယ်လို့ တစုံတယောက်က ဖောက်ပြီးပြန်ခဲ့ရင် ကျန်တဲ့သူတွေ စိတ်ဓာတ်ကျသွားနိုင်တဲ့အတွက် ကျနော့်စိတ်ထဲမှာ တော်တော် အနေရခက်နေပါတယ်။ ငှား ထားတဲ့ကား မြန်မြန်ရောက်လာဖို့သာ စိတ်စောနေပါတယ်။ သိပ်မကြာခင်မှာပဲ ငှားထားတဲ့ကား ရောက်လာပါ ပြီ။ ကျနော်တို့အားလုံး ကားပေါ်တက်အပြီးမှာ ကျနော့်ရင်ထဲက စိုးရိမ်ပူပန်မှုတွေလည်း လျော့ကျလာပါပြီ။ သွားရမယ့် ခရီးလမ်းမှာလည်း ရဲအဖမ်းခံရနိုင်သေးတော့ ဘေးက ကားတွေကို သိပ်မကြည့်ဖို့နဲ့ ပတ်ဝန်းကျင် က သံသယရှိမသွားဖို့ အေးအေးဆေးဆေး သွားဖို့ အားလုံးကို ခဏခဏ သတိပေးနေမိပါတယ်။

အခုသွားနေတဲ့ခရီးဟာ ကျနော် အာဏာရှင်ကို တိုက်မယ်ဆိုပြီး ထွက်လာတုန်းက ခံစားမှုမျိုးနဲ့ နည်းနည်းဆင် တယ်။ သေချာတာက တိုက်ပွဲတခုကို သွားနေတဲ့ ရဲဘော်တဦးရဲ့ ခံစားမှုမျိုးနဲ့ ပိုတူပါနေတယ်။ ရင်ထဲမှာလည်း ခံစားမှုအမျိုးမျိုး ဖြစ်နေပါတယ်။ ကျနော်ထင်တယ်၊ အဲဒီအချိန်တုံးက အားလုံးလည်း ကျနော့်လိုပဲ သူတို့ရင်ထဲ မှာ ခံစားမှုအမျိုးမျိုး ဖြစ်နေကြမှာပါ။ ဒီလိုနဲ့ ကားက ကျနော်တို့သွားမယ့် ခရီးဆုံးနေရာကိုရောက်ဖို့ လမ်းထဲကို ချိုးကွေ့လိုက်ပါပြီ။ မကြာခင် မိနစ်ပိုင်းအတွင်းမှာ ရောက်ပါတော့မယ်။ ကျနော့်ရင်တွေခုန်လာပါပြီ။ ကျနော်တို့ လုပ်ချင်တဲ့အလုပ်ကို လုပ်ခွင့်ရတော့မှာပါ။ ဘတ်စကားမှတ်တိုင်ကို ရောက်ပါပြီ။

ကျနော်တို့အားလုံး ကားပေါ်က ဆင်းလိုက်ပါတယ်။ စီစဉ်ထားတဲ့အတိုင်း လူဝင်မှုကြီးကြပ်ရေး (IDC – Immi -gration Detention Center) ရုံးဝင်းထဲကို လမ်းလျှောက်ဝင်သွားကြပါပြီ။ တခြားအချိန်တွေမှာဆို ဒီရုံးကို ရဲ အဖမ်းခံရတဲ့အချိန်ကလွဲလို့ မရောက်ကြပါဘူး။ အခုတော့ ရဲလည်း မဖမ်းဘဲ ဒီရုံးထဲကို မြန်မာကျောင်းသား (၃၈) ယောက် အင်္ကျီအဖြူတွေဝတ်ထားပြီး ရင်ဘတ်မှာလည်း ထိုင်းဘုရင်ပုံတွေကို ထိုးထားပြီး ၀င်လာနေတာ မြင်နေရပါပြီ။ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကလည်း ကျနော်တို့ကို ကြည့်နေကြပါတယ်။ ဘာမှန်းလည်း သိပုံမရပါဘူး။ လ၀က ၀န်ထမ်းတွေက တကယ်တော့ ကျနော်တို့ကို ဖမ်းခွင့်ရှိပါတယ်။ သူတို့ပဲ ကျနော်တို့ကို အိမ်တွေမှာ လိုက်ဖမ်းနေတာပါ။ အခုတော့ သူတို့ ရုံးဝင်းကြီးထဲကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ၀င်လာနေတာမြင်နေရတော့ ဖမ်းပို့မေ့နေပုံရပါတယ်။ ဘာကြောင့် ဒီကိုလာနေကြတာလဲဆိုတာကို စဉ်းစားနေ တာလည်း ဖြစ်မှာပါ။

ထူးဆန်းတာက ကျနော့်စိတ်ထဲမှာ ကြောက်ရမှန်းမသိဖြစ်နေတာပါပဲ။ အားလုံးဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လမ်းလျှောက်နေကြတာ ကျနော်မြင်နေရတော့ အားလုံးရဲ့ စိတ်ထဲမှာလည်း ကျနော့်စိတ်ထဲကအတိုင်း ဖြစ်နေ ကြမှာပဲ။ ပုံမှန်ဆို ဘန်ကောက်မှာ ကျနော်တို့က မြန်မာပြည်က ကျီးကန်းတွေလိုပဲ အမြဲတမ်း တောင်တောင် မြောက်မြောက် ကြည့်နေကြည့်သွားရပါတယ်။ ဒါမှမဟုတ်ရင်တော့ ရဲအစာ ဖြစ်သွားတာပေါ့။ အဲဒီလိုနေရတဲ့ ဘ၀ကြောင့် ရဲတို့ လ၀ကတို့ မြင်ရင် အလိုလို ရင်ခုန်ပြီး ရင်လည်းတုန်ပါတယ်။ အခုတော့ ကိုယ်အမြဲတမ်း ကြောက်နေရတဲ့ လ၀ကကို တည့်တည့်မျက်နှာချင်းဆိုင်ပြီး ရင်ဆိုင်လိုက်တော့ စိတ်ထဲမှာ ကြောက်စိတ်တွေ မရှိတော့သလို ခံစားလိုက်ရတယ်။

ဒီလိုခံစားမှုမျိုးကို ကျနော် မြန်မာပြည်မှာ ၈၈ ခု မတ်လ (၁၆) ရက် တံတားနီအရေးအခင်းမှာ နေ၀င်းစစ်တပ်နဲ့ ရင်ဆိုင်တုန်းက တခါခံစားဖူးပါတယ်။ အဲဒီတုန်းကလည်း (၂၆) နှစ်ကျော် မြန်မာပြည်သူတွေကို နည်းအမျိုးမျိုး နဲ့ ခြိမ်းခြောက်အုပ်ချုပ်ထားတဲ့ နေ၀င်းအစိုးရကို ကျနော့်ဘ၀မှာ အကြောက်တရားကင်းစွာနဲ့ အမှန်တရားအ တွက်ရင်ဆိုင်တာ အဲဒါပထမဦးဆုံးအကြိမ်ပါပဲ။ ကျနော် ကြောက်ရမှန်းမသိခဲ့ပါဘူး။ ဒါကြောင့်လည်း တံတားနီ ရှေ့မှာ စစ်တပ်က ပိတ်ထားတော့ သံဆူးကြိုးကိုကျော်ပြီး စစ်ဗိုလ်နဲ့ သွားစကားပြောခဲ့မိတာပေါ့။
အခုလည်း ထိုင်းလ၀ကရုံးထဲမှာ လမ်းလျှောက်ပြီး ကျနော်တို့ သတ်မှတ်ထားတဲ့ နေရာရောက်အောင် သွားနေ ပါတယ်။ အဲဒီနေရာလည်းရောက်ရော ကျနော်တို့ (၅) ယောက် (၆) ယောက် တတန်းစီ ထိုင်လိုက်ကြပါတယ်။ စစထိုင်လိုက်ချင်းမှာ ထိုင်းလ၀ကတွေက နားမလည်သေးပါဘူး။ ပထမဦးဆုံး ကျနော်တို့ကို မေးပါတယ်။ ဘာ ကြောင့်လာတာလဲလို့။ ကျနော်တို့ ဆန္ဒလာပြတယ်ပဲ ထင်ကြတယ်။ ဒါကြောင့် သူတို့က ဒီနေရာမှာ ဆန္ဒလာပြ လို့မရဘူးပြောပါတယ်။ တကယ်က ဆန္ဒပြတယ်ဆိုတာ ပြပြီးရင် ပြန်ကြတာပဲ။ အဲဒီတော့မှ ကျနော်တို့က ပြော လိုက်ပါတယ်။ ကျနော်တို့ လာအဖမ်းခံတာပါလို့။ ဆန္ဒသွားပြတာထက် ကျနော်တို့က သွားအဖမ်းခံတာပါ။ ဒီလို လာအဖမ်းမခံရင်လည်း တချိန်မှာ၊ တနေရာမှာ အဖမ်းခံရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ အဖမ်းခံရ မှာချင်းအတူတူ အခုလို လာအဖမ်းခံတာဟာ အကြောက်တရားကို ရင်ဆိုင်လိုက်တာပဲ။

အဲဒီတော့ လ၀က က ဘာပြောတယ်ထင်သလဲ။ no no no တဲ့၊ မင်းတို့ကို ဖမ်းလို့မရဘူးလို့ပြောတယ်။ ကျနော် တို့ကလည်း ပြန်ပြောတယ်။ ဘာလို့မရရမှာလဲ မင်းတို့ဖမ်းထားတဲ့ တို့သူငယ်ချင်းတွေ ဟောဒီအချုပ်ထဲမှာ ရှိ နေတယ်။ သူတို့နဲ့ ငါတို့က ထိုင်းနိုင်ငံကို ၀င်လာကြတာ အားလုံးအတူတူပဲ။ သူတို့ကို မင်းတို့ ဖမ်းလို့ရရင် အခု ငါတို့ကိုလည်း ဖမ်းလို့ရရမယ်။ မင်းတို့ဖမ်းတဲ့ ဥပဒေက အတူတူပဲလို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတော့မှ ထိုင်း လ၀ကလည်း သဘောပေါက်ပါတော့တယ်။ ဘာကြောင့် ကျနော်တို့ အခုလို IDC ကို ရောက်လာသလဲဆိုတာ။ တကယ်တော့ ကျနော်တို့က အဖမ်းသံသရာလည်နေတဲ့ ဘ၀ကို ဖောက်ထွက်ဖို့ သတ္တိရှိရှိ ရင်ဆိုင်လိုက်တာပါ။ သံသရာလည်တဲ့ စက်ဝိုင်းတခုရှိနေရင် ဖောက်ထွက်ဖို့ နည်းလမ်းတခု ရှိနေရမှာပါ။ အဲဒီနည်းလမ်းကို တွေ့ အောင်ရှာနိုင်ဖို့ပဲ လိုပါတယ်။

မကြာခင်အချိန်အတွင်းမှာပဲ သတင်းထောက်တွေလည်း ရောက်လာပါတယ်။ လ၀က အကြီးအမှူးတွေလည်း ရောက်လာပြီး ကျနော်တို့ကိုပြန်ဖို့ ဖျောင်းဖြပါတော့တယ်။ သူတို့က ဒီနေရာဟာ ဆန္ဒပြလို့မရဘူး၊ မင်းတို့ကို လည်း ဖမ်းလို့မရဘူး၊ ဒါကြောင့် အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ ပြောပါတယ်။ ကျနော်တို့ စထိုင်တဲ့ အချိန် ဟာ နံနက် (၁၁) နာရီကျော်လောက်ကဖြစ်ပါတယ်။ ကျနော်တို့အတွက် အစားအသောက်အချို့ ကျနော်တို့ မိတ်ဆွေမှ ယူလာပြီး ကျွေးပါတယ်။ ထိုင်းလ၀က ၀န်းထမ်းအားလုံးကလည်း အချိန်ရှိသရွေ့ ကျနော်တို့ကို ပြန် ဖို့သာ တိုက်တွန်းနေရင်း တဘက်မှာလည်း ဘယ်လိုနည်းနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ တိုင်ပင် နေကြတယ်။ သတင်းသမားတွေကလည်း ကျနော်တို့ကို မေးနေတော့ ကျနော်တို့ထဲက အများအားဖြင့် ကိုညီ ညီအောင်မှတဆင့် အင်္ဂလိပ်လို စကားပြန်လုပ်ခိုင်းရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်သော မြန်မာ ကျောင်းသားများအားလုံး ထိုင်းတယ်လီဗီရှင်းသတင်းတွေကြောင့် သိနေကြပါပြီ။

ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို နည်းအမျိုးမျိုးနဲ့ ဖြေရှင်းလိုပါတယ်။ ပထမတနည်းက ကျနော်တို့ကို ချော့ ပြောပြီး ပြန်ခိုင်းတာပါ။ တကယ်လို့ ကျနော်တို့က သဘောတူပြီး ပြန်ခဲ့ရင် ကျနော်တို့ကို လမ်းမှာတင် လူမသိ သူမသိနဲ့ အချုပ်ထဲ ထည့်ထားလိုက်ပြီး မြန်မာပြည်တောင် ပြန်ပို့နိုင်ပါတယ်။ ဒုတိယတနည်းက ကျနော်တို့ကို ထိုင်နေတဲ့ အတန်းထဲကနေ တယောက်ချင်းစီ ဆွဲထုတ်ပြီး အချုပ်ခန်းတွေ ခွဲပြီးထည့်ဖို့ပါ။ ဒါဆို ကျနော်တို့ ထောင်တွေကွဲပြီး ရောက်ကုန်နိုင်ပါတယ်။ ထိုနည်း (၂) နည်းစလုံးက ကျနော်တို့လုပ်တဲ့ လှုပ်ရှားမှုကို မအောင် မြင်အောင် လုပ်တာကြီးပါပဲ။ ကျနော်ရှေ့မှာ ပြောခဲ့သလို ကျနော်တို့က အဲဒီနည်း (၂) ခုစလုံးကို လေ့လာထား ပြီးမှ လာလုပ်တာဖြစ်တော့ သူတို့မအောင်မြင်ပါဘူး။

အကြမ်းဖက်နှိမ်နင်းရေးရဲတွေ ရောက်လာပြီး ကျနော်တို့ကို ခြိမ်းခြောက်ပါတော့တယ်။ ပြီးတာနဲ့ ကျနော်တို့ ကလည်း မဖြုံတော့ အစွန်မှာထိုင်နေတဲ့ လူတွေကို စဆွဲတာပဲ။ ကျနော်တို့ကလည်း စထိုင်ကတည်းက (၅) ယောက်တန်း (၆) ယောက်တန်းတွေမှာ အဲဒီလိုဆွဲရင် လက်ချင်းချိတ်ပြီး ပြန်ဆွဲဖို့ တိုင်ပင်ထားပြီးသားပါ။ အ ကြမ်းဖက်နှိမ်နင်းရေးရဲက ဆွဲလိုက် ကျနော်တို့ကလည်း ပြန်ဆွဲလိုက်နဲ့ လမ်းပေါ်မှာ ကျနော်တို့တတွေ ဒရွတ် တိုက်ဖြစ်နေတယ်။ ရဲက ဆွဲတဲ့အခါတိုင်း အသံပေးပေးပြီးဆွဲတော့ နည်းနည်းတော့ လန့်စရာကောင်းပါတယ်။ သတင်းသမားတွေကလည်း ဆွဲလိုက်တိုင်း ကင်မရာတွေနဲ့ ပုံတွေလိုက်လိုက်ရိုက်ပါတယ်။

(၁) နာရီခြားလောက် (၁) ခါ ဆွဲလားရမ်းလားဖြစ်နေရာမှ ညနေ (၃) နာရီကျော်လောက်မှာ အကြမ်းဖက်နှိမ် နင်းရေးရဲတွေ ပြန်သွားပါတယ်။ ဒါပေမယ့် ရိုးရိုးရဲတွေ ထပ်ရောက်လာတယ်။ ဒီလိုနဲ့ ညနေ (၅) နာရီလောက် မှာ သတင်းထောက်တွေကို ပြန်ခိုင်းလိုက်တော့ ကျနော်တို့လည်း တခုခုတော့ လုပ်တော့မယ်ဆိုတာ သိလိုက် ပြီ။ အဲဒီအချိန်မှာ ကျနော်တို့ စိတ်နည်းနည်းယိုင်ချင်တယ်လို့ ထင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ အချို့က ပြန်ဖို့ ကို စပြောလာတာ သတိထားမိတယ်။ ဒါလည်း အပြစ်ပြောလို့မရဘူး၊ မနက် (၁၁) နာရီကနေ ညနေ (၅) နာရီ ကျော်အထိ အစိုးရတခုနဲ့ရင်ဆိုင်တိုက်ပွဲဝင်နေတာ အခုအနားမှာ ဘယ်သူမှမရှိတော့ဘူး။ အားလုံးကို ပြန်ခိုင်း လိုက်ပြီ။ ထိုင်းရဲက ရိုက်မယ်ဆိုရင်လည်း ခံရုံပဲရှိတော့တယ်။ သူ့တို့လုပ်သမျှ လူမသိသူမသိ ခံရတော့မှာပဲ ဒါ့ အပြင် အာဏာပိုင်တွေက အိမ်ပြန်ဖို့ကို တယောက်ချင်းခွဲပြီး အကြိမ်ကြိမ်စည်းရုံးနေတယ်။ ပြန်ချင်တဲ့သူကို သူတို့ပေးပြန်မယ်။ လိုက်ပို့ပေးမယ်လို့ စည်းရုံးနေတာ၊ ဒါကြောင့် အချို့စိတ်ယိုင်တာကို အပြစ်ပြောလို့မရဘူး။ အဲဒီမှာ ကျနော်တို့ထဲက စိတ်ဓာတ်ပိုခိုင်တဲ့သူအချို့က လှမ်းအော်တယ် “ကျနော်တို့လာတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဖမ်းခံဖို့ လာတာ၊ ဘာလို့လှည့်ပြန်ရမှာလဲ”

