Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, November 30, 2009

ကိုယ့်စိတ်ကိုယ်စစ်....

စိတ်တစ်ခုကို ကောင်းတယ်၊ မကောင်းဘူး သတ်မှတ်တဲ့နေရာမှာ အများအားဖြင့် ကိုယ့်အထင်နဲ့ကိုယ် သက်မှတ် နေကြ တာများပါတယ်။ အထင်ဟာ အထင်မျှသာဖြစ်တဲ့အတွက် စစ်မှန်တဲ့ စိတ်ကောင်းစိတ်မြတ်ကို ဘယ်လို နည်းနဲ့မှ မရနိုင်ပါဘူး။
ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်တစ်ခုကို စိတ်ကောင်းလား၊ စိတ်ဆိုးလား ခွဲခြားသိနည်းအစစ်အမှန်ကို လိုချင် ရင်တော့ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတော်တွေကို ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် လေ့လာထားဖို့ လိုအပ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့`တရားဓမ္မမှန်` ရှေ့မှာ စစ်ဆေးကြည့်မှ ကိုယ့်စိတ်ကိုယ် အမှန်အတိုင်း သိနိုင်မှာပါ။
ကိုယ့်စိတ်ကို ကိုယ်က `စိတ်ကောင်း`ထင်နေပေမဲ့ တကယ်တမ်းကျတော့ `စိတ်ဆိုး`ဖြစ်နေတာမျိုး လုံးဝမဖြစ်
စေဖို့အတွက် စိတ်ကိုလှည့်ပတ်တတ်တဲ့ ၀ဉ္ဇနာတရား တွေကို သေသေချာချာ သိထားသင့်ပါတယ်။ ၀ဉ္ဇနာတရား (၃၇) ပါး ကိုအကျဉ်းချုပ်ခေါင်းစဉ်အနေနဲ့လောက်ပဲ ပြောရမယ်ဆိုရင်…

(၁) ချစ်ခင်နှစ်သက်ခြင်း၊ တပ်မက်စွဲလမ်းခြင်း ဆိုတဲ့ `ရာဂ`က မေတ္တာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါ
တယ်။ သံယောဇဉ်နဲ့ ချစ်တာကို မေတ္တာနဲ့ ချစ်တယ်လို့ ထင်တာမျိုး၊ တဏှာနဲ့ ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့
ကြင်နာယုယတယ်လို့ ထင်တာမျိုးပေါ့။

(၂) စိတ်ပူခြင်း၊ စိုးရိမ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း ဆိုတဲ့ `သောက`က ကရုဏာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်
ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်
တယ်၊ စာနာတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၃) ပျော်ရွှင်မြူးထူးခြင်းဆိုတဲ့ `ပဟာသ`က မုဒိတာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သူတစ်ပါးရဲ့
အောင်မြင်မှုတစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေတာ၊ ပျော်ပွဲနွဲပြီး ကဲနေတာ၊
အပျော်ကြူးပြီး မူးနေတာကို သူတစ်ပါးရဲ့ အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ်၊ မုဒိတာပွားတတ်
တယ်လို့ ထင်နေတာမျိုးပေါ့။

(၄) ကုသိုလ်အလုပ် အားထုတ်မှု မပြုတော့ခြင်းဆိုတဲ့ `နိက္ခိတ္တဓုရ`က ဥပေက္ခာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်
တတ်ပါတယ်။ ကုသိုလ်ကိစ္စ ကြောင့်ကြမစိုက်ချင်တော့တာ၊ တာဝန်ယူချင်စိတ်မရှိတော့တာကို `ကံအတိုင်းပဲ၊ မ
တတ်နိုင်ဘူး` လို့ ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။

(၅) စိတ်ပူလောင်ခြင်း၊ စိတ်ဆင်းရဲခြင်း ဆိုတဲ့ `စိတ္တသန္တာပ`က သံဝေဂ ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ် တတ်ပါ
တယ်။ ရတာမလို၊ လိုတာမရလို့၊ အလုပ်အကိုင် အဆင်မပြေလို့၊ စိတ်ညစ်စရာ ပြဿနာတွေနဲ့ ကြုံတွေ့ရလို့
စိတ်ပူလောင်နေတာ၊ လောကကြီးအပေါ် မကျေမနပ် ဖြစ်နေတာကို ဘ၀ကြီးကို ငြီးငွေ့နေပြီ၊ သံသရာကြီးကို
ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။

(၆) သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်း ဆိုတဲ့ `အသဒ္ဓိယ`က ပညာလို့ခေါ်တဲ့ ၀ီမံသယောင်ဆောင်ပြီး စိတ်ကို
လှည့်ပတ်တတ်ပါတယ်။ ဟိုလူ့မယုံ၊ ဒီလူ့မယုံ၊ ဟိုဟာမယုံ၊ ဒီဟာမယုံနဲ့ နေရာတကာ ယုံမှားသံသယဖြစ်နေတာ၊
သဒ္ဓါတရားခေါင်းပါးနေတာကိုပဲ စူးစမ်းဆင်ခြင်တတ်တယ်၊ ဝေဖန်ပိုင်းခြားတတ်တယ်၊ ၀ိဘဇ္ဇဉာဏ် ရှိတယ်လို့
အသားလွတ် အထင်ကြီးနေတာမျိုးပေါ့။

(၇) ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့ `ပုဂ္ဂလဂရဟိတာ`ကမကောင်းမှုကို ကဲ့ရဲ့ခြင်း ဆိုတဲ့`ပါပဂရဟိတာ` ယောင်
ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကောင်းစေချင်လို့ ပြောတာပါ၊ သာသနာ့မျက်နှာ ကြည့်ပြီး သာသနာ
စိတ်နဲ့ ရေးတာပါလို့ အသံကောင်းဟစ်ပေမဲ့ တကယ်တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊ နာကျည်း
စိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာ ထိခိုက်အောင်ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချပုတ်ခတ်
စော်ကားတာမျိုးပေါ့။

(၈) စကားကြမ်း၊ စကားရိုင်း ပြောဆိုခြင်းဆိုတဲ့ `ဖရုသ၀ါစာ`က အပြစ်ကို နှိပ်ကွပ်ပြီး ဆုံးမခြင်းဆိုတဲ့ `နိဂ္ဂယှဝါဒိတာ`
ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း
မာမာကြောကြော ပြောဆိုတာကိုပဲ ကောင်းစေချင်လို့ ဆုံးမတာ၊ မခံချင်စိတ်ဖြစ်အောင် နှိုးဆွတာလို့ လှည့်စား တာ
မျိုးပေါ့။

(၉) ဒကာ၊ဒကာမတွေအပေါ် အောက်ကျို့ပြောဆိုခြင်း ဆိုတဲ့ `စာဋုကမျတာ`က ချစ်ဖွယ်စကားပြောဆိုခြင်း ဆိုတဲ့
`ပိယ၀ါဒိတာ`ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကို ငဲ့ပြီး ကိုယ့်ကိုကိုယ် နှိမ့်နှိမ့်ချချနဲ့
ခယဆက်ဆံတာကိုပဲ ဒကာ၊ဒကာမတွေအပေါ် စကားပြောချိုသာတယ်၊ သဘောကောင်းတယ်လို့ ထင်နေတာ
မျိုးပေါ့။

(၁၀) မိမိပိုင် ပစ္စည်းဥစ္စာတွေကို သူတပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ `အသံဝိဘာဂသီလတာ`က အသက်မွေး စင်ကြယ်ခြင်း
ဆိုတဲ့`အာဇီဝပါရိသုဒ္ဓိ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ့်ပစ္စည်းသူများမပေးချင်လို့ နှမြော
တွန့်တိုနေတာကိုပဲ သီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင်ရေလောင်းရာရောက်မှာစိုးလို့ လို့ အကြောင်းပြတာ
မျိုးပေါ့။

(၁၁) မှားမှားယွင်းယွင်း အသေက်မွေးခြင်းဆိုတဲ့ `မိစ္ဆာဇီဝ`က မိမိပိုင် ပစ္စည်းဥစ္စာတွေကို သူတပါးနဲ့ခွဲဝေ သုံးစွဲခြင်းဆိုတဲ့
`သံဝိဘာဂသီလတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သီလမစင်ကြယ်သူတွေကို ထောက်ပံ့နေ
တာကိုပဲ အလှူအတန်း ရက်ရောတယ်လို့ သူတပါး ထင်မြင်စေချင်တာမျိုးပေါ့။

(၁၂) တရားနဲ့အညီ မချီးမြှောက်ခြင်းဆိုတဲ့ `အသင်္ဂဟသီလတာ`က ဒကာဒကာမတွေနဲ့ မရောနှောခြင်းဆိုတဲ့
`အသံသဂ္ဂ၀ိဟာရိတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ အခြေအနေပေးပါလျက် စကားမပြောချင်
၊တရားမဟောချင်တာကိုပဲ ၀ိနည်းအထူးလေးစားသလိုလို၊ လူသူပရိသတ်နဲ့ မရောနှောချင်သလိုလို ဟန်ဆောင်တာ
မျိုးပေါ့။

(၁၃) ရဟန်းနဲ့ မသင့်တော်တဲ့ လူပေါင်းပေါင်းခြင်း `အနနုလောမိကဂိဟိသံသဂ္ဂ`က ချီးမြောက်ခြင်း `သင်္ဂဟသီလတာ`
ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ရဟန်းစည်း၊ လှူု့စည်း မထားပဲ လူအချင်းချင်း ပေါင်းသလို ပေါင်း
သင်းဆက်ဆံတာကိုပဲ ဒကာဒကာမတွေကို မေတ္တာနဲ့ ချီးမြှောက်တာလို့ အထင်ရောက်နေတာမျိုးပေါ့။

(၁၄) ကုန်းချောကုန်းတိုက်ခြင်း ဆိုတဲ့ `ပိသုဏ၀ါစတာ`က အမှန်စကားပြောဆိုခြင်းဆိုတဲ့ `သစ္စ၀ါဒိတာ` ယောင်ဆောင်
ပြီးစိတ်ကိုလှည့်ပတ်တတ်ပါတယ်။ `တို့ကမှန်တာပြောတာပဲ ဘာဖြစ်လဲ` ဆိုပြီး ချစ်ခင်နေသူချင်း အချစ်ပြယ် သွား
အောင်၊ ညီညွတ်နေသူချင်း အစည်းပြေသွားအောင် စကားကို ကိုယ်သိတိုင်း လျှောက်ပြောတာမျိုးပေါ့။

(၁၅) သူတပါးအကျိုးမဲ့ကို လိုလားခြင်း ဆိုတဲ့ `အနတ္ထကာမတာ`က ကုန်းစကား မပြောလိုခြင်းဆိုတဲ့`အပိသုဏ၀ါစတာ`
ယောင်ဆာင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အကျိုးစီးပွား ပျက်ပြားရာပျက်ပြားကြောင်း
တခြားတစ်စုံတစ်ယောက်က ကြံစည်ပြောဆို လုပ်ကိုင်နေတာကို သိပါလျက် `ကုန်းတိုက်ရာရောက်မှာ စိုးလို့` လို့
အကြောင်းပြပြီး မပြောပဲ ထားတာမျိုးပေါ့။

(၁၆) ကိုယ့်ဒကာကို သူ့ဒကာဖြစ်သွားမှာ စိုးရိမ်ခြင်းဆိုတဲ့ `ကုလမစ္ဆရိယ`က ကိုယ့်ဒကာကို ညှာတာသနားခြင်း၊ အားနာ
ခြင်းဆိုတဲ့ `ကုလာနုဒယတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၁၇) ကိုယ့်ကျောင်း သူများမလာစေခြင်း၊ ကျောင်းဝန်တိုခြင်း ဆိုတဲ့`အာဝါသမစ္ဆရိယ`က ကျောင်း ရေရှည်တည်တံ့ စေလို
ခြင်း၊ ကျောင်း မပျက်စီးစေလိုခြင်း ဆိုတဲ့ `အာဝါသစိရတရကာမတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့် ပတ်တတ်
ပါတယ်။

(၁၈) တရားဓမ္မနဲ့ ပက်သက်တာတွေကို ၀န်တိုခြင်း ဆိုတဲ့ `ဓမ္မမစ္ဆရိယ`က တရားဓမ္မနဲ့ ပက်သက်တာတွေကို ထိန်းသိမ်း
စောင့်ရှောက်ခြင်းဆိုတဲ့ `ဓမ္မပဋိဗန္ဓပရိဟရဏတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၁၉) အကျိုးမဲ့စကားတွေ အချိန်ဖြုန်းပြောဆိုရတာကို ပျော်မွေ့ခြင်းဆိုတဲ့ `ဘဿာရာမတာ`က တရားစကားပြောကြား
နေရတာကို ပျော်မွေ့ခြင်း ဆိုတဲ့ `ဓမ္မဒေသနာဘိရတိ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၀) အပေါင်းအဖေါ်နဲ့ မွေ့လျော်ခြင်း ဆိုတဲ့ `သင်္ဂဏိကာရာမတာ`က တပည့်အပေါင်းကို ချီးမြှောက်ခြင်း ဆိုတဲ့ `ဂဏာ
နုဂ္ဂဟကရဏတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၁) အမှုကိစ္စအမျိုးမျိုးမှာ မွေ့လျော်ခြင်းဆိုတဲ့ `ကမ္မာရာမတာ`က ကုသိုလ်ကောင်းမှုမှာ မွေ့လျော်ခြင်းဆိုတဲ့ `ပုညကမ္မ
တာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၂) ဒေါသနဲ့ ရွံရှာစက်ဆုပ်ခြင်း ဆိုတဲ့ `ဗျာပါဒ`က ဘာဝနာကမ္မဌာန်းနဲ့ ရွံရှာစက်ဆုပ်ခြင်း ဆိုတဲ့ `ပဋိကူလသညတာ`
ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၃) ကာမဂုဏ်အာရုံအပေါ် နှစ်သက်ခြင်းဆိုတဲ့ `ကာမစ္ဆန္ဒ`က ဘာဝနာကမ္မဌာန်းကြောင့် မရွံရှာမစက်ဆုပ်ခြင်း ဆိုတဲ့
`အပ္ပဋိကူလသညတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၄) အိပ်ချင်ငိုက်မျဉ်းခြင်း၊ ပျင်းရိခြင်း ဆိုတဲ့ `ထိနမိဒ္ဓ`က စိတ်တည်ငြိမ်ခြင်း၊ ဘေးအာရုံတွေ မသိတော့ခြင်း ဆိုတဲ့
`သမာဓိ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၅) စိတ်ပျံ့လွင့်ပြီး ဟိုလုပ်ဒီလုပ် လျှောက်လုပ်ခြင်း ဆိုတဲ့ `ဥဒ္ဓစ္စ`က ကြိုးစားအားထုတ်ခြင်း `၀ီရိယ` ယောင်ဆောင်ပြီး
စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၆) အပ်၊ မအပ် စိတ်ပူပန်ခြင်းဆိုတဲ့ `ကုက္ကုစ္စ`က ၀ိနည်းအထူးလေးစားခြင်း ဆိုတဲ့ `သိက္ခာကာမတာ` ယောင်ဆောင်
ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၇) ယုံမှားသံသယဖြစ်ခြင်းဆိုတဲ့ `၀ီစိကိစ္ဆာ`က ဟိုဘက်ဒီဘက် နှစ်ဘက်မျှအောင် စူးစမ်းဆင်ခြင်ခြင်းဆိုတဲ့ `ဥဘယ
ပက္ခသန္တီရဏတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၈) အကောင်း အကောင်းမှန်းမသိ၊ အဆိုး အဆိုးမှန်းမသိတဲ့ `သမ္မောဟ`က အကောင်းအဆိုးအားလုံးကို မတုန်မလှုပ်
လျစ်လျူရှုတဲ့ `ဣဌာနိဌသမုပေက္ခနာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၂၉) မယူအဆမှားယွင်းခြင်း ဆိုတဲ့ `မိစ္ဆာဒိဌိ`က စူးစမ်းဆင်ခြင်ခြင်း၊ အကြောင်းဟုတ်မဟုတ် လေ့လာခြင်း ဆိုတဲ့ `၀ီမံ
သာ၊ ဟေတုပရိဂ္ဂဟ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၀) သတ္တ၀ါတွေအပေါ် သနားဂရုဏာမရှိခြင်း ဆိုတဲ့ `အဒယာပန္နတာ`က သတ္တ၀ါတွေအပေါ် တပ်မက်မှု ကင်းခြင်း
ဆိုတဲ့ `၀ိရတ္တတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၁) ကာမဂုဏ်ချမ်းသာတွေအပေါ် ငြိကပ်စွာ ခံစားခြင်းဆိုတဲ့ `ကာမသုခလ္လိကာနုယောဂ`က ရဟန်းတွေကို ဘုရားရှင်
ခွင့်ပြုတဲ့ပစ္စည်း သုံးဆောင်ခြင်း ဆိုတဲ့ `အနုညာတပဋိသေ၀နာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၂) ဆရာသမားတွေရဲ့ အဆုံအမကို တရိုတသေ မခံယူခြင်းဆိုတဲ့ `အပဒက္ခိဏဂ္ဂါတာ`က ကိုယ့်ကိုကိုယ် အကြီးအမှူး
ထားအားကိုးခြင်းဆိုတဲ့ `အတ္တာဓိပတေယျတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၃) တရားကျင့်ဖက် သီတင်းသုံးဖေါ်တွေအပေါ် မရိုမသေ မလေးစားခြင်းဆိုတဲ့ `သဗြဟ္မစာရီအဂါရ၀`က တရားတော်
ကို ရိုသေလေးစားခြင်း ဆိုတဲ့ `ဓမ္မာဓိပတေယျ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၄) မိမိကိုယ်ကိုရော၊ တရားတော်ကိုပါ ဖျက်စီးခြင်းဆိုတဲ့ `အတ္တဓမ္မပရိဗ္ဘ၀`က လောကကို အလေးအမြတ်ပြုခြင်းဆိုတဲ့
`လောကာဓိပတေယျတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၅) မိတ်ဆွေအပေါင်း၊ ဧည့်သည်အပေါင်းနဲ့ ၀မ်းမြောက်ဝမ်းသာ မပြောဆိုနိုင်ခြင်း ဆိုတဲ့ `အသမ္မောဒနသီလတာ`က
နှိုင်းနှိုင်းချိန်ချိန် ပြောဆိုခြင်းဆိုတဲ့ `မိတဘာဏိတာ`ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၆) လှည့်ပတ်ခြင်း၊ ကောက်ကျစ်ခြင်း ဆိုတဲ့ `မာယာသာဌေယျ`က ၀မ်းမြောက်ဝမ်းသာ ပြောဆိုနိုင်ခြင်း ဆိုတဲ့ `သမ္မော
ဒနသီလတာ` ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။

