Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Saturday, December 5, 2009

နယ်စပ်လမ်းက ၀မ်းတထွာ ၆ -----ခိုင်မာကျော်ဇော-----ဒီဇင်ဘာ ၄၊ ၂၀၀၉





နယ်စပ်လမ်းက ၀မ်းတထွာ ၆-ခိုင်မာကျော်ဇော-ဒီဇင်ဘာ ၄၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ သစ်တောများစွာရှိပြီး၊ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ကရင်ပြည်နယ်စပ်၊ သောင်းရင်းမြစ်နဲ့ သံလွင်မြစ်ကမ်းတလျှောက်မှာ သစ်ဖြတ်၊ သစ်ဆွဲ၊ သစ်ခွဲအလုပ်နဲ့ သစ်ကြမ်းထည်တွေကနေ ဈေးကွက်ဝင် အချော ထည် ပစ္စည်းတွေ ဖြစ်အောင်ပြုလုပ်ပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားများစွာရှိပါတယ်။
ထိုင်း-မြန်မာ ကရင်ပြည်နယ်စပ်က သစ်တောတွေကို ကရင်လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ သစ် မာစတဲ့ ဈေးကွက်ဝင်တဲ့သစ်တွေကို ခုတ်လှဲပြီး ထိုင်းသစ်ကုန်သည်တွေဆီကို ရောင်းချနေကြတာပါ။ ဒီလုပ်ငန်းအတွက် လိုအပ်တဲ့ အလုပ်သမားတွေကို လက်နက်ကိုင်အဖွဲ့တွေ၊ ထိုင်းသစ်ကုန်သည်တွေက ငွေပေးပြီး ငှားရမ်းလုပ်ကိုင် ကြတာဖြစ်ပါတယ်။
သစ်လုပ်ငန်းနဲ့ ဝမ်းကြောင်းနေကြသူတွေဟာ ငှက်ဖျားပေါတဲ့ တောတွေတောင်တွေ၊ နယ်စပ်ဒေသတွေမှာ လုပ်ကိုင်ရတာ မို့ အစားအသောက် အနေအထိုင် ဂရုစိုက်ရသလို လက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်ရှိတဲ့ သစ်ကုန်သည်တွေနဲ့ အလုပ်လုပ်ရတဲ့ အတွက် အရာရာမှာ သတိရှိရပါတယ်။

ကရင်ပြည်နယ်ထဲက ဒီကေဘီအေ သစ်ထုတ်စခန်းတခု
“ဒီအလုပ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ လုပ်ရတာဆိုတော့ သတိရှိဖို့လိုတယ်။ ငှက်ဖျားမမိအောင်လည်း အစားအသောက် အနေအထိုင်လည်း ဂရုစိုက်ရတယ်။ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရနိုင်သလို ငှက်ဖျားမိလို့ ဆုံးပါးရတာတွေ၊ အထင်အမြင်လွဲပြီး အသတ်ခံရတာတွေလည်း အများကြီးရှိတယ် …” လို့ သစ်ခုတ်၊ လွှဆွဲအလုပ်ကို နှစ်ပေါင်း ၃ဝ နီးပါးလုပ်ခဲ့တဲ့ ကရင်ကြီးက ပြောပါတယ်။