ကျနော် ကျေးဇူးတင်လိုက်တာ လှမ်းအော်တဲ့သူတွေကို၊ အဲဒါနဲ့ အားလုံးအားပြန်တက်သွားတယ်။ ဟုတ်တယ် ငါတို့လာတဲ့ ရည်ရွယ်ချက်ဖြစ်အောင် လုပ်ရမယ်ဆိုပြီး အားလုံးတညီတညွတ်တည်း တပြိုင်တည်း သတ္တိမွေး လိုက်ကြပြီးတော့ လ၀ကတွေကို ငါတို့မပြန်ဘူးလို့ ရဲရဲရင့်ရင့် ပြန်ပြောလိုက်တယ်။ အဲဒါ ကျနော်တို့ရဲ့ နောက် ဆုံးအဖြေ ဖြစ်သွားတယ်။ ထိုင်းအာဏာပိုင်တွေကို စိတ်ဓာတ်ရေးရာအရ ကျနော်တို့ အနိုင်ရလိုက်ပြီ။ ကျနော် တို့အားလုံး ညနေ (၆) နာရီလောက်မှာ IDC မှာရှိတဲ့ အချုပ်ခန်းထဲကို အောင်မြင်စွာ ရောက်ရှိသွားပါတော့ တယ်။ ကျနော်တို့ရဲ့ နှလုံးရည်တိုက်ပွဲအောင်မြင်သွားပါတယ်။ ကျနော့်ရင်ထဲမှာလည်း အောင်မြင်မှုအတွက် ကျေနပ်ပီတိဖြစ်သွားပါတော့တယ်။

အဲဒီလိုလုပ်လိုက်လို့ ကျနော်တို့တတွေ စံပြထောင် (ပုံစံထောင်-ခပ်တခွက်လောင်းထောင်)၊ ဘန်ကောက်ဗဟို ထောင်နဲ့ နိုင်ငံရေးသမားတွေသာထားတဲ့ သီးသန့်ထောင်တို့မှာ (၉) လနီးပါး နေခဲ့ရပြီး ထောင်ထဲမှာ နောက် ထပ်တိုက်ပွဲတွေ အများကြီးဖြစ်ပြီးမှ ကျနော်တို့နဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးတို့ သဘောတူညီမှုရပြီး ထိုက်သင့် သလောက် နေထိုင်ခွင့်ကို ထိုင်းနိုင်ငံမှာ ရသွားတယ်။ အသေအချာ ပြောနိုင်တာက အကြောက်တရားတခုကို ဖြတ်ကျော်ခဲ့ပြီး အဖမ်းသံသရာလည်နေတဲ့ စက်ဝိုင်းတခုတော့ ပြတ်ထွက်သွားတယ်ဆိုတာပါပဲ။

ကျနော် ဒီဆောင်းပါးကို ရေးရခြင်း အဓိကအကြောင်း (၂) ချက် ရှိပါတယ်။

ပထမတချက်က ဒေါ်ဆောင်ဆန်းစုကြည်အား မေလ (၅) ရက်၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံသား William Yettaw နဲ့ အမှုဆင်ပြီး အင်းစိန်ထောင်သို့ ပို့ထားချိန်အတွင်း ဦးဝင်းတင်နဲ့လူငယ်အချို့ နေ့စဉ်အင်းစိန်ထောင် ရှေ့သွားပြီး အားပေးနေတဲ့အပေါ် ဖြစ်ပေါ်လာတဲ့ခံစားမှုကနေ လွန်ခဲ့တဲ့ (၁၈) နှစ်ကာလအချိန်က ပြုလုပ်ခဲ့တဲ့ (၃၈) ယောက်လှုပ်ရှားမှုကို ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပြန်လည်ချိန်ထိုး သုံးသပ်နိုင်ဖို့အတွက် လည်း ကောင်း၊

ဒုတိယတချက်က (၃၈) ယောက်အတွင်းမှ ကျဆုံးသွားတဲ့ ကျော်နီ (ခ) ကျော်ဦး (အောက်တိုဘာ ၃ ရက် ၁၉၉၉ဘန်ကောက်မြို့ နအဖသံရုံးအား ၀င်ရောက်စီးနင်းသိမ်းပိုက်ပြီး စစ်အာဏာရှင်တို့ရဲ့ အလံကို ဖြုတ်ချ ကာ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို တလှူလှူ လွှင့်ထူခဲ့တဲ့ ပြောင်မြောက်တဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ) သည် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ တော်လှန်ရေးသစ္စာမဲ့သူအချို့ကြောင့် ပျောက်ဆုံး (အသတ်ခံရသည်ဟု ယုံကြည်ရ) သွားခြင်း၊ ဧပြီလ (၆) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တနေရာ၌ ညီငယ်ငွေစိုး အဆုတ်ရောဂါ နဲ့ သေဆုံးသွားခြင်း၊ ဇော်ဇော်(လင်းကြည်) သေဆုံး၊ ကိုဝင်းမြင့် သေဆုံး .. စတဲ့အခြေအနေတွေကို မှတ်တမ်း ပြုထားချင်တဲ့ ဆန္ဒတို့ကြောင့် ရေးမိပါတယ်။

စစ်အာဏာရှင်အုပ်စု ကျဆုံးဖို့ …
ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ဖို့ …

ပြည်သူများ စစ်အာဏာရှင်ခြေဖ၀ါးအောက်မှ မိမိတို့ဆန္ဒအရ တွန်းလှန်တိုက်ပွဲဝင်နိုင်ဖို့အတွက် ဦးဝင်းတင် ရေးတဲ့“ဘာလဲဟဲ့ … လူ့ငရဲ” စာအုပ်ထဲမှ အရေးတော်ပုံတပ်သားစိတ်များ မွေးမြူနိုင်ကြပြီး “နင်လားဟဲ့ ငရဲ၊ ငါကွဟေ့ အရေးတော်ပုံတပ်သား” လို့ ကြုံးဝါးနိုင်ကြပါစေ။

မြန်မာပြည်တွင်းရှိ NLD အဖွဲ့ဝင်အားလုံးကိုသော်လည်းကောင်း၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူ အားလုံးကိုသော်လည်းကောင်း (သို့မဟုတ်) တတိုင်းပြည်လုံးကိုသော်လည်းကောင်း ထောင်ထဲမသွင်းထား နိုင်ပါဘူး။ ။

စိုးလွင်
ဆစ်ဒနီမြို့
၂၆၊ ဧပြီလ၊ ၂၀၁၀

Monday, February 1, 2010

ဟီးရိုးမှ ဇီးရိုးသို့

ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက် ထွက်ရတာ ဘ၀အရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ” လို့စပ်ဆိုခဲ့တာ အတော် အောင်မြင်ခဲ့တာပဲ၊ အခုထိလဲ မရိုးနိုင်သေးဘူး။
ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လို တယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့လို တယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။ ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှမနည်းပဲ။
ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စား တွေနဲ့ တူတယ်ဆိုရင် မှားမယ်မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ မှန်ပေမယ့် ရေမရှိရင်မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝ တရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကိုသိတယ်၊ ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊ ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားအော်သံကို နားထောင်ပြီး မိုးလေကို တွက်ချက်ကြရတာပဲ။
ဖားဆိုတာကလဲအမျိုးမျိုးရှိတယ်၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နှစ်ချို့စားဖားကြီးတွေရှိတယ်၊ ‘အုံအိုင် အုံအိုင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအိုင်းတွေရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့ အော်တတ်ပြီး ရေအ၀သောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာရှိတယ်၊ အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက လက်မ လောက်နဲ့ တကွင်းလုံးဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်းမစားလောက် တုတ် လည်းမရိုက်လောက်၊ ဒါပေမဲ့ ဆူညံနေတဲ့ သူတို့အသံကြောင့် ဖားရိုက်သမားတွေ တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအတော်ခက်စေတယ်။
ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားတယ်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန် တွေသာမက တော်တော့အရွယ် ပုတ်သင်တို့ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့ သိပ်အကင်းပါးတယ်၊ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန် မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင် တတ်တယ်။
ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့ တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေးဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံး တွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား” “ စားဖားနိုင်ငံရေး” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။ ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။
ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။ သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။ သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။ အားလုံးတော့မဟုတ်ပါဘူး အဓိကခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း မတတ် ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လဲ အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊ ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့် လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးပဲ ဘ၀တွေ အသက်တွေ ပေးဆပ်ပြီး အကျဉ်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။ ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ ဂွင်ကြလေပဲ အတော်ကို ရင်နာစရာလည်းကောင်း၊ ရွံစရာလည်းကောင်းပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရ၀ဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာ ရှိသေး ဖားမျိုးစုံတို့ အကုန်ညီ ပလုံစီအောင် အော်နေလိုက်ကြတာ တလောကလုံးကို ဆူညံ ပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် ( Half Baked) သတင်းသမားတွေ ဖွတာလဲ ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက ဖင်လေးတွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ ရွှေကြိုလုပ်နေကြပေမဲ့ ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ မြင်ယောင်မိပါသေးတယ်။
တကယ်တော့ ဘယ်ချိန် ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲ ကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအုံအိုင်အိုင်နဲ့ ချီးပ ရွှေ ကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေး တိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် (၈၈) ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်ကဟီးရိုးတွေပေါ့။ ကာလတွေ ကြာလာတော့ လူထုကို ဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာဉ်တွေ၊ ပေါချောင်ကောင်းနဲ့ သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရပေါ်လာကြပြီ။ ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘ၀ကို ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာမည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့ ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်းသိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာထား လိုက်ရင် တစ် ဆယ်လုံးရဲ့အဓိပ္ပါယ် တဆယ်ဖြစ်ပေမဲ့ အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့ သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။
အဟောသိကံ အနန္တပဲ။
လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖေါက်နေတဲ့ ပုဂံခေတ်က စကား နဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့ ဒီဘ၀ရောက်သွားကြတာပေါ့။
အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း တို့ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘ၀ကနေ ပျက်ရွေ့သွားတဲ့ ဇီးရိုးအကြီးစားကြီးတွေပေါ့ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့ စကားလို ဘ၀မှာ အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် န၀တ/ နအဖစတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီလှန်ချီ အသုံးတော်ခံ နေကြရတဲ့ သူတွေပေါ့။
အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့် နိုင်ငံရေးအခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။ အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့ ဖွဲ့စည်းပုံတကျ စစ်အာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊ ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူးဆိုပြန်တယ်။ အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ အဲဒါတွေက တပ်မတော်၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံအုပ်ချုပ်မဲ့ အစိုးရ ဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ) တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ အကြောင်းတော့ အထူးဝိတ္တာချဲ့စရာမလိုပါဘူး၊ ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ အများကသိပြီးသားပါ။
နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။ စစ်အာဏာရှင်အလိုကျ အောင်ဆန်းစုကြည်နှမလေး ကိုစိတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေ ကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုးပြည်ပုပ် သားယုတ်အောင်ဆန်းဦးနဲ့ ပိန်မသာလိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီးစ၀်ရွှေသိုက်ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ကို ပဲလှော်နဲ့လဲစားနေတဲ့သူပေါ့။ အပြင်ပန်း အတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊ လုပ်စားတာလဲ ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာ ပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့ ဖားစားသူတွေရဲ့ သီးသန့်အင်ပါယာ (Exclusive Class) ဖြစ်အောင် ထူထောင်ထားတယ်။ ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော သူရဲ့အင်ပါယာတွေထဲမှာ အဓိက အင်ပါယာက အီးဘီအို (EBO= Euro-Burma Office) ဆိုတာပေါ့။ အဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ် ငြားငြားရှိတယ်။ ကျန်တာ နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ အိန္ဒိယဘက် ဒေလီမှာတောင် အဲဒီအီးဘီအိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတစ်ယောက် မှ မပါဘူး။ ဒေလီမှာ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့ အခြေအနေမှာ အီးဘီအို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးအကြီးဆုံးဆိုတဲ့ (South Extension) မှာ အကျအနဖွင့်ထားတယ်။ ကုလားအရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား ၀န်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မှ အဆက်အဆံ မလုပ်ဘူး။
ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ အသင်းအပင်း စားဖားတသိုက် ဒေလီကို ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား ရွေးကောက်ပွဲရွှေကြိုအလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲ ဟာ ပကတိ အခြေအနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေအတွက် အခွင့်အလမ်းတခု ( Opportunity ) ဖြစ်လို့ ထောက်ခံကြောင်း ကုလားဧည့်သည်တွေကို မျက်စိထဲ သဲပက် သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာ လို့ပြောခဲ့ကြပြီး အခုတော့ စစ်အုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာမဟုတ် တော့ဘူးတဲ့။ ပြဿနာက မဲဆန္ဒရှင် ပြည်သူတွေရဲ့ နိုင်ငံရေးအသိပညာ( Voter Education) ကသာ အဓိကပြဿနာတဲ့။ Voter Education ကို အဓိကလုပ်ရမယ်တဲ့၊ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေးအသိပညာ ပေးရမယ်၊ သူတို့အနေနဲ့ ရွေး ကောက်ပွဲဝင်မယ့် အင်အားစုတွေကိုလဲ ငွေကြေးကအစ ကူညီထောက်ပံ့သွားမယ်လို့ ပြောသွားကြတယ်ဆိုပဲ။ အဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစားအဖွဲ့အစည်း (Civil Society) လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုပါလား။ နွားပြာကြီးအကြောင်းသိထားတော့ ဒါဟာ လာမည့် ပေါက္ခရ၀ဿမိုးကြီးကို တွက်ပြီး စားခွက်သစ်ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့ မပြောကြတာ။ တချို့ကျတော့ အင်ဂျီအိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဆက်ဆံရေး” ကိုသိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။
နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံးမြောက်တလုံး အင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး တောခြောက်သံပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်အမြင်ကို ပြောမိတဲ့ အပြစ်နဲ့ လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်အုပ်စုကိုတော့ မျက်မွှေးထော် လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းအားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင် သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊ လက်တွေ့မကျသလိုလို ဝေဖန် အပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမဲ့ NLD နဲ့ဒေါ်စု နောက်မှာရှိတဲ့ လူထုအားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်အုပ်စုကိုယ်စား အလံရှုးလုပ်တာက NLD ဟာ တကယ့်အမျိုးသား ရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင် လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက်မကျော်ဘဲ ရွေးကောက်ပွဲ ၀င်သင့်သတဲ့၊ ဒါဆို အာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ် ဆိုပါလား။ ၀မ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက် အော့နှလုံးနာလောက်အောင် ဖောက်ပြန်တဲ့ ဦးနှောက်ပါပဲ၊ ဘယ်တရားနဲ့ သံဝေဂယူရမှန်းတောင် မသိတော့ဘူး။
နောက်တမျိုးကတော့ တကွင်းလုံးဆူအောင် အော်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက် ဖားလတက် တွေပေါ့။ သူတို့ကတော့ စစ်အုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလဲ သေးပန်းမယ် ဆိုတဲ့ ဇီးရိုးဖားလတက်တွေ။ စေ့စေ့ငုငု ပြောရရင် အထဲမှာ တတိယအုပ်စုလိုလို ၈၈ လိုလို ပုံမှားရိုက်နေတဲ့ အင်အားစုတွေနဲ့ အပြင်မှာ ဟိုကျောင်းဒီကျောင်းတွေက ခွေးဝင်စားဘွဲ့လေး တွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင် ကိုက်လို့ ညီနေသလားတော့ မသိဘူး။ အတွင်းအပြင်ကွဲပေမဲ့ အလုပ်တာ့ ညီကြတယ်။ သူတို့က ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက် ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ လူထုဦးစိန်ဝင်းတို့လို ဖက်ဆစ်စစ်အုပ်စုနဲ့ သူတို့ရဲ့ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်ကြီး တွေကို ကျားကိုခွေးဟောင်သလို ဟောင်နေကြတယ်။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ အဖြစ်တူ ငါးရာငါးဆယ်ဇာတ်တော်ထဲက ၀က်တကောင်အကြောင်း ပြောရအုံးမယ်၊ ဇာတ်တော်ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး။ သဘောသွားကတော့ တခါက တောအုပ်တခုမှာ ၀က် တကောင် ရွှံ့လူးနေတယ်။ အပုပ်ကြိုက်တဲ့ သတ္တ၀ါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီအချိန်မှာပဲ ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းကနဲ ရောက်လာတယ်။ ၀က်လဲ အတော်လန့်သွားတယ်။ ဒါပေမဲ့ ခြင်္သေ့က ၀က်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ၀က်အပါးက ခွာသွားတယ်၊ ဒါကို ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ အသိခေါင်းပါး မိုက်မဲတဲ့ ဒီဝက်ဟာ အခြောက်တိုက်ဘ၀င်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံ လည်းမဖြစ် သြဇာလည်းကင်းတဲ့ သူ့အသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။ အခုဖားလတက် များလိုနေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက အသင်ဝက် ရှိနေတာကို ငါသိလည်းမသိ၊ မြင်လည်း မမြင်၊ ဂရုလည်းမစိုက်။ အခုချိန်မှာ ငါဂရုစိုက်နေတာ တောအုပ်တဖက်က ဆင်ရိုင်းတအုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ၀က်အန္ဓက ခြင်္သေ့ကြီးကို တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက အိုကေပေါ့။ အခုတော့အချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တိုက်ကြ မယ်လို့ပြောပြီး ထွက်သွားတယ်။
ဒီတင် ဘ၀င်ရူးဝက်အန္ဓဟာ ခြင်္သေ့ကြီးသူ့ကို ကြောက်ပြီး ပြေးသွားကြောင်း၊ ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့ တာပေါ့။ မသိတဲ့ သတ္တ၀ါတွေကတော့ ၀က်အန္ဓကို အထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ် တယ်ပေါ့။ ဒါပေမဲ့ ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့ အစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး၊ မင်းမှာကောရှိသလား လို့မေးတယ်။ မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့အစွမ်းသတ္တိကို သိပြီး အကြောက်ကြီး ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်အန္ဓကို ငါကယ်မှဖြစ်မယ်ဆိုတဲ့ ဂရုဏာနဲ့ အကြံတခု ပေးလိုက်တယ်။ ၀က်အန္ဓလည်း ယုံမင်းပေးတဲ့ အကြံအတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမဲ့ ခြင်္သေ့ကြီးက အဲဒီ ၀က်အန္ဓကို အနားတောင် ကပ်မခံဘူး ၀က် သူ့အနား ချဉ်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့ သတဲ့။ အကြောင်းရင်းကတော့ ယုံမင်းပေးတဲ့အကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ မစင်ဘင်ပုပ်ကို အလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့်ဝက်ကို မစင်ဘင်ပုပ်တွေ ကိုယ်လုံးပြည့်လူသွားဖို့ အကြံပေးတယ်။ ဒီလိုနဲ့ ၀က်အန္ဓလည်း သူတို့အကြိုက် မစင်ဘင်ပုပ် လူးသွားတာနဲ့ အသက်ချမ်းသာရာ ရသွားသတဲ့။ အခုလည်း ဖားလတက်ဇီးရိုးတွေ မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ အကြံပေး လိုက်ပါတယ်။
ဇီးရိုးတွေ အထူးသဖြင့် အတွင်းအပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေ သိဖို့က ဗမာလူထုဟာ ဇီးရိုးဖားအပေါင်းလောက် နိုင်ငံရေးမညံ့ပါဘူး၊ အကင်းပါးပါတယ်။ ဟိုကျောင်း ဒီကျောင်းတွေမှာ ဖုံတက်စာအုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်ကဘယ်လို၊ တောင်အာဖရိကတုံးက ဘယ့်နှယ်၊ အင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား အတိုအစ လေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေးစိတ်မ၀င်စားဘူး ကြောက်သလေးဘာလေး ပုတ် ခတ်မနေပါနဲ့ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှဉ်ပါနဲ့။ ဗမာလူထုဟာ အိမ်နီးချင်း တိုင်းပြည်တွေထဲက ကြိုက်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှဉ်နိုင်ပါတယ်။ ဘယ်ခေတ် မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင် ရေးခေတ်၊ အမျိုးသားလွတ်မြောက်ရေးခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးကရှိနေ ပါတယ်။
ပြဿနာရဲ့ အရင်းမူလဘူတက ဦးဆောင်အခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ် ကစလို့ ဒီနေ့ခေတ်အထိ ဦးဆောင်မှု အခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ ပုံစံအမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ် နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာ မကြည့်နဲ့ အနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ (Missionary) လို့ဆိုရမဲ့ အင်ဂျီအိုမြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် အထက်ဆရာကြီးတွေရဲ့ ဖော်နည်းကား မျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုအပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို အဖြေရှာ ကုစားရင်း အနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွား ကြပြီး လူထုကတော့ ပိုတောင်ဖွတ်သထက်ညစ်သွားခဲ့ရတယ်။
ဗမာလူထုဟာ အင်္ဂလိပ်လို အပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီအောက်မှာလည်း နေဖူးတယ်၊ အတုံးအတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်အောက်မှာလည်း နေဖူးတယ်၊ နောက် ကယ်တင်ရှင်တဖြစ်လဲ အသွင်မတူ ရန်သူဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေ အောက်မှာ လည်း နေဖူးတယ်။ အခုနောက်ဆုံး အကြမ်းဆုံး အရမ်းဆုံး အယုတ်ကန်းဆုံး စစ်အုပ်စု အောက်မှာ နေနေရတယ်။ အတွေ့အကြုံတွေ များလှပေါ့။
ဘယ်ခေတ်မှာ ကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊ ဖေါက်ပြန်တဲ့ အုပ်စိုးသူ အဆက်ဆက်ကို ရဲရဲရင့်ရင့် အကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။ ဗမာလူထုရဲ့နိုင်ငံရေး အကင်းပါးမှုကို ၁၉၆၀ပြည့်နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွေကြည့်ရင် သိနိုင်တယ်။ စစ်ဝါဒကို တိုက်ဖို့ ၁၉၆၀မှာ ဦးနုကို မဲပေးခဲ့ကြပေမဲ့ ၁၉၉၀ကြတော့ စစ်အုပ်စုကို တကယ်တိုက်နိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ခု သူရဲကောင်း ဦးနုကို မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး) အရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။ လူထုဟာ တိုင်းပြည်နဲ့လူမျိုးကို ချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ အထင်အရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ရဲ့အမြင်ဟာ အတ္တ လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်ရဲ့ အရိုးအရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချဉ် တက်တာပဲ ဖြစ်ပါလိမ့်မယ်။
ဟီးရိုးပျက် ဇီးရိုးအပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို ပြောရအုံးမယ်။ ဗမာလူထုဟာ ပြည်သူကို အကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင် သို့မဟုတ် အုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် အမြတ်ထုတ်ခဲ့သူတွေကို ကောင်းရင် ကောင်းတဲ့အလျောက် ဆိုးရင်ဆိုးတဲ့အတိုင်း နောက်နှောင်းလူတွေအထိ သိအောင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။ ပြည်သူအပေါ်မှာ အကျိုးပြုခဲ့တဲ့ အနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့ ချစ်ကြည်လေးမြတ်ခေါ်တယ်၊ ဦးအောင်ဇေယျကို အလောင်းမင်းတရားရယ်လို့ တံဆိပ်ကပ် ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ် စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့ ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံးမကျော်ပေမဲ့ လူထုအကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့ ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်အနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ အခါတိုင်းမှာလည်း ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေအကြောင်း ကဲ့ရဲ့ခြေကျောက် နေကြတယ်။ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်း သွားကြအုံးမှာလည်း ဖြစ်တယ်။
ကျုပ်တို့ခေတ်နဲ့ အနီးဆုံး နမူနာကတော့ ပမညတခေါင်းဆောင် သခင်ချစ်မောင် ဖြစ်တယ်။ သူ့အဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက အကောင်း အဆိုးအလိုက် ချီးမွမ်းခြေကျောက် ကြတာပါ၊ ၁၉၅၈ ၀င်ဒါမီယာ အာဏာသိမ်းမှုကြီးကို ဦးနုက ပါလီမန်မှာ တင်တော့ သခင်ချစ်မောင်က ၀ိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ အောင်နိုင်ပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ၀ိဒူရသခင်ချစ်မောင် ရယ်လို့ ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်းတာကိုကြတော့ သခင်ချစ် မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့ ထောက်ခံမိတဲ့အတွက် ၀ိဒူရဘွဲ့ပျောက်ပြီး ခွေးကတက်ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။
ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး အကြောင်း တစေ့ တစောင်းပါပဲ။ အခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက် ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။

