Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

ရွှေမင်းသမီး၏အနုပညာ

လွမ်းစရာရုပ်သိမ်းလို့

လိမ်းရပြန်ပေါ့ ရွှေနံ့သာ

ပြုံးရပြန်ရှာ။

အကတကျော့နဲ့

က,တော့လဲ က,ရမှာ

ဇာတ်ဆရာက စေစား။

ဇာတ်နာတာ လူမသိစေနဲ့

အပူမိတာ ဖုံးအုပ်ပါလို့

ပြုံးရုပ်နဲ့ ရွှေမင်းသမီး

တီးကွက်နဲ့ ဒိုးချက်

ချိုးလက်က မမှား။

ကလိုက်တော့ အဆွေပြေ

အေးစေသတဲ့လား

ကိုယ်ရေးကိုလျစ်လျူရှု

ဥပေက္ခာ ဘယ်လိုထားရပါ့

အိုဘဲ့….အနုပညာသမား။ ။

No comments:

Post a Comment