Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 18, 2009

လွတ်လပ်ေ၇းနေ. ကို ဂုဏ်ပြုခြင်း။


သူငယ်ချင်းတို.ေ၇
Christmas နီးလာပြန်ပြီနော်။ christmas ပြီးပြန်တော. new year လေ ။ တစ်နှစ် ကုန်ပြန်ပြီပေါ့။ နောက်နှစ်ေ၇ာက်ပြီ ဆို၇င် ပဲ လွတ်လပ်ေ၇းနေ. ကို ကြုံ၇ပြီပေါ့နော်။ တို.လေ ငယ်ငယ်တုန်းက ကဗျာ၇ွတ်ပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ.တဲ. ကဗျာလေးကို သတိ၇လို.ပါ။ ကြာတော့ ကြာခဲ.ပါပြီ။ ၁၉၉၀ ခုလောက်ကပေါ့။ သူငယ်ချင်းတို. ဖတ်ကြည့်ကြပါနော်။
ပထမ ကဗျာလေးကတော့ လွတ်လပ်ေ၇း အတွက် တိုက်ပွဲဝင်တဲ့ ကဗျာလေးပါ။
ဟိုေ၇ှးယခင် အ၇ှင်များနဲ. ၊
ကိုယ့်ထီးကိုယ့်နန်း ၇ွှင်လန်းပျော်။
ကျူးကျော်၇န်၇ှာ မိစ္စာများကြောင့်၊
တိုင်းတစ်ပါးအောက်ေ၇ာက်ခဲ.သနော်။
အမေကျော်ကာ ဒွေးတော်မလွမ်းနဲ.၊
တို.ပြည်တစ်ဝှမ်း သာလို.မော်။
ပထွေးကိုနော် အဖေမမှတ်နဲ.၊
အသဲမှာဆက်ဆက် မှတ်ထားနော်။
တို.ဘိုးဘွားတွေ တိုက်ခဲ့ပေးလို.၊
လွတ်လပ်ေ၇းဟာ ၇ခဲ.သနော်။
တိုင်းကျော်ပြည်ကျော် ဆင်ယဉ်နွှဲလို.၊
ပျော်ပွဲ၇ွှင်ပွဲ ခြိမ့်သဲပျော်။
မှန်းမျှော်၇ည်ကာ လွတ်လပ်ေ၇းနေ.၊
ကမ္ဘာတည်သေ၇ွ. မေ့မ၇သနော်။
မေ့မ၇သနော် မေ့မ၇သနော်။ ။ ။
ဒီကဗျာလေးကတော့ လွတ်လပ်ေ၇း၇ပြီး တိုင်း၇င်းသားတွေပျော်နေကြတဲ့ ကဗျာလေးပါနော်
ဆောင်းနှင်းမြူတို.မှုန်ကာမှိုင်း၊
နယ်ချဲ. ၇ှစ်ခွင်တိုင်း။
၇ပ်တိုင်း၇ွာတိုင်း နွှဲပျော်၇ွှင် ၊
အိုးစည်ဒိုးပတ်လွင်။
လွတ်လပ်သဘင် ဆင်ယဉ်နွှဲ၊
အောင်လံ လေမှာဝဲ။
လက်တွဲညီကြ သားချင်းတွေ၊
လွတ်လပ်ေ၇းအမွေ။
ဇန်န၀ါ၇ီ ၄ ၇က်နေ.၊
တစ်သက် တို.မမေ့။
အလေးပြုပါပေ.။။။။။။။။
ဒီကဗျာလေး ၂ပုဒ်နဲ. လွတ်လပ်ေ၇းကို ၇ယူပေးခဲ့သော ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ ၊ ကျ ဆုံးလေပြီးသော အာဇာနည်း ခေါင်းဆောင် ကြီးများအား အလေးပြုပါ၏။။။။။။။။။။။။။

# Posted by jewel on December 18, 2009 at 8:47pm

No comments:

Post a Comment