တလမ်းက တုတ်စာ။
တလမ်းက မြွေစာ။
ဒါပဲ။

ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။
Kyaw_than2004@yahoo.com
Kyaw_t@hotmail.com

Saturday, January 30, 2010

Hero to Zero-1

Friday, January 22, 2010

LOVE < >

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။



You will find ur true love

You'll be blessed !!

မျှဝေပေးတာပါ

Thursday, January 21, 2010

နယ်စပ်လမ်းက ဝမ်းတထွာ ၁၁-ခိုင်မာကျော်ဇော ဇန်န၀ါရီ ၂၁၊ ၂၀၁၀





ရာဘာခြံတွေထဲမှာ လူသတ်၊ ဓားပြတိုက်၊ လုယက်၊ မုဒိမ်းကျင့်တာတွေဟာ ဆောင်းနဲ့ ဆောင်းအကုန်ကာလတွေမှာ အဖြစ်များပါတယ်။ လက်သည်မပေါ်တဲ့ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေကြောင့် သေဆုံးကြ သူတွေ၊ ဘဝပျက်ကြသူတွေလည်း ရာဘာခြံတွေထဲမှာ အများကြီးရှိပါတယ် …
ထိုင်း-မြန်မာနယ်စပ် စံခလဘူရီနဲ့ ဘုရာသုံးဆူ ဒေသတဝိုက်မှာ နွေ၊ မိုး၊ ဆောင်း ရာသီမလပ် စိမ်းစိမ်းညို့ညို့ အုပ်အုပ်ဆိုင်း ဆိုင်းရှိနေတာက ရာဘာခြံကျယ်ကြီးတွေပါ။ ဘုရားသုံးဆူနဲ့ မဲကဆကြားက မျက်စေ့တဆုံး တမျှော်တခေါ်မြင်ရတဲ့ ရာဘာခြံကြီိးတွေထဲမှာတော့ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ဘီလူးကျွန်းနယ်တွေကလာ မွန်တိုင်းရင်းသား ရာဘာခြံအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရှိပါတယ်။
သူတို့ဟာ ရာဘာခြံတွေပိုင်တဲ့ ထိုင်းသူဌေးတွေ၊ ကုပဏီတွေက နေရာချပေးတဲ့ ရာဘာခြံကျယ်ကြီးတွေထဲက မြေကွက် လပ်တွေမှာ မိသားစုအလိုက်၊ ရင်းနှီးကျွမ်းဝင်ရာ အစုအဖွဲ့လိုက်နေထိုင်ကြပြီး ရာဘာစေးခြစ်၊ ရာဘာစေးတွေကနေ ရာဘာပြားတွေဖြစ်အောင် ထုထောင်း၊ စက်နဲ့ကြိတ်၊ အခြောက်လှန်းတဲ့ အလုပ်တွေကို လုပ်ကြပါတယ်။
မွန်လူမျိုးတွေဟာ ရာဘာခြံအလုပ်ကို သူတို့ရဲ့ မိဘဘိုးဘွားတွေဆီက လက်ဆင့်ကမ်း အမွေရခဲ့တာပါ။ သူတို့ထဲက တချို့ဟာ တချိန်က ရာဘာခြံပိုင်ရှင်တွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ပိုင်တဲ့ ရာဘာခြံတွေကို စစ်အစိုးရက မတရားသိမ်း ယူတာ၊ ဈေးနှိမ်ဝယ်ယူတာ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ခြိမ်းခြောက်အကြပ်ကိုင်တာတွေကြောင့် သူတို့ပိုင်တဲ့ ရာဘာခြံတွေ ဆုံးရှုံးခဲ့ရသလို တချို့လည်း စားဝတ်နေရေး အကြပ်အတည်းကြောင့် ဘိုးဘွားမိဘပိုင် ရာဘာခြံတွေကို ရောင်း ချပြီး မိသားစုအလိုက် နယ်စပ်ဒေသကို ရောက်လာကြတာပါ။
အခုတော့ သူတို့ ရာဘာခြံအလုပ်ကို ထိုင်းသူဌေးတွေ၊ ကုပဏီတွေပိုင်တဲ့ ရာဘာခြံတွေထဲမှာ ထက်ဝက်စား၊ လစား၊ နေ့စား အဆင်ပြေသလို လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေကြတယ်လို့ မုဒုံနယ်ကလာတဲ့ ရာဘာခြံလုပ် သားကြီးတဦးက ပြောပါတယ်။
“ရာဘာခြံအလုပ်က ကျနော်တို့ရဲ့ မိရိုးဖလာလုပ်ငန်းဆိုတော့ ကျနော်တို့ မွန်လူမျိုးတွေ ကျွမ်းကျင်တဲ့ အလုပ်တခုပဲ။ ကျနော် အရင်ကတော့ ကိုယ်ပိုင်တဲ့ခြံကို ကိုယ်တိုင်ဦးစီးလုပ်ခဲ့တာ။ အခုတော့ ကျနော်ခြံ မရှိတော့ဘူး။ အစိုးရ သိမ်းလို့ကုန်ပြီ။ စားဝတ်နေရေး အခက်ခဲဖြစ်လာလို့ ကျနော်တို့ မိသားစုတွေ ထိုင်းကိုရောက်လာတာ။ ဒီမှာတော့ ရာဘာခြံအလုပ်ကို ခြံပိုင်ရှင်နဲ့ ထက်ဝက်စားလုပ်တယ်။ အခုလို ရာသီမှာ တလကို ဘတ်(၁)သောင်းခွဲလောက်တော့ ရတယ်”လို့ အသက်(၅ဝ) ကျော် အရွယ်ရှိတဲ့ ရာဘာခြံလုပ်သားကြီး တဦးက ပြောပါတယ်။
ရာဘာခြံလုပ်သားကြီးပြောတဲ့ အခုလို ရာသီဆိုတာက ဆောင်းရာသီကာလကို ပြောတာပါ။ ဆောင်းရာသီဟာ ရာဘာခြံသမားတွေ လက်ဖျားငွေသီးချိန်၊ ရာဘာခြံလုပ်သားတွေ အလုပ်များပြီး ဝင်ငွေများများရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ရာဘာစေးဟာ မိုးအကုန်ဆောင်းအကူးနဲ့ ဆောင်းရာသီကာလတွေမှာ အထွက်များပါတယ်။ ရာဘာခြံလုပ်သားတွေ လုပ်ငန်း ဂွင်ဝင်ရတဲ့အချိန်ကတော့ ရာဘာစေးတွေထွက်တဲ့ ညအချိန် ဖြစ်ပါတယ်။
ရာဘာစေးအထွက်များတဲ့ ဆောင်းရာသီမှာ ရာဘာခြံလုပ်သားတွေဟာ စောင်ထူထူခြုံပြီး အိပ်ယာထဲ ကွေးနေလို့ မရပါဘူး။ ည(၁ဝ)နာရီ၊ ည(၁၁)နာရီ ချမ်းချမ်းစီးစီး အိပ်ယာကနေ ထကြရပြီး ဘထရီမီးလုံးလေးတွေ ခေါင်းမှာတပ်၊ ဓားကောက်ကို ခါးမှာချိတ်ပြီး ရာဘာစေးခံတဲ့ ပုံးတွေကို ကိုင်ဆောင်ကာ ရာဘာခြံထဲ ဝင်ကြရပါတယ်။
ရာဘာခြံတွေထဲ ညဘက် မီးစိမ်းလေးတွေ လင်းလက်ပြီး တပင်နဲ့တပင် ကူးပြောင်းနေကြတာဟာ ပိုးစုန်းကြူးလေး တွေ ပျံဝဲနေကြတာ မဟုတ်ပါဘူး။ ဘထရီမီးလုံးလေးတွေ ခေါင်းမှာချိတ်ထားတဲ့ ရာဘာခြံလုပ်သားတွေ ရာပင်တွေတပင်ပြီး တပင် ကူးကာပြောင်းကာ ရာဘာစေး ခြစ်နေကြတာပါ။
“အစေးခြစ်ဖို့ ည(၁ဝ)နာရီကျော်တာနဲ့ ကျမတို့ အိမ်ကထွက်ရတယ်။ မနက်မိုးလင်းထဲ့အထိ တညလုံး ခြစ်တာ လက်မြန်ရင် မြန်သလို အပင် ၁ဝဝဝ ကျော်၊ ၁၂ဝဝ လောက်ပြီးတယ်။ မနက်(၇)နာရီလောက်ဆိုရင် ခြစ်ထားတဲ့ရာ အစေးတွေ ကို ပြန်စုပြီး ရာဘာပြားဖြစ်အောင် စက်နဲ့အထပ်ထပ်ကြိတ်၊ ရေအထပ်ထပ်ဆေးပြီးတော့ နေလှန်းရတယ်။ မနက် ၉ နာရီ၊ ၁ဝ နာရီကျော်လောက်ဆိုရင် ကျမတို့ အလုပ်သိမ်းပြီ”လို့ သနပ်ခါး ပါးကွက်ကြားနဲ့ အနွေးထည်အထူကြီး ဝတ်ထားတဲ့ အမျိုး သမီးတဦိးက ပြောပါတယ်။
ခြံရှင်တွေနဲ့ ထက်ဝက်စားလုပ်ကြတဲ့ ရာဘာခြံလုပ်သားတွေဟာ အခုလို ဆောင်းကာလမှာ မိသားစုထဲက ဓားကိုင် နိုင်တဲ့ အရွယ်ကစလို့ အလုပ်လုပ်နိုင်သူ မှန်သမျှ ရာဘာခြံထဲ ဆင်းကြရပါတယ်။ ဒါကလည်း မိုးတွင်းစာ စားဖို့သောက်ဖို့ရ အောင် ငွေကြို စုဆောင်းကြတာလို့ သူတို့က ဆိုပါတယ်။
“ရာဘာခြံအလုပ်က မိုးတွင်းဆိုရင် အလုပ်မဖြစ်ဘူး။ မိုးအရမ်းကြီးရင် တလလုံး ထိုင်စားပဲ။ မိသားစုများတဲ့လူ၊ အသုံး များတဲ့လူဆို အကြွေးတောင် တင်ကြတယ်။ ဒါကြောင့် မိုးတွင်းစာကို အခုထဲက လူကုန်လုပ်ပြီး စုဆောင်းကြတာ”လို့ ရာဘာ ခြံလုပ်သားတွေက ပြောကြပါတယ်။
ဆောင်းရာသီကာလဟာ ရာဘာခြံလုပ်သားတွေ ဝင်ငွေများတဲ့ ကာလဖြစ်သလို ရာဘာခြံလုပ်သားတွေ အထူးသတိ ထားရတဲ့ ကာလလည်း ဖြစ်ပါတယ်။ ရာဘာခြံတွေထဲမှာ လူသတ်၊ ဓားပြတိုက်၊ လုယက်၊ မုဒိမ်းကျင့်တာတွေဟာ ဆောင်းနဲ့ ဆောင်းအကုန်ကာလတွေမှာ အဖြစ်များပါတယ်။ လက်သည်မပေါ်တဲ့ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေကြောင့် သေဆုံးကြ သူတွေ၊ ဘဝပျက်ကြသူတွေလည်း ရာဘာခြံတွေထဲမှာ အများကြီးရှိပါတယ်။
ဒီအခြေအနေကို သိနေကြတဲ့ ရာဘာခြံလုပ်သားတွေဟာ တချို့ ဇာတိရပ်ရွာတွေရှိရာကို တပ်ပြန်ခေါက်ကြ၊ တချို့ အဆင်ပြေမယ်ထင်တဲ့ အလုပ်သစ်တွေ ပြောင်းလုပ်ကြ။ တချို့ကတော့ ရွာအပြန်လှ၊ အိမ်အပြန်လှဖို့ ရာဘာခြံတွေထဲမှာပဲ သတိရှိရှိနဲ့ လုပ်ကိုင်နေကြသလို မိသားစုများသူတွေ၊ တနှစ်ပြီးတနှစ် အကြွေးတွေ အထပ်ထပ်ရစ်ပတ်ကာ ပြန်မရ၊ ပြောင်းမရ၊ ပြေးမရ ဖြစ်နေသူတွေကတော့ ရာဘာခြံတွေထဲမှာပဲ ကျိုးစားရုန်းကန် ရှင်သန်နေကြဆဲပါ။
# Posted by leoninedragon on ဇန်နဝါရီ 21, 2010 at 11:00am