ကရင်ကြီးဟာ သစ်ပင်ကြီးတွေကို လွှနဲ့တိုက်၊ လှဲကျလာတဲ့ သစ်ပင်ကြီးတွေကို အပိုင်းပိုင်းဖြတ်။ ပြီးတော့ ဆင်တွေ၊ ကား တွေနဲ့ အတင်အချလုပ်။ လွှစင်ပေါ်က သစ်လုံးကြီးတွေကို လိုအပ်တဲ့အရွယ်အစားအဖြစ်အောင် လွှတိုက်လွှဆွဲရတဲ့ အလုပ်ကို မိဘ ဖိုးဖွားတွေဆီက အမွေရခဲ့တာပါ။ ကရင်ပြည်နယ်စပ်မှာ ကေအဲန်ယူက သစ်တွေခုတ်လှဲ ရောင်းချတဲ့အချိန်ကစလို့ သစ်ခုတ်လုပ် သားဘဝနဲ့ ကရင်ကြီး အသက်မွေးဝမ်းကြောင်းခဲ့ပါတယ်။ သံလွင်မြစ်ကမ်းနံဘေးက ကေအဲန်ယူ သစ်ခွဲစက်တွေမှာလည်း လွှဆွဲ တဲ့အလုပ်ကို (၁ဝ)နှစ်ကျော်ကြာလုပ်ခဲ့သူပါ။
ကရင်ပြည်နယ်ထဲက သစ်တောတွေကို ဒီကေဘီအေဖွဲ့က ထိန်းချုပ်ပြီး သစ်တွေကို ခုတ်လှဲရောင်းချကြတော့လည်း ကရင် ကြီးပါဝင်တဲ့ သစ်ခုတ်လုပ်သားတချို့ဟာ ဒီကေဘီအေ သစ်ထုတ်လုပ်တဲ့ နေရာတွေမှာ သွားရောက်ပြီး သစ်ဖြတ်၊ သစ်ဆွဲ၊ သစ်ခွဲတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ကြပါတယ်။
“အရင်တုန်းက ကေအဲန်ယူတဖွဲ့ထဲဆိုတော့ လုပ်ရတာ နည်းနည်းတော်တယ်။ နောက်ပိုင်းမှာ ဒီကေဘီအေလည်း သစ် လုပ်လာတယ်။ သစ်ကုန်သည်တွေကလည်း ပိုပြီးခြေရှုတ်လာတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ သစ်ကုန်သည်တွေကြားမှာ ငွေကြေး အရှုတ်အရှင်းရှိသလို အပစ်အခတ်တွေလည်းရှိတော့ သစ်လုပ်သားတွေအတွက် အန္တရာယ်ပိုများလာတယ်”
လို့ ကရင်ကြီိးက ပြော ပါတယ်။ အခုတော့ ကရင်ကြီး ထိုင်းနိုင်ငံဘက်ကမ်းက သစ်စက်တခုမှာ သစ်ခွဲတဲ့အလုပ်ကို လုပ်နေပါတယ်။
ကရင်ကြီးလိုပဲ ထိုင်းနိုင်ငံဘက်ကမ်း သောင်းရင်းမြစ်ကမ်းတလျှောက်က မယ်ပ၊ မယ်တန်၊ မယ်လယ်မ၊ မယ်သရိစတဲ့ရွာ တွေမှာ မိသားစုတွေနဲ့ နေထိုင်ပြီး သစ်ဆွဲ၊ သစ်ခွဲတဲ့အလုပ်တွေကို တနေ့ ဘတ် ၆ဝ၊ ၇ဝနဲ့ နေ့စားလုပ်သူတွေ၊ တလ ဘတ် ၂၅ဝဝ၊ ၃ဝဝဝနဲ့ ပုတ်ပြတ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများစွာ ရှိပါတယ်။

ထိုင်း-မြန်မာနယ်စပ်က သစ်အရောင်းဆိုင် တဆိုင်
သူတို့ကတော့ ထိုင်းသစ်ကုန်သည်တွေရဲ့ သစ်တွေကို လွှစင်တွေ၊ သစ်စက်တွေနဲ့ ခွဲခြမ်းစိတ်ဖြာပေးကြရသလို တချို့က တော့ ထိုင်း-မြန်မာနယ်စပ်က ထိုင်းအစိုးရပိုင် သစ်တောတွေမှာ သစ်ခိုးထုတ်တဲ့ အလုပ်တွေကို သက်စွန့်ဆံဖျား လုပ်ကြရပါတယ်။ ထိုင်းသစ်တောတွေထဲက သစ်ခိုးထုတ်တဲ့အလုပ်ကို ထိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းသစ်ကုန်သည်တွေက မြန်မာသစ်လုပ်သား တွေကို ငှားရမ်းပြီး ပူးပေါင်းလုပ်ကိုင်ကြတာလို့ မြန်သစ်လုပ်သားတွေက ပြောကြပါတယ်။
“ဒီအလုပ်က ရိုးရိုးသစ်ဖြတ်၊ လွှဆွဲရတာနဲ့မတူဘူး။ အန္တရာယ်များတော့ တနေ့ကို ဘတ် ၁ဝဝ၊ ၁၅ဝ ပေးပြီးဌားကြတယ်။ ကျနော်တို့ မြန်မာတွေကလည်း စားဝတ်နေရေးခက်အခဲကြတော့ အန္တရယ်ရှိမှန်းသိပေမယ့် မျက်စိမှတ်ပြီးလုပ်ကြတာပဲ”လို့ သစ် လုပ်သားတဦးက ပြောပါတယ်။
ထိုင်းနယ်စပ်မှာ သစ်ခိုးထုတ်တာတွေများလို့ ထိုင်းဘက်ကမ်းကသစ်တောတွေကို သစ်တောဝန်ထမ်းတွေ၊ နယ်ခြားစောင့် အဖွဲ့တွေက အမြဲစောင့်ကြည့်နေတာပါ။ အန္တရာယ်များတဲ့ သစ်ခိုး၊ သစ်ဖြတ်တဲ့အလုပ်ကို မလုပ်ချင်ကြပေမယ့် မလွဲမရှောင်သာ လုပ်နေရသူတွေလည်းရှိပါတယ်။
“ကျနော်တို့နေတာက သူတို့နယ်မြေထဲမှာ နေရတာဆိုတော့ သူတို့ခိုင်းတာ မလုပ်ရင် ကျနော်တို့နဲ့ ကျနော်တို့မိသားစု တွေကိုပါ ဒုက္ခပေးမှာစိုးတယ်။ တချို့ဆို သူတို့ခိုင်းတာမလုပ်လို့ တောထဲခေါ်သွားပြီး ဖြောင်ပစ်လိုက်တာတွေ။ တချို့ မိသားစု အလိုက် အသတ်ခံလိုက်တာတွေရှိတယ်” လို့ သစ်လုပ်သားတွေက ပြောကြပါတယ်။
သစ်လုပ်သားတွေဟာ တောထဲသွားပြီး သစ်ခိုး၊ သစ်ဖြတ်မှ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ခိုးဖြတ်လာတဲ့ သစ်ကြမ်းထည် တွေကို စားပွဲ၊ ကုလားထိုင်၊ ကုတင်၊ မှန်တင်ခုံ၊ ဆင်ရုပ်၊ မြင်းရုပ်၊ မင်းသမီးရုပ်စတဲ့ ရောင်းကုန်ပစ္စည်းတွေဖြစ်အောင် ပြုလုပ် နေကြသူတွေကလည်း သစ်တောဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေကို ထိတ်လန့်နေကြရတာပါ။

