Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, November 13, 2009

လက်ဖက်မွှေး

ဆီနဲ့နှပ်ထားတဲ့

လက်ဖက်သား ထည့်တဲ့ကြုပ်

ထုပ်လာပြီး ငါ့ကိုကျွေး

နှမ်းဆီကလဲ မွှေးသနဲ့။

လျှာပေါ်တင်ကြည့်

အရသာရှိပါဘိ

ဆီအိနေတဲ့ လက်ဖက်ရိုး

မြိုးမြိုးမြက်မြက် တသက်သက်။

လက်ဖက်သား

ခါးတယ်ဆိုပြီး ထွေးအန်

အရသာ မခံနိုင်သူတွေလဲရှိရဲ့

မိမိရဲ့လျှာ အရည်အသွေး

အဆင့်မမီသေးသည်ကို မမြင်

လက်ဖက်မွှေးကို

ကျွေးရကောင်းလား အပြစ်တင်

လျှာအရိုင်းရဲ့ ကြမ္မာအတိုင်း

ကိုင်း…..ရှိပါစေတော့ခင်။ ။

No comments:

Post a Comment