(၃၇) မစူးစမ်း မဆင်ခြင်ခြင်း ဆိုတဲ့ `အပရိက္ခဏတာ`က သဒ္ဓါတရား အားကြီးခြင်းဆိုတဲ့ `သဒ္ဓါလုတာ` ယောင်ဆောင်ပြီး
စိတ်ကို လှည့်ပတ်တတ်ပါတယ်။

စာရေးသူရော၊ စာဖတ်ပရိသတ်ပါ မြတ်ဗုဒ္ဓရဲ့ `တရားဓမ္မမှန်` မှာ ကိုယ့်စိတ်ကိုယ် မလိမ်မညာ အမှန်အတိုင်း
စစ်ဆေးရင်း အရည်အသွေး အမြင့်ဆုံး စိတ်ပိုင်ရှင်တွေ ဖြစ်အောင် ကြိုးစား အားထုတ် သွားကြပါစို့ လို့ လက်တို့
အဖေါ်ညှိရင်း……..။

ထာဝရ အေးချမ်းကြပါစေ။
မေတ္တာဖြင့်……..
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Ref; အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

(ကိုယ့်စိတ်ကိုယ်စစ်) တရားစာအုပ်မှ
ကောက်နုတ်ချက်…..

Fwd: -- All truth is not always to be told


မဆုံးနိုင်တဲ့ သံသရာ တွေထဲမှာ ပညာသင်ခြင်း ဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိပဲ လေ့လာ ဆည်းပူး သလောက် ဆက်လက် တိုးတက်နေမဲ့ သဘော ရှိပါတယ်။

ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ သံသရာ လည်နေတဲ့ အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမဲ့ အခု သံသရာကတော့ အစရှိပါတယ်။ ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်း တရာကြီး လက်ထက် ကနောင်မင်းသား အိမ်ရှေ့စံ ဖြစ်ကတည်းက လို့ ဆိုရမှာပေါ့။ အင်္ဂလိပ်-မြန်မာ ပထမစစ်နဲ့ ဒုတိယစစ်ပွဲတွေပြီးတဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့ အဖြစ်ကို ကောင်းစွာ သုံးသပ်မိတဲ့ ကနောင် မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော် အဖြစ် ထူထောင်ဖို့အတွက် စတင် ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။

ဒီအခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပ နိုင်ငံတွေမှာ စက်မှု၊ လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ယနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီ အချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့ အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သား ကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီ နိုင်ငံများမှာပဲ အခြေချ ခဲ့ကြတာပေါ့။ ဒီနေရာမှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျွန်တော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေး ပြီးပါပြီ။

ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ အဖေ၊ အမေတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့် ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။ ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့ သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။

နောက်တစ်ချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြား နိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။ ကျွန်တော်တို့ဆီမှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့ သူတွေရှိရဲ့နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရ သေးတာလဲ။ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်း နေနိုင်အောင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ တကယ်ဆို သူများနိုင်ငံတွေလည်း ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ သူတွေ အများကြီး ရှိတာပါပဲ။ ဥပမာ တရုတ်နိုင်ငံလိုပေါ့။ သူတို့တွေကြတော့ အခုဆိုရင် အောင်မြင်နေကြပြီလေ။ ကဏ္ဍစုံမှာ တိုးတက်နေကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ဘယ်လိုဖြစ်လို့ပါလိမ့်။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။

ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာ ကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျ နေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာ နိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည် ချာလည်လိုက်နေလို့ ကြားရတာ ရိုးတောင် ရိုးအီ လွန်းလှပါပြီ။ မယ်မယ်ရရ့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ တခုတ်တရ ပြောစရာလည်း ဘာမှ မရှိပါဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရ ကိုတောင် မကြားဖူးပါဘူး။ အဲဒီ စကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။ ဒါတွေရဲ့ မူရင်း လက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ အရာရာကို မကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်နေလို့လည်း လက်ရှိ အခြေအနေတွေက ပိုကောင်းမလာပါဘူး။

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ အတိုင်း တကယ်ကို စေတနာပါပါနဲ့ အားလုံးက တက်ညီလက်ညီနဲ့ လုပ်ကြပါမှ တိုးတက်မှာပါ။ ဟိုလူ လုပ်နိုး၊ ဒီလူ လုပ်နိုး မျှော်ကိုးလို့လည်း မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့မိမိတို့ တတ်နိုင်သမျှ ကြိုးစားရပါမယ်။ မိဝေး၊ ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေ အတွက် အစွမ်းကုန် လုပ်ပေးကြရပါမယ်။

နိုင်ငံတိုးတက်ဖို့ အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတခု ကြားဖူးပါသေးတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံ ဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့နိုင်ငံက ဒီလိုအဖြစ်မျိုးကို ရောက်နေတာပါ။ ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ။ အရေအတွက်ထက် အရည်အချင်းကို ပိုမို ဦးစားပေးရပါမယ်။

လက်တွေ့နဲ့ ကင်းကွာတဲ့ ကိန်းဂဏန်းတွေကို ကြည့်ပြီး ပီတိဖြစ်နေလို့လဲ မရတော့ပါဘူး။ ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင် ထွက်ခြင်း သံသရာက မဆုံးနိုင် ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွှတ်ရအုံးမှာပါ။ ပိုက်ဆံတွေလည်း ကုန်အုံးမှာပါ။

ကြည့်အုံးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ ရှိရှိသမျှ ကဏ္ဍတွေမှာ သူများတွေဆီက အကူအညီကို လက်ဖြန့် တောင်းနေရတာပါပဲ။ သယံဇာတတွေ ပေါပါတယ်တဲ့။ ကိုယ်တိုင် မထုတ်လုပ်၊ မတီထွင် နိုင်သရွေ့ကတော့ နည်းပညာ လက်ဝေခံနိုင်ငံ အဖြစ်က တက်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့တွေ ညံ့နေသေးတယ် ဆိုတာကို တွေ့နိုင်ပါတယ်။ စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံ ချွေလှေ့ဖို့ နည်းပညာ မရှိလို့ သူများဆီက ယူရတယ်။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်လို့ မနေ့က စစ်ထဲက ရုန်းထလာတဲ့ ဗီယက်နမ်လို နိုင်ငံက အကူအညီ ပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ သဘာဝကပ်ဆိုးတွေ ခဏခဏ ကျရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်က တင်သွင်းရသတဲ့။ တခြား ကဏ္ဍတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲ တွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တုလွှတ်ဖို့၊ အာကာသ နည်းပညာတို့ ဆိုရင် ဝေးရော။

ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေ လုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျွန်တော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိကြဘူး။ ချိတ်ဆက် လုပ်ကိုင်စရာ ပရောဂျက်တွေ၊ လုပ်ငန်းတွေလည်း မရှိကြဘူး။ သက်ဆိုင်ရာ ဘွဲ့တလုံးသာ ရသွားတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာတခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲ ဆိုတာလဲ မသိကြဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ ဘာမှ လုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်တော်တို့ မြန်မာတွေကပဲ ညံ့နေကြလို့လား။ အသုံးမကျတဲ့ လူမျိုးလား။ အဲလိုမျိုးကျတော့ ကျွန်တော်တို့ အပြောမခံနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေက တကယ်ဖြစ်နေတာပါ။ ခေတ်အဆက်ဆက်လည်း ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ တော်တဲ့သူတွေ၊ ထက်မြက်တဲ့သူတွေ ရှိခဲ့တာပဲ။ တီထွင်မှုတွေလည်း ရှိခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုမျိုးကို အားပေးမဲ့ အခွင့်အလမ်းတွေ မရခဲ့လို့သာ တိုးတက်သင့်သလောက် မတိုးတက်၊ ဖြစ်ထွန်း သင့်သလောက် မဖြစ်ထွန်းခဲ့တာပါ။

တကယ်တော့ အခု ကျွန်တော် ပြောနေတာတွေကလည်း အားလုံး သိပြီးသားတွေကို ပြောနေတာပါပဲ။ ကျွန်တော်ကတော့ ကျွန်တော် ပုဂ္ဂလိက အမြင်အရ ရှေ့ကလူတွေ ညံ့လို့ ကျွန်တော်တို့ ဒီလိုမျိုး ဖြစ်နေတာလို့ မြင်တယ်။ အားလုံးဟာ အကြောင်းတရားတွေ ရှိလာလို့ အကျိုးတရားတွေ ဖြစ်လာတာဆိုတာကို လက်ခံပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ ဆင်းရဲမွဲတေတဲ့ နိုင်ငံ၊ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေ အဖြစ် မွေးဖွားလာရတာလည်း ကျွန်တော်တို့ရဲ့ ကုသိုလ်ပဲပေါ့။ အဓိက ကတော့ ရှေ့ကလုပ်နိုင်ရဲ့သားနဲ့၊ လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ မလုပ်သွားကြတဲ့ သူတွေကြောင့်လို့ ယိုးစွပ်ရင် လွန်မယ် မထင်ပါဘူး။

အခုတော့ ကျွန်တော်တို့ အလှည့် ရောက်လာပါပြီ။ နောက်လူတွေက ကျွန်တော်တို့ကို အပြစ် မမြင်ရအောင် မိမိတို့ လုပ်နိုင်စွမ်း ရှိသလောက်၊ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် လုပ်ကိုင်ကြရမှာပါ။ မိမိတို့ ကိုယ်တိုင်က စပြီး အနာဂတ်အတွက် လမ်းဖောက်ကြရမဲ့ အဖြစ်ပါ။ အနာဂတ်မှာ အားလုံး ကောင်းစားဖို့ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့ ဘ၀တွေကို ရင်းသင့်ရင် ရင်းရပါမယ်။ စတေးသင့်ရင် စတေးပစ်ရပါမယ်။ ရင်းနှီးမြှုပ်နှံပစ်ရပါမယ်။ ဘ၀ အကျိုးပေးကြောင့် ဖြစ်လာတဲ့ အခိုက်အတန့်လေးမှာ ကိုယ်က ပညာ ဥာဏ်စွမ်းရှိတုန်း လူ့လောကအတွက်၊ ကိုယ်မွေးတဲ့ မြေအတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒီလူ့အဖွဲ့အစည်းကနေ အခွင့်အလမ်းတွေ ရယူဖို့ထက် လူ့အဖွဲ့အစည်း တစ်ရပ်လုံး ကောင်းကျိုးအတွက် တဖက်တလမ်းကနေ ပေးဆပ် စွန့်လွတ်ကြရအောင်ပါ။ လူဖြစ်ရတဲ့ ဘ၀လေးဟာ အင်မတန် တိုတောင်းပါတယ်။ တိရစ္ဆာန် လောက်တောင် အသုံးမ၀င်ဘူး ဆိုရင် မိမိတို့က ဘာများ ပိုသာပါ့မလဲ။

ဒါကြောင့် ဒီဖြစ်စဉ်ကြီး တရပ်လုံးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာလို့ ရှုမြင်ပါတယ်။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက် အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိက အခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။

အမိမြေမှာ ရောင်စုံပန်းလေးတွေ ဖူးပွင့်ကြဖို့၊ ပွင့်သောပန်းတိုင်း လန်းကြစေဖို့ ဥယျာဉ်မှူးကောင်း လိုတာတော့ အသေအချာပါပဲ။

လူတိုင်းဟာ ကိုယ့်နိုင်ငံ တိုးတက်တာ၊ ကြီးပွား ချမ်းသာတာကို မြင်ချင်ကြပါတယ်။ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ပါးစပ်ဖျားကနေ ပြောနေရုံနဲ့ မပြီးပါဘူး။

တကယ့်စေတနာနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်မှ ဖြစ်မှာပါ။ ဦးဆောင်တဲ့ သူတွေဘက်ကလည်း စေတနာမှန်ဖို့ လိုပါတယ်။ နာမည်ကောင်း ရရုံ သက်သက်နဲ့တော့ အလုပ်မဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။

နိုင်ငံတိုးတက်ဖို့ အဓိကကျတဲ့ အရင်းအမြစ်တွေမှာ ပညာရေးနဲ့ လူ့အရင်းအမြစ်တွေက ရှေ့ဆုံးမှာ နေရာယူလာပါပြီ။ ဟိုးရှေး မြေရှင် ပဒေသရာဇ်ခေတ်မှာ ဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာ မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့

ငမိုက်သား စောလူး နင့်ချည်းသာ ခံပေတော့ !!!

ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့တွေ စပါးတတင်း ရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ငွေလေးနဲ့ လူလုပ်နေရတဲ့ အချိန်မှာ စက္ကန့်နဲ့အမျှ ချိပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာ သန်းချီရနေတာဟာ နည်းပညာကြောင့်ပါပဲ။

ဒီတော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေ အတွက် ဘယ်လို လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံကို အမေရိက ကို၊ သို့မဟုတ် ဥရောပတိုက်ကို တွန်းရွှေ့ကြဦး မလား။

တခုခုတော့လုပ်ကြဖို့သင့်ပြီ ဆိုတာကို တဦး တယောက်စီမှ တဖွဲ့ တသင်းစီ ထိုမှသည် တနိုင်ငံလုံး ဆီသို့ ဆင်ခြင် ပြင်ဆင် လုပ်ဆောင်ကြဖို့ မှားယွင်း နေပါကလည်း နောင် တိုင်းပြည် အနာဂါတ်တွေ လှပအောင် ကျရာနေရာက လက်တွေ့ကျကျ လမ်းမှန်ကို တည့်မတ် ပေးကြပါ။ !!!




--
All truth is not always to be told



--
sincerely yours,
WWH.