Wednesday, January 13, 2010







နေ့ဖက်မှာ ငါးဖမ်းလှေတွေ၊ ငါးပုဇွန်လုပ်သားတွေနဲ့ စည်ကားတဲ့ ရနောင်းမြို့ဟာ ညဘက်မှာတော့ စား သောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေနဲ့ လှုပ်ရှားနေတဲ့ ဆိပ်ကမ်းမြို့တမြို့ပါ။ မြန်မာလူငယ်တွေ၊ မြန်မာငါးဖမ်းလုပ်သားတွေနဲ့ ညစဉ်ညတိုင်း လှုပ်လှုပ်ရှားရှား ရှိနေတာကတော့ ရနောင်းမြို့ဆိပ် ကမ်းရပ်ကွက်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေ ဖြစ်ပါတယ်။
အဲ့ဒီဆိုင်တွေဟာ မှောင်ရီပျိုးပျတာနဲ့ ရောင်စုံမီလုံးလေးတွေ လင်းလက်လာပြီး Rဇာနည်၊ ဇော်ပိုင်၊ ဝိုင်းဝိုင်း၊ ဖြိုးကြီိးစတဲ့ မြန်မာအဆိုတော်တွေရဲ့ သီးချင်းတွေလည်း တဆိုင်နဲ့တဆိုင် အပြိုင်အဆိုင် ထွက်ပေါ်လာပါတယ်။
မျက်နှာချင်းဆိုင်၊ ဘေးချင်းကပ် စီတန်းနေတဲ့ ဆိုင်တွေရဲ့အရှေ့မှာတော့ ဖြူ၊ နီ၊ ဝါ၊ ပြာ ကာလာစုံ ဝတ်ဆင်၊ ချယ်သ ထားတဲ့ မိန်းကလေးတွေက ဒီဆိုင်မှာ ဆိုပါ၊ ပျော်ပါ၊ စားသုံးပါလို့ ဖိတ်ခေါ်နေကြသလို ဆိုင်ရှင်တွေ၊ စားပွဲထိုး၊ သန့်ရှင်းရေး ချက်ပြုတ်ကြော်လှော်တဲ့ အလုပ်သမားတွေကလည်း ဧည့်သည်တွေအလာကို မျှော်ကြပါတယ်။
ဆိပ်ကမ်းရပ်ကွက်က စားသောက်ဆိုင်တွေ၊ ကာရာအိုကေဆိုင်တွေကို လာရောက် ပျော်ပါး၊ စားသုံးသူတွေကတော့ မြန်မာနိုင်ငံသား ရေလုပ်သားတွေက အများစုဖြစ်ပါတယ်။
“ဧည့်သည်တွေက မြန်မာပြည်သားတွေများတယ်။ ထိုင်းတွေက လာတော့ လာတယ်။ နည်းတယ်။ နီနီတို့ အလုပ်က ဧည့်သည်တွေကို ကြိုဆိုဧည့်ခံရတာဆိုတော့ ဧည့်သည်လာမှ ပိုက်ဆံရတာ”
လို့ နှုတ်ခမ်းနီတွေ ရဲနေအောင် ဆိုးထားတဲ့ အသက်(၂ဝ)အရွယ်ရှိတဲ့ နီနီက ပြောပါတယ်။
ဧည့်သည်ဆိုတာက ဆိုင်တွေမှာ ဆိုကြကကြ၊ သောက်ကြစားကြ၊ ပျော်ကြပါးကြတဲ့ သူတွေကို ပြောတာပါ။ အိပ် ခန်းတွေနဲ့ တွဲဖွင့်ထားတဲ့ အဲ့ဒီဆိုင်တွေကိုလာကြတဲ့ ဧည့်သည်တွေဟာ နီနီတို့လို မိန်းကလေးတွေနဲ့အတူ ပျော်ပါးကြတာပါ။
ဒီလိုဧည့်သည် တယောက်လာရင် ဆိုင်ရှင်တွေက ဘတ် ၁ဝဝ၊ ၁ဝဝ ကျော်ရပြီး နီနီတို့ကတော့ ဧည့်သည် တယောက်ကို ဘတ် ၆ဝ၊ ၇ဝ ရတယ်လို့ဆိုပါတယ်။ ငွေကိုတော့ ဆိုင်ရှင်တွေက တလတခါ နေထိုင်စားသောက်စရိတ်တွေ ဖြတ်တောက် တွက်ချက်ပြီးမှ နီနီတို့ကို ပေးတာပါ။ နီနီတို့လိုပဲ ကျော်ကျော်တို့ စားပွဲထိုး၊ သန့်ရှင်းရေး၊ ကြော်လှော်၊ ချက်ပြုတ် အလုပ်သမားတွေလည်း ဧည့်သည်လာမှ လုပ်ခလစာ မှန်မှန်ရကြတာပါ။

“အရင်ကတော့ ကျနော်ကို တလကို စရိတ်ငြိမ်း ၁ဝဝဝ ပေးတယ်။ နောက်ပိုင်းတော့ ကျနော်တို့ကို နေရာထိုင်းခင်း ပေးရတယ်။ အစားအသောက် ကျွေးထားရတယ်ဆိုပြီး ဧည့်သည်အလာနည်းရင် လစာမပေးတော့ဘူး။ ဧည့်သည် နည်းနည်း များများ သူတို့ကတော့ နေ့တိုင်း ဝင်ငွေရှိတယ်။ စီးပွားလည်း ဖြစ်နေကြတာပဲ” လို့ ကျော်ကျော်က ပြောပါတယ်။
ရနောင်းဆိပ်ကမ်းမှာ လွန်ခဲ့တဲ့(၁ဝ)နှစ်ကျော်က ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ သိပ်မတွေ့ရပေမယ့် အခုအခါမှာ ဆိပ်ကမ်းရပ်ကွက်တိုင်းလိုလိုမှာ ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ မှိုလိုပေါက်နေပြီး၊ နီနီတို့လို မိန်းက လေးတွေ၊ အပျော်အပါးလိုက်စားတဲ့ မြန်မာလှေထိုးသားတွေလည်း တနေ့တခြား များလာသလို ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ထိုင်း တွေကလည်း ဆိုင်သေးလေးတွေက ဆိုင်ကြီးတွေ ပိုင်ဆိုင်လာကြတယ်လို့ မြန်မာတွေက ပြောကြပါတယ်။

ရနောင်းဆိပ်ကမ်းက ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေဟာ ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်နေကြတာလို့ လည်း မြန်မာတွေက ပြောကြပါတယ်။ မြန်မာလူငယ်တွေကို အရင်းပြုပြီး ထိုင်းလူမျိုးတချို့ စီးပွားဖြစ်နေကြပေမယ့် မြန်မာ မိန်းကလေးတွေကတော့ ငွေအနည်းငယ်ရဖို့အတွက် သူတို့ရဲ့ ခန္ထာကိုယ်ကို ရင်းနှီးနေကြရတယ်၊ မြန်မာလူငယ်လေးတွေဟာ တဝမ်းစား၊ တခါးဝတ်အတွက် သူတို့ရဲ့ လုပ်အားတွေ၊ အချိန်တွေကို ပေးဆပ်နေကြရတယ်လို့ မြန်မာတချို့က သုံးသပ်ပြော ဆိုပါတယ်။
ဒီလိုဖြစ်အောင် မြန်မာစီးပွားရေးအကြပ်အတည်းက အဓိက တွန်းပို့နေတာလို့လည်း ရနောင်းရောက် မြန်မာတွေက ပြောကြပါတယ်။ မိန်းကလေးတချို့ဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဒီလိုအလုပ်တွေကို မလုပ်ချင်ပဲ လုပ်နေရသလို လူကုန်ကူး သူတွေရဲ့ ရောင်းစားခြင်းကို ခံရသူတွေ။ သူတို့လုပ်ရမယ့် အလုပ်ကို စားပွဲထိုး၊ သန့်ရှင်းရေး အလုပ်လို့ထင်ပြီး ကြိုတင်ငွေတွေ ယူသုံးမိလို့ ဒုက္ခတွေ့နေကြတဲ့ မိန်းကလေးတွေလည်း ရှိနေပါတယ်။
ဒီလိုဒုက္ခ တွေ့ခဲ့ရသူတွေထဲမှာ ဝါဝါလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
“အရင်ကတော့ စားပွဲထိုး၊ သန့်ရှင်းရေး အလုပ်လို့ထင်ပြီး လုပ်ခဲ့တာ။ အခုတော့ တခြားအလုပ် ရှာလုပ်ဖို့လည်း မလွယ်တော့ဘူး။ ဝါဝါ ဒီအလုပ် လုပ်တာကို အိမ်ကလည်း သိသွားပြီ၊ လူတော်တော်များလည်း သိနေကြပြီ”
လို့ ဝါဝါက ပြောပါတယ်။
တဝမ်းစား တခါးဝတ်အတွက်နဲ့ ဝါဝါတို့လို ရေတိမ်မှာ နစ်နေကြတဲ့ တိုင်းရင်းသားပေါင်းစုံ မြန်မာမိန်းကလေးတွေ ရနောင်းမှာ အများကြီးရှိပါတယ်။ ဝါဝါတို့လို မိန်းကလေးတွေကို ဒုက္ခသံသရာထဲက ရုန်းမထွက်နိုင်အောင် ချုပ်ကိုင်ထားသူတွေ၊ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး ဒုက္ခတွင်းထဲ မရောက်ရောက်အောင် တွန်းပို့နေသူတွေ၊ ရေနစ်သူ ဝါးကူထိုးဆိုသလို ဝိုင်းဝန်း ရှုတ်ချ လက်ညှိုးထိုးနေကြသူတွေလည်း ရနောင်းမှာ အများကြီိးရှိပါတယ်။

# Posted by leoninedragon on ဇန်နဝါရီ 11, 2010 at 9:30am

Tuesday, January 12, 2010

အပျိုမတွေ မငိုရလေအောင်.. ( ဘယ်သူကိုမှမရည်ရွယ်ပါဘူ..သိရှိအောင်အသိပေးတာပါ )

ကလေးမလေးတစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြန်တယ်။

လူမှုရေးကိစ္စတွေစေတနာ့ဝန်ထမ်းနားထောင်ပေး၊ကူတွေးပေးတဲ့အလုပ်ကလေးလုပ်နေတာတစ်နှစ်ကျော်၊နှစ်နှစ်နီးခဲ့ပြီဆိုတော့လည်း
ကျွန်တော့်ဆီကိုရောက်ရောက်လာသူတွေ မနည်းလှပါဘူး။ ဒါပေမယ့်
အများစုကတော့အိမ်ထောင်ရှင်အမျိုးသမီးတွေသာ ဖြစ်ပါတယ်။
အမျိုးသားတွေထဲကလည်းအခုနောက်ပိုင်းမှာတော့ အမျိုးသမီးအရေအတွက်လောက်
မများဦးတောင်တိုးတိုးပြီးရောက်လာနေကြတာ တွေ့ရတော့ ကြည်နူးရတယ်။

လာကြတဲ့အထဲမှာ အင်မတန်နည်းတာကတော့ အပျိုပေါက်အရွယ် ကလေးမလေးတွေပါ။

သည်တစ်ခေါက်ရောက်လာတဲ့ ကလေးမလေးနဲ့ တွေ့ဖြစ်ချိန်မှာ
ကျွန်တော့်အတွက်ရေးစရာက ရလို့ သွားပြန်တယ်။ တစ်ဆက်တည်းမှာပဲ
ယောက်ျားတွေရဲ့အချစ်ကိုအကျယ်တဝင့် ရေးပြဖြစ်ခဲ့မိတဲ့အတွက်လည်း
ကျေနပ်ကြည်နူးမိသွားရတယ်။
(တချို့ယောက်ျားတွေကတော့ ကျွန်တော့်ကို
ချီးမွမ်းခြေကျောက်လုပ်ကြတယ်။ဘာလို့ ဖွင့်ချရတာတုန်းတဲ့ဗျား။)


သည်လိုပါ။ ကလေးမလေးမှာက ချစ်သူ ရှိတယ်။ ကလေးမလေးက အသက် ၁၈နှစ်၊
ဒုတိယနှစ်တက်နေတဲ့ကျောင်းသူလေး။ အဲဒါ သူ့ချစ်သူက သူ့ကို
ဆိတ်ကွယ်ရာသွားဖို့ မရမကခေါ်နေသတဲ့။ ကလေးမလေးကလည်း ငြင်းတယ်။
ကလေးမလေးရဲ့စကားက ရှင်းပါတယ်။

“သမီး အိမ်ထောင်မပြုချင်သေးဘူးဆရာ၊ သမီးမှာ ရည်မှန်းချက်တွေလည်း
ဘာဆိုဘာမှ မပြည့်စုံသေးဘူး။ မိဘတွေကိုလည်း သမီး လုပ်ကျွေးချင်သေးတယ်”

သိပ်ကောင်းတဲ့ စကားလေး။

ဒါပေမယ့် သူ့ချစ်သူက ဇွတ်ခေါ်နေတယ်။ မလိုက်ရင်
ချစ်သူနဲ့ကွဲချင်ကွဲရလိမ့်မယ်တဲ့။ အဲဒါ ဘာလုပ်ရမလဲလို့ ကျွန်တော့်ကို
လာတိုင်ပင်တာတဲ့။
ကျွန်တော် ဘယ်လို ပြောမယ် မှတ်သလဲ။ တစ်ခေါက်တလေတော့
လိုက်သွားပါသမီးရယ်လို့ ပြောရမှာလား။ ဘယ်ဖြစ်ပါ့မလဲ။ ကျွန်တော့်မှာလည်း
သမီးနဲ့။ကိုယ့်သမီးလေးကိုသာဆို ပြောဖြစ်မယ့် စကားကိုပဲ ပြောရပါတယ်။

“မှန်လိုက်တာ။ သမီး သိပ်မှန်တာပေါ့။ ကိုယ့်ကိုယ်ကိုယ်ကိုကိုယ်ကိုယ်တိုင်က
တန်ဖိုးထားမှ ရမှာ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ
ထိန်းသိမ်းနိုင်တာ။ သမီး သိပ်တော်တာပဲ”လို့ ကျွန်တော်ချက်ချင်းပြောဖြစ်ခဲ့တယ်။

ကလေးမလေးက အချီးကျူးခံလိုက်ရလို့ ဝမ်းသာပုံ မပြဘူး။ မျက်လုံးလေး
ပေကလပ်၊ပေကလပ်နဲ့၊ ကျွန်တော့်ကို ကြည့်နေသေးတယ်။

“ဘာလဲ၊ သမီးက သူနဲ့ ကွဲသွားမှာ စိုးလို့လား”လို့ မေးလိုက်တော့
ခေါင်းလေးတဆတ်ဆတ်ညိတ်တယ်။

“ဒါဖြင့် သူ့အလိုကို လိုက်တော့မယ်ပေါ့”လို့ မေးပြန်တော့
ခေါင်းကိုသွက်သွက်ခါတယ်။

“ဒါဆိုလည်း ရှင်းနေတာပဲ သမီးရယ်၊ အလိုမလိုက်လို့ ကွဲချင်လည်း
ကွဲပါစေ။ထိန်းသိမ်းရမှာက သမီးတာဝန်ပဲ”လို့ ပြောလိုက်ရပါတယ်။