သစ်ကြမ်းထည်မှ ဈေးကွက်ဝင်အရုပ်များ
“ကျနော်တို့က သစ်ကြမ်းထည်တွေကနေ အချောထည်ပစ္စည်းဖြစ်အောင် လုပ်ပေးရတာပါ။ ခိုးလာတဲ့ သစ်တွေကို ပုံဖျက် ပေးရတဲ့သဘောပါ။ တချို့ပစ္စည်းတွေက အချိန်ယူပြီး အချောကိုင်ရသလို တချို့ကတော့ ညတွင်းချင်းမှာပဲ ပုံကြမ်းပေါ်အောင်လုပ်ပြီး လက်စလက်နဖျောက်ရတယ်”လို့ အလုပ်သမားတဦးက ပြောပါတယ်။
ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့ ထိုင်းလုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာတွေကိုငွေပေးပြီး စီးပွားရှာနေကြတာပါ။ လုပ်ငန်းရှင် အချင်းချင်း မသင့်မြတ်လို့ တိုင်ကြတောကြတဲ့အခါမှာ ကြားထဲကနေ မြန်မာအလုပ်သမားတွေက ဓားစာခံတွေ ဖြစ်ကြရတာများ ပါတယ်။ ဒီအလုပ်လုပ်ပြီး သစ်ခိုးမှု၊ ဖျောက်ဖျက်မှုစတာတွေနဲ့ ဂတ်ရောက်၊ ထောင်ရောက်ကြတဲ့ မြန်မာတွေလည်း အများကြီးပါ။
ထိုင်း-မြန်မာနယ်စပ်မှာ သစ်လုပ်ငန်းနဲ့ ကြီးပွားချမ်းသာနေကြတဲ့ လက်နက်ကိုင်တွေ၊ သစ်ကုန်သည်တွေအများကြီး ရှိ သလို သစ်ခုတ်၊ သစ်ဆွဲ၊ သစ်ခွဲအလုပ်ကိုလုပ်ပြီး တောတွေတောင်တွေထဲမှာ သေဆုံးခဲ့ရသူတွေ၊ ငှက်ဖျားမိပြီး လုံးပါးပါးသွားသူတွေ၊ နှစ်ရှည်ထောင်နန်းစံနေကြတဲ့ မြန်မာသစ်လုပ်သားတွေလည်း များစွာရှိနေပါတယ်။ RFA။ ဓာတ်ပုံ - ခိုင်မာကျော်ဇော)

# Posted by aung myo on ဒီဖင်ဘာ 4, 2009 at 7:06am

No comments:

Post a Comment