ငါးမူးတန်းမှ ရှပ်ရှင်ကြည့် ခဲ့ သောဗိုလ်ချုပ်အောင်ဆန်း-1 မှ အဆက် ဖြစ်ပါတယ် post ကနည်းနည်း ရှည်လို့  နှစ်ပိုင်း ခွဲ လိုက်ရတာပါ နားလည်ပေးကြပါ...........
**ဗိုလ်ချုပ်ပြောတာမှန်သင့် သလောက် မှန်ပါတယ်၊စီးပွားရေးသမားဆိုတာကတော့ အကြံအဖန် လုပ်ဖို့ ၊ မတရားအခွင့် အရေးတောင်းဖို့ အမြဲအကွက်ချောင်းနေတာပဲ၊ ဒါပေမယ့် ကွာ မင်းဆရာ ဗိုလ်ချုပ်ကို သွားပြောစမ်းပါ၊ ငါက အင်းယားဟောလ်ရှေ့ မှာ နေတဲ့ ရုပ်ရှင် ကုမ္ပဏီ ပိုင် ရှင် ဒေါ်မမရဲ့ သား မြဟန်၊ ဒီရုံကိုလည်း ငါတို့ ပဲ ပိုင်တယ်၊ ငါတို့  အလုပ်က ရုပ်ရှင်နဲ့ ပဲပတ်သတ်တော့  သွင်းကုန်၊ လိုင်စင် တောင်းတာမျိုးလို ဘာအခွင့် အရေးမှ ယူဖို့ လည်း မလိုဘူး၊ အခုလိုအင်္ဂလိပ်ကားဆိုတာကလည်းရုံမပြည့် ဘဲအပေါ်ထပ်(ဒီစီ) သီးသန့် တန်းမှာနေရာတွေ အများကြီးလွတ်နေတယ်၊ိုဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့  ငါးမူးတန်းရှေ့ ဆုံးတန်းမှာထိုင်ကြည့်နေတာ မသင့် တော်တဲ့ အပြင် လုံခြုံေ၇းရှုထောင့် ကကြည့်ရင်လည်း လုံးဝမကောင်းပါဘူး၊ ဒီတော့  ဘာအခွင့် အရေးမှ မတောင်းပါဘူး ဆိုတဲ့ အာမခံချက်လည်းပေးပါမယ်၊ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီ တန်းမှာ တက်ကြည့်ဖို့ သွားပြောပေးစမ်းပါသူငယ်ချင်း ***
မန်နေဂျာ ဦးမြဟန် က အတင်းပြောသဖြင့်  ကျွန်တော်လည်း ရုံထဲ ပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသ ကွက်များကို ကြည့်ပြီး သဘောကျကာရယ်မော နေသူ ဗိုလ်ချုပ်၏လက်မောင်းကို အသာ ဆွဲလိုက်ပါသည်။
**ဟေ့ ကောင် ဘာတုန်းကွ၊ရုပ်ရှင်ကြည့်ကောင်းနေတုန်း ဘာဖြစ်ပြန်ပလဲ**
ဗိုလ်ချုပ်က စိတ်တိုဟန် ဖြင့် ကျွန်တော့် အား ငေါက်ရာ ကျွန်တော်လည်း မန်နေဂျာ ဦမြဟန် ပြောသည့် အတိုင်း ခပ်တိုးတိုး ရှင်းပြလိုက်ရပါသည်။
ဗိုလ်ချုပ်သည်ရုတ်တရတ် ဘာမှ ပြန်မပြောသေးဘဲ ခေတ္တမျှပိတ်ကားပေါ်မှရုပ်ရှင်ကိုသာ ဆက်ကြည့်ရင်း စဉ်းစားနေဟန် တူပါသည်။ မန်နေဂျာ ဦးမြဟန် ၏မိခင် ဒေါ်မမ ကို လူချင်း မရင်းနှီး သော်လည်း သူသိနေသည်။ ထို့ ပြင် 1936 ကျောင်းသားများ သပိတ် အရးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ ကူညီခဲ့ ကြောင်း ကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့် အရေး မှ မတောင်းပါဘူး ဟု အာမခံချက် ပေးပါတယ်ဟူသော စကားကိုသဘောကျသွားဟန်ဖြင့်  ဗိုလ်ချုပ်သည်ထိုင်ရာမှ ထလိုက်သည်။
**ဟေ့ ကောင် အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ ၊မင်းက ရှေ့ကသွား၊ အချိန်ကြာရင် ရုပ်ရှင် ဇာတ်လမ်း ဇာတ်ကွက် တွေ လွတ်ကုန်ဦးမယ်****
သူပြောသည့် အတိုင်း ကျွန်တော်လည်း ခပ်သွက်သွက် လျှောက်ထွက်ကာ ဦးမြဟန် လွတ်ထားသော ရုံဝန်ထမ်း လူငယ်တစ်ဦး နှင် အတူ ဒီစီ ခေါ် အပေါ်ထပ် နှစ်ကျပ်တန်း သို့ တက်ကြည့်ကြပါသည်။
ရုပ်ရှင် ပြီး၍ အပြန်တွင် ကားပေါ်၌ ဗိုလ်ချုပ်က
***မင်းသိတဲ့ အတိုင်း ငါတို့ က ရုပ်ရှင် ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာမဟုတ်ဖူး၊ ငါးမူးတန်းက လက်မှတ်နှစ်စောင် ၀ယ်ပြီးကြည့်တယ်၊ နောက်မှ မင်းသူငယ်ချင်း မန်နေဂျာက အတင်းလာခေါ်ပြီး အပေါ်ထပ် တက်ကြည့် ဖို့ ခေါ်တော့  သူ့ အမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့ တာပါ*** ဟုပြောခဲ့ ပါသေးသည်။
ဤသို့  ပြောနေစဉ် ကျွန်တော်သည် (26-9-46) နေ့ ကဗိုလ်ချုပ်ကိုယ်တိုင်က
***ဟေ့ ငါ့ ရဲဘော်တွေ ငါ့ တပည့် တွေကို ပြောသလို ငါကိုယ်တိုင် လုပ်တာကွ.*** ဟု အင်္ဂလိပ် ဘာသာဖြင့် ပြောဆိုခဲ့ ပုံကို ပြန်လည် သတိရကြားယောင်နေမိပါသတည်း။
ဖတ်ဖူးတဲ့ စာအုပ်လေးက တက္ကသိုလ်နေ၀င်း ရေးတဲ့  အမှတ်တရဗိုလ်ချုပ်အောင်ဆန်း ငယ်ငယ်လေးထဲက ဗိုလ်ချုပ်ဆိုတဲ့ ဗိုလ်ချုပ်ကို ရင်ထဲ ရောက်အောင် ပို့ ပေးတဲ့ စာအုပ်......
ခု အဲဒီ စာအုပ်လေးက နေ ကူးယူဖော်ပြပါသည် (စာစီစာရိုက် သာသာ) ကျွန်တော်ဖြစ်ပါသည်။
အားလုံးပဲ ကျေးဇူးတင်ပါသည်။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
1 week ago
No comments:
Post a Comment