အမှန်တော့ သည်ကလေးမလေး အပါအဝင် ဒါမျိုးကိစ္စနဲ့ ကျွန်တော့်ဆီ
ရောက်လာသူတွေလေး-ငါးယောက် မကတော့ပါဘူး။ သည်တစ်ယောက်ပဲ ကိုယ့်ကိုယ်ကိုယ်
ကျွန်တော်နဲ့လာတွေ့ချိန်အထိ ထိန်းသိမ်း စောင့်ရှောက်နိုင်တာ
တွေ့ရဖူးပါသေးတယ်။
ကျန်တဲ့သူတွေကတော့ ချစ်သူအလိုကျ မလိုက်လျောသင့်တာကို
လိုက်လျောမိရာကစိတ်ညစ်ကုန်ရတဲ့သူတွေပါ။

သည်နေရာမှာ ယောက်ျားတွေအကြောင်းကို မိန်းကလေးတွေ
သိအောင်ထပ်ပြောပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ယောက်ျားထဲကယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် သည်ကိစ္စနဲ့ ပတ်သက်လို့
တစ်စက်မှမကင်းတဲ့အပြင် ရည်းစားသက်စေ့ထားခဲ့ဖူးသူ ဖြစ်တဲ့အတွက်လည်း
သည်ကိစ္စနဲ့ပတ်သက်ရင် အပိုင်ပြောလို့ ရမယ်ထင်ပါတယ်။

ကျွန်တော့်အသက် ၁၉နှစ်အရွယ်မှာ ရည်းစားအဖြစ်
ပြောင်ပြောင်တင်းတင်း(သူ့ရှေ့ကဟာတွေက ခြေအေးဝမ်းရောင်တွေပါ)စတင်
တွဲခဲ့သူမှသည် ၂၀ဝ၁ခုနှစ်နှစ်ဦးမှာ လမ်းခွဲလိုက်တဲ့
(အိမ်ထောင်ရှင်တန်မဲ့နဲ့ ထားခဲ့ဖူးတဲ့)ရည်းစားအထိ ရှိရှိသမျှ
ရည်းစားအားလုံးကို ဟုတ်ကဲ့… “ဆိတ်ကွယ်ရာ”ကိုခေါ်သွားဖူးတာချည်းပါပဲ
ခင်ဗျား။ [မယုံရင် ၁၉၇၆-၇၇ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း
ထဲမှာ ကျွန်တော့် ပထမဆုံးရည်းစားအဖြစ် ထားခဲ့ဖူးသူကို ဆိတ်ကွယ်ရာ
အခေါ်ကောင်းလို့ဒုက္ခများတဲ့အကြောင်း ရေးထားတဲ့ ကိုယ်တွေ့ ဝတ္ထုလေးကို ရှာသာ
ဖတ်ကြည့်ကြပါ။ကျွန်တော့်ရဲ့ ခြေရာပြိုးပြောက် လွမ်းပွင့်
ကောက်သီကိုယ်တိုင်ကြုံဝတ္ထုတိုများ စာအုပ်ထဲမှာ ပါပါတယ်။]

ပြောချင်တာက သမီးရည်းစားရယ်လို့ ဖြစ်လာရင် ယောက်ျားတွေဟာ
ဘာမှန်းကိုမသိဘူး။ ဆိတ်ကွယ်ရာကိုမှ ခေါ်မသွားရရင် မနေတတ်ကြပါဘူး။ အဲ…
လိုက်တဲ့သူကလိုက်လာပြီဆိုရင်လည်း အဲဒီ့ ကိုရွှေယောကျာ်းသားများဟာ
တစ်ဆင့်ပြီးတစ်ဆင့်
တိုးတိုး တက်ဖို့လည်း တစ်စက်မှ ဝန်မလေးတတ်ကြပြန်ဘူး။

အဲ… ခေါ်ရာကို မလိုက်ဘူးဆိုရင်လည်း မျက်နှာတော်ညို၊
အလိုမကျဖြစ်ပြီးအမျိုးစုံ ဂျီကျ၊ ဂျစ်တိုက်၊ မောင့်ကို မချစ်လို့လား၊
မယုံလို့လားစသဖြင့် မျက်ရည်ခံထိုး၊ အမျိုးမျိုး ပပ်ချွဲနှပ်ချွဲ
လုပ်တတ်တာလည်း အဲဒီ့ကိုရွှေယောက်ျားသားများပါပဲ ခင်ဗျာ။

ဒါဟာ အခုမှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်ကတည်းကပါ။ “လရောင်ကို
မကြောင်ဝံ့လို့၊သစ်ပင်အောက်ကို မှောင်ခိုကာရယ်၊ နှစ်ယောက်သား
တွေ့ကြရာဝယ်”ဆိုတဲ့ ဟိုးရှေးရှေးကတည်းက ယောကျာ်းနဲ့မိန်းမ သမီးရည်းစားဘ
ဝရောက်ကြပြီဆိုတာနဲ့
နှစ်ယောက်ချင်းသာ တွေ့ချင်တဲ့ အာသီသက အဖိုမှာရော အမမှာပါ ရှိတတ်စမြဲပါ။

ဒါပေမယ့် အမျိုးသမီးတွေ ချစ်သူနဲ့ နှစ်ယောက်ချင်း
တွေ့ချင်တာကလွတ်လွတ်လပ်လပ် တွတ်ထိုးချင်လို့ပါ။ နွဲ့ချင်၊ မီချင်လို့ပါ။
ဒါပေမယ့်အစ်ကို ကာလသားများကတော့ သူတို့ ချိန်းတဲ့နောက် ကောက်ကောက်
ပါအောင်လိုက်လာပြီဆိုကတည်းက သူလည်း ငါလိုပဲ၊ ငွေပင်လယ်
လက်ပစ်ကူးချင်စိတ်အပြည့်နဲ့လို့ ထင်ကုန်တတ်ကြပါတယ်။ အဲသလို
ထင်ကုန်အောင်လည်း မမတွေဖက်က
ချစ်သူကို ချစ်တာလေး တစ်ခုတည်းနဲ့ပဲ
မလိုက်လျောသင့်တာတွေလိုက်လျောဖြစ်နေတတ်ကြတာကိုး။ အမှန်ကတော့
ယောက်ျားတွေမှာ ရှိတဲ့စိတ်မျိုးနဲ့ တုံ့ပြန်တာထက် ကိုယ့်ချစ်သူ
စိတ်ချမ်းသာစေချင်လို့စုံလုံးကန်းပြီး ဇွတ်မှိတ်ကြတာက အများစုပါ။
သည်မှာတင် မိန်းမတွေများနှာခေါင်းမပါရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်
အပြောခံကုန်ရတော့တာပါပဲ။

အခုခေတ်ကျတော့ ပိုဆိုးပါတယ်။ ဗီဒီယို စက်တွေ ပေါ်လာတဲ့အခါမှာ
အိုးမကွာ၊အိမ်မကွာလည်း ကြည့်စရာတွေက ပေါလာ၊ ဗှီစီဒီဆိုတဲ့
ဓာတ်ပြားလေးတွေကလည်းပေါပေါလောလောနဲ့ဆိုတော့ ယောက်ျားလေးတွေမှာ
အတုမြင်ဖို့က အရင်ခေတ်ကထက်
ပိုလို့ လွယ်လာပါတော့တယ်။ အတတ်သင်ဖို့ကျတော့ ကိုယ်နဲ့
လက်ရှိတွဲနေတဲ့ချစ်သူက ပစ်မှတ်ဖြစ်ကုန်ပြန်တယ်။

ကိုယ့်တုန်းကလည်း ရည်းစားရှိလာရင် ဆိတ်ကွယ်ရာမှာ
တွေ့ဖို့ချိန်းခဲ့တာချည်းဖြစ်ပေမယ့် ကိုယ့်နှမ၊ သူ့နှမ၊ ကိုယ့်သမီး၊
သူ့သမီးကျတော့ သတိ မပေးလို့က မဖြစ်တော့ဘူး။

အရွယ်ရောက်နေတဲ့ (၂၀ကျော်) မိန်းကလေးတွေ ကိုယ့်သဘောနဲ့ကိုယ်လိုက်ချင်လို့
လိုက်သွားမယ်ဆိုလို့ကတော့ သဘောပါပဲ။ ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်မို့
ဘယ်သူကမှ ကန့်ကွက်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်ဖြစ်လာနိုင်တဲ့
အကျိုးဆက်တွေကိုတော့ မမများ ကိုယ့်ဘာသာ သေချာစဉ်းစားသိရှိထားသင့်ပါတယ်။

ဆိတ်ကွယ်ရာကို လိုက်မိပြီဆိုကတည်းက…

(၁) ကိုယ့်ကို အလိုတူ အလိုပါအဖြစ် ယောက်ျားလေးဘက်က အလိုလို
သတ်မှတ်လိုက်ပြီဆိုတာကို နားလည်ထားရပါမယ်။

(၂) လက်ကလေးကိုင်ရုံ၊ နဖူးကလေး နမ်းရုံ၊ ပခုံးကလေး
ဖက်ရုံလောက်နဲ့တင်ပီးမှာ မဟုတ်ဘူးဆိုတာကိုလည်း ကြိုတင် တွက်ဆထားရပါမယ်။
သိပ်လျင်တဲ့ယောကျာ်းသားတွေဆိုရင် ဝရုန်းသုန်းကား မဟုတ်ဘဲနဲ့
လက်ကလေးကိုင်ရင်း၊
နဖူးကလေး နမ်းရင်းနဲ့ အချိန်ဆွဲပြီး
“ကျုံးသွင်း”တတ်ကြတာမို့ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်မှာ ငိုက်ခနဲ
ညွတ်ကျသွားမှန်း
မသိလိုက်ရသူတွေလည်း ရှိတတ်တယ်။ ဒါတွေကို ကြိုမြင်ထားဖို့လိုတယ်။

ဒါက မလိုက်ခင်ကတည်းက သိနေရမှာပါ။ ဒါကို သိသိကြီးနဲ့ လိုက်ရင်တော့…

(၁) အလိုတူလို့ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်

(၂) မိမိစိတ် မိမိနိုင်နိုင်နင်းနင်းနဲ့
ဘယ်အတိုင်းအတာအထိလိုက်လျောမယ်လို့ ပိုင်းဖြတ်ပြီး ရပ်သင့်တဲ့အချိန်ကျရင်
တိခနဲ
ရပ်နိုင်စွမ်း ရှိလို့ရင်လည်း ဖြစ်နိုင်ပါတယ်။

သည်နေရာမှာ “ဟင့်အင်း၊ လုံးဝ မလိုက်လျောနိုင်ဘူး”လို့ ပြောတာ
(ဝါ)ငြင်းဆန်နိုင်တာဟာ အရည်အချင်းပါ။ အသိဉာဏ် ရှိတာပါ။ ရင့်ကျက်တာပါ။

နမူနာလေးနဲ့ ပြောပါရစေ။ ကလေးဘဝတုန်းက “မိဖြူနဲ့ ငါနဲ့ မခေါ်ဘူးဟ၊
နင်လည်းသူ့ကို မခေါ်နဲ့နော်”လို့ ပြောရင် လိုက်လျောမိတတ်ကြပါတယ်။
အရွယ်လေးရလာတော့ အဲဒါမျိုးလာပြောရင် “ဘာဆိုင်လို့တုန်း၊
နင့်ဘာသာမခေါ်ချင်မခေါ်နဲ့ပေါ့။ နင်မခေါ်တာနဲ့ ငါလည်း
မခေါ်ဘဲနေရမယ်ဆိုတာကတော့အဓိပ္ပာယ် မရှိဘူးဟာ”လို့ ပြောဖြစ်နေနိုင်ပါတယ်။
ဒါဟာ ရင့်ကျက်လာမှု၊
အသိဉာဏ်ရှိမှုကို ပြသတာ မဟုတ်ဘူးလား။

အလားတူပဲ၊ မူးယစ်ဆေးဝါးတစ်ခုခုကို စမ်းကြည့်ရအောင်လို့
သူငယ်ချင်းကအဖော်စပ်လာချိန်မှာလည်း “ဟင့်အင်း”လို့ ငြင်းနိုင်တာဟာ
အသိဉာဏ်ရှိတာကိုပြတာပါပဲ။ ကလေးဘဝတုန်းက သူများ ပစ္စည်းသော၊ ဘာသော
မသိ၊လိုချင်ပြီဟေ့ဆိုရင် တဂွဲဂွဲ အော်ငိုတတ်ကြပေမယ့် အသက်ကလေး
ရလာတာနဲ့အမျှသူများပစ္စည်းကို ပေးသူက ပေးလို့ အလကား ရမယ်ဆိုရင်တောင်
ချိန်ဆကုန်ကြတာ၊ပေးကမ်းမှုရဲ့ နောက်ကွယ်က ငါးမျှားချိတ်ကိုပါ
တွက်ကုန်ကြတာဟာအသိဉာဏ်ရှိတာ၊ ရင့်ကျက်တာပါ။

ဒါကြောင့် ကိုယ့်ချစ်သူက အဆင့်တွေ ကျော်ဖို့
အားထုတ်တဲ့အခါမှာလည်းကိုယ့်ဘက်က ယတိပြတ် ငြင်းပယ်နိုင်တာဟာ ကိုယ့်မှာ
အသိဉာဏ် မနုံ့နဲ့ရာ၊ရင့်ကျက်ခိုင်မာတဲ့ စိတ်ဓာတ်ရှိရာ ရောက်တာမို့ ကိုယ်
မလိုက်လျောနိုင်ရင်ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ရပါမယ်။
ငြင်းပယ်တတ်ရပါလိမ့်မယ်။

အဲ… အဲသလိုမှ မဟုတ်ဘဲ၊ လိုက်လည်း လိုက်သွားမိတယ်၊
ငြင်းဖို့ကလည်းအားနာတယ်၊ ကိုယ့်ချစ်သူက ကိုယ့်ကို အမျိုးစုံ ဂျီကျ၊
မျက်ရည်ခံထိုးတဲ့ဒဏ်ကို
မခံနိုင်တော့လို့လည်းလိုက်လျောမိသွားတယ်ဆိုရင်တော့ ဖြစ်လာနိုင်ချေရှိတဲ့
အကျိုးဆက်တွေက
တစ်စက်မှ မကောင်းလှပါဘူး။

(၁) ကိုယ့်ချစ်သူက ကိုယ့်ကို တန်ဖိုးထားတော့မှာ မဟုတ်တော့ပါဘူး။လုံးလုံး
တန်ဖိုးမထားတော့တာမျိုး မဟုတ်ရင်တောင် ကိုယ့်ကို
အရင်ကလောက်တန်ဖိုးထားတော့မှာ မဟုတ်တာတော့ သေချာပါတယ်။
လွယ်လွယ်နဲ့ရရင်ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူ မှန်ရင်
သိပ်တန်ဖိုးမထားတတ်တာသဘာဝပါ။ ဒါကြောင့် ကိုယ့်ဘက်က လွယ်လွယ်
လိုက်လျောမိလို့ကိုယ့်ဈေးပျက်သွားတာ၊ သူ့ဘက်က တန်ဖိုးမထားတာဟာ
စေ့စေ့တွေးရင်ကိုယ့်အပြစ်တွေချည်းပါ။

(၂) တစ်ခါလိုက်လျောမိပြီဆိုတာနဲ့ အခါအခါ
အထပ်ထပ်လိုက်လျောရတော့မှာလည်းသိထားဖို့ လိုတယ်။

(၃) သည်အထဲမှာမှ အရေးအကြီးဆုံး အချက်၊
အဓိကအကျဆုံးအချက်ကကိုယ့်ချစ်သူဆိုပေမယ့် ကိုယ်နဲ့ တစ်အိမ်တည်း
နေတာမဟုတ်ပါဘူး။မနက်အိပ်ရာထက ညအိပ်ရာဝင်ချိန်အထိလည်း
ကိုယ့်မျက်စိအောက်မှာ ရှိနေသူမဟုတ်ပါဘူး။ ဒါကြောင့်သူ့နောက်ကြောင်း
ရာဇဝင်ကို သူပြောသလောက်သာသိထားရတာပါ။ သူဟာ ကိုယ့်ရှေ့မှာ
ဘယ်လိုအမျိုးသမီးတွေနဲ့ ယဉ်ပါးခဲ့မှန်းကိုယ် ဘယ်လိုနည်းနဲ့မှ
အမှန်အတိုင်း မသိနိုင်ပါဘူး။ သည်အခါမှာ သူ့မှာအိပ်ခ်ျအိုင်ဗှီဆိုတဲ့
ကုရာနတ္ထိရောဂါပိုး ရှိနေမယ်ဆိုရင် ကိုယ့်ကိုပါအလိုလို ကူးစက်လာမယ့်
အန္တရာယ်ကြီးက ကျောချမ်းစရာကြီးပါ။အိပ်ခ်ျအိုင်ဗှီပိုး ရှိသူတွေမှာ
ချိုပေါက်နေတာမဟုတ်ဘဲ သူလို ကိုယ်လိုသွားသွားလာလာ၊ ကျန်းကျန်းမာမာမို့
ကိုယ့်ချစ်သူကို အမြင်နဲ့တင်၊
သူ့စကားတစ်မျိုးနဲ့တင် ယုံလို့မရဘူးဆိုတာ
သတိချပ်ကြစေလိုပါတယ်။အစီအစဉ်အတိုင်း အမှတ်စဉ်ထိုးပြီး ပြောနေလို့သာ ဒါက
နံပါတ်(၃)ဖြစ်သွားတာပါ။ တကယ်တော့ သည်အချက်ဟာ ထိပ်ဆုံး
နံပါတ်တစ်ကသတိထားရမယ့် အချက်ပဲဖြစ်ပါတယ်။