Saturday, November 28, 2009

တားတော်မူလိုက်ပါနဲ့ ဘုရား

ရှင်တော်မြတ် ဘုရား
ကမ္ဘာကြီး ပျက်မည်ကြား၍
ပန်းများကို မသီအား
ငွေဖလားနှင့်သာ လက်ခံတော်မူပါ ဘုရား...။

ပန်းတွေ မောက်မောက်
ဒူးထောက် ပူဇော်
လှူပြီးသော် နောက်
တင်လျှောက်ပါရစေ ဘုရား...။

ဗေဒအကျော် ဝေဒမော်များ
တွက်ချက် ဟောကြား
မှားနှိုင်မည် မထင်ပါ ဘုရား...။

ခရာစ် သက္ကရာဇ်
၂ဝ၁၂
ကမ္ဘာကြီးပျက်မည့်နှစ်ပါတဲ့ ဘုရား...။

အကယ်၍ ပျက်မည်ဟုမှန်ငြားအံ့
ရှင်တော်မြတ် ဘုရား
တား တော်မူလိုက်ပါနဲ့ ဘုရား...။

ချစ်သူရည်းစား
ကတိစကား မပျက်
ကမ္ဘာ လဆန်း(၁)ရက်မှာ
လက်ထပ်လှည့်ပါတဲ့ ဘုရား...။

သန်းစိန်
(မှတ်ချက်)E-mailပေးပို့လာသောမိတ်ဆွေထံပြန်ကြားချက်(ပေးစာ)ကိုမြတ်စံရေ့ ကြားပြီလား။ ကမ္ဘာကြီးပျက်တော့မယ် ဘာတွေပြင်ထားလဲ။...တဲ့

Copyright © 1999-2009 Google

Thursday, November 26, 2009

မွေးရပ်မြေရဲ့ အကြောင်း

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။

ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်

ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား

ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။

“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

POSTED ကောင်းကင်ကို

ဒါနဘာကြောင့် ပြုရသလဲ---------?

ဒါနဘာကြောင့် ပြုရသလဲ---------

အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြချင်ပါတယ်..

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ်
ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..

ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်..
ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..
ဒါနပြုတယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...
သီလစောင့်တည်ခြင်း ဘာဝနာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာဝနာပွားတယ်ဆိုတာဟာလည်း မိမိရဲ့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် ..

ဒါနအကြောင်းဆက်ပြောပါမယ်..
ဗုဒ္ဓဘာသာဝင်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..
ဆရာတော် ဟောကြားတဲ့ ဥပမာလေးကို သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..

ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..
သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး

ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ့ အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...
လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..
အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...
တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိုင်ပါဘူး..

လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..
သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..
ဝိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..
အဲဒီဝိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ့ စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..
ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိုင်ဆုံး ထိန်းသိမ်းသင့်ပါတယ်...

ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..
ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံးဝမိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..
ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိုင်ပါဘူး..
လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိုင်ပါဘူး..
ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ
ကောင်းစားဖို့ဆိုတာ လောဘ...
ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိုင်စရာ အကြောင်းမရှိပါဘူး.
.အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..

ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..
ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

အရှင်တိက္ခညာဏာလင်္ကလာရ ရေးသည်။
ဓမ္မရံသီ ၀က်ဆိုဒ်ကပါ

Tags:

မျှဝေရန်

သုံးဆယ့်တဘုံသားတို့၏ သက်တမ်း

စကြ၀ဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌သတ္တ၀ါတို့၏တည်ရာဌာန (၃၁-ဘုံ) ရှိသည်၊
ထိုတွင် အပါယ်လေးဘုံနှင့် လူ့ဘုံသားတို့၌ အမြဲတည်သော သက်တမ်းမရှိ။
ကံအားလျှော်စွာသာလျှင် တည်ကြရသည်။

ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ်
နတ်မျိုးတွင်ပါဝင်သောဝိနိပါတိကအသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း
တည်မြဲသောသက်တမ်းမရှိ။ အချို့ အလွန်အသက်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်
မျှသာ တည်သည်-ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။

သို့ရာတွင် အဘိဓမ္မာ အနုဋီကာ ဇိနာလင်္ကာရဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏
သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။

လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ
ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာ
ခေတ် ဖြစ်သည်ဟု ဆိုပါသည်။

သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌
နှစ်ပေါင်း တထောင်၊ ပုဗ္ဗ၀ိဒေဟခေါ် အရှေ့ကျွန်း၌ အပရဂေါယာနခေါ် အနောက်ကျွန်း၌ နှစ်ပေါင်းငါးရာ
ယခုတိုင် သက်တမ်းရှိနေသည်-ဟုအချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏
နှစ်ပေါင်းငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်။

နှစ်ပေါင်းတရာသည် တာဝတိံသာနတ်တို့၏ တရက်။

နှစ်ပေါင်းနှစ်ရာသည် ယာမာနတ်တို့၏ တရက်။

နှစ်ပေါင်းလေးရာသည် တုသိတာနတ်တို့၏ တရက်။

နှစ်ပေါင်းရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်။

နှစ်ပေါင်းတထောင့်ခြောက်ရာသည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တရက်။
အသီးသီးဖြစ်သည်။

နတ်တို့၏အရေအတွက်အားဖြင့်မူ

စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်။
ယာမာ နှစ်ထောင်။
တုသိတာ လေးထောင်။
နိမ္မာနရတီ ရှစ်ထောင်။
ပရနိမ္မိတ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတုမဟာရာဇ်နတ်သက် ငါးရာကို လူတို့၏နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း (၉-သန်း) ရှိ၏။
တာဝတိံသာစသောအထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်းအဆင့်ဆင့်
လေးဆလေးဆ တက်၍ သွားပါသည်။


ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်။ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာသုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ။
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်နှင့် အသည်သတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ငါးဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀ အသီးသီးသက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၄၀၀၀ အသီးသီးရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ၀ိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

http://mawluu.blogspot.com/

ကူးယူဒါနပြုပါသည်
သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်
အောင်ထားတဲ့သူတွေဖြစ်ပြီးသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ............။
ရင်းနှီးလေးစားစွာနှင့်
ရောင်နီ၀၇

သုံးဆယ့်တဘုံသားတို့၏ သက်တမ်း

စကြ၀ဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌သတ္တ၀ါတို့၏တည်ရာဌာန (၃၁-ဘုံ) ရှိသည်၊
ထိုတွင် အပါယ်လေးဘုံနှင့် လူ့ဘုံသားတို့၌ အမြဲတည်သော သက်တမ်းမရှိ။
ကံအားလျှော်စွာသာလျှင် တည်ကြရသည်။

ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ်
နတ်မျိုးတွင်ပါဝင်သောဝိနိပါတိကအသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း
တည်မြဲသောသက်တမ်းမရှိ။ အချို့ အလွန်အသက်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်
မျှသာ တည်သည်-ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။

သို့ရာတွင် အဘိဓမ္မာ အနုဋီကာ ဇိနာလင်္ကာရဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏
သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။

လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ
ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာ
ခေတ် ဖြစ်သည်ဟု ဆိုပါသည်။

သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌
နှစ်ပေါင်း တထောင်၊ ပုဗ္ဗ၀ိဒေဟခေါ် အရှေ့ကျွန်း၌ အပရဂေါယာနခေါ် အနောက်ကျွန်း၌ နှစ်ပေါင်းငါးရာ
ယခုတိုင် သက်တမ်းရှိနေသည်-ဟုအချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏
နှစ်ပေါင်းငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်။

နှစ်ပေါင်းတရာသည် တာဝတိံသာနတ်တို့၏ တရက်။

နှစ်ပေါင်းနှစ်ရာသည် ယာမာနတ်တို့၏ တရက်။

နှစ်ပေါင်းလေးရာသည် တုသိတာနတ်တို့၏ တရက်။

နှစ်ပေါင်းရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်။

နှစ်ပေါင်းတထောင့်ခြောက်ရာသည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တရက်။
အသီးသီးဖြစ်သည်။

နတ်တို့၏အရေအတွက်အားဖြင့်မူ

စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်။
ယာမာ နှစ်ထောင်။
တုသိတာ လေးထောင်။
နိမ္မာနရတီ ရှစ်ထောင်။
ပရနိမ္မိတ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတုမဟာရာဇ်နတ်သက် ငါးရာကို လူတို့၏နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း (၉-သန်း) ရှိ၏။
တာဝတိံသာစသောအထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်းအဆင့်ဆင့်
လေးဆလေးဆ တက်၍ သွားပါသည်။


ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်။ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာသုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ။
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်နှင့် အသည်သတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ငါးဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀ အသီးသီးသက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၄၀၀၀ အသီးသီးရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ၀ိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

http://mawluu.blogspot.com/

ကူးယူဒါနပြုပါသည်
သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာ စိတ်တွေဖြူစင်
အောင်ထားတဲ့သူတွေဖြစ်ပြီးသံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ............။
ရင်းနှီးလေးစားစွာနှင့်
ရောင်နီ၀၇

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှ…

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ
ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊
ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်
ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏
ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ
အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ
အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ
ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။

ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ

ကမ္ဘာသစ် Blog မှ ဓမ္မဒါန

www.newworldnanda.ning.com

ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ
ကမ္ဘာသစ်သူငယ်ချင်းတို့ရေ ..
ဒီဘလော့ကတော့ သူငယ်ချင်းတို့သိပြီးသားလည်းဖြစ်ချင်ဖြစ်မယ် ။ သေချာမသိသေးတာလည်းဖြစ်ချင်ဖြစ်မယ်။ အားလုံးအတွက်ရည်ရွယ်ပြီး ကိုယ်ဖတ်ထားတာလေးကို ပြန်လည်ဝေငှပေးလိုက်တာပါ။ ကျွန်မလေ ဗဟုသုတနည်းတာပဲလားတော့မသိပါဘူး။ ငယ်ငယ်လေးကတည်းကတော့ ရွှေတိဂုံဘုရားမှာ အံဖွယ်နေရာ (၉)မျိုးရှိမှန်းပဲသိတယ်။ ဘယ်နေရာမှာလဲ။ ဘယ်ဘုရားဘယ်မုဒ်တွေမှန်းလည်းမသိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းက ရွှေတိဂုံဘုရားသမိုင်းစာအုပ် ကို ကျွန်မသူငယ်ချင်းတစ်ယောက်ကလက်ဆောင်ပေးလို့ ဖတ်ကြည့်ပြီးမှာ အံဖွယ်(၉)နေရာနဲ့ ထူးခြားတာတွေကို တိတိကျကျသိခဲ့ရပါတယ်။ ဒါကြောင့် ကမ္ဘာသစ်သူငယ်ချင်းများလည်းသိစေချင်တာကြောင့် ဒီဘလော့လေးကို တင်ပေးလိုက်တာပါ။

ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင့်နှင့်သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ်စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီနှင့် တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဖဂေါဏ စသော ပုဂ္ဂိုလ်အကျော်အမော်များ တည်ထားကိုးကွယ်ခဲ့သည့် ဘုရားများစွာ ရှိနေပေသည်။

လောကီပညာ ထွက်ရပ်လမ်းဂိုဏ်းကို လေ့လာလိုက်စားအားထုတ်သော ပုဂ္ဂိုလ်တို့သည် ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ထူးခြားသော ၉-ဌနသို့ လှည့်ပြီး ပူဇော်အားထုတ်လေ့ရှိကြသည်။ ထိုထူးခြားသော ၉-ဌာနကို မန်လည်ဆရာတော် ဘုရားကြီးနှင့်တကွ ထင်ရှားကျော်ကြားသော ဆရာတော်များလည်း လှည့်လည်ရှိခိုးပူဇော်လေ့ရှိတက်ကြလေသည်။

ထိုထူးခြားသော ၉-ဌာနမှာ ........

(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား


ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။
(၂) ၀ိဇ္ဖာဇော်ဂျီဘုရား

ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား


ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။

(၄) ရှင်မထီးဘုရား

ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏဘုရား

ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်းေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ်ထုလုပ်သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (၀ါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။

(၆) ဆံတော်တွင်းရုပ်ပွားတော်


ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။

တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟုဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင်ဘုရား

ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင်တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက်ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။

(၈) လက်ပက်လက်ဘုရား


ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိကကုသတ်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင်ဘုရား


ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။

ကမ္ဘာသစ် ဘာသာရေး Blog Post တစ်ခုပါ

http://newworldnanda.ning.com/

အမျိုး၊ဘာသာ သာသနာ၊ စာပေ ယဉ်ကျေးမှု၊ အနုပညာ၊ ကျန်းမာရေး၊လူမှုရေး၊သုတရသ စာပေများ နှင့်သက်ဆိုင်သော အသိပညာများ
ဝေမျှဖလှယ်ကြဖို့  ခင်မင်လေးစားစွာ ဖိတ်ခေါ်ပါသည် ..။

Welcome to New World

www.newworldnanda.ning.com

စာရေးသူ မမနာမည်မသိရပါလား။

Tuesday, November 24, 2009

History of Kayin

သည်ဆောင်းဟေမန်

Thu Kha.di Saung Hay Man

Monday, November 23, 2009

သာသနာ့အာဇာနည်ဖြူးဆရာတော်ဘုရားကြီးဘ၀နတ်ထံပျံလွန်တော်မူခြင်း



နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ကြီး ယနေ့မနက်ပိုင်းတွင် ပျံလွန်တော်မူပြီ..
Ashin: နိုင်ငံကျော်ဓမ္မကထိက ဦးနရပတိ ဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံကြီးတွင်၂၃.၁၁.၂၀၀၉ နံနက်(၇)နာရီအချိန် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါပြီ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့မှာ မီးသဂြိုလ်မည်ဖြစ်ပါကြောင်း။

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးကုခန်းတွင် ဆက်လက်ဆေးကုသမှု ခံယူလျှက်ရှိရာမှ ယနေ့ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက် (၇)နာရီခန့်၌ ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်ပါသည်...။
ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ယခု ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်ပါသည်။ဆရာတော်ဘုရားကြီးသည် ပဲခူးတိုင်း ၊ ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ သွေးနဲ့ရေးတဲ့သာသနာ အစရှိသော ထေရ၀ါဒစစ်စစ်တရားဓမ္မများကိုလည်း ဟောကြားတော်မူခဲ့ပါသည်။
ထို့ပြင် ဆရာတော်ဘုရားကြီးသည် အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုတော်မူခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့ ၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကြီးကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများကို ပြသပေးတော်မူလျှက်ရှိရာမှ ( 24 Nov 2009 ) ရက်နေ့ ၊ မြန်မာစံတော်ချိန် နံနက် (၇)နာရီခန့်၌ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါသည် ....။
သာသနာ့အာဇာနည်တစ်ပါး ဆုံးရှုံးသွားခဲ့ရသည့်အတွက်ဖော်မပြနိုင်အောင်ဝမ်းနည်းတုန်လှုပ်မိခဲ့ပါသည်..။
ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကိုလည်း ကမ္ဘာတစ်ဝန်းတွင်ရောက်ရှိနေကြပါသော ကျေးဇူးတော်ရှင်ဖြူးဆရာတော်ဘုရားကြီး၏ တပည့်များ ၊ ဆရာတော်ဘုရားကြီးအတွက် စိုးရိမ်စွာ သတင်းစောင့်စားနေကြသူများအားလုံး သိရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါသည်....။
ဖြူးမဟာစည်ဆရာတော်ဘုရားကြီး၏ တရားဂုဏ်တော်ရှိပူဇော် တရားတော်မှ သံဝေဂလင်္ကာလေးဖြင့် ဆရာတော်ဘုရားကြီးအား ရှိခိုးပူဇော်လိုက်ပါသည် .....

