Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

ကွာခြားချက်များ(ချစ်သူဘ၀&အိမ်ထောင်သည်ဘ၀)

ချစ်သူဘ၀ - - သူ့မွေးနေ့ကိုအလွတ်ရ၏။
အိမ်ထောင်သည်ဘ၀ - - ကိုယ့်မွေးနေ့ကိုပင်အလွတ်မရ။

ချစ်သူဘ၀ - - ချစ်သူလုပ်သမျှစိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀ - - လူပေါင်းမှားခဲ့သည့်အတွက်ရင်ထုမနာဖြစ်၏။

ချစ်သူဘ၀ - - ကိုယ်ပိုင်ဆိုင်သမျှသူ့အားပေးလို၏။
အိမ်ထောင်သည်ဘ၀ - - ကိုယ်ပိုင်ဆိုင်သမျှဘဏ်တွင်တိတ်တိတ်လေးထားလို၏။

ချစ်သူဘ၀ - - မွှန်သော်လည်းကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘ၀ - - ကိစ္စရှိမှမွှန်၏။

ချစ်သူဘ၀ - - ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘ၀ - - သံသရာမှလွတ်မြောက်ရာအကြောင်းသာတွေး၏။

ချစ်သူဘ၀ - - အစာစားလျှင်ခွံ့ကျွေးမှကြိုက်၏။
အိမ်ထောင်သည်ဘ၀ - - အစာစားလျှင်ဇွန်းကိုင်လိုက်မှာကြောက်၏။

ချစ်သူဘ၀ - - ကလေးဘယ်နှစ်ယောက်ယူလိုက်မည်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘ၀ - - စိတ်ကူးသည့်အတိုင်းခလေးမယူဖြစ်ခဲ့လျှင်အကောင်း သာဟုတွေး၏။

No comments:

Post a Comment