(၄) နောက်ထပ်အန္တရာယ်ကတော့ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလို့ခေါ်တဲ့
ကာလသားရောဂါ အမျိုးမျိုး ကူးစက်လာနိုင်စရာ ရှိတာတွေပါပဲ။
ဒါ့အပြင်ရေယုန်ပေါက်တာလို၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးလိုဟာတွေလည်း
ကူးစက်လာနိုင်ပါတယ်။ ဒါတွေကလည်း လူကောင်းပကတိတွေဆီမှာခိုအောင်းနေနိုင်တဲ့
ရောဂါပိုးတွေပါပဲ။

(၅) ရောဂါတွေပြီးတဲ့နောက်
တခြားဆိုးရွားတဲ့အကျိုးဆက်ကတော့ကိုယ်ဝန်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ရှိလာတဲ့အခါ
မောင်မင်းကြီးသားများက တာဝန်ယူရင် တော်ရဲ့၊ တာဝန်မယူရင်
မမများပဲအကျိုးနည်းရမှာပါ။ တာဝန်ယူတဲ့အခါမှာလည်း ကဲတုန်းက သူတို့ပဲ
ဇွတ်ကဲခဲ့သူယောကျာ်းသားများပေမယ့် ကိုယ်ဝန်ကြောင့် ယူလိုက်ရရင်
အဲဒီ့မိန်းမအပေါ်မှာအခြောက်တိုက် ညိုးတတ်တဲ့ယောက်ျားတွေလည်း မျက်စိနဲ့
တပ်အပ် မြင်ဖူးပါတယ်။ဒါကြောင့်မို့ ကိုယ်ဝန်ကြောင့် ကိုယ့်ကို ယူလိုက်တဲ့
ယောက်ျားဟာ
ကိုယ့်အပေါ်မှာ အလိုလို အသာစီး ယူသွားတတ်တယ်။
တာဝန်မယူတဲ့သူနဲ့တွေ့တဲ့အခါမျိုးကျတော့ ဘဝပျက်သွားနိုင်တာ အထူး
ရှင်းနေစရာ မလိုတော့ဘူးထင်ပါတယ်။

ဒါကြောင့် ချစ်သူရည်းစား ထားနေကြတဲ့ မိန်းကလေးများအနေနဲ့
ကိုယ့်ချစ်သူကကိုယ့်ကို ဆိတ်ကွယ်ရာကို ခေါ်ရင်၊ ဆိတ်ကွယ်ရာမှာ တွေ့ဖို့
ချိန်းရင်သတိထားကြစေချင်ပါတယ်။ သည်အချက်တွေကို လေးလေးနက်နက်
စဉ်းစားဆင်ခြင်ကြစေချင်ပါတယ်။

သည်အတွက် ချစ်သူနဲ့ ကွဲရရင် ဘယ်လိုလုပ်မလဲလို့
မေးစရာရှိပါတယ်။ကျွန်တော့်စာအစမှာ ဖော်ပြခဲ့တဲ့ ကလေးမလေးကလည်း
ကျွန်တော့်ကိုမေးသွားပါတယ်။

ကျွန်တော် ဖြေလိုက်ပါတယ်။ အဲသလို အလိုမလိုက်လို့
ကွဲသွားမှတော့ကိုယ့်ချစ်သူဟာ ကိုယ့်ကို တကယ်ချစ်တာမဟုတ်မှန်း၊
ကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ်လက်နှီးနှောမှုကိုသာ လိုချင်မက်မောမှန်း အလိုလို
သက်သေပြလိုက်ရာရောက်ပြီးသားမို့ တကယ်တမ်းမှာ အဲလိုလူမျိုးနဲ့ လွဲသွားတာဟာ
လွမ်းစရာတစ်စက်မှ
မရှိပါဘူး။နောက်တစ်ချက်ကချစ်သူတစ်ယောက်မရှိတော့ရင်နောက်တစ်ယောက်နဲ့
အစားထိုး လို့ရပါတယ်။ ကိုယ့်ရဲ့ ပျက်သွားတဲ့ဘဝအနေအထားကိုတော့ ဘာနဲ့မှ
အဖတ်ဆယ်လို့ မရနိုင်ပါဘူး။ ဆိုလိုတာက
အပျိုရည်တစ်ခါပျက်ပြီးရင် အပျိုပြန်မဖြစ်နိုင်တော့ပါဘူး။

တစ်ယောက်တည်းကိုပဲ ချစ်ပြီး
တစ်ယောက်တည်းနဲ့ပဲလက်ထပ်ချင်တယ်ဆိုတဲ့အူကြောင်ကြောင် အယူအဆတွေကိုလည်း
လက်ကိုင် မထားကြစေချင်ဘူး။လူတွေအများကြီးနဲ့ ပေါင်းပြီးမှ ဘယ်ဟာက
သူငယ်ချင်းကောင်း၊ ဘယ်ဟာကသာပေါင်း ညာစား၊ ဘယ်ဟာက အပေါ်ယံလို့
ဆုံးဖြတ်နိုင်တယ်။ ဆွေမျိုးတွေတစ်လှေကြီး ကြားမှာလည်း ဘယ်သူက
မိတ်ဆွေကောင်း၊ ဘယ်သူက အရေးဆို
အားမကိုးရဘူး၊ ဘယ်သူက ဖက်လှဲတကင်း မနေတတ်ပေမယ့် အရေးကျအားကိုးရတယ်စသဖြင့်
နေရင်းနဲ့မှ သိလာရပါတယ်။
သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ်၊
ဆရာသမားပဲဖြစ်ဖြစ်၊ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊
လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ်၊လူတွေဖြစ်ကြတာမို့ လူအကြောင်းဟာ
ပေါင်းရင်းနဲ့မှ သိလာပြီး ဘယ်သူကဖြင့်ကိုယ်နဲ့
အဆင်ပြေတယ်အစပ်တည့်တယ်၊ရေရှည်လက်တွဲနိုင်တယ်ဆိုတာကို
အများထဲက ရွေးပြီးမှ ဆုံးဖြတ်ယူရတတ်စမြဲပါ။

ချစ်သူရည်းစား၊ အိမ်ထောင်ဖက်ဆိုတာလည်း နတ်ပြည်က
လာတဲ့သူတွေမဟုတ်ပါဘူး။လူထဲက လူတွေချည်းပါပဲ။ အဲဒီ့ လူတွေထဲက
လူတွေကိုမှတစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်ဆိုပြီး လက်ထပ်သူနဲ့ချစ်သူကိုတစ်ယောက်တည်းဖြစ်ချင်တယ်ဆိုတာဟာ
ဆင်ခြင်တုံတရားကင်းမဲ့လွန်းရာကျပါတယ်။မြန်မာလည်းမပီသပါဘူး။ ဘာလို့ဆို၊ရှေးလူကြီးသူမတွေကိုယ်၌ကရည်းစားတစ်ထောင်
လင်ကောင်တစ်ယောက်လို့ ဆိုထားခဲ့တဲ့ မြန်မာစကားဟာ အင်မတန်
ဓမ္မဓိဋ္ဌာန်ကျတဲ့စကားဖြစ်နေလို့ပါပဲ။

အဲတော့ အပျိုမတို့အနေနဲ့ မိမိတို့ရဲ့ ချစ်သူရည်းစားက
ကိုယ့်ကိုဆိတ်ကွယ်ရာမှာ တွေ့ဖို့ ချိန်းဆိုမယ်၊ ခေါ်သွားမယ်ဆိုရင်
သဘောမလွယ်မိမှဒူးနဲ့ မျက်ရည် မသုတ်ရမှာကို တွေးတတ်နေစေချင်လှပါတယ်။

ထပ်ပြောပါရစေ…

ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်သာ
ထိန်းသိမ်းနိုင်ကြမှာပါ။ကိုယ့်အရည်အချင်းကိုလည်း ကိုယ်ကိုယ်တိုင်သာ
မြှင့်တင်နိုင်ရိုး
ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝကိုလည်း ကောင်းအောင်၊ ဆိုးအောင်မိနစ်ပိုင်း၊
စက္ကန့်ပိုင်းအတွင်းမှာ ချမှတ်လိုက်တဲ့
ကိုယ့်ဆုံးဖြတ်ချက်ကသာ လုပ်နိုင်ပါတယ်။

ဒါကို စဉ်းစားမိကြမယ်ဆိုရင်…

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ...

မှတ်ချက်။ ။ ဆရာ အတ္တကျော်ရဲ့  စာစုလေးပါ........
# Posted by လွမ်းနောင် on ဇန်နဝါရီ 11, 2010 at 8:00pm

ဆံပင်များကို ထိန်းသိမ်းဖို့

တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။
ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကကောဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။
ဆိုပြီးမေးလ်ရောက်လာလို့ ပြန်လည် မျှဝေလိုက်ပါတယ်။

၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။

မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မ၀က်လောက်ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။
ဆံပင်တိပေးလို့ပိုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့်ဆံပင်နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။

ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း ၅၀ မှ ၁၂၀ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘ၀အတွက် ကြီးကျယ်တဲ့ပြောင်းလဲမှုတွေ ( ဥပမာ - အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း) တို့ကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံနေရပါက ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ဆံပင်ကျွတ်ရခြင်းရဲ့ တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုးသတ်ဆေးတို့ကြောင့်ပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပို ကျန်းမာသန်စွမ်းလာနိုင်သလား။

ဆံပင်ရှည်တွေကတော့ ခေါင်းလျှော်ရည်တွေကိုဒီနေ့တစ်မျိုး၊နောက်နေ့တစ်မျိုးနဲ့ခဏ ခဏပြောင်းသုံးတာကို အားမပေးပါဘူး။ သင်သုံးနေတဲ့ခေါင်းလျှော်ရည်နဲ့ အဆင်မပြေတာတွေ ( ဥပမာ - ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်း) ဖြစ်မှ တခြား တံဆိပ်ပြောင်းသုံးသင့်ပါတယ်။ ဗောက်ထတတ်တဲ့ သူဆိုရင်လည်းဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်ကို တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေနဲ့ကတော့ ကိုယ်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲသုံးသင့်ပါတယ်။

၎။ ဆံပင်ဖြူတစ်ချောင်းနှုတ်ရင် နောက်ထပ်ဆံပင်ဖြူနှစ်ချောင်း၊သုံးချောင်းအစားထိုးပေါက်လာတတ်သလား။

မဟုတ်ဘူးဆိုပင်မယ့် ဆံပင်အဖြူကို ဆွဲနုတ်တာ မကောင်းတဲ့အကျင့်ပါ။ ဆံပင်အမြစ်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီး ရောဂါပိုးတွေဝင်လာနိုင်ကာအမာရွတ်ကျန်စေနိုင်ပါတယ်။

၅။ ဆံလုံးသေးပြီးပါးတဲ့ ဆံပင်ကို ဆံပင်အုံထူအောင် လုပ်လို့ရသလား။
အမြင်အားဖြင့်တော့ အုံထူတဲ့ပုံစံဖြစ်အောင်တော့ အုံထူတဲ့ပုံစံဖြစ်အာင်လုပ်နိုင်ပါတယ်။ဆံပင်လိပ်တံနဲ့ အပူပေးကာ ဖွလိုက်ရင်ငါးမိနစ်အတွင်းဆံပင်အုံထူထူလေးဖြစ်လာနိုင်ပါတယ်။

၆။ သန့်ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ နှစ်ခါပြန်လျှော်သင့်သလား။

မလိုပါဘူး၊ ဆံပင်အနှံ့ ခေါင်းလျှော်ရည်ထည့်ကာ အသေအချာခေါင်းလျှော်လိုက်ရင်တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။

၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ ဆေးချလိုက်ရင် ဆံပင်သား တောက်ပြောင်သွားနိုင်သလား။

သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပင်မယ့် ရေခဲရေနဲ့ဆံပင်သားတောက်ပြောင်တာ အဆက်အစပ်မရှိဘူးလို့သာ ဆိုပါရစေ။

၈။ ဆံပင်နှစ်ခွကွဲတာ ပျောက်ဆေးရှိသလား။

ဆံပင် နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင်နှစ်ခွ ကွဲပြီးသားကို ပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့်နှစ်ခွမကွဲအောင် ကာကွယ်လို့တော့ရပါတယ်။
ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာရွေးသုံးသင့်ပါတယ်။

၉။ ဆံပင် အရောင် ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီးစေတဲ့ အဓိက အကြောင်း အရင်းလား။

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆံပင်ဆိုးဆေးတွေဟာ သိပ်မပြင်းတော့ တဲ့အတွက် ဆံပင်အသားကို ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဆိုးဆေးအကောင်းစားကို ရွေးသုံး ဖို့တော့လိုပါတယ်။ ဆံပင်ဆေးဆိုးတာ ထက်စာရင် ဖြောင့်တာတို့၊ ကောက်တာတို့ လုပ်တာက ဆံပင်ကို ပိုပျက်စီးစေပါတယ်။

၁၀။ နေ့စဉ် အကြိမ်တစ်ရာလောက် ခေါင်းဖြီးရင် ဆံပင်သန်စေနိုင်သလား။

မဟုတ်ပါဘူး။ ဆံပင်သပ်ရပ်နေအောင်ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့ ဘာမီမဆိုင်ပါဘူး။ ခေါင်းအရမ်းဖြီးလွန်းမှ ဆံပင်တွေကိုအမြစ်ကနေ ဆွဲလိုက်သလိုဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေ နိုင်ပါတယ်ဟု Good Health ဂျာနယ်တွင်ဖော်ပြထားပါသည်။

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

မေးလ်ထဲရောက်လာလို့ တင်ပေးလိုက်ပါတယ် . . ပေးပို့သူ၊ ရေးသားသူ ကျေးဇူးပါ . . .
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

မေးလ်ထဲရောက်လာလို့ တင်ပေးလိုက်ပါတယ် . . ပေးပို့သူ၊ ရေးသားသူ ကျေးဇူးပါ . . .
( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

( ၂ ) မုန်လာဥ-၀ါ

ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥ၀ါ တနေ့တလုံး
မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥ၀ါဟာ
စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ
ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ ရောဂါမြင့်မားရင်လည်း
ချုံ့ပေးတတ်ပါတယ်၊ မုန်လာဥ၀ါထဲမှာ ပါဝင်တဲ့ Betacarotene ဓာတ်သဘာဝဟာ
သွေးထဲက ကိုလက်စထရောတွေကိုတောင် ဖိချပေးပြီး အူမကင်ဆာနဲ့ ပတ်သက်တဲ့
ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတတ်ပါတယ်။
သို့သော် သတိပြုဖို့မှာ ဘယ်လိုပဲ မုန်လဥ၀ါနှင့် ကာကွယ်ဖို့
ဆောင်ရွက်ပေမယ့်လည်း ဆေးလိပ် စီးကရက် တွေကို ဆက်လက်ပြီး သဲကြီးမဲကြီး
ဖွာရှိုက်နေရင်တော့ ဓာတ်သဘာဝရဲ့ ထက်မြက်တဲ့အာနိသင်ကို
ကောင်းစွာခံယူရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

( ၃ ) ငရုတ်နှင့် ငရုတ်ကောင်း
ပူစပ်ပူရှိန်းရှိလှတဲ့ ငရုတ်၊ ငရုတ်ကောင်းစေ့တို့ထဲမှာ
Capsaicinလို့ခေါ်တဲ့ ဓာတ်သဘာဝပစ္စည်းတွေ ပါရှိပါတယ်၊ ဒီပစ္စည်းတွေဟာ
ဆေးလိပ်အသောက်များမှု၊ အဆုတ်ကင်ဆာဖြစ်မယ့် ဘေးရန်ကို ကာကွယ်ပေးတတ်ပါမယ်၊
ထို့ပြင်လည်း ပင်ပန်းမှုဗဟိုမှာ နာကျင်ကိုက်ခဲမှုဖြစ်တတ်မယ့်
သဘာဝအကြောင်းတွေကိုပါ ပယ်ဖျက်ပေးခဲ့ ပါတယ်၊ Capsaicinဓာတ်ဟာ ကိုက်ခဲမှုကို
ကာကွယ်ပေးမယ့် သဘာဝလည်း ရှိနေပါတယ်၊ ငရုတ်ကောင်းဟာ သလိပ်ပျောက်စေတယ်၊
ချောင်းဆိုးရင်ကျပ် သက်သာစေတယ်၊ ပြီးတော့ သွေးထဲက ခဲကျပ်မှုတွေကိုလည်း
အရည်ပျော်စေတတ်တယ်။

( ၄ ) ရှောက်၊ သံပရာ၊ အသီးအနံ
သဘာဝအင်ဇိုင်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ မျိုးပျံ့အောင် ဆောင်ကြဉ်းနေတဲ့
ကာစီနိုဂျင်တွေကို ဖယ်ရှား နိုင်တဲ့ ဓာတ်သဘာဝတွေဟာ ရှောက်တို့၊
သံပရာတို့ထဲမှာ ပျော်ဝင်စွာ တည်ရှိနေခဲ့ပါတယ်၊ Limoneneလို့ ခေါ်တဲ့
ဓာတ်သဘာဝတွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်မယ့် အင်ဇင်းတွေကို
မြှင့်တင်ပေးပါတယ်၊ ရှောက်နှင့် သံပရာတို့ထဲမှာ ပါဝင်တဲ့ Glucarase
ဓာတ်တွေကလဲ ကင်ဆာဖွဲ့စည်းစေမယ့် အကြောင်းတွေကို အရှိန်အဟုန်နဲ့
ချေဖျက်ပေးလေ့ ရှိခဲ့တယ်၊ Limonene ဓာတ်တွေ ပျော်ဝင်နေတဲ့အထဲမှာ
တရုတ်နံနံ၊ ဖာလာ၊ ကရဝေးနှင့် စမုန်နက်တို့လည်း ပါဝင်နေပါတယ်။

