Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 11, 2009

နော်ဝေကောင်ကင်ယံမှ ထူဆန်းတဲ့ အလင်းတန်း





မနေ့ညက ဘာကြောင့် အပြာရောင်နှင့်အဖြူရောင်ရောစပ်ထားတဲ့ ရုတ်တရက် ဘာကြောင့်ပေါ်လာရတာလဲဆိုတာကို မေးစရာရှိပါတယ်။ အကယ်၍ သင်သိရင် နော်ဝေနိုင်ငံက သူငယ်ချင်းတွေကို ဘာကြောင့်ဆိုတာ စာရေးပို့လိုက်ပါ။ အဲ့ဒီနေရာမှာ နေထိုင်တဲ့ သူတွေကတော့ ထူးဆန်းတဲ့ အလင်းတန်းကို ဘာကြောင့်ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။ အမှန်ကတော့ ကမ္ဘာ မြောက်ပိုင်းဒေသတွေ မှာ တခါတရံ သံလိုက်စက်ကွင်းကို ထို့ကဲ့သို့ အလင်းရောင်ဖြင့် တွေ့မြင်ရတတ်ပါတယ်။ ထို အပြာရောင် အလင်းကိုတော့ နော်ဝေနိုင်ငံ မြောက်ပိုင်းက တောင်တစ်ခု နောက်မှ ပျံတက်သွားတဲ့ပုံစံကို မြင်ရခြင်းဖြစ်ပါတယ်။ပီးတော့ လေပွေလိုလည်း လည်နေပါတယ်။ ထိုကဲ့သို့ လည်နေတဲ့ အလယ်မှာ မှ အနီနဲ့အဖြူ ရောင်ခြည် တန်းက ထွက်ပေါ်လာတာဖြစ်ပါတယ်။ တွေ့ရှိကြတဲ့ လူတွေကတော့ ထုံးစံအတိုင်း တစ်ယောက်တမျိုး ထင်မြင်ချက်တွေပေးကြတာပေါ့။ နိုင်ငံရဲ့ ကာကွယ်ဌာနမှ ပြေားရေးဆိုခွင့်ရှိသူ Jon Espen ကတော့ ဒီအလင်းရောင်ခြည်ဟာ ရုရှားနိုင်ငံမှ ဒုံးလက်နက် စမ်းသပ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ သူတေသီ တစ်ယောက်ဖြစ်တဲ့ Truls Lynne Hansen ဟာကလည်း ရှုရှားနိုင်ငံမှ ဒုံးကျည်စမ်းသတ်တာဖြစ်နိုင်တယ်လို့ပြောပါတယ်။ ပစ်လိုက်တဲ့ ဒုံးကျည်ဟာ ထိန်းချူပ်မှု့အောက်က လွတ်ထွက်ပြီး လမ်းကြောင်း ပြောင်းသွားတာဖြစ်နိုင်တယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ ရုရှားဖက်ကတော့ အဲ့ဒီအချိန်တွင်းမှာ သူတို့ဖက်မှာ ဘာစမ်းသပ် လွတ်တင်မှု့ တစ်စုံတရာမရှိပါဘူးလို့ ငြင်းဆိုတဲ့ပါတယ်။

# Posted by cholay on December 10, 2009 at 9:43pm

No comments:

Post a Comment