Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, December 16, 2009

မြန်မာအလုပ်သမားများအား တင်ဆောင်လာသည့် ထိုင်းရဲကားကို စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်မြို့နှင့် ရနောင်းမြို့အကြားရှိ အမှတ်(၂) စစ်ဆေးရေးစခန်းတွင် ချွန်ဖွန်ဘက်မှလာသော မြန်မာအလုပ်သမားများအား တင်ဆောင်ထားသည့် ထိုင်းရဲကားတစ်စီးကို ယခုလ (၆)ရက်နေ့၊ နံနက်ပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

(၁၉၁) အရေးပေါ် ကားနံပတ် ၃၉၂၉၇ ကားဖြင့် လိုက်ပါလာသူ မောင်ဝါး အသက်(၄၆)နှစ်၊ အလင်း အသက် (၄၀)နှစ်နှင့် မအမိုး အသက် (၂၁)နှစ်တို့ကို ခေါ်ဆောင်လာသည့် ရဲတပ်သားများနှင့်အတူ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်သား နိုင်စုန်ပိုး (၄၃)နှစ်နှင့် နိုင်ကဆင် အသက် (၅၂)နှစ် တို့နှစ်ဦးအား အာဏာပိုင်များက မေးမြန်းစစ်ဆေးရာ၊ ရနောင်းမြို့မှ ထိုင်းလူမျိုး ရာဘာခြံ လုပ်ငန်းရှင်းတဦးက ခေါ်လာခိုင်းသဖြင့် ခေါ်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။

အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းအစိုရမှ ထုတ်ပေးထားသော အလုပ်လုပ်ကိုင် နေထိုင်ခွင့် လက်မှတ်(ဘတ်)ရှိသော်လည်း နယ်မြေဖြတ်ကျော်ခွင့် မပါသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးခံရသည့် ထိုင်းရဲတပ်သားနှစ်ဦးက မြန်မာအလုပ်သမားများတွင် အလုပ်သမားလက်မှတ်ရှိသဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသော်လည်း ၄င်းတို့ကို မြန်မာအလုပ်သမားများနှင့်အတူ ရနောင်းမြို့ အချုပ်ခန်းတွင် ဖမ်းဆီး ထိမ်းသိမ်းထားသည်။

ယခုလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်မှ အဖြတ်တွင် (၁၉၁)အရေးပေါ် အနောက်အမိုးဖွင့်ကားပေါ်၌ ပန်ကာနှင့်အတူ အိမ်အသုံးအဆောင်များ တင်ဆောင်လာသဖြင့် သံသယရှိသောကြောင့် စစ်ဆေးရာမှ ယခုကိစ္စ ပေါ်ပေါက်လာခြင်ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ယမန်နေ့က ထုတ်ဝေသည့် ထိုင်းရပ်သတင်းစာ မျက်နှာဖုံးတွင် ရေးသားဖေါ်ပြထားသည်။

Tuesday, 08 December 2009 13:12
http://www.ghre.org/mm/index.php?option=com_content&view=article&id=419:2009-12-08-06-14-41&catid=1:latest-news&Itemid=54

No comments:

Post a Comment