Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 16, 2009

စကားအတိုသုံး

ထားဝယ်သူ ထားဝယ်သားများသည် စကားပြောရာတွင် စကားလုံးများကို အတိုခြုံးရုံး ပြောတက်လေသည်။ အသံထွက် နှစ်လုံးသုံးလုံးကို တလုံးတည်း အသံထွက်အောင် ပြောလေ့ရှိသည်။ ဥပမာ-"ထမင်း"ကို"မှန်း "မရှိ"ကို"မှေ့" ၊"ဒီမှာကြည့်ပါ"ဆိုလျှင်"သယ်ကေ့"၊ ၎င်းအပြင် မြန်မာစကားများပြောသကဲ့သို့ ၀ိဘတ်-သမ္ဗန္ဒ ထည့်ပြီး ပြောလေ့မရှိ။ တိုတုတ်စွာပြောတက်လေသည်။ ဥပမာ- ထမင်းစားပြီးလျှင် ဘယ်ကိုအလယ်အပတ်သွားမလဲ ဆိုသည်ကို ထားဝယ်စကားဖြင့် မှန်းစားပြီး "ဖယ်လယ်ဖို့"စသည့်ဖြင့် စကားလုံးများကို အတိုးရုံးပြောတက်သည်။

No comments:

Post a Comment