Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, November 19, 2009

" ကောင်းကင်နှင့် မြေကြီး ကွာဟမှုနိယာမများ "

' ခံစားခွင့် '
အချစ်သခင်မရေ
မြင်မြင်ချင်း ချစ်ခဲ့မိတာမို့
ရင်ထဲက အဖြစ်သနစ်တွေကို
အနှစ်မဲ့တယ်လို့များ
ယောင်လို့တောင် မထင်လိုက်ပါနဲ့....... ။

မြင်ရုံနဲ့ တင်းတိမ်
စိတ်ကူးနဲ့ ပျော်မြူး
ဟောဒီက အချစ်ရူးကို
ပျော်မြူးခွင့်လေးလဲ ပေးပါ ...... ။

ကောင်းကင်က ကြယ်ကြွေကျတိုင်း
မျက်ရည်ဝိုင်းရတဲ့ ဘဝကို
ထောက်ထားသနားသောအားဖြင့်
ကြယ်တပွင့်ကောက်ခွင့်ပြုပါ ....... ။

ချစ်ခြင်းကို ကိုးကွယ်
ချစ်ခြင်းကို ယုံစား
ချစ်ခြင်းကို ဦးထိပ်ထားသူမို့
လှည့်ဖြားကွေ့ပတ်
မာယာသက်သက်ဖြင့်
သခင်မရေ
ရက်စက်မှုတော့ မပြုပါနှင့် ။ ။
" ကောင်းသစ်ဇ "

Tags: သခင်မလေးသို့...........

မျှဝေရန်

No comments:

Post a Comment