Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

အသားအရေလှဖို့အတွက်မီးဖိုချောင်အစားအစာ . . .

အသားအရေလှဖို့အတွက်မီးဖိုချောင်အစားအစာ . . .

ဆန်
ဆန်ကိုထောင်းပြီး Body Treatment အတွက်အသုံးပြုရင် အရေပြားခြောက်သွေ့မှုမရှိဘဲ
ကိုယ်ပေါ်က Cell သေတွေကိုဖယ်ရှားပေးနိုင်
ပါတယ်။

ဗာဒံစေ့
ဗာဒံစေ့အဆီဟာ ခြောက်သွေ့တဲ့အရေပြားနဲ့ အဖတ်အလွှာတွေဖြစ်တဲ့အရေပြားတွေကို
အစိုဓာတ် ရရှိစေပြီးအရေပြားကိုပြော့ပြောင်းစေပါတယ်။

ပျားရည်
ပျားရည်ဟာအရေပြားထဲမှ အစိုဓာတ်ကိုထိမ်းသိမ်းပေးပြီး
အရေပြားကိုနှုးညံ့ချောမွတ်စေပါတယ်။

ချောမွေ့သန့်စင်တဲ့အသားအရေရရှိဖို့အတွက် .

သံပုရာရည်၊ ရှောက်ရည် - ရှောက်သီး ဒါမှမဟုတ်
သံပုရာသီးကိုအရည်ညှစ်ပြီးရေအနည်းငယ်နဲ့ရောကာ Toner အဖြစ်သုံးပါ။ ငါးမိနစ်လောက်
ကြာပြီးမှမျက်နှာဆေးကြောသန့်စင်ပေးပါ။

လိမ္မော်သီး

- လိမ္မော်သီးအမွှာသားတွေကို
ပါးပါးလှီးပြီးမျက်နှာပေါ်မှာပွတ်တိုက်ပေးပါ။ ဗီတာမင်စီပါဝင်တဲ့အတွက်
ညစ်နွမ်းနွမ်းဖြစ်နေတဲ့အသား အရေကိုလန်းဆန်းသန့်စင်စေပါတယ်။

ထောပတ်သီး

ထောပတ်သီးတစ်လုံးကိုကြိတ်ခြေပြီး သံပုရာရည် ဒါမှမဟုတ်
ရှောက်ရည်အနည်းငယ်နဲ့ရောလိုက်ပါ။ မျက်နှာနဲ့လည်ပင်းအနှံ့
လိမ်းပေးပြီး ခြောက်သွေ့အောင်ထားပြီးမှ ရေဆေးချပါ။ အသားအရေကို
တင်းရင်းလှပစေပါတယ်။

ခြေထောက်ကျန်းမာရေးကောင်းစေရန် . . .

အမျိုးသမီးအများစုဟာ ခြေထောက်မှာဘာပြဿနာမှမဖြစ်မချင်း
ဖိနပ်ကိုဂရုစိုက်ပြီးဝတ်ရကောင်းမှန်းမသိကြပါဘူး။ ခြေထောက်ကျန်းမာရေးအတွက်
လွယ်ကူတဲ့နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါတယ်။

၁ ။ ၃လက်မ၊ ၄လက်မ ဒေါက်မြင့်တွေကိုပွဲလမ်းသဘင်သွားမှသာ ၀တ်ပါ။ ၃ လက်မ၊ ၎
လက်မမြင့်တဲ့ဖိနပ်တွေကြောင့်ခြေချောင်းတွေရှေ့သို့တွန်းပို့ခံနေရတဲ့အတွက်ခြေချောင်းတွေနာကျင်တတ်ပြီး
ခြေချောင်းထိပ်မှာအဖုတွေထွက်လာတတ်ပါတယ်။ ဒါ့အပြင်ခါးအရိုးပေါ်ဒဏ်ပိစေပါတယ်။

၂ ။ ဒေါက်မပါတဲ့ဖိနပ်တွေဝတ်ဆင်တာဟာလည်းသင့်ခါးရိုးပေါ်ဒဏ်ပိစေတတ်ပါတယ်။ဒေါက်မြင့်မပါတဲ့အတွက်
တုန်ခါမှုကိုထိန်းဖို့ကိရိယာ(Shock absorber)မပါသလိုဖြစ်နေတတ်လို့ပါ။ဒါကြောင့်ခြေနင်းပြားအတွင်းကူရှင်ပါတဲ့
ဖိနပ်ကိုဝတ်ဆင်ပါ။

၃ ။ တစ်လက်မခွဲအမြင့်ရှိတဲ့ ဒေါက်မြင့်ဖိနပ်ဝတ်ဆင်ပါ။ ဖိနပ်ပါး ဒါမှမဟုတ်အလွန်မြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေထက်
တစ်လက်မခွဲအမြင့်ရှိတဲ့ဒေါက်မြင့်ဖိနပ်တွေ ဟာခြေထောက်အတွင်း အရွတ်နဲ့ကြွက်သားအရွက်ကြောတွေအပေါ်
ဖိအားသက်ရောက်မှုနည်းစေပါတယ်။

၎ ။ ခြေသည်းတွေကိုတည့်တည့်ညှပ်ပေးပါ။ ခြေစွယ်ငုပ်ပြီးနာကျင်မှုတွေမဖြစ်ရလေအောင်ခြေသည်းတွေကို တည့်တည့်
ညှပ်ပေးပါ။ဘေးဘက်ကိုနှိမ့် ချပြီး အခုံးပုံစံမညှပ်ပါနဲ့။

၅ ။ ရှုးဖိနပ်ကိုအမြဲတမ်းမ၀တ်ထာပါနဲ့။ ခြေထောက်လေရအောင်နဲ့ခြေထောက်မှိုမစွဲရလေအောင်ရှူးဖိနပ်ကို အမြဲတမ်းမ၀တ်ဘဲ
ရံဖန်ရံခါချွတ်ထားပေးပါ။


ပြည့်ဖြိုး

No comments:

Post a Comment