( ၅ ) ကြက်သွန်ဖြူ နှင့် ကြက်သွန်နီAllium ကွန်ပေါင်းတွေ
ဖွဲ့စည်းတည်ရှိနေတဲ့အတွက်ကြောင့်လည်း ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ
စူးရှတဲ့ အနံ့အရသာပစ္စည်းအဖြစ်နဲ့ တည်ရှိခဲ့တာဟာ တမူထူးခြားနေခဲ့ပါတယ်၊
ကြက်သွန်ဖြူနီတို့ဟာ အင်ဇိုင်းတွေကို မြင့်တင်ပေးခဲ့တာနဲ့ အမျှပဲ
ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်တွေကို ချေဖျက်ပေးပါတယ်၊ ကြက်သွန်ဖြူ
ကြက်သွန်နီ တို့အပြင် ကြက်သွန်မြိတ်နဲ့ ဟင်းခတ်ကြက်သွန်မြိတ်တို့ကလည်း
ထက်မြက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအဖြစ် တည်ရှိနေခဲ့ပါတယ်။

( ၆ ) စပျစ်သီး
စပျစ်သီးထဲမှာ ကင်ဆာတိုက်ဖျက်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးမယ့်
Ellagic အက်ဆစ်တွေနဲ့ ပြည့်သိပ်နေခဲ့ ပါတယ်၊ ပန်းသီး၊ စတော်ဘယ်ရီသီးနှင့်
ရတ်စဘယ်ရီသီးတို့ထဲမှာလည်း အသုံးဝင်လှမယ့် အက်ဆစ်တွေ ပျော်ဝင်နေပါတယ်၊
Phenol လို ဓာတ်တိုးဆန့်ကျင်မှု သဘာဝဆောင်ယူရာ လူတွေအတွက် အလွန်အဖိုးတန်
လှမယ့်ဓာတ်တွေ စပျစ်သီးထဲမှာ ပြည့်ဝနေတာကြောင့်လည်း လူကိုဒုက္ခပေးမယ့်
သွေးခဲမှုတွေကို အရည်ဖျော်ချ စေနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်
အဆိုးကိုလက်စထရော (LDL)တွေကို ဖြစ်ပါတယ်။

( ၇ ) ဖရဲသီ၊ သခွားသီး
ကင်ဆာကို ကာကွယ်နိုင်မယ့် အသီးအနှံတွေကို လေ့လာခဲ့ရာမှာ ဟင်းသီး
ဟင်းရွက်စိမ်းတို့လို ထက်မြက်တဲ့ ဖရဲသီးတို့ သခွားသီးတို့ကိုပါ
မြင်တွေ့ခဲ့ပါတယ်၊ ဖရဲသီး၊ သခွားသီးတို့ထဲမှာ ပြည့်ဝတဲ့ဓာတ်ကတော့
Carotenoids နှင့် Cantaloupes တို့ ဖြစ်ကြပါတယ်၊ ကင်ဆာကို
တိုက်ခိုက်နိုင်တဲ့ ဓာတ်သဘာဝ ကွန်ပေါင်းတွေ ဖြစ်ကြပါတယ်၊
တရုတ်ပြည်မှာတော့ ကတိုးသခွားဟာ အသည်းရောင် ရောဂါ၊ ကင်ဆာနှင့်
မိန်းမသားတွေ ဓမ္မတာထိန်းညှိဖို့ရာ ကိစ္စတွေမှာ အသုံးချရမယ့်
ဆေးဖက်ဝင်ပစ္စည်းတခု ဖြစ်နေပါတယ်၊ ကြက်သွန်နီ ကြက်သွန်ြေူနဲ့
ဂျင်းတို့လိုပဲ Adenosine ခေါ် သွေးခဲမှုကို အရည်ပျော်စေတဲ့ သဘာဝကောင်းတွေ
ပါဝင်နေတာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကုစားရာမှာပါ
ဆက်စပ်သုံးစွဲခဲ့ပါတယ်။

( ၈ ) ပဲပိစပ်
ကင်ဆာဆဲလ်တွေ မျိုးပွားအောင် ပံ့ပိုးနေတဲ့ သွေးတွေကို ဖြတ်တောက်ပေးရာမှာ
ပဲပိစပ်ဟာ အသုံးဝင်တဲ့ပစ္စည်း တခုလို ဖြစ်နေခဲ့ပါတယ်၊ ပဲပိစပ်ပဲတို့ထဲမှာ
Genistien ဓာတ်သဘာဝတွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့်လည်း
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ရာမှာ ထူးထူးခြားခြား အသုံးဝင်နေပါတယ်၊
ပဲပိစပ်ဟာ အမျိုးသမီးတွေ မတော်တဆ ကြုံဆုံလာနိုင်တတ်မယ့် ရင်သားကင်ဆာနှင့်
သားအိမ်ကင်ဆာတို့ကို စွန့်စားမှုကြီးမဖြစ်စေအောင် ဖြေလျှော့ပေးတတ်ပါမယ်၊
Genistien ဓာတ်ဟာ အမျိုးသမီးတွေကို အကျိုးပြုတဲ့ ကိုယ်ခန္ဓာထဲက ထုတ်လုပ်ရာ
အီစထရိုဂျင် ဓာတ်သဘာဝတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်၊ ပဲပိစပ်ကို
အဲဒီဟော်မုန်းအဖြစ် ပြောင်းလဲရယူနိုင် ပါမယ်၊ တိုဟူး၊ ပဲကျပ်ပျဉ်၊ ပဲနို့
စသည်တို့ထဲမှာ Genistien ဓာတ် အပြည့်အ၀ ပါရှိပါတယ်၊ မြေပဲ၊
လူဆန်ပဲပင်နှင့် ဒေါက်ခွရွက်တို့ထဲမှာလည်း အဲဒီဓာတ်သဘာဝတွေ တည်ရှိပါတယ်။

( ၉ ) လက်ဖက်
လက်ဖက်ရွက်၊ အထူးသဖြင့် ဂရင်းတီး လက်ဖက်ထဲမှာ လူကိုအကျိုးပြုရာ
ရောဂါတိုက်ဖျက်ပြီး ကျန်းမာမှုတိုးမြှင့် စေမယ့် Polyphenols ဓာတ်တွေ
ပါဝင်နေပါတယ်၊ အကယ်၍ ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်အဖြစ် ကူးပြောင်းပြီး
ဆက်လက်ပွားတိုးလာတော့မယ့် အခါတွေမှာ Catechin ခေါ် ပိုလီဖီနောလ် ဓာတ်သဘာဝ
တွေကပဲ မပြန့်ပွားအောင် တားဆီးကာကွယ်ပေးတတ်ပါတယ်၊ ကင်ဆာအဖြစ်
ဖွဲ့စည်းပေးတော့မယ့် ကာစီနိုဂျင် တွေကိုလည်း တိုက်ထုတ်ပေးခဲ့ပါတယ်၊
ဂရင်းတီးကို သောက်စရာအအေးအဖြစ် ဖန်တီးသောက်ခဲ့ရင် အာနိသင်
ပိုထက်မြက်နိုင်ပါမယ်။

( ၁၀ ) ခရမ်းချဉ်သီး
လူကို ရောဂါတိုးပွားအောင် ဖန်တီးနေမယ့် ပိုယ်ထဲက ဖရီးရယ်ဒီကယ်
အညစ်တွေကို ဖယ်ရှားပေးနိုင်မယ့် ဗီတာမင်စီဓာတ်ဟာ ခရမ်းချဉ်သီးထဲမှာ
အများဆုံး ပျော်ဝင်နေတတ်ပါမယ်၊ ဗီတာမင်စီဟာ အသီးအရွက် အတော်များများမှာ
ပါဝင်နေပေမယ့် ခရမ်းချဉ်သီးမှာ ထူးခြားတာတခုက Lycopene အဖြစ်
ပါဝင်တာဖြစ်တယ်၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရစ်အက်ဆစ်တွေကို ဖယ်ရှားစေမယ့်
Pcoumaslic အက်ဆစ်နှင့် Chlorogenic အက်ဆစ်တို့လည်း ခရမ်းချဉ်သီး
နီနီထဲမှာ ပြည့်ဝစွာတည်ရှိနေပါတယ်၊ အလားတူ အဲဒီသဘာဝတွေကို ဖရဲသီး၊
စတော်ဘယ်ရီနဲ့ မုန်လာဥ၀ါ တို့ထဲမှာလည်း တွေ့နိုင်ကြောင်း
တင်ပြလိုက်ပါတယ်။

Friday, January 8, 2010

၂၀ တန်အချိန်

လူတစ်ယောက်
အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့ အိမ်ကိုပြန်လာတယ်။
ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ် သူ့သားလေးက အိမ်ပေါက်ဝမှာ
သူပြန်အလာကို စောင့်နေတာ တွေ့ရတယ်။
သား - “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် - “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား - “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် - “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ” ဖအေဖြစ်သူက
ဒေါသနဲ့ မေးလိုက်တယ်။
သား - “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ
အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် - “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။
နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက ငွေချေးပြီး ဘာမဟုတ်တဲ့
အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့ ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင်
အခုချက်ချင်း မင်းအခန်းထဲမှာ ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ
ကြီးလား မကြီးဘူးလား သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို
အပင်ပန်းခံ လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက် အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး အခန်းတံခါးကို
ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို
စဉ်းစားမိလေ၊ ဒေါသထွက်လေ ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ
တောင်းချင်တာကိုများ ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ
ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု ဒီငွေတစ်ဆယ် တောင်းတာ
သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။
ဒါနဲ့ သူ့သား အခန်းထဲကို တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ” အဖေကြီးက
ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့ စိတ်မရှည်နိုင်ပဲ သားကို
အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်တယ်။ “အိုး၊
ကျေးဇူးတင်လိုက်တာ ဖေဖေရာ” အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို သူ့ခေါင်းအုံးအောက်ကနေ
ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့ ဒေါသတွေက
ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို
မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ” သူ့အဖေက
ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို သား ဝယ်လို့
ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော ပြန်လာခဲ့ပါနော်။ သားလေ၊ ဖေဖေနဲ့
အတူတူ ညစာ စားချင်လို့ပါ”

ဒီပုံပြင်လေးကို သင်ချစ်ခင်တဲ့ တစ်ယောက်ယောက်ကို မျှဝေပေးပါ။ ပိုကောင်းတာက
ငွေနှစ်ဆယ်တန်တဲ့ သင့်ရဲ့ အချိန် တစ်နာရီကို သင် ချစ်တဲ့ သူတွေအတွက်
မျှဝေပေးလိုက်ပါ။
ဒီပုံပြင်လေးက အလုပ်တာဝန်တွေ အမြဲ ဖိစီးပြီး မအားမလပ် ဖြစ်နေကြတဲ့
ကျွန်တော်တို့ အားလုံးအတွက် သိမ်မွေ့တဲ့ သတိပေးမှုလေး တစ်ခုပါ။
ကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့၊ ချစ်ခင်မြတ်နိုးတဲ့ သူတွေအတွက် ပေးရမဲ့ အဖိုးတန်
အချိန်တွေ ကျွန်တော်တို့ လက်ထဲကနေ ချွတ်ချော်ကျပြီး ပျောက်ဆုံးမသွားအောင်
ဂရုစိုက်ရမှာပါ။
တကယ်လို့များ ကျွန်တော်တို့ မနက်ဖြန်လိုမှာ သေဆုံးသွားပြီ ဆိုပါစို့။
ကျွန်တော်တို့ အခုအလုပ်လုပ်ပေးနေတဲ့ ကုမဏီက ရက်မကြာခင်မှာပဲ တစ်ခြား
လူတစ်ယောက်ကို အစားထိုး ခန့်လိုက်မှာပါပဲ။
ဒါပေမဲ့ ချန်ရစ် ခံခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု နဲ့ သူငယ်ချင်းတွေ အတွက်ကတော့
အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ခံစားကြရပါ့မယ်

မိတ်ဆွေရေ ဒီပုံပြင်လေးကိုမိတ်ဆွေချစ်တဲ့
လူကိုပြောပြပြီး

မိတ်ဆွေချစ်တဲ့လူကိုနှစ်ဆယ်တန်အချိန်

လေးကိုအလကားပေးလိုက်ပါလားနော်။


forward mail ကရတာကို ပြန်လည်မျှဝေပေးတာပါ။

Thursday, January 7, 2010

လူ့ဘ၀ဆိုတာ

လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို
ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို
ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို
စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို
ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။

မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ
ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင်
ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ်
ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။
နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။

လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု
သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊
အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့
ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက
မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် တရားတာတွေချည်းပါပဲ။

တချို့က ငွေရှိရင် ပိုပျော်ရွှင်ရတယ်လို့ ထင်ကြတယ်။

ဆင်းရဲသားတစ်ဦးက ငွေရာကျော်လေးနဲ့ ပျော်ရွှင်မှုကိုရနိုင်တယ်။ အဲဒီဆင်းရဲသား
သူဌေးဖြစ်ပြီးနောက် တူညီတဲ့ပျော်ရွှင်မှုကို ငွေထောင်သောင်းသုံးမှ ဒါမှမဟုတ်
သိန်းရာကျော်သုံးမှ သူရနိုင်တော့မယ်။ အရသာပြင်းပြင်းကြိုက်လေ
အဲဒီပစ္စည်းတွေရဲ့အရသာက ညံ့လေလေဖြစ်တယ်။ ငွေကြေးများလေလေ အဲဒီငွေတွေရဲ့တန်ဖိုးက
သေးလေလေဖြစ်တယ်။ ဗိုက်အရမ်းဆာချိန်မှာ ပေါက်စီတစ်လုံးရဲ့ အရသာက
အရမ်းချိုမြိန်ပါတယ်။ ဒါပေမယ့် ပေါက်စီငါးလုံးစားပြီးနောက် ပေါက်စီရဲ့
ချိုမြိန်တဲ့အရသာကို သင်ခံစားမိတော့မှာ မဟုတ်ဘူး။

ငွေများလေ သူခိုးဓမြရန်ကိုကြောက်လေ၊ အိမ်ကြီးလေ
ထိန်းသိမ်းလှဲကျင်းရမှာကြောက်လေ၊ များများစားတဲ့လူက ဝမှာကြောက်တယ်။
ကောင်းကောင်းစားရတဲ့လူက သေမှာကြောက်တယ်။ ဒါကြောင့် အခုခေတ် ချမ်းသာတဲ့လူတွေက
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စားကြတယ်။ ပဲ၊ ပြောင်း၊ ဂျုံတွေကို
အဓိကထားစားကြတယ်။ အဲဒီအစားအစာတွေ အားလုံးက ဆင်းရဲတုန်းက စားခဲ့တဲ့အစာ ဒါမှမဟုတ်
တိရစ္ဆာန်တွေကို ကျွေးတဲ့အစာတွေ မဟုတ်ပါလား?

အားလုံးသိပြီဖြစ်တဲ့ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

မြေခွေးတစ်ကောင်ဟာ ခြံစည်းရိုးထဲက စပျစ်သီးကိုတွေ့တော့ အရမ်းစားချင်ခဲ့တယ်။
အပင်ထက်က စပျစ်သီးတွေရဲ့ ဆွဲဆောင်မှုကြောင့် မြေခွေးဟာ ခြံထဲဝင်ဖို့
ဝင်ပေါက်ကိုလိုက်ရှာခဲ့တယ်။ နောက်ဆုံး စည်းရိုးနားက ဝင်ပေါက်တစ်ခုကို
သူတွေ့ခဲ့တယ်။ ဝင်ပေါက်ကသေးနေလို့ သူ့ခန္ဓာကိုယ်နဲ့ ဝင်မရခဲ့ဘူး။ ဒါနဲ့ မြေခွေးက
ဝင်ပေါက်သေးသေးလေးထဲ ဝင်ရဖို့ သူ့ခန္ဓာကိုယ် သေးငယ်သွားအောင်
စည်းရိုးအပြင်မှာ(၆)ရက်ကြာ အဆာငတ်ခံခဲ့တယ်။ နောက်ဆုံး မြေခွေးဟာ
ခြံထဲဝင်နိုင်ခဲ့ပြီး စပျစ်သီးတွေကို အားရပါးရ စားသုံးခဲ့တယ်။ စားပြီးမှ
ပြည့်တင်းနေတဲ့ခန္ဓာနဲ့ ခြံအပြင်ထွက်ဖို့ မရမှန်းသိတော့ မြေခွေးဟာ (၆)ရက်ကြာ
အဆာငတ်ခံပြန်တယ်။

ဒါကြောင့် နောက်ဆုံးရကိန်းက အတူတူပဲလို့ ပြောရခြင်းဖြစ်တယ်။

ချောင်းအထက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်တစ်ကောင်နဲ့
ချောင်းအောက်ပိုင်းမှာ နေ့တိုင်းရေသောက်နေတဲ့ ရှဥ့်က ဘာမှမခြားနားဘူး။
ရှဥ့်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဘယ်လောက်ဆန့်မလဲ? ရေပိုသောက်တဲ့သူက
ဗိုက်ကားပြီး သေရုံကလွဲလို့ ဘာဖြစ်နိုင်ဦးမလဲ?