မနေရလို့ သေကြသောအခါ ...
ကိုယ့်နောက်ကို ဘာများပါမှာ
ပစ္စည်းစုစု တစ်ခုမပါ ...
ဇနီးမယားနဲ့ သမီးသားမပါ
အိုးအိမ်များနဲ့ တိုက်ကားမပါ ...
ဆင်မြင်းများနဲ့ ကျွဲနွားမပါ
ဗန်းခုံလေးနဲ့ တောင်ဝှေးလည်းမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ ...
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထားကံများ သူတို့ပါ ......။


လေးစားစွာဖြင့်
နှင်းဟေမာ

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု


ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း တလျှောက်တွင် ရှင်စောပု ဟူ၍ မွန်ဘုရင်မတစ်ပါး ထူးခြားစွာ ပေါ်ထွန်းခဲ့ပေသည်။

မွန်ကျောက်စာများတွင်ြ၈ီတြိဘုဝနာဒိတျ ပြ၀ရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ၀ိဟာရဒေ၀ီ ဟူ၍လည်းကောင်း၊ ဗညာထာဝ် ဟူ၍လည်းကောင်း ပါရှိသည်။ မွန်ရာဇ၀င်တွင် ၀ိဟာရဒေ၀ီ၊ ၀ိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ (မင်းအို) နှင့် သေ၀်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။

ရှင်စောပုသည် မွန်ရာဇ၀င်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင် နှင့် မိဘုရား သုဒ္ဓမာယာ တို့မှာ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၅၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံအရ ၀ိဟာရဒေ၀ီ ဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တမိတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညားရာံ) ဖြစ်လေသည်။

သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ်ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကထ၀်) နှင့် မိကာသင်(မိပ္ကသြန်)၊ သားကို ဗညားဗရူး (ဗညားဗရောဝ်) ဟူ၍ အမည်ပေးလေ၏။

သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူ မှအစ မိုးညှင်းမင်းတရားအထိ အင်းဝ မင်းလေးဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် ခုနစ်နှစ် ကြာမျှ စံနေခဲ့ရလေသည်။

အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံ ဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။ မြန်မာရာဇဝင်များ ဖြစ်သော ဦးကုလား၊ မှန်နန်းနှင့် သုသောဓိတမဟာရာဇဝင်များအရ သိရသည်မှာ ဟံသာဝတီတွင် ဗညားရံ (ဗညားရာံ) နှင့် ညီတော်အထွေး ဒဂုန်စား ဗညားကျန်းတို့ ပုန်ကန်ကြလေ၏။ ဟံသာဝတီတွင် အချင်းချင်း မညီမညွတ် ဖြစ်နေကြောင်းကို အင်းဝဘုရင် ဆင်ဖြူရှင် သီဟသူ ကြားရလျှင် အခွင့်ကောင်း အခါကောင်းကို ယူပြီးသော် ဟံသာဝတီသို့ စုန်ဆင်း၍ တိုက်ခိုက်လေ၏။ အင်းဝတို့က တိုက်လာလျှင် ညီနောင်တို့ ပြန်၍ ညီညွတ်ကြသည်။ ဗညားဓမ္မရာဇာသည် ဗညားရံကို ဒဂုန်စားအဖြစ် ပြောင်းပေး၍ ဗညားကျန်းကို မုတ္တမစားအဖြစ် စေလွှတ်သည်။ အင်းဝတပ်တို့သည် ပုသိမ်နှင့် ဒလ(ယခု တွံတေး) တို့ကို အောင်မြင်ပြီးနောက် ဒဂုန်ကို ဆက်လက် တိုက်ခိုက်သော်လည်း ချက်ချင်း မဝင်နိုင်သဖြင့် ကြည်းကြောင်း၊ ရေကြောင်းဖြင့် ဝိုင်းရံထား၏။ ယင်းသို့ ဝိုင်းရံထားရာ၌ တလခန့် ကြာလတ်သော် ဒဂုန်စား ဗညားရံ မခံနိုင်တော့သဖြင့် စစ်ပြေငြိမ်းရန် ကမ်းလှမ်းပြီးလျှင် နှမတော် ရှင်စောပုကို ဆက်သလိုက်လေသည်။ ဗညားရံသည် ပြာသာဒ်သုံးဆောင် ဆောက်ပြီးလျှင် နှမတော်ကို သီရိတြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ ဟူသော အမည်၊ မိဖုရားကြီးတို့၏ အဆောင်အယောင်နှင့် တကွ ကိုယ်လုပ်အမျိုးသမီး သုံးကျိပ် အထိန်းအချီ ခန့်ရန်း၍ ရွှေဝေါနှင့် မွန် မြန်မာအမတ် ဝိုင်းရံပြီးလျှင် သီဟသူမင်း ထံသို့ ပို့လေသည်။ သီဟသူလည်း မိမိဖောင်တော်ထက်မှ လက်လှမ်းဆီးကြိုကာ အင်းဝသို့ ဆောင်သွားသည်။ ရှင်စောပုသည် အပြင်အလျာ အရောင်အဆင်း ကောင်းမြတ်လှသောကြောင့် သီဟသူမင်း အလွန် လေးမြတ်တော်မူလေသည်။

သို့ရာတွင် မွန်ရာဇာဝင်၊ ပေမူ၊ ပတ်လတ်ပုံနှိပ်မူနှင့် ပီဒဗျူ ရှမစ်တို့ ပြန်ဆိုသည့် ဟံသာဝတီမင်းဆက် ရာဇဝင်မူများအရ သိရပြန်သည်မှာ ရှင်စောပုသည် ဆံတော်ရှင် ဒဂုန်ဘုရားသို့ မကြာခဏ ကြွရောက်ဖူးမြှော်လေ့ရှိသည်။ ထိုသို့ အစောင့် အရှောက် နည်းပါးစွာဖြင့် ရှင်စောပုသည် ဟံသာဝတီနှင့် ဒဂုန်သို့ ဘုရားဖူးရန် သွားလာနေကြောင်းကို အင်းဝဘုရင် ကြားသိရလျှင် မိမိအား ပမာမခန့်၍သာ ထိုသို့ အစောင့်အရှောက် နည်းပါးစွာဖြင့် သွားလာနေခြင်း ဖြစ်သည်ဟု ယူဆပြီး ရှင်စောပုအား ဖမ်းယူရန် မင်းနန္ဒသူအား စစ်တပ်အင်အား လုံလောက်စွာဖြင့် ဒဂုန်အနီး တောစခန်းတနေရာသို့ စေလွှတ်လိုက်လေသည်။ ရှင်စောပုလည်း ဟံသာဝတီမှ ဒဂုန်သို့ ဆံတော်ရှင်ဘုရား မူးမြော်ရန် ဥပုသ်နေ့တနေ့တွင် ယခင်နည်းအတိုင်း ဆင်စီး၍ အစောင့်အရှောက် နည်းပါးစွာဖြင့် ထွက်ခွာလာရာ ဒဂုန်အနီး တောစခန်းသို့ ဆိုက်ရောက် လာသောအခါ အဆင်သင့် စောင့်နေသည့် မင်းနန္ဒသူသည် စစ်တပ်ဖြင့် ဝိုင်းရံပြီးလျှင် ရှင်စောပုအား ဆင်ထက်မှ မဆင်းစေဘဲ အသာအကြည် အင်းဝသို့ ခေါ်ဆောင်သွားသည်ဟု ဖြစ်လေသည်။

မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များအားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။ ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည် ရှင်သာမဏေဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဉာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။ အင်းဝသို့ ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။

ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍ အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့ ပြန်ရောက်ြပီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်း စသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။

သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော် ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ ခြောက်လမျှသာ နန်းစံရလေသည်။

မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ပြီး ဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူနှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီးလက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်းသာယာနေလေသည်။



(မြန်မာ့စွယ်စုံ ကျမ်းအတွဲ(၁) ၁၉၇ဝ ပြည့်နှစ်၊ ပထမနှိပ်ခြင်းမှ အနည်းငယ် ပြင်ဆင်ဖြည့်စွက်ပြီး အများသိသာရန် ဖော်ပြပါသည်။)

(မူရင်း- ကလျာမဂ္ဂဇင်း)

ဒေါက်တာ နိုင်ပန်းလှ

Tags:

မျှဝေရန်

့အဆီများသော ငါးစားခြင်းဖြင်. ဆီးကျိတ်ကင်ဆာ ရှောင်ရှားနှိင်......

ငါးသလောက် ၊ပင်လယ်ငါးသလောက်နှင်. ငါးကွန်းရှပ်ကဲ.သို.သော အဆီများသည်. ငါးများကိုစားသုံးခြင်းဖြစ်ဆီးကျိတ်ကငိဆာ ဖြစ်မှု.ကို လျော.ချနှိင်ကြောင်း ထုတ်ပြန်ထားသည်. လေ.လာမှု အရသိရှိရသည်။နှစ်ပေါင်း ၃၀ အတွင်း လုံးဝမစားသုံးသူများသည်ပုံမှန် ငါးစားသုံးသူများထက် ပုံမှန် ငါးစားသုံ့းသူထက် ဆီးကျိတ်ကင်ဆာ ဖြစ်နှိင်ခြေ နှစ်ဆ မှ သုံးဆ ပိုများသည်ကို လေ.လာမှုအရသိရှိရကြောင်း ဖြင်. ဆွီဒင်နှိင်ငံ ၊စတော.ဟုမ်း မြို. ၊ကာရိုလင် စကာ မှ သုတေ
သီများကပြောကြပါသည်။
Omega -3 ဟုခေါသည်. အဆီအက်ဆစ်များသော ငါးများသည် အထူးသဖြင်. ထိရောက်မှုရှိသည်ဟုပညာရှင်များက ပြောပါသည်။
လက်ဆောင်ပါးရမယ်.သတင်းစကားမှာရှင်းပါသည်။တခြားမဟုတ်ပါ၊ ငါးစားကြပါကြောင်း အထက်ပါဆေးဘက်ဆိုင်ရာ ကပ်ရောဂါ ဌာနမှ့ professor ( Alicja wolk) ကြေ့ပာသည်။
တခြားအရေးကြိးသောအချက်မှာ Omega -3 ခေါအဆီအက်ဆစ် သည်နှလုံးနှင်.ဆိုင်သော ရောဂါများအားကာကွယ်မှု.ပြုရာတွင် လည်းအကျိုးရှိသည်ဟုသူမကဆက်လက်ပြောပြပါသည်။
ယင်းလေ.လာမှု.ကို ' Lancet ' အမည်ရှိ ဆေးဘက်ဆိုင်ရာ ဂျာနယ် တွင် ဖော်ပြခဲ.ခြင်း ဖြစ်သည်။ လေ.လာမှုသည်ဆွီဒင် လူမျိုး ၆၃၀၀-တို.အား ၁၉၆၇ -ခုနှစ်မှ ၁၉၉၇ -ခုနှစ်အထိ အနှစ် ၃၀-ကြာ စောင်.ကြည်. လေ.လာ ခြင်းဖြစ်သည်။ ထိုကာလအတွင်း ထိုသူတို.အနက်မှ ဆီးကျိတ်ကင်ဆာ ဖြစ်သူ ၄၆၆ -ဦး တွေ.ရှိခဲ.ရပြီး ၃၄၀ -မှာသေဆုံး ခဲ.သည်။
ငါးမစားသူများသည် အသင်.အတင်.စားသူ သိုမဟုတ် ပိုမိုစားသုံး သူများထက်ဆီးကျိတ်ကင်ဆာ ဖြစ်နှိင်ခြေ နှစ်ဆ မှသုံးစ ပိုများသည် ဟုလင်းဆက် ( Lancet ) ဂျာနယ်တွင် ဖော်ပြထားသည်။
အဆီအက်ဆစ်သည် ဆီးကျိတ် ကငိဆာဆဲလ်များကို ခြေဖျက်နှိင်စွမ်းရှီကြောင်း ယခင်လေ.လာမှုများအရ သိရှိရပြီးဖြစ်သည်။သို.သော် ယင်းလေ.လာချက် များမှာ ယခု ဆွီဒင် လူမျိုးများ၏ လေ.လာချက်နှင်.စာလျင် သေးငယ်သော လေ.လာချက်များသာဖြစ်သည်။
ဆီးကျိတိကင်ဆာ သည် ဆွီဒင်အမျိုးသားများကြားတွင် အဖြစ်များသော ကင်ဆာဖြစ်သည်။ ယောင်္ကျားများတွင် ဖြစ်သော ကင်ဆာအမျိုးမျိုးအနက် ဆိးကျိတ်ကင်ဆာသည် ၂၇-ရာခိုင်နှုန်းအထိရှိလေသည်။

Tags:

မျှဝေရန်

Sunday, November 22, 2009

မှတ်သားသင့်သောဆောင်ပုဒ်လေးများ(၂)

* မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
* သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
* အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
* လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
* အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။


* The over-sexed has no honour.
* The over-carnivorous has no pity.
* The over-imbibed has no truthful world.
* The over-avariced has no shame.
* The over-lazy has no education


ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -

* အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
* အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
* သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
* အလောင်းအစား ကစားများခြင်း ။
* မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
* ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။

- တို့ပေတည်း။

The causes of ruin are-

* Over-intoxication.
* Over- indulgence in untimely visits.
* Over-enjoyment of entertaining pleasure.
* Over-gambling.
* Over-association with the bad.
* Over-procrastination and laziness.



အားလုံးကိုချစ်ခင်လေးစားလျှက်...

ဖြိုး

Tags:

မျှဝေရန်

Saturday, November 21, 2009

တနင်္သာရီနယ်သား ပီသစေဖို့ရာ

တနင်္သာရီနယ်သား ပီသစေဖို့ရာ

ရွှမ်းသိင်္ဃ(တနင်္သာရီ)


နှင်းမှုန်ကြဲစ တန်ဆောင်းမုန်းလ ည ကောင်းကင်ကို ငေးရင်း တနင်္သာရီ မြို့ န၀ထပ်ဘုရားတန်ဆောင်တိုင်ပွဲအကြောင်း တွေးကွန်ယက်ဖြန့်လွမ်းနေတုန်း ကွန်ပြူတာမှ “တုန်…တုန်” အသံတစ်သံကြားလိုက်မိသည်။ အတွေးတွေ ခဏရပ်ပြီး ကွန်ပြူတာရှိရာသို့ လှမ်းကြည့်မိရာ ညီငယ်တောသားလေး က မလာစဖူး မပြောစဖူး g-talk message ပို့ရင်းတဟိုင်းဟိုင်းနှင့်။
စကားစမြည်ပြုမိပြီးနှင့် ဟိုတစ်စ ဒီတစ်စ ဖြင့် ထားဝယ်တန်ဆောင်တိုင်
ပွဲတော်ညကိုရောက်သွားသည်လေ။အလွမ်းတွေ ၊အတွေးတွေ ၊ဗဟုသုတ တွေဖလှယ်ရင်းက တနင်္သာရီ တိုင်းရဲ့ မူလ စကားလုံးနှင့် အဓိပ္ပာယ် အကြောင်းကို ရောက်သွားသည်လေ။
စာရေးသူ တစ်ခု စိတ်မကောင်းဖြစ်မိသည်မှာအမှန်ပင်။ လူတော်တော်များများက တနင်္သာရီတိုင်းကိုသာသိပြီး မူလဇက်မြစ် တနင်္သာရီမြို့ကို လူသိနည်းခြင်းကိုပင်။
တချို့ဆို တနင်္သာရီမြို့ဆိုတာတကယ်ရှိရဲ့လား..အဆန်းထွင်ပြောနေပြန်ပြီလို့ မယုံသင်္ကာပြောတာကို စာရေးသူကြုံဖူးသည်။
ထို့ကြောင့်လည်း စာရေးဆရာ တက္ကသိုလ်ကိုလတ်က မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုသလို..တနင်္သာရီတိုင်းသားမှန်ရင်တနင်္သာရီ ကိုရောက်ဖူးရမယ် လို့ပြောဖူးသည်။
ဘာပဲဖြစ်ဖြစ်တနင်္သာရီ် မရောက်ဖူးသည်ဖြစ်စေ၊ ရောက်ဖူးသည်ဖြစ်စေ ..တနင်္သာရီ စကားလုံးသန္ဓေတည်ဆင်းသက်ရာ ကို တနင်္သာရီတိုင်းသား အနေဖြင့် သိထားအပ်သည်
မို့ စာရေးသူ မှတ်သားစုဆောင်းရသမျှ ဖော်ပြရေးသားလိုက်ပါသည်။
(လိုအပ်သည်များပြင်ဆင်ရေးသား လမ်းညွန်ပေးပါရန် မေတ္တာရပ်ခံပါသည်။)




