တိမ်ပေါ်တက်တဲ့ငှက်
သူ့မှာ
ရည်ရွယ်ချက် ရှိတယ်။
အတောင် ယားလို့
အားအားရှိတိုင်း ပျံနေတာမဟုတ်ဘူး။
သူ ဆိုတဲ့တေး
ဟို အဝေးမိုးကုတ်စက်ဝိုင်း အထိ
လေလှိုင်းကိုစီး
ခရီးတွယ်ကျယ်၊ ပင်လယ်ကိုဖြတ်
လွတ်လပ်စွာလွှင့်ဖို့
ကောင်းကင်အမြင့် ပျံသန်းခြင်းသာ
ရင်ထဲက စေတနာ။
နားဆင်ကြည်နူး၊ တိမ်ညွန့်ခူးကြလော့။
စိတ်ကူးဝေဒနာ၊ နိုင်ငံသာစေလော့။
အလင်္ကာတန်ခိုးနဲ့
မင်္ဂလာမိုး ရွာစေလော့။
ငါ့ စားကျက်မြေ
ပန်းပေါင်းရာထောင် ဝေစေလော့။ ။တင်မိုး ၆၊ နိုဝင်ဘာ၊ ၁၉၉၉၊ အန့်တ၀ပ်
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 month ago
No comments:
Post a Comment