လောကကြီးတစ်ခုလုံးကို ကိုယ်ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကိုယ့်အတွက်က
တစ်နေ့ထမင်းသုံးနပ်နဲ့ ညအိပ်ရင် ကုတင်တစ်လုံးပါပဲ။ ကုတင်အလုံးတစ်ရာ
ပိုင်တယ်ဆိုရင်တောင် ညအိပ်ရင် ကုတင်တစ်လုံးပဲ သင်အိပ်နိုင်မယ်။
ဖိနပ်အရံတစ်ထောင် ပိုင်ထားတယ်ဆိုရင်တောင် တစ်ကြိမ်မှာ ဖိနပ်တစ်ရံပဲ
သင်စီးလို့ရမယ်။ ဟင်းအပွဲရာကျော်ကို သင်မှာနိုင်တယ်ဆိုရင်တောင်
သင်ဘယ်လောက်စားနိုင်မလဲ? အလွန်ဆုံး အစာအိမ်တစ်ခုပဲ သင်ထည့်နိုင်မှာ မဟုတ်လား?

လူရယ်လို့ဖြစ်လာရင် လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။ လူ့လောကထဲ
ရောက်လာသူတွေအားလုံးမှာ ဥစ္စာ၊ ရာထူးတွေသာ အနိမ့်အမြင့်ဆိုပြီး
အဆင့်အတန်းခွဲထားကြမယ်။ ကျန်းမာရေးနဲ့ ပျော်ရွှင်ခြင်းကိုတော့
အနိမ့်အမြင့်ခွဲခြားလို့ ရမှာမဟုတ်ဘူး။ ငွေရှိတဲ့လူရဲ့ ပျော်ရွှင်ခြင်းက
ပိုရှုပ်ထွေးမယ်။ ဆင်းရဲတဲ့လူရဲ့ ပျော်ရွှင်ခြင်းက ပိုရိုးရှင်းမယ်။ ဒီလောက်လေးပဲ
ကွာခြားပါတယ်။ တစ်ပြိုင်တည်းမှာ ယောက်ျား ဒါမှမဟုတ် မိန်းမ
သုံးလေးယောက်ပိုင်ဆိုင်သူက တစ်ယောက်တည်းပိုင်ဆိုင်သူလောက်
ရိုးရှင်းပျော်ရွှင်မှာ မဟုတ်ပါဘူး။

သင်ပျော်ရွှင်ချိန်မှာ ဝမ်းနည်းခြင်းက တစ်နေရာမှာ ချောင်းမြောင်းနေလိမ့်မယ်။
ဝမ်းနည်းကြေကွဲခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်းက ထပ်ကြပ်မခွါလိုက်လို့နေတယ်။
နောက်ဆုံးမှာ အရာရာတိုင်းက သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဒွန်တွဲနေတယ်ဆိုတာကို
သင်သတိပြုမိလိမ့်မယ်။ ပျော်ရွှင်တာ ဝမ်းနည်းတာ၊ ပိုင်ဆိုင်တာ ဆုံးရှုံးတာ၊
ကောင်းတာ ဆိုးတာ၊ တိုးတာ လျှော့တာ နောက်ဆုံးရတဲ့ကိန်းက တူညီနေပါလိမ့်မယ်။

တချို့လူက အချိန်စောပြီး ရယူပိုင်ဆိုင်ရတယ်။ တချို့ကနောက်ကျမှ
ရယူပိုင်ဆိုင်တယ်။ တချို့က အချိန်စောပြီး လက်လွှတ်ဆုံးရှုံးရတယ်။ တချို့က
နောက်ကျမှ ဆုံးရှုံးတယ်။ ဒါပေမယ့် နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။
ရယူပိုင်ဆိုင်တုန်းက ပျော်ရွှင်ခဲ့တဲ့ပျော်ရွှင်ခြင်းလောက် ဆုံးရှုံးချိန်မှာ
ဝမ်းနည်းရမှာဖြစ်တယ်။ နောက်ဆုံး သေဆုံးချိန်မှာ လူတိုင်း၊ အရာတိုင်းက
တူညီသွားပါတယ်။ သေဆုံးခြင်းက အရာအားလုံးကို တရားမျှမျှ ဆောင်ရွက်ပေးခဲ့ပါတယ်။
သေဆုံးခြင်းမှာ ဆင်းရဲ ချမ်းသာ ခွဲမထားပါဘူး။ ချမ်းသာတဲ့လူက
သက်တောင့်သက်သာသေရပြီး ဆင်းရဲသူက နာကျင်ခံစားပြီး သေမှာမဟုတ်ပါဘူး။

လူတချို့က (၁ဝ)မှတ်အပြည့်ရတယ်။ သူသေဆုံးထွက်ခွါချိန်မှာ (၁ဝ)မှတ်အပြည့်
ဆုံးရှုံးရမှာဖြစ်တယ်။ ဒါဟာ လုံးဝတရားပါတယ်။

လူတချို့က (၃)မှတ်ရတယ်။ တချို့က (၇)မှတ်ရတယ်။
(၃)မှတ်ရသူက (၃)မှတ်သောဥစ္စာကိုရပြီး (၇)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
(၇)မှတ်ရသူက (၇)မှတ်သောဥစ္စာကိုရပြီး (၃)မှတ်သောကျန်းမာပျော်ရွှင်မှုကိုရမယ်။
တချို့က အရင်ရတယ်။ တချို့က နောက်ကျမှရတယ်။ တချို့က လုံးဝမရဘူး။

အရင်ရသူက အရင်ဆုံးရှုံးမယ်။ နောက်ကျရသူက နောက်မှဆုံးရှုံးမယ်။ လုံးဝမရသူက
ဆုံးရှုံးတော့မှာမဟုတ်ဘူး။ ဒါကြောင့် လူရယ်လို့ဖြစ်လာရင် ဘာအငြိုးအတေးမှ
မထားနဲ့။ သူမှန်တယ်၊ ငါမှားတယ်၊ သူညံ့တယ်၊ ငါတော်တယ်နဲ့
တွယ်ကပ်တွက်ချက်မနေပါနဲ့။ လူဘဝဆိုတာကို တွေ့ကြုံခံစားကြည့်ဖို့ပါပဲ။


ဦးဇင်းလေး ပို့ပေးတာကိုပြန်လည်မျှဝေပေးတာပါ

Wednesday, January 6, 2010

မြင့်မြတ်သောဘ၀နေနည်း

မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါ။
နိမ့်သူတွေထဲမှာ မြင့်သူဖြစ်ပါ။
မနေသူတွေထဲမှာ နေပါ။
ပျော်သူတွေထဲမှာ မပျော်ပါနဲ့။

မိမိဖတ်ဖူးထားတဲ့
ဘုရားရှင်လက်ထက်က အရှင်ပိယဉ္ဖဟထေရ် ရဲ့ ချစ်စရာ၊အတုယူစရာကောင်းတဲ့ ဘ၀နေနည်းလေးတွေပါ။ အရှင်ဟာ လိစ္ဆ၀ီမင်းမျိုးက ပေါက်ဖွားလာခဲ့ သူတစ်ယောက်ပါ။ စစ်တိုက်တာ အလွန်ဝါသနာသန်ခဲ့သူတစ်ယောက်ဖြစ်လို့ သူရဲ့ ဘ၀မှာတော့ စစ်ပွဲတိုင်းကို အောင်နိုင်သူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘာပဲလုပ်လုပ် ၀ါသနာအရင်းခံရင်တော့ အောင်မြင်မှုရရှိတာ များပါတယ်။ ကြိုးစားအားထုပ်မှုလေးပဲ ရောထဲ့ပေးလိုက်ရုံပါ။ အရှင့်ဘ၀ရဲ့ နေ့တစ်နေ့မှာတော့ ဘုရားရှင်နဲ့တွေ့ ဆုံခဲ့လို့  ရဟန်းဝတ်ဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ဟာ အရှင့်အတွက်လည်းလာခြင်းကောင်းသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ လောကမှာ လူရယ်လို့ ဖြစ်လာရင် အားလုံးအတွက် မဟုတ်တောင်မှ မိမိရဲ့ မိသားစု၊ မိမိရဲ့ ဆိုင်ရာ ဆိုင်ရာ ပတ်ဝန်းကျင်လေး အတွက်တော့ မိမိဟာ အပို၊အရှုပ်ထုပ် မဟုတ်ဘဲနဲ့  ကောင်းကျိုးပြုနိုင်မယ့်လာခြင်းကောင်း သူတစ်ယောက် ဖြစ်အောင်ကြိုးစားဖို့ လည်းလိုပါတယ်။ အရှင်ဟာ ၀ိပသနာတရားကို ကြိုးစားအားထုပ်လို့  ရဟန္တာ ဖြစ် သွားခဲ့ပါတယ်။ ဒါက အရှင့်ရဲ့ ဘ၀သမိုင်း အကျဉ်းချုပ် ခပ်တိုတိုလေးပါ။ အခုပြောချင်တာက အရှင့်ရဲ့ ဘ၀ နေနည်း လေးတွေ အကြောင်းပါ။ မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါတဲ့။ လောကမှာဘ၀င် မြင့်ကြသူတွေ မာနကြီးသူတွေ စသဖြင့် မဟုတ်တဲ့နေရာမှာ မြင့်နေကြတဲ့ သူတွေထဲမှာ မိမိက ဘ၀င်မမြင့် မာနမကြီးဘဲ နိမ့်ချတဲ့ စိတ်ထားနဲ နေရမှာပါ။ စပါးနှံလို အနှစ်ရှိလေနိမ့်လေဖြစ်ရမှာပါ။ နိမ့်သူတွေထဲမှာတော့ မြင့်သူဖြစ်အောင် နေရမယ်တဲ့။ လောကမှာ ပျင်းလို့  ကြိုးစားအားထုပ်မှု မရှိလို့  စိတ်ဓာတ် မကောင်းလို့  နိမ့်ကြသူတွေ ထဲမှာတော့ မိမိက ကြိုးစား အားထုပ်မှုစိတ်ဓာတ်မြင့် မြတ်အောင် လုပ်ယူပြီး စိတ်ထားမြင့်မြတ်သူ၊ သဘေားထားကြီးသူ အဖြစ် မြင့်မြတ်သော ဘ၀ပိုင်ရှင် ဖြစ်အောင် ကြိုးစားရမှာပါ။ မနေသူတွေထဲမှာ နေပါတဲ့။ ကောင်းသောနေနည်း၊ အရိယာသူတော်စဉ်တို့ ရဲ့ နေနည်းတွေနဲ့  မနေသူတွေထဲမှာတော့ မိမိက ကောင်းတာတွေနဲ့  ပဲနေသူ၊ မကောင်းတာတွေကို အတက်နိုင်ဆုံးကြိုးစား ရှောင်ကြဉ်ပြီးနေသူ၊ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒအတိုင်း နေနိုင်သူ ဖြစ်အောင် နေရမှာပါ။ နောက်ဆုံးတစ်ခုက ပျော်သူတွေထဲမှာတော့ မပျော်ပါနဲ့ တဲ့။ အပူပျော်ဖြစ်တဲ့ မကောင်းတဲ့ အာရုံတွေနဲ့  ပျော်နေတဲ့ သူတွေထဲမှာ
မိမိပါလိုက်ပြီး မပျော်မိဘို့ ပါ။ တော်တော်များများက လောကီ၊လောကုတ္တရာနှစ်ဖြာ ဘာအကျိုးမှ မိမိအတွက် မဖြစ်စေတဲ့
အပျော်တွေနဲ့  အချိန်ကုန်ခံ၊ ငွေအကုန်ခံပြီး အကန်းပျော်၊ ပျော်နေကြတာပါ။ ပျော်စရာ အာရုံတွေ များလွန်းတဲ့ ခေတ်ကြီး
မှာ အပျော်တွေနဲ့ ကြီး ဘ၀ကို နိဂုံးမချုပ်မိဘို့  လိုပါတယ်။ လူ့ ဘ၀ အချိန်ခပ်တိုတိုလေးမှာ တရားနဲ့ ပျော်ဘူးသူဖြစ်အောင်
တော့ ကြိုးစားကြရမှာပါ။ အရှင့်မိန့် ကြားခဲ့တဲ့ ဘ၀နေနည်း လေးတွေနဲ့ သာ အတက်နိုင်ဆုံး ကြိုးစား နေလိုက်မယ်
ဆိုရင်တော့..... www.newmawkun.blogspot.com
# Posted by မော်ကွန်းသစ် on ဒီဖင်ဘာ 31, 2009 at 1:21pm

စဉ်းစာပါနော်

(၁)ကျွန်တော်တို့က အစာသာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်နဲ့ မတူသင့်ဘူး။ ဗိုက်ထဲကအမျှင်ကိုသာ ထွေးထုတ်တတ်တဲ့ ပင့်ကူလိုလည်း မဖြစ်သင့်ဘူး။ ဝတ်မှုန်ကိုစုပ်ယူ ကျေညက်အောင်ဝါးမျိုပြီးမှ မွှေးကြိုင်ချိုမြိန်တဲ့ ပျားရည်အဖြစ် ပြန်ထုတ်ပေးတဲ့ပျားတွေလို ကျင့်ကြံသင့်တယ်။

(၂) ဘယ်လိုအတွေးအခေါ်ရှိရင် ဘယ်လိုအပြုအမှုရှိမယ်။
ဘယ်လိုအပြုအမှုရှိရင် ဘယ်လိုအလေ့အထရှိမယ်။
ဘယ်လိုအလေ့အထရှိရင် ဘယ်လိုအကျင့်စရိုက်ရှိမယ်။
ဘယ်လိုအကျင့်စရိုက်ရှိရင် ဘယ်လိုကံကြမ္မာရှိမယ်။

(၃) စာအုပ်ကောင်းဆိုတာ ဆရာ၊ သူငယ်ချင်းတွေနဲ့ တူတယ်။ ကိုယ့်ဘေးမှာအစဉ်ရှိပြီး ကိုယ့်ဘဝကို အသိပညာ၊ ဗဟုသုတတွေနဲ့ ပြည့်စုံစေတယ်။ မကောင်းတဲ့စာအုပ်က ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်းလိုပဲ ကိုယ့်အကျင့်၊ ကိုယ့်စရိုက်ကို ပျက်ပြားစေပြီး မှေးမှိန်တဲ့ဘဝလမ်းဆီ တွန်းပို့ပေးတယ်။

(၄) စင်ပေါ်(၃)မိနစ်အတွက် စင်အောက်မှာ(၁ဝ)နှစ် ကျင့်ရတယ်။ အဲဒီအောင်မြင်မှုက ကြိုးစားမှုရဲ့ရလဒ်ဖြစ်တယ်။ ဒီလိုကြိုးစားအောင်မြင်တဲ့လူကို ကိုယ့်ရဲ့ဝမ်းသာမှုတွေ ပေးသင့်တယ်။

(၅) "သတင်းကောင်းက အိမ်ထဲအောင်းနေချိန်၊ အတင်းက ကမ္ဘာပတ်ပြီးနေပြီ"
ထိခိုက်မှုတွေထဲမှာ အတင်းစကားနဲ့ ထိခိုက်တာလောက် နာကျင်တာမရှိဘူး။ ကိုယ့်ပါးစပ်မဟခင် စဉ်းစားချင့်ချိန်ပါ။ ပါးစပ်ကထွက်မယ့်စကားတွေ ဦးနှောက်ကိုအရင်ဖြတ်ပါစေ။

(၆) "တောင်တွေကို ရွေ့လျားဖို့လွယ်ပေမယ့် အကျင့်စရိုက်ကို ပြောင်းလဲဖို့ခက်ခဲတယ်"
မကောင်းတဲ့အကျင့်ကို မွေးမြူမိပြီးရင် ပြုပြင်ဖို့ ခက်သွားတတ်တယ်။ ခက်တယ်ဆိုတာကလည်း လူတွေက ကိုယ့်အပြစ်ကို ကိုယ်မမြင်တတ်ကြလို့ပါပဲ။

(၇) "ကိုယ့်အတွက်" လို့ စဉ်းစားမိတာနဲ့တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားပေးသင့်တယ်။ ဒါတွေက ကြင်နာ၊ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်းရောက်တယ်။ လင်မယားကြားမှာ ဒါကိုပိုအလေးထားသင့်တယ်။

(၈) လူ့ဘဝမှာ နေသာရက်၊ မိုးအုံ့ရက်တွေရှိတယ်။ နေသာတယ်ဆိုတိုင်း အမြဲတမ်းနေသာနေမှာ မဟုတ်ဘူး။ တစ်ခါတလေ မိုးကြီးလေကြီးလည်း ကျတတ်တယ်။ မိုးမိသွားတဲ့လူကို လက်ညှိုးထိုး ဟားတိုက်မရယ်ပါနဲ့။ ထီးတစ်ချောင်းနဲ့ သူ့ကိုအကာအကွယ်ပေးလိုက်ပါ။

(၉) စကား၊ စာလုံးတွေက စာအုပ်အဖြစ် ပုံနှိပ်ပြီးရင် အသေဖြစ်သွားပြီ၊ ဒါပေမယ့် လူ့ဦးနှောက်က ရှင်နေသေးတယ်။ သေနေတဲ့ စကား၊ စာလုံး၊ နည်းလမ်းတွေကို ရှင်နေတဲ့ ကိုယ့်ဦးနှောက်ထဲ သွတ်သွင်းပါ။

(၁ဝ) အောင်မြင်လိုစိတ်၊ ကြီးပွားလိုတဲ့ဆန္ဒတွေက ကူးစက်နိုင်တယ်။ အဲဒါတွေကို ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်စိတ်ဓာတ်မှာ ကူးစက်ထားပါစေ။ အဲဒါတွေက ကိုယ်သွားရာလမ်းက ဆူးညှောင့်ခလုတ်၊ အဖျက်အဆီးတွေကို ချေဖျက်ပေးပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်ပို့ပေးမယ့် အရာတွေဖြစ်တယ်။
# Posted by အောင်ကျော်ဇေယျာမိုးဟိန်းထွန်း on January 6, 2010 at 5:10pm