(က)တနင်္သာရီတိုင်းရဲ့ မူလဇစ်မြစ်

ကောဇာသက္ကရာဇ် ၈၅ ခုနှစ် ၊ (ခရစ် ၇၂၄) ယောနကတိုင်း သာဂရ ပြည် (ကြင်မိုင်း) ကျမိုင်းမြို့တော်၌ ထီးနန်းအုပ်ချုပ်မင်းလုပ်သော ခမာမင်းဆက် ကျမိုင်းမင်းကြီး၏ တောင်နန်းမတော် မိဖုရားကြီးတို့မှ ဖွားမြင်သော သားတော်နှစ်ကျိပ်တို့သည် အရွယ်သို့ရောက်သော် မြို့သစ်၊ရွာသစ် ထူထောင်ရန် နေပြည်တော်မှ ထွက်ခွာခဲ့ကြသည်။
ထိုနှစ်ကျိပ်သော မင်းသားများမှာ၊ သက္ကရာဇ် ၁၁၇ (၇၅၆)ခုနှစ်တွင် ယခု ကော့ကရိတ်မြို့နယ် ၊ကော့ဘိန်း အရပ်၌ ရမ္ဗပူရ၊ ရမ္ပ၀တီ နှစ်မည်ရမြို့ ကိုတည်သည်။
သက္ကရာဇ် ၁၄၅(၇၈၄) ခုနှစ်တွင် ယခုမြိတ်မြို့ မှ တောင်ဘက်မိုင် ၅၀ခန့် အကွာ ကက်သရင်းကျွန်း(ကန်မော်ကျွန်း) တွင် ကြက္ကလင်းမြို့ ကို တည်သည်။ကြက္ကလင်းမြို့ ၏ တစ်ကျိပ်သောမင်းတို့တွင် နောက်ဆုံးမင်းဖြစ်သော ဗြမုဒ္ဒရီမင်းသည် ထီးနန်းအုပ်စိုး၍ နှစ်နှစ်ကြာသောအခါ သက္ကရာဇ် ၂၆၃ (၉၀၂) ခုနှစ် တွင်ယခု တနင်္သာရီမြို့၊ ပ၀ကျေးရွာ၊
အုန်းပင်ကွင်း အရပ်၌ ထောင့်ကွာမြို့ (ကောသမ္ဘီမြို့) ကို တည်သည်။ ထောင့်ကွာမြို့ တွင် နှစ်ပေါင်း(၂၂၀) ၊မင်းဆက်၄၉ ဆက်စံရာ၊ ဗြစက္ကပိတ်မင်းမှာ နောက်ဆုံးမင်း ဖြစ်လေသည်။
ထိုမင်းလက်ထက် သက္ကရာဇ် ၄၈၄ (၁၁၂၃) ခုနှစ်သို့ ရောက်သောအခါ ထိုထောင့်ကွာမြို့မှ ပြောင်းရွှေ့ ၍ ယခုတနင်္သာရီမြို့နယ်၊ မော်တုန်းရွာ၊အရှေ့မြောက်ဘက်တွင် ဘန်ရှောင်မြို့ကိုတည်သည်။ ထိုမြို့သစ်တွင် တစ်နှစ်သာစံပြီး သားတော် များထားခဲ့ကာ မြစ်ညာသို့ တက်လျက် သိန္ဒောရွာ အထက်၌် သက္ကရာဇ် ၅၁၄(၁၁၅၃) ခုနှစ်တွင် အောင်သာဝရမြို့ကို ဆက်၍တည်လေသည်။ ထို့သို့ အောင်သာဝရမြို့ ကို တည်ပြီး၍ နန်းဆက် (၄၅)နှစ်တွင် ဗြံစက္ကပိတ်မင်းနတ်ရွာစံ တော်မူသောကြောင့် သားတော် ပရမရာဝါမင်းက ထီးနန်းဆက်လက်စိုးစံတော်မူလေသည်။

ဗြံစက္ကပိတ်မင်းသည်မှ မင်းဆက် ၅ဆက်နှစ်ပေါင်း ၁၁၇နှစ်၊ ထီးနန်းစိုးစံခဲ့ကြပြီး၊သက္ကရာဇ် ၆၃၀ (၁၂၆၉) ခုနှစ်တွင် ကျမိုင်းမင်းဆက်ကုန်ဆုံးလေတြေ့သည်။ထိုအခါ သမီးတော်တစ်ပါးသာ ရှိသောကြောင့် မှူးမတ်ပညာရှိတို့တိုင်ပင်ကြ့ပီး အရုဇ္ဇယတိုင်း၊ သာဂရပြည်ရှင် လင်ဇင်းမင်းကြီးက မိမိ၏သားတော် သုံးပါးအနက် အလယ် သားတော်ဖြစ်သော ဧကဒယ်ရာဇာ ကို ပေးအပ်သည်။ ထိုမင်းသားသည် မှူးမတ်ပညာရှိတို့နှင့်လိုက်ပါလျက် သမီးတော်ကို သိမ်းပိုက်ပြီး အောင်သာဝရမြို့၌ ခေတ္တနန်းစိုက်၍ သက္ကရာဇ် ၆၃၅ (၁၂၇၄)ခုနှစ်တွင် ခရင်းသေအရပ်၌ မြို့သစ်ထူထောင်သည်။ထိုမြို့ကို တနင်္သာရီမြို့ဟု ယနေ့တိုင်ခေါ်ဆိုနေဆဲဖြစ်လေည်။
ယောနကတိုင်းအမည်ကိုပျောက်စေ၍ တနင်္သာရီတိုင်းဟုတွင်စေသည်။

(ခ)တနင်္သာရီမြို့နှင့် တနင်္သာရီစကားလုံးဆင်းသက်လာပုံ

အောင်သာဝရမြို့ကိုတည်ရာ၌ ဗြံစက္ကပိတ်မင်းနှင့်ထိုမြို့တည်ရာမြစ်ညာအရပ်မှလူ
အသွင်ဖန်ဆင်းထားသောနဂါးမင်းတို့ တွေ့ဆုံပြီးမင်္ဂလာရှိသောအရပ်ဖြစ်၍ မြို့ရွာတည်ဆောက်သင့်ကြောင်း တည်လိုပါက မိမိနှင့်တကွ နဂါးများအားလုံးက၀ိုင်းဝန်းတည်ဆောက်ပေးကြ
မည်ဟုဆိုရာ ဗြံစက္ကပိတ်မင်းကဤသို့အကူအညီပေးလျှင်တည်ထောင်မည်ဟုဆိုသည်။
နဂါးမင်းမြို့တည်ရာသို့မိန်းမခေါ်လာခြင်းမပြုပါကအပြီးတည်ဆောက်ပေးမည်ဟုကတိတောင်းခံရာသဘောတူလျက်တည်ထောင်ကြလေသည်။
မြို့အတန်အသင့်ပြီးစီးချိန်တွင်ဗြံစက္ကပိတ်မင်း၏အငယ်ဆုံးမိဖုရားကလိုက်ပါလိုကြောင်းအတန်တန်ပြောဆိုလာသဖြင့်လိုက်လျောပြီးလှေ၏အလယ်တွင် ဖန်ပေါင်းချောင်ပြုလုပ်ထားရှိလျက်ကြည့်ရှုစေသည်။မြို့တည်ရာတွင် မြို့ရိုးကျောက်တုံးကြီးများစီခြင်း၊သယ်ခြင်းနှင့်မြို့အဆောက်အအုံများဆောက်ခြင်းကို မင်းကြီးနှင့်နဂါးမင်းသာကြည့်ရှုနေခိုက်ဖောင်အတွင်းမှအလန့်တကြားအော်ဟစ်သံကြားလိုက်ရသည်။
နေ့လည်စာပွဲတော်တည်ရာတွင်နဂါးမင်းက မင်းမှာသစ္စာ လူမှာကတိ ဆိုသည့်အတိုင်း ကတိမတည်ပဲမိန်းမခေါ်လာခြင်းမှာ နိမိတ်ဆိုးများ တွေ့ကြုံရကြောင်း အပြစ်တင်သည်။ မင်းကြီးကအလွန်မကျေနပ်ဖြစ်ကာ နဂါးမင်းအား စားနေဆဲလက်မှ ခရင်းဖြင့်နဂါးမင်း၏လည်ဂုတ်ကိုထိုးသတ်လိုက်ရာနဂါးအသွင်သို့ ရောက်ရှိပြီး လူးလိမ့်သေဆုံးသွားခဲ့သည်။
ထိုနဂါးသေအားရေထဲသို့တွန်းချလိုက်သဖြင့် မြစ်ကြောအတိုင်း စုန်ဆန်မျောပါသွားတော့သည်။ မြို့ရွာတည်နေသောနဂါးများအားလုံးဘောဂ၀တီနဂါးပြည်သို့ပြန်ကုန်သဖြင့်မင်းကြီးကပြီးအောင်ဆက်လက်တည်ထောင်ပြီး အောင်သာဝရမြို့တော်ဟုသမုတ်သည်။
နဂါးမင်းမျောဆင်းလာရာမှ တနင်္သာရီမြို့အ၀င် တောင်ကုန်းတစ်ခုတွင် လာကပ်နေ၍ နဂါးကပ်တောင်ထိုမှ ကာလကြာရွှေ့လျှော ခေါ်ဝေါ်ရာတွင်န၀ထပ်ဟုခေါ်သောယခုန၀ထပ်တောင်ဖြစ်သည်။ နဂါးသေ ကပ်နေရာမှ ဆက်လက်ရွေ့မျောပြီး ယခုတနင်္သာရီမြို့တည်ရာ အစွန်းတွင် နဂါးတင်နေ၍ ခရင်းခွဖြင့်ထိုး၍ သေသောနဂါးမင်းတင်ရာအရပ်ကိုခရင်းသေအရပ်ထိုမှ တနင်္သရေ ၊တနင်္သာရီမြို့ဖြစ်လာသည်။

(ဂ)တနင်္သာရီ စကားလုံး၏ အဓိပ္ပာယ်

တနင်္သာရီ စကားလုံး၏ အဓိပ္ပာယ်ကို ပညာရှင်အမျိုးမျိုးက ရှုထောင့်အမျိုးမျိုးမှအနီးစပ်ဆုံး သုံးသပ်ကြံဆ ရေးသားခဲ့ကြသည်။ မလေးဘာသာစကားတွင် တာနားဆရီး စကားလုံး အရ အဓိပ္ပာယ်ပြုလျှင်
တနင်္သာရီဟူသော ဝေါဟာရသည် တာနား =ပန်းများပွင့်လန်းခြင်း၊ ဆရီး=မြေ-
(ပန်းများပွင့်လန်းရာမြေ) ဟု လှပစွာအဓိပ္ပာယ်ရသည်။
တနင်္သာရီကို လူတော်တော်များများက တနင်သာရီဟု အသံထွက်ခေါ်နေ
ကြသည်မှာ ဘ၀င်မကျစရာတွေ့ရသည်။ တနင်္လာနေ့ကို တနင်းလာနေ့ဟု အသံထွက်ယူသလို တနင်္သာရီကို တနင်းသာရီ ဟု အသံထွက်ခြင်းသာဖြစ်သည်။ထို့အပြင် မူလကတည်းက ခရင်းသေ--တနင်းသရေ-တနင်္သရေ-တနင်္သာရီ ဟူ၍ အဆင့်ဆင့် ဆင်းသက်လာသည်မို့တနုင်္သာရီကို တနင်းသာရီဟု အသံထွက်ယူလျှင်ပိုပြီး အဓိပ္ပာယ်ပြည့်မည်ဖြစ်သည်။


(ဃ)တနင်္သာရီနှင့် ကဗျာအတွေး

သတင်းဖြာကြည် တနင်္သာရီ နယ်မှာဖြင့်
သီချင်းကဗျာသီ စာစီပြသနော်
ရေးမမီ ဆေးပန်းချီ ဝေကြည်ရွှန်းမြ
ရွှေရည်သွန်းချ အလှဂုဏ်ဖော် …..ပြီး စာရေးသူ ကဗျာတွေ အများကြီးရေးဖြစ်ပါသည်။ရောက်တဲ့နေရာတိုင်း တနင်္သာရီ အလှတွေ အကြောင်းကို ပြောဖြစ်သည်။ စာရေးဆရာတစ်ဦးက တနင်္သာရီ မြစ်ထဲ လှေစီးရင်း တနင်္သာရီ အလှ တွေဟာ ကမ္ဘာမှာအလှတွေ ပေါင်းစုံရှိတယ် ဆိုတဲ့ ဆွမ်ဇလန်နိုင်ငံမှာတောင် ဒီလိုအလှမျိုးကို မီမှာမဟုတ်ဘူးလို့ ပြောဖူးသည်ကို
မှတ်သားဖူးသည်။ ကဗျာအတွေးနှင့်ဆက်စပ်ပြီး- စာရေးသူ ရဲ့ တနင်္သာရီ အမှတ်တရ ကဗျာလေးကို လက်ဆောင်ပေးလိုက်ပါသည်။ (၂၀၀၃ သြဂုတ်လ ထုတ် ၊ရွှေသာရီ မဂ္ဂဇင်းတွင် ရေးသားခဲ့သောစာရေးသူရဲ့ ကဗျာ
ဖြစ်ပါသည်။)ထိုကဗျာလေးထဲမှ အမေးအဖြေကဗျာအတွေးနှင့် ဇာတိမြေချစ်စိတ်များ ပေါ်ပေါက်လာရင် သည်ဆောင်းပါး ရေးရကျိုးနပ်ပါပြီ….။


တနင်္သာရီသား မပီသသေးပါ

အိုဘယ့္လူသား..တနသၤာရီၤသားဟုတ္စြ
ဗုဒ္ဓဂါယာ မြေအနှံ့
ခြေဆန့်လှည့်လည်ဖူးပါသလား။

လှည့်လည်ဖူးဖြစ်
တစ်ကြိမ်မက၊ ခဏခဏ။

အိုဘယ့်လူသား..တနင်္သာရီင်္သားမှန်လျှင်
ပုဂံမြေတစ်ခွင်
ခရီးနှင်လေ့လာဖူးပါသလား။

လေ့လာဖူးတာမှ
နေရာအနှံ့နှံ့၊ခြေရာခြင်းထပ်။

အိုဘယ့်လူသား..တနင်္သာရီင်္သားဖြစ်ပေ
ရွှေတိဂုံခြေရင်း
ဝပ်စင်းပူဖော်ဖူးပါသလား။

ပူဇော်သည့်ရက်
ရေတွက်မရ၊ အကြိမ်ကြိမ်ဗျ။

အိုဘယ့်လူသား..တနင်္သာရီင်္သားအသင်
တနင်္သာရီတစ်ခွင်၊၀တ်ဆင်ဘုရားတစ်ဖြာ
ဝင်္ဂဘာအပြင်၊ရင်ပြင်ခြေတော်ရာတောင်ကလပ်
အထပ်ထပ်စုံလင်၊ဦးတော်တင်ဖူးပါရဲ့လား…။

ဒါက ဒီလိုရှိတယ်ဗျ
ခင်ဗျ…ခင်ဗျ….အဲအဲ…
အဲဒါကတော့ဗျို
ဟိုဟို…ဟိုဒင်း….
ဟိုဒင်း….ဟိုဟာပါပဲ
ဟဲဟဲ..ဟီးဟီ…ဟိုဟို…..။

ရွှမ်းသိင်္ဃ(တနင်္သာရီ)

(ဆန္ဒပြည့်ဝအောင်မြင်ပျော်ရွှင်တိုးတက်ပါစေ)

သုံးပါဂုဏ်ရှင် ပြစ်မှားလျှင်မူ

အိမ်ဦးခန်း၌ မစင်တက်စွန့်သော ခွေးကို
အိမ်ရှင်က ရိုက်ရာတွင်
အိမ်ရှင်၏ အပြစ်မဟုတ်။
ရိုင်းပျသော ခွေး၏ အပြစ်သာ ဖြစ်ချေ၏။

ပြစ်မူကျူးလွန်သူကို ထိုက်တန်သည့် ဒဏ်ချရာ၌
တရားစီရင်သူ၏ အပြစ်မဟုတ်၊
ဒုစရိုက်ကောင်၏ အပြစ်သာ ဖြစ်ချေ၏။

ထိုနည်းတူစွာပင် ဓမ္မကို စော်ကားလာသူကို သုတ်သင်ရာ၌
သုတ်သင်သူ၏ အပြစ်မဟုတ်၊
စော်ကားသူ၏ အပြစ်သာ ဖြစ်ချေ၏။

ဗုဒ္ဓကို စွပ်စွဲလာ၍ ဒဏ်ခတ်ရာ၌
ဒဏ်ခတ်သူ၏ အပြစ်မဟုတ်၊
စွပ်စွဲသူ၏ အပြစ်သာ ဖြစ်ချေ၏။

ထို့ကြောင့် အရေးမခံချင်၊ အသုတ်သင်မခံချင်၊
ဒဏ်ခတ် မခံချင်လျှင် ဗုဒ္ဓကို မစွပ်စွဲသင့်ကြချေ၊
ဓမ္မကို မစော်ကားသင့်ကြချေ၊
သာသနာကို မဖျက်စီးသင့်ကြချေ၊
ထေရ၀ါဒကို မပုတ်ခတ်သင့်ကြချေ

ဝီရသူ(မစိုးရိမ်)

မြန်မာပြည်နှင့် မိုးပြာဂိုဏ်း ပြသာနာ

moe pya 3

Friday, November 20, 2009

ခင်ပွန်းကြီး(၁၀) ပါး ရှိခိုးကန်တော့ ခြင်း.....

ခင်ပွန်းကြီး (၁၀) ပါး

၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဒါ
၃။ ရဟန္တာ
၎။ အဂ္ဂသာဝက
၅။ မိခင်
၆။ ဖခင်
၇။ ပညာသင်ဆရာ
၈။ လောကနီတိ ပညာသင်ဆရာ (သီလဂုဏ်၊ သမာဓီဂုဏ်၊ပညာဂုဏ် တို့ရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်)
၉။ ဓမ္မကထိက (ဓမ္မရေးရာသင်)ဆရာ
၁၀။ ကျေးဇူးပြု အကူအညီပေးဖူးသူ( မိမိ အပေါ် အကူအညီ အထောက်အပံ့ ပေးကမ်းချီးမြင့်ဖူးသောကျေးဇူးရှင်)

ခင်ပွန်းကြီး (၁၀)ပါး ဘုရားရရှိခိုး

ဗုဒ္ဒေါ ပစ္စေကဗုဒ္ဒါ စ၊
အရဟာ အဂ္ဂသာဝကာ
မာတာပိတု ဂုရု သတ္ထာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ ဒသ မဟာရုဏေ
အဟံ သန္ဒာမိ သဗ္ဒဒါ

ဗုဒ္ဒါ စ ၊ သစ္စာလေးပါး တရားသီမြင် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးတို့ သည် လည်းကောင်း။
ပစ္စေကဗုဒ္ဒါ စ ၊ ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဒါ တို့ သည် လည်းကောင်း။
အရဟာ စ ၊ အာသဝေါကုန်ခန်း ရဟန္တာ အရှင်လည်းကောင်း၊
အဂ္ဂ သာဝကာ စ ၊ လက်ဝဲ လက်ယာ ခြံရံကာ ဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့ လည်းကောင်း။
မာတာ စ၊ ကိုးလလွယ် ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်လည်းကောင်း ၊
ပိတု စ ၊ လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ဖခင် ကျေးဇူးရှင်လည်းကောင်း ။
ဂုရု စ ၊ ချမ်းသားရန်တွေး ပညာပေးသဖြင့် အလေးအမြတ် ပြုအပ်သော ဆရာလည်းကောင်း။
သတ္တာ စ ၊ လိမ္မာစေကြ ကျိုးကြောင်း ပြလျှက် ဆုံးမပေးတတ် ဆရာမြတ်လည်းကောင်း။
ဓမ္မ ဒေသကာ စ၊ သံသရာစခန်း သွားရာလမ်း ၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော် မြတ်သူတော်လည်းကောင်း ။
ဒါယကာ စ ၊ စားရေး နေရေး မနှောင့်နှေးရအောင် ပေးကမ်း တတ်သောတို့ လည်းကောင်း ။
က္ကုမေ ဒသ မဟာဂုဏေ ၊ ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤ ဆယ်ဦး သော သူတို့ကို
အဟံ အကျွနုပ်သည် ၊ ၀န္ဒာမိ ၊ ကျေးဇူးယှက်မြှေး စိမ့်စိမ့် တွေးလျက် မြတ်လေးကြည်ယုံ သဓ္ဒါ ဟုန်ဖြင့်
လက်စုံချီမိုး ပျပ်ဝပ်လျှိုး ၍ ရှိခိုးပါ၏ အရှင်ဘုရား။

ခင်ပွန်းကြီး(၁၀) ပါးအား ပူဇော်ခြင်း အကျိုး (၁၀)ပါး၊

၁။ အစားအစာ မရှားပါခြင်း။
၂။ ရောက်ရာ အရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုါ်ငါးပါးနဲ့ ကင်းဝေးနိုင်ခြင်း။
၎။ လူချစ်လူခင်ပေါများခြင်း။
၅။ ပရိတ်သတ်အလပ်၌ တင့်တယ်စွာနေနိုင်ခြင်း။
၆။ ကောင်းသတင်းဂုဏ် ကျော်ဇောခြင်း။
၇။ အခြွေအရံများခြင်း။
၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း။
၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။

ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် (၁၀)ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာ ဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ လက်ခြေပြတ်ခြင်း ကိုယ်အင်္ဂါ ပျက်စီးခြင်း။
၎။ ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါ များဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း။
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။
၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း။
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေရာ၊ တိုက်၊ အိမ် မီးလောင် ပျက်စီးခြင်း။
( ပစ္စုတ်ပန်ဘ၀၌ ထိုဒဏ် (၁၀)ပါး သင့်မည့် အပြင် သေလွန်
သော အခါ၌ လည်း အပါယ် ငရဲ သို့ ကျရောက်နိုင်ပါသည်။)

မှတ်ချက် ။ ။ ပညာ့ အလင်းပြ စာအုပ်မှ ကူးယူဖော်ပြသည်

Tags: ဘာသာရေး

မျှဝေရန်

Thursday, November 19, 2009

အရှင်ဆန္နာဓိက ရဲ့ စာများကိုမျှဝေပေးလိုက်ပါတယ်

သူငယ်ချင်းတို့ရေ ဆရာတော်အရှင်ဆန္နာဓိကရဲ့ စိတ်အားဖြည့် ဓမ္မရွက်နု ထဲက စာတစ်စုကို သူငယ်ချင်းတို့ဖတ်ဖို့ မျှဝေပေးလိုက်ပါတယ်နော် ........

ဒေါသကို မပယ်နိုင်သေးသမျှ ငိုရေရဦးမှာပါ

ငိုတယ်ဆိုမှတော့
ဘာကြောင့်ပဲ ငိုငို
ဒေါသကြောင့် ငိုတာပါပဲ ...
ဒေါသကိလေသာ ရှိနေလို့
ငိုတာပါပဲ ...
ငိုနေတဲ့အချိန်မှာ ဖြစ်နေတဲ့
စိတ်ဟာ ဒေါသစိတ်ပါပဲ ...
တစ်ခါတစ်ရံ
ကြမ်းတမ်းတဲ့ ဒေါသစိတ်နဲ့
ငိုတာရှိသလို
တစ်ခါတရံ
သိမ်မွေ့တဲ့ ဒေါသစိတ်နဲ့
ငိုတာ ရှိပါတယ် ...
မကျေနပ်ချက်တွေ ပေါက်ကွဲပြီး
ဆဲဆိုအော်ဟစ်
ကြိမ်းမောင်းပစ်တင်ရင်း
ရိုက်နှက်သတ်ပုတ်
ကုတ်ဖဲ့နှိပ်စက်ရင်း
ငိုတာမျိုးကြတော့
ကြမ်းတမ်းတဲ့ ဒေါသစိတ်နဲ့ ငိုတာပေါ့ ...
မကျေနပ်ချက်တွေကို
ရင်ထဲမှာ ကြိတ်မှတ်ခံစားရင်း
ဝမ်းနည်းကြေကွဲစွာ
လွမ်းဆွတ်တမ်းတစွာ
ငိုတာမျိုးကြတော့
သိမ်မွေ့တဲ့ ဒေါသစိတ်နဲ့ ငိုတာပေါ့ ......

ရုရှသွား..ပါးလိုက်တဲ့စာခွေ

အမိမြန်မာ၊ ဘွဲ့ရတာ ၇၅
၁၀ ယောက်က ကျိုးကန်း
၅ ယောက်က ရူးနှမ်းနှမ်းနဲ့
ရဲဖမ်းတာ ၇ ယောက်
၃ ယောက်က လူကြီးအမျိုး
ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့)
ရုရှနယ်စေလွှတ်
နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။

ဟိုတစ်ခါ ပြည်မြန်မာမှာ
ငွေနှစ်ရာ ဝေလာဝေး
ဆေးလိပ်တိုလေး မျှသောက်
Issue နဲ့ စားသောက်နေရပေမယ့်
အရှင်မွေးတော့ နေ့ချင်းကြီး
ဒေါ်လာ ၂၀၀ ကိုင်ပြီးကတည်းက
လက်ကြားမှာ စီးကရက်
ဘီယာဆို ပလပ်ပလပ်နဲ့
သေးထွက်မတတ် မျိုဆို့
ညှီစို့စို့ အသားထုပ်
မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။

လယ်သမားကြီး အယောက် လေးဆယ်
ကျွဲနွားနှယ်သူတို့ရုန်း
အသင်သုံးနေတဲ့ ရာတန်နှစ်ရွက်
သူတို့တတွေရဲ့ ချွေးစက်…
ဟုတ်မဟုတ်တော့ မသိ
ရှိတာနဲ့ ဖုန်းဝယ်
ခါးကြားမှာ သယ်ပြီး
လူလယ်ရောက်မှ ထုတ်ဆက်
အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။

တချောက်ချောက်နဲ့ Keyboard ရိုက်သံ
ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့
ရည်းစား တစ်ယောက်ရရေး
Chatroom တွေ လိုက်မေးပြီး
ကျနော်ကတော့ Master
Russia နေတာပေါ့ကြွား
ခပ်ထွားထွား လေလုံးပစ်
ကြက်ဥနှစ်ကို ဆားနဲ့နယ်
ထမင်းတောင် မတည်နိုင်တော့ဘူး..။

အချိန်တန်တော့ စက်ဖွင့်
လေ့လာဖြစ်တာ all ကား
လှတဲ့ အိုး၊ ဖြိုးတဲ့တင်
မြင်သမျှ သရေကျ
ဟင်း…၊ ..... လိုက်ရ ဆိုတဲ့ စိတ်နဲ့
မိုးလင်းတော့ ကသုတ်ကရက်
ကားဂိတ်မှာ မတ်တပ်ရပ်ပြီး
ဖင်မှန်သမျှ လိုက်ကြည့်
တချို့ကလည်း မြန်မာအထာသိတော့
အင်္ကျီကိုဆွဲချ၊ တင်ပါးဆို ဖုံးထားမှ ဆိုတဲ့ အတွေးနဲ့။

လေ့လာတာ all ကား
ရှုစားတာ မိန်းမဖင်
သင်ချင်တာ Chat အကြောင်း
ငမိုက်သားအပေါင်းက
လိုချင်တော့ ၅ မှတ်
ဘာစာမှ မတတ်ပေမယ့်
ဆရာမကို ဆီးကြို၊ အထုပ်ကို ခပ်သွက်သွက်နဲ့
ပြေးယူတတ်သူတွေတောင်
Programmer ဖြစ်နေကြပြီပဲ
ဆရာသင်တဲ့စာ၊ ဘာဆို ဘာမှမသိ
ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကျေနပ်နေကြပြီ။

ဒီတခါ Анюта
ခဏတာဝင်ငေး
အသားဈေးထိုးကျ
ရောင်းမရလို့တဲ့
ကြက်ဥဈေးခေါင်ခိုက်
ကုလားပဲ လှည်းနဲ့တိုက်ပြီး
ပုတ်ရိုက်ရောင်းစား
သြော်.. မြန်မာတွေတောင် တော်တော်များလာပြီပဲ။

၂၀၁၀ ရဲ့ တစ်နေ့
အောင်ပွဲတွေ ပွေ့ပြီး
နျူကလီးယား စက်ရုံသစ်
ဖဲကြိုးဖြတ် ဖွင့်ဖြစ်ရင်တော့
အင်း..
မြန်မာပြည်မြေပုံ အသစ်ဖြစ်ပြီ ထင်ပါရဲ့။ ။

from Ko Shar Shay

နော်ဝေနိုင်ငံမှ အသည်းယားစရာ၊ ရင်သပ်ရှုမောဖွယ် ကျောက်ဆောင်....












မြေမျက်နှာပြင်မှ ပေပေါင်း ၁၉၈၂ ပေမြင့် သော နော်ဝေနိုင်ငံ ရှိ Pulpit ကျောက်တောင်ဖြစ်ပါတယ်...
Lysefjorden မြစ်ဘေးမှာရှိလို့ ရှုခင်းကတော့ ပြောပြလို့ မပြည့် စုံနိုင်လောက်အောင် ရင်သပ်ရှုမော
လှပလွန်းပါတယ်...
အဆိုပါကျောက်ဆောင်ဟာ တစ်ခြားတောင်စဉ်တောင်တန်းတွေနဲ့ ပါဆက်စပ်သွယ်တန်းနေတာမို့ 
စွန့် စွန့် စားစား တောင်တက်၊ ကျောက်ဆောင်ကမ်းပါး အမြင့် တက်ဝါသနာရှင်တွေ အတွက်က
တော့ အသည်းတစ်အေးအေးနဲ့  ရင်ခုန်စရာတစ်သက်မမေ့ စရာအတွေ့ အကြုံရစေမှာအသေ
အချာပါပဲ...
တစ်ခါတစ်ခေါက်လောက်တော့ သွားရောက်လိုက်ချင်စမ်းပါဘိ....


Pulpit Rock is situated in Norway. It's a massive cliff of 1982 feet above Lysefjorden. There is a trail from the Pulpit Rock lodge through different mountain landscapes, which are splendid. You can get a gig adrenaline dose too at this height.

Regards,

Pyae Phyo
Singapore

ပေငါးဆယ်ရှည်တဲ့ ဧရာမမြွေကြီး....


အင်္ဂလိပ်လိုမှဖတ်ချင်သူများအတွက်ကတော့ ဒီလိုပါတဲ့ .....
A photograph purporting to show a 55ft snake found in a forest in China has become an internet sensation.
It was originally posted in a thread on the website of the People's Daily, the official Communist Party newspaper in China.
The thread claimed the snake was one of two enormous boas found by workers clearing forest for a new road outside Guping city, Jiangxi province.
They apparently woke up the sleeping snakes during attempts to bulldoze a huge mound of earth.
"On the third dig, the operator found there was blood amongst the soil, and with a further dig, a dying snake appeared," said the post.
"At the same time, another gold coloured giant boa appeared with its mouth wide open. The driver was paralysed with fear, while the other workers ran for their lives.
"By the time the workers came back, the wounded boa had died, while the other snake had disappeared. The bulldozer operator was so sick that he couldn't even stand up."
The post claimed that the digger driver was so traumatised that he suffered a heart attack on his way to hospital and later died.

The dead snake was 55ft (16.7m) long, weighed 300kg and was estimated to be 140 years old, according to the post.
However, local government officials in Guiping say the story and photograph are almost certainly a hoax as giant boas are not native to the area.


တရုတ်နိုင်ငံတွင် အရှည် ၅၅ ပေရှိသော ဧရာမမြွေကြီးတစ်ကောင်တွေ့ ရှိခဲ့ ခြင်းအကြောင်း
သတင်းဓါတ်ပုံကို နိုင်ငံပိုင်အစိုးရသတင်းစာ ” ပြည်သူ့ နေ့ စဉ် ” တွင် ဓါတ်ပုံနှင့် တစ်ကွဖော်
ပြခဲ့ ရာ တရုတ်နိုင်ငံ၏ အင်တာနက်စာမျက်နှာများတွင် တစ်ဆင့် ကူးယူ၍ဖော်ပြကာ လူအများ
အတွင်း ထိုသတင်းမှာ ပျံ့ နှံ့ လျှက်ရှိသည်....

အဆိုပါသတင်းစာပါ သတင်းအရ ဓါတ်ပုံတွင်ဖော်ပြထားသောမြွေကြီးမှာ တရုတ်နိုင်ငံ ကျန်စီ
ပြည်နယ်၊ ဂွေ့ ပင်းမြို့ ပြင်တွင်လမ်းအသစ်ဖောက်လုပ်ရန် သစ်တောများရှင်းလင်းစဉ် တွေ့ ရ
သောမြွေကြီးနှစ်ကောင်အနက်တစ်ကောင်ဖြစ်သည်ဟုဆိုသည်....

တောင်ပူစာကြီးတစ်ခုကို ဘူဒိုဇာ မြေထိုးစက်ဖြင့် ထိုးကော်ရှင်းလင်းစဉ် အိပ်ပျော်နေသော အ
ဆိုပါမြွေကြီးများကို ထိုးမိ၊နိုးမိခဲ့ ခြင်းဖြစ်သည်ဟုလည်းဆိုသည်...
” တတိယအကြိမ်မြောက် ( တောင်ပူစာကြီး ) ကိုစက်နဲ့ ထိုးလိုက်တဲ့ အခါ ယာဉ်မောင်းဖြစ်သူ
ဟာ မြေကြီးတွေနဲ့ အတူ သွေးတွေကိုပါတွေ့ လိုက်ရပါတယ်...အဲဒါနဲ့ နောက်တစ်ခါထပ်ပြီးစက်
နဲ့ ထိုးကော်လိုက်ရာမှာတော့ သေလုမြောပါးဖြစ်နေတဲ့ မြွေကြီး ပါလာတာပါပဲ...” သတင်းက ဆို
ပါတယ်....


တစ်ချိန်တည်းမှာပဲ နောက်ထပ် ရွှေဝါရောင် နှစ်ချို့ စပါးကြီးမြွေကြီးတစ်ကောင် ပါးစပ်ကြီးဟ ပြီး
ပေါ်လာပါတော့ တယ်...စက်မောင်းသမားဟာ ကြောက်ရွံ့ ထိတ်လန့် လွန်းလို့ ကြက်သေသေ နေ
ခဲ့ ပြီး တစ်ခြားအလုပ်သမားတွေကတော့ အသက်ဘေးက လွတ်အောင်ထွက်ပြေးသွားခဲ့ ကြပါ
တယ်....

အလုပ်သမားတွေ ပြန်စုပြီးပြန်လာတဲ့ အချိန်မှာတော့ ဒါဏ်ရာရနေတဲ့  စပါးကြီးမြွေကြီးဟာ
သေနေခဲ့ ပါပြီ...တစ်ခြားမြွေကြီးကတော့ ထွက်ပြေးပျောက်ကွယ်သွားပါတယ်....
စက်မောင်းသူကတော့ ကြောက်ရွံ့ တုန်လှုပ်လွန်းလို့ မတ်တပ်တောင်မရပ်နိုင်ရှာပါဘူး...
မြေထိုးစက်မောင်းသူဟာ အလွန်ပဲကြောက်ရွံ့ ကာစိတ်ဓါတ်ခြောက်ခြားလွန်းခဲ့ ရလို့ နှလုံးရော
ဂါဖြစ်ကာ ဆေးရုံကိုအပို့ မှာပဲ နှလုံးခုန်မူမမှန်ဖြစ်ကာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ ရတယ်လို့ 
ဆိုပါတယ်...


သေဆုံးသွားတဲ့ မြွေကြီးဟာ ၅၅ ပေ ရှည်လျားပြီး ကီလို ၃၀၀ ( ပေါင် ၆၆၀ ကျော် ) လေး ပါ
တယ်...ပြီးတော့ အဲဒီမြွေကြီးရဲ့ သက်တမ်းကလည်း နှစ်ပေါင်း ၁၄၀ လောက်ရှိပြီလို့  သတင်းစာ
ရဲ့ ဖေါ်ပြချက်မှာ ပါရှိခဲ့ ပါတယ်...


သို့ သော်လည်း ဂွေ့ ပင်း ဒေသဆိုင်ရာ တာဝန်ရှိသူများကတော့ သူတို့ ဒေသမှာ စပါးကြီးမြွေ
များနေထိုင်လေ့ မရှိ ( တွေ့ ရလေ့ မရှိ ) တာမို့ အဆိုပါမြွေကြီး သတင်းနဲ့ ဓါတ်ပုံများဟာ လုပ်
ကြံဖန်တီးထားတဲ့  သတင်းများသာဖြစ်ပါလိမ့် မယ်လို့ ဆိုခဲ့ ပါတယ်....

နိုင်ငံပိုင်သတင်းကဖော်ပြတဲ့ သတင်းကို သူတို့ မို့ မဟုတ်ဘူးလို့ ပြောရဲတယ်ဗျာ....
ပေါက်ဖော်ကြီးတွေလည်းသတ္တိတွေရှိလာပြီနဲ့ တူတယ်....Regrads,

Pyae Phyo
Singapore

နယ်စပ်လမ်းက ဝမ်းတထွာ ၄ ခိုင်မာကျော်ဇော နိုဝင်ဘာ ၁၄၊ ၂၀၀၉




မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ မြန်မာနဲ့ထိုင်း အလွယ်တကူ ဝင်ထွက်သွားလာလို့ရတဲ့ ဂိတ် ပေါင်းများစွာရှိပါတယ်။ အဲဒီဂိတ်တွေကနေ (၂)နှစ်နိုင်ငံ ပြည်သူတွေ ခိုးဝင်ခိုးထွက်လုပ်ကြသလို နှစ်နိုင်ငံကုန်ပစ္စည်းတွေ ခိုးတင် ခိုးချလုပ်ကြတာမို့ အဲဒီဂိတ်တွေကို ဒေသခံပြည်သူတွေက ခိုးပေါက်တွေ၊ ခိုးဂိတ်တွေလို ခေါ်ကြပါတယ်။
အဲဒီခိုးဂိတ်တွေကို ကြီးကြပ်နေကြတာက လက်နက်ကိုင်အဖွဲ့တွေပါ။ သောင်းရင်းမြစ်ကမ်းတလျှောက်မှာ ဘုရားကုန်း ဂိတ်၊ သစ်စက် ဂိတ်၊ ဒီကေဘီအေ ဂိတ်၊ ငြိမ်းချမ်းရေး ဂိတ်၊ ဝေါလေ ဂိတ်၊ (၁၁) ဂိတ်၊ (၁၂) ဂိတ်၊ (၁၃) ဂိတ်ကနေ အမှတ်စဉ် လိုက် ဂိတ်ပေါင်း ၂ဝ ကျော်ရှိပြီး အဲဒီဂိတ်တွေကို ကြီးကြပ်ပြီးအခွန်ကောက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမျိုးမျိုးရှိ ပါတယ်။
အစိုးရအခွန်ရှောင်ချင်တဲ့ ထိုင်းကုန်သည်တွေ၊ မြန်မာကုန်သည်တွေ။ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ အထုတ်အသွင်း လုပ်ကြသူတွေကတော့ သူတို့ပစ္စည်းတွေကို ခိုးဂိတ်တွေကနေ အတင်အချ လုပ်ကြပါတယ်။ ကုန်ပစ္စည်းတွေကို အတင်အချ လုပ်ပေးရသူတွေကတော့ မြန်မာအလုပ်သမားတွေပါ။ သူတို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေကို နေလို လလိုကြည့်ပြီး ဝမ်းကြောင်းနေကြရတာပါ။
အပေါ်ယံကြည့်ရင် သူတို့အလုပ်ဟာ ခွန်အားဗလကို အရင်းပြုလုပ်ရတဲ့အလုပ်ပါ။ တကယ်တမ်းကြတော့ နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြားမှာ အသက်ကိုရင်းပြီး သူတို့ လုပ်ကိုင်စားသောက် နေရတာပါ။ သူတို့ အလုပ်က အနေအထိုင်တတ်ဖို့၊ နှုတ်လုံဖို့၊ ဂိတ်မှူးတွေ၊ ကုန်သည်တွေရဲ့ ယုံကြည်မှုရှိဖို့လိုအပ်တဲ့အပြင် မျက်စိနဲ့ နားကိုလည်း ရှင်ရှင် ထားဖို့လိုပါတယ်။ လမ်းကြောင်းရှင်းတယ်။ မရှင်းဘူးတယ်ဆိုတဲ့ အသံကိုလည်း သူတို့ အမြဲနားစွင့်ရပါတယ်။
ဂိတ်မှူးတွေဆီက လမ်းကြောင်းရှင်းတယ်ဆိုတဲ့ အသံကြားတာနဲ့ ကုန်သည်တွေရဲ့ ခွင့်ပြုချက်နဲ့ ကားကြီးကားငယ် အသွယ်သွယ်ပေါ်က ကုန်ပစ္စည်းတွေကို တဖက်ကမ်းကိုကူးမယ့် စက်လှေတွေပေါ် အလျှင်အမြန်အတင်အချ သူတို့ လုပ်ရပါ တယ်။
မြန်မာနိုင်ငံဘက်ကမ်းကနေ သူတို့အများဆုံး အတင်အချလုပ်ရတာက ကျွန်း၊ ပျဉ်းကတိုး သစ်မာသားတွေနဲ့လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ မှန်တင်ခုံနဲ့ အိမ်အလှဆင်ပစ္စည်းတွေပါ။ ငပိ၊ ငါးခြောက်၊ ငရုပ်၊ ကြက်သွန်၊ ကွမ်းသီးစတဲ့ စားကုန်ပစ္စည်းတွေကိုလည်း ရာသီအလိုက် သူတို့ အတင်အချ လုပ်ရပါတယ်။

တခါတခါမှာ ရန်ကုန်နဲ့ မန္တလေးဘက်ကဆင်းလာတဲ့ ရွှေခြည်ထိုး၊ ငွေခြည်ထိုးနဲ့ ယွန်းထည်ပစ္စည်းတွေ၊ ဘုရာဆင်းတုတော်တွေ၊ ကြေးစည်၊ ခေါင်းလောင်း၊ ရှေးဟောင်းပစ္စည်းအမျိုးမျိုးနဲ့ ပန်းချီကားအမျိုးမျိုးပါ။
ညဘက်တွေမှာတော့ အမျိုးအမည်မသိတဲ့ အထုပ်အပိုးတွေကို သူတို့ ထမ်းပိုးတင်ချရပါတယ်။
အချိန်မတော် အတင်အချလုပ်ရတဲ့ အထုတ်အပိုးတွေကိုတော့ စိတ်ကြွဆေးထုတ်တွေလို့ သူတို့က ထင်ကြေးပေး ကြပါတယ်။
ထိုင်းဘက်ကနေ မြန်မာဘက်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကတော့ အမျိုးအမည်စုံပါတယ်။
ဘိလပ်မြေ၊ သွပ်၊ သံ၊ သံဇကာနဲ့ အိမ်ဆောက်ပစ္စည်းတွေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်ဗူးမျိုးစုံ၊ ဆေးဝါးမျိုးစုံနဲ့ အလှကုန်ပစ္စည်းမျိုးစုံ။ ထီး၊ ဖိနပ်နဲ့ အထည်အလိပ်အမျိုးမျိုး။ စာရေးကိရိယာနဲ့ ကလေးကစားစရာပစ္စည်းတွေပါ။

ထိုင်းဘက်ကမ်းကနေ မြန်မာဘက်ကမ်းကို ညအချိန်မတော် အမြဲလိုလို ခိုးသွင်းနေတာကတော့ နံပါတ်ပြားဖြုတ် ထားတဲ့ ကားဟောင်းတွေနဲ့ ဆိုင်ကယ်တွေဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
သူတို့အလုပ်က အခြေအနေ၊ အလုပ်ချိန်အခါနဲ့ လူပုဂိုလ်တွေပေါ်မူတည်ပြီး အပြောင်းအလွဲရှိသလို သူတို့ရဲ့ လုပ် အားခဝင်ငွေကလည်း ကုန်သည်တွေ၊ သူတို့ အတင်အချလုပ်ရတဲ့ ပစ္စည်းတွေ တရားဝင်မှု၊ မဝင်မှုပေါ် မူတည်ပြီး အနည်း အများရှိပါတယ်။
“ကျနော်တို့အလုပ်က နေ့တိုင်း၊ ညတိုင်း ရှိတာမဟုတ်ဘူး။ ဒါကြောင့် တနေ့ ဘယ်လောက်ဝင်သလဲဆိုတာ ပြောဖို့ ခက်တယ်။ ကုန်ရှိရင်ရှိသလို တနေ့ကို ဘတ် ၁၅ဝ၊ ၂ဝဝ ရတဲ့ အခါရှိသလို တပြားမှမရတဲ့ နေ့တွေလည်းရှိတယ်။ ပင်ပန်းပြီး ငွေရနည်းတဲ့ နေ့တွေရှိသလို သိပ်မပင်ပန်းပဲ ဘတ် ၁ဝဝ၊ ၁ဝဝကျော် ရတဲ့ နေ့တွေလည်းရှိတယ်”
လို့ အလုပ်သမားတဦးက ပြောပါတယ်။
သူတို့အပြောအရ ဒီအလုပ်ကို အိမ်ထောင်ဦး ယောက်ျားတဦး မသောက်မစားပဲ ပုံမှန်လုပ်ရင် ၄-၅ ဦးရှိတဲ့ မိသားစု တစု ဖူလုံပါတယ်။ တချိန်ထဲမှာပဲ ဒီအလုပ်ကို လုပ်ကြတဲ့ အလုပ်သမားအများစုဟာ အသောက်အစားနဲ့ မကင်းကြသလို မူးယစ်ဆေးဝါးနဲ့လည်း မကင်းကြတာများပါတယ်။
“ဒီအလုပ်က နင်လားငါလား တင်ရချရရင် အရမ်းပင်ပမ်းတာ။ ပင်ပမ်းတော့ အသောက်အစားရှိတယ်။ တချို့က စိတ်ကြွဆေးတွေ သုံးကြတယ်။ ဆေးသုံးလို့ပိုပြီး ထမ်းနိုင်ပိုးနိုင်တာရှိသလို မြင်ရာတွေ့ရာတွေ လျှောက်ပြောလို့ နှုတ်ပိတ်ခံ လိုက်ရတာတွေလည်းရှိတယ်။ လုံးပါးပါးပြီး ဘဝဆုံးသွားသူတွေလည်း ရှိတယ်”
လို့ အလုပ်သမားကြီးတဦးက ပြောပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ စိတ်ကြွဆေးက အလွယ်တကူရနိုင်သလို အသတ်ခံရတာတွေ၊ သေတာတွေကလည်း သူ တို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ရင်းနှီးနေသလို ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ တချို့က ငွေလေးနည်းနည်းပါးပါးစုမိရင် ရွာကိုပဲပြန်တော့မယ်လို့ စိတ်ကူးထားကြသလို တချို့ကတော့ လက်ဖျားငွေရွင်တာနဲ့ သောက်လိုက်စားလိုက် ပျော်လိုက်ပါး လိုက်နဲ့ ဘဝခရီး ဆက်နေကြပါတယ်။

Tags:

မျှဝေရန်

သောတာပန် သိကြားမင်း တရားမေ့ပုံနှင့် နောက်ဆက်တွဲစဉ်းစားဖွယ်

သောတာပန် ဖြစ်ပြီးသော သိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခန်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အခြွေအရံ များစွာဖြင့် ဧရာဝဏ် ဆင်ကိုစီး၍ ထွက်လာ၏။ ဥယျာဉ် တံခါးပေါက်သို့ ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာလေ၏။ ထိုပြဿနာကား-

တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြဿနာတည်း။

ထိုသို့ ပြဿနာ မေးလျှောက်လိုသော စိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင် အလယ်သို့ ရောက်လျှင် မေ့ပျောက်သွားဖွယ် ရှိသောကြောင့် ယခုပင် သွား၍ မေးလျှောက်မည်ဟု ကြံစည်ကာ ဧရာဝဏ် ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာ ရပ်၍ နေရစ်၏။ နောက်ပါ အခြံအရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။

ပုဗ္ဗာရုံ ကျောင်းတိုက်၌ သီတင်းသုံးတော် မူခိုက်ဖြစ်သော ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲက နောက်ဆံတင်းလျက် ရှိသောကြောင့်

တဏှာသင်္ခယ - နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံပြုနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်တရားကို ခပ်တိုတို အမိန့်ရှိတော်မူပါ ဟု လျှောက်လေသည်။ ဘုရားရှင်လည်း သူ၏ လျှောက်ထားချက်အရ တိုတိုပင် ဖြေတော်မူသည်မှာ…

သိကြားမင်း ရဟန္တာဖြစ်မည့် ရဟန်းသည် “အလုံးစုံသော တရားကို ငါ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း၊ စွဲလမ်းခြင်းငှာ မထိုက်” ဟု တရားစကားကို ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး) တရားအားလုံးကို သိအောင် ကြိုးစား၏။ သိသောအခါ အားလုံး ဒုက္ခချည်းပဲဟု သိပြန်၏။ ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ၀ါသနာကို အနိစ္စ စသည်ဖြင့် ရှု၍ရှု၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘာတစ်ခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။ [အချုပ်မျှ မြန်မာပြန်သည်။]

သိကြားမင်းသည် ဤသို့ အကျဉ်းမျှ ဟောပြအပ်သော ပြဿနာ အဖြေကို လွန်စွာ သဘောကျ ၀မ်းမြောက်လှ၍ “သာဓု၊ သာဓု” ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်။

ထိုသာဓု ခေါ်သံကို ဘုရားကျောင်းတော်၏ ၀ဲဘက်ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလာန် ကြား၍ “ဒီသိကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနဲ့ သာဓုခေါ်တာလား” ဟု စဉ်းစား၍ သိကြားကို စုံစမ်းလိုသောကြောင့် သိကြားနှင့် ရှေ့ဆင့်နောက်ဆင့် လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော်…

ဘုရားထံမှ တရားနာ၍ ပြန်သွားသော သောတာပန် သိကြားမင်းလည်း ဥယျာဉ်တွင်း၌ တီးကြ မှုတ်ကြ ကကြ ပြကြသည်ကို နှစ်သက်အားရ ရှုမ၀ ဖြစ်နေစဉ် အရှင်မောဂ္ဂလာန်ကို မြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီး လာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက် မျက်နှာဖြင့် အရှင်မောဂ္ဂလာန်ကို ခရီးဦး ကြိုလျက် နှုတ်ဆက်စကား လျှောက်ထားရလေ တော့သည်။

ထိုသို့ တွေ့လျှင်တွေ့ချင်းပင် အရှင်မေဂ္ဂလာန်ကပင် သိကြားမင်းကို ပြောသည်မှာ “မြတ်စွာဘုရားက အသင် သိကြားအား တဏှာသင်္ခယ- ၀ိမုတ္တိ အကြောင်းကို ဘယ်လို ဟောလိုက်ပါသလဲ၊ ငါတို့လည်း ထိုတရားကို တစ်ဆင့် နာပါရစေ” ဤသို့ ပြောလျှင် ထိုတရားကို သိကြားမင်း စဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ် စဉ်းစားသော်လည်း လုံးလုံး သတိမရသဖြင့် နာယူတုန်းက မှတ်မှတ်သားသား နာယူခဲ့သော်လည်း နတ်ပြည်ကိစ္စတွေ များသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေ လျှောက်ထားလေသည်။ [မူလပဏ္ဏာသ၊ စူဠတဏှာ သင်္ခယသုတ်မှ ကောက်နုတ်ချက်။]

စဉ်းစားဖွယ်ရာ အဖြာဖြာ

ဤတရားအရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားမေ့အောင် မှိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးလေပြီ။ နာခဲ့ရသော တရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏ အဖြေ တရားအကျဉ်းမျှသာ ဖြစ်၏။ ရှင်မောဂ္ဂလာန် မေးချိန်နှင့် ထိုတရား နာယူချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။ သို့ပါလျက် ဥယျာဉ်ပွဲ၏ မှိုင်းတိုက်မှုကြောင့် စဉ်းစား၍ မရနိုင်လောက်အောင်ပင် မေ့ရလေသည်။

ဤ၀တ္ထုကို ထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏။ မိမိကိုယ်ကို “သူတော်ကောင်း ဟုတ်ပါသည်” ဟု ၀န်ခံနိုင်သော သူတော်ကောင်း မှန်လျှင် နောက်ဘ၀အတွက် ဂတိကောင်းဖို့ များပါ၏။ သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့် နတ်ဘ၀သာ ဖြစ်ပါသည်။ ဈာဉ်မရ၍ ဗြဟ္မာ မဖြစ်နိုင်။ ရဟန္တာ မဟုတ်သေး၍ နိဗ္ဗာန် မရနိုင်ပါ။ အထက်နတ် ဖြစ်ခဲ့သော် သိကြားမင်းလို အရိယာ ပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက် သိပြီး တရားကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။

တရားမေ့၍ နတ်တို့ ဓလေ့ဖြင့် အပျော်ကြီး ပျော်မွေ့နေစဉ် (ပုထုဇဉ် ဘ၀ဖြင့်) စုတေချိန် ရောက်သောအခါ မိမိစည်းစိမ်ကို တမ်းတ၍ နွမ်းလျအားငယ်စွာ စုတေရပါမူ အပါယ်လေးပါးသို့ တစ်ဆင့်သွားဖို့ အရေး မဝေးတော့ပါ။ တစ်ခါတုန်းက နတ်သမီး ငါးရာတို့သည် ဥယျာဉ်အတွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်းကြူနေကြစဉ် ရုတ်တရက် စုတေကာ အ၀ီစိသို့ ရောက်သွားကြဖူးပါသည်။

တစ်ဖန် နောက်တစ်ချိန် ရောက်လာမည့် လူ့ဘ၀ကို တွေးလျှင်လည်း စိတ်အေးဖွယ် မရှိလှပါ။ ရှင်းပါဦးမည်။ သူတော်ကောင်း အနေဖြင့် လူ့ဘ၀တန်ဖိုးကို စဉ်းစားလျှင်
၁။ ဘုရားသာသနာနှင့် ကြုံတွေ့ရခြင်း
၂။ အားလုံး မဟုတ်စေကာမူ လူအများစုက လူကောင်း သူကောင်းများ ဖြစ်ကြခြင်း
၃။ ဆရာ မိဘတို့က သူတော်ကောင်းများ ဖြစ်ကြခြင်း
၎။ အလွန်မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသော အမျိုး၌ ဖြစ်ရခြင်း
ဤအကြောင်းများ စုံညီမှ လူ့ဘ၀ရကျိုး နပ်လိမ့်မည်။

ဘုရား သာသာနာတော် အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ်ကောင်းကို အတော်ရှာမှ ရနိုင်သော အချိန်ဖြစ်နေပြီ။ လောကီ အာရုံတွေကလည်း သောင်းကျန်း၊ ဂုဏ် ပကာသနနှင့် လာဘ်လာဘ လိုက်စားသူလည်း များ၊ လူဒကာ ဒကာမတို့လည်း သီလ သမာဓိ ပညာရှိထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ၊ မိမိတို့ဆရာ ဂုဏ်ရှိအောင်လည်း ဟိုကပ်ဒီကပ်နှင့် ကပ်ကြ၊ လူအချင်းချင်း ဂုဏ်သတင်း လွှင့်ကြနှင့် သာသနာ့ ၀န်ထမ်းများအတွက် ခေါင်က မိုးယိုနေလေပြီ။

သာသနာကို ယခု ကိုးကွယ်နေကြသော (သာသနာ့ ဒါယကာ ဆိုသူတို့၏) သားသမီးများကို သာသနာ့ဝန်ထမ်း ရဟန်းတော်များက သင်ပြပေးမှုသည် တစ်စတစ်စ လက်လွတ်၍ လာခဲ့ရာ ယခုအခါ တစ်ချို့ ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ။ ကျောင်းသား မရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေ ဘ၀၌ စာသင်၍ စာတတ်သော ရဟန်းလည်း မရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက် ရဟန်းကြီးတွေသာ ကျောင်းကြီး ကန်ကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြပေလိမ့်မည်။

တစ်ဖန် သာသနာကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ရသော ဒကာ၊ ဒကာမများ ဘက်ကို ဆက်လက် စဉ်းစားပြန်လျှင် ယခုအခါ ကလေးတွေ သင်ယူနေကြသော ပညာသည် လောကီအတွက် တစ်ဘ၀မျှ အကျိုးပေးနိုင်သော ခေတ်မီပညာကား ဟုတ်လောက်စရာ ရှိပါ၏။ သို့သော် ထိုပညာ၌ မဂ်ဖိုလ်နိဗ္ဗာန် ယုံကြည်ဖို့ ဉာဏ်ကို မဆိုထားဘိ၊ ကံနှင့် ကံ၏အကျိုးကိုမျှ နားလည်စေနိုင်သော ပညာပင် ပါရှိပါ၏လော။ ထိုသို့ မပါလျှင် နတ်ပြည်၊ ဗြဟ္မာ့ပြည်ဆိုတာ ယုံကြည်ဦးမှာလော။ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မယုံလျှင် ငရဲ ပြိတ္တာကို ယုံဦးမည်လော။ ထိုသို့ မယုံသူသည် ရဟန်းသံဃာတို့အား ပစ္စည်းလေးပါး မဆိုထားဘိ၊ ၀မ်းဝရုံမျှ ဆွမ်းပေးဖို့ သတိရပါဦးမည်လော။

ထို့ပြင် ယခုပညာသင်နေသော ကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘ အမွေအနှစ်ကို များများစားစား ရကြတော့မည် မဟုတ်။ သူတို့၏ ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့ မနိုင့်တနိုင် ကြိုးစားနေကြရ လေပြီ။ လူတို့ အသုံးအဆောင် အလှအပ ပကာသန တွေကလည်း တစ်စထက်တစ်စ တိုး၍တိုး၍ လာတော့သည်။ ယခု ကလေးများ ကျောင်းမှထွက်၍ အသက်မွေးသောအခါ သူတို့ပညာသည် သူတို့၏ အိမ်သူအိမ်သားများ ၀မ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစားနိုင်မှ (သို့မဟုတ် မတရား ရှာနိုင်မှ) တော်ရုံကျပေလိမ့်မည်။ ထိုမျှလောက် အသက်မွေး ခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင် သာသနာကို ထောက်ပံ့နိုင်တော့ မည်နည်း။

တစ်နည်း စဉ်းစားပြန်လျှင် သာသနာ့ဝန်ထမ်း ရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး အပါးဝ၍ လောကီ အသက်မွေးဝမ်းကျောင်း အခြေခံရအောင် သင်ပြဖို့ တာဝန်ရှိနေသည်။ အရာရာ ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်း လုံလုံလောက်လောက် ရှိ၏။ သို့သော် ယနေ့တိုင်အောင် (အချို့ကျောင်းများမှ တစ်ပါး အများအပြားက) မစဉ်းစားကြ သေးချေ။ ထိုသို့ မစဉ်းစားရုံသာ မက အသွားအလာ အနေအထိုင်မှ စ၍ ခေတ်လူတို့၏ စိတ်ကို ဆွဲငင်နိုင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာ တတ်သူတို့၏ အထင်သေး အမြင်သေးကိုသာ အများစုက ခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အားပေးလိုကြ လိမ့်မည်လော။ ဤအချက်များကို တွေးပြန်သော် သာသနာ ဆုတ်ယုတ်ဖို့ အရေးသာလျှင် နီးသည်ထက် နီးလာသည်ကို တွေ့ရပါသည်။

နောက်လာမည့် ဘ၀၌ လူအများစုက လူကောင်းသူကောင်း ဖြစ်ဖို့လည်း မလွယ်ကူတော့ချေ။ ထင်ရှားစေအံ့။ လူကောင်း သူကောင်းခေတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ- ဤတရားသုံးပါး ထွန်းကားသော ခေတ်တည်း။ ယခုမျက်မြင်မှာကား တစ်ယောက်အပေါ် တစ်ယောက်က ကောင်းကျိုး လိုလားသော မေတ္တာအစစ် နည်းပါးလှလေပြီ။ မေတ္တာမရှိလျှင် ဆင်းရဲသူကို မြင်၍ သနားသော ကရုဏာနှင့် ချမ်းသာသူကို မြင်၍ ၀မ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခုဖြစ်နေသည်မှာ တစ်ယောက် ကောင်းစားသည်ကို အခြား တစ်ယောက်က မနာလိုသော ဣဿာ၊ မိမိကဲ့သို့ ကြီးပွားမည်ကို စိုးသော မစ္ဆရိယ၊ အထက်တန်း ရောက်နေသောသူက စိတ်ကြီးဝင်သော အထက်တန်းမာန၊ အောက်ကျသော သူကလည်း “ဘာအရေး စိုက်ရမှာလဲ” ဟူသော အောက်တန်း မာနတွေ ဝေဆာလျက် ရှိလေသည်။

ထို့ပြင် လိုချင်ဖွယ် အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေလည်း တစ်နေ့တခြား တိုးပွားလာရကား (မီးသည် လောင်စာရှိသလောက် လိုက်၍ လောင်သလို) ယခု လူတို့သန္တာန်၌ လောဘကလည်း အာရုံများသလောက် ကြီးမား၍ လာလေသည်။ လောဘအလိုကို မဖြည့်နိုင်သော အခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု၊ စစ်ဖြစ်မှုတိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲနှင့် တကဲကဲ ဖြစ်၍ နေလေတော့၏။ ဤသို့ အကောင်း တရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်းသူကောင်း ရှားပါးနေရကား နောင်ကာလ၀ယ် အဘယ်မှာ ယခုထက်ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။

ထိုသို့ လူကောင်းသူကောင်း အလွန်နည်းပါးမည့် နောင်ကာလ၌ မိဘကောင်း၊ ဆရာကောင်းလည်း ရနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ အားကိုးစရာ မိဘကောင်း၊ ဆရာကောင်း မရှိဘဲ မတရားလူများ၏ အလယ်မှာ မိမိတစ်ယောက်တည်း လူကောင်းကလေး ဖြစ်ဖို့လည်း မလွယ်ကူပါ။ ထို့ကြောင့် နတ်ပြည်မှာ မှိုင်းတိုက်မည့် အာရုံများ၌ သွားဖို့ ခက်သလို လူ့ပြည်မှာလည်း အကုသိုလ် ထွန်းကားတော့မည့် အတွက် လူပြန်ဖြစ်ဖို့ ခက်လှပါတော့သည်။

ဤနေရာဝယ် မိမိ စဉ်းစားမိသော အကြောင်းတစ်ခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ် ကိစ္စဖြင့် သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစော ရောက်နေ၏။ မီးရထား တွဲထိုးမည့် နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ စကားပြောနေစဉ် ရထားတွဲထိုးသဖြင့် လူအများ လှုပ်ရှားသံ ကြား၍ စကားဖြတ်ပြီး လှည့်ကြည့်လိုက်ရာ နေ့စဉ် ထုံးစံအတိုင်း အလုအယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။

ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံး ရထားစီးရမည့် အချိန်မှာ ၂-ရက်နီးနီးနှင့် တစ်ညသာ ဖြစ်၏။ ထိုမျှ အချိန်အတွင်း၌ နေရာကောင်း မရလျှင် ဆင်းရဲမည် စိုး၍ အလုအယက် နေရာယူကြသည်။ တချို့လည်း ငွေပိုပေး၍ သီးခြား နေရာရအောင် ကြိုးစားရသည်။ ထိုမျှမက ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်။ မတော်လို့များ နေရာကောင်း မရပြန်လျှင် အလွန်ပင် စိတ်မကောင်း ဖြစ်၏။ မိမိနေရာ အနီးက လူကိုကြည့်၍ ရိုးသားပုံ မရလျှင် တစ်လမ်းလုံး စိတ်မချကြ။

ဤ ၂-ရက် တစ်ညအချိန်အတွင်း ဆင်းရဲမည့် အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း ကြိုးစားသူတို့သည် နောက်ဘ၀ ဟိုနောက်နောက် ဘ၀တို့ အတွက် နိဗ္ဗာန်အထိ နေရာကောင်း၊ အဖော်ကောင်း ရအောင် အဘယ်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့် မည်နည်း။ မတော်တဆ ခြေချော်လက်ချော် ဆိုသလို အပါယ်လေးပါး ရောက်သွားရလျှင် တစ်ဘ၀လုံး ဆင်းရဲရုံသာ မက အဆက်ဆက် အကုသိုလ် တိုးပွား၍ အဆက်ဆက် နေရာကောင်း မရဘဲ ရှိနိုင်သည်။ လူ့ဘ၀ ရောက်သော်လည်း လူနုံလူမွဲ လူဆင်းရဲ ဖြစ်၍ တစ်ဘ၀လုံး အောက်ကျ နောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဖို့ ခရီးတိုလေး အတွက် ကြိုးစားသလောက်မျှ နောက်ဘ၀၌ နေရာကောင်း ရအောင် မကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ၊ အရှည်ကို မြော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်း ညံ့လွန်းကြလေစွ တကား၊ ဤသို့ စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြမိခဲ့ ပါသည်။

ပြခဲ့သော စဉ်းစားဖွယ် တို့ကို ဤကျမ်းစာ ရှုသူများလည်း လေးလေးနက်နက် စဉ်းစား၍ လက်လှမ်းမီ တရားထူးကို ရအောင်သော်လည်း ကြိုးစားသင့် ကြ၏။ ရှေးဘ၀က အထုံဝါသနာ ပါခဲ့သည့်အတိုင်း အထက်တန်း ပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ် နည်းအောင် သတိထား၍ ဒါန၊ သီလ စသော ပါရမီများကို အနှစ် အမြုတေ တည်လျက် မပျက်နိုင်အောင် အလွန် ကြိုးစားသင့်၏။ ထိုသို့ ကြိုးစားလျှင်ကား နတ်ပြည်၌လည်း နတ်သူတော်ကောင်း၊ လူ့ပြည်၌လည်း ထူးခြားသော လူသူတော်ကောင်းများ ဖြစ်၍ (ရှေး အလောင်းတော်တို့ သာသနာပ၌ပင် ပါရမီများစွာ ဖြည့်ကျင့်တော် မူကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီ ဖြည့်ကျင့်နိုင်ကြ ပါလိမ့်သတည်း။