ဘုရားဂုဏ်တော် ( ၉ ) ပါး
အရဟံ
လူ၊နတ် ဗြဟ္မာ တို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတွေ ကို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရားး
ဝိဇ္ဇာစရဏ သမ္ပာန္နော
ဝိဇ္ဇာ (၃)ပါး၊ ၀ိဇ္ဇာ (၈)ပါး၊ စရဏ (၁၅)ပါး တို့နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား။
သုဂတော
ကောင်းသောစကားကို သာ ဆိုတော်မူသော မြတ်စွာဘုရား
လောက ၀ီဒူ
သတ္တလောက၊ သင်္ခါရလောက။ သြကာသ လောကာ ဟူသော လောက (၃)ပါး ကို သိမြင်တော်မူသော မြတ်စွာဘုရား။
အနုတ္တရော ပုရိသ ဓမ္မသာရထိ
မလိမ္မာ၊ မယဉ်ကျေးသော လူနတ် ဗြဟ္မာ သတ္တ၀ါ တို့ကို လိမ္မာယဉ်ကျေးအောင် ဆုံးမ တော်မူသော မြတ်စွာဘုရား
သတ္တာဒေ၀ မနုသာနံ
လူ၊နတ်၊ ဗြဟ္မာ သတ္တ၀ါ တို့ ကို လိမ္မာယဉ်ကျေးအောင် ဆုံးမ တော်မူသော မြတ်စွာဘုရား
ဗုဒ္ဓေါ
သစ္စာလေးပါး ကို ကိုယ်တော်တိုင် သိမြင်သကဲ့သို့ သူတစ်ပါး ကို လည်းသိအောင် ဟောတော်မူသော မြတ်စွာဘုရား။
ဘဂ၀ါ
ဘုန်းတော် (၆)ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
တရားဂုဏ်တော် (၆)ပါး
သွက္ခာတော ဘဂ၀တော ဓမ္မော
ကောင်းစွာ ဟောကြားတော်မူသော တရားဖြစ်သောကြောင့်
သိန္နဌိကော
ကိုယ်တိုင် သိမြင်ထိုက်သော တရားတော်
အကာလိကော
အခါမလင့် အကျိုးပေးနိုင်သော တရားတော်
ဧဟိ ပဿိကော
တရားတော် ကို ရှုလှည့်စမ်းပါလို့ ဖိတ်ခေါ်ထိုက်သောကြောင့်
သြပနေယျကော
မိမိ စိတ် မှာ ကိပ်ပြီး ဆောင်ယူထိုက်သော တရားတော်
ပစ္စတ္တံဝေဒိတဗ္ဗော ၀ိညူ ဟိ
ကိုယ်စီကိုယ်ငှ သိအပ် ခံစားအပ်သောကြောင့်
သံဃာဂုဏ်တော်(၉)ပါး
သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော
ကောင်းစွာ ကျင့် တော်မူသောကြောင့်
ဥဇုပ္ပန္နော ဘဂ၀တော သာဝကသံဃော
ဖြောင့်မတ် စွာကျင့်တော်မူသောကြောင့်
ဥာယပ္ပဋိ ပန္နော ဘဂ၀တော သာဝကသံဃော
နိဗ္ဗာန် အလို့ငှာ ကျင့် တော်မူသောကြောင့်
သာမိစိပ္ပန္နော ဘဂ၀တော သာဝကသံဃော
ရိုသေအောင် လျော်စွာ ကျင့်တော်မူသောကြောင့်
အာဟုနေယျော
အဝေးမှ ဆောင်၍ ပူဇော်အပ်တဲ့ ပစ္စည်းကို ခံယူထိုက်သောကြောင့်
ပါဟုနေယျော
ဧည့်သည် တို့ဖို့ စီမံအပ်သော ပစ္စည်း ကို ခံယူထိုက်သောကြောင့်
ဒက္ခိနေယျော
နောင်တမလွန်အတွက် ရည်ရွယ်ပြီး လှူတဲ့ အလှူကိုခံထိုက်သောကြောင့်
အဉ္ဇလီ ကရဏီယျော
လက်အုပ်ချီမှု ကို ပြုထိုသောကြောင့်
အနုတ္တရံ ပုညက္ခေတ္တံ လောကသ
ကောင်းမှုမျိုးစေ့ ကို ကြဲချ စိုက်ပျိုးဖို့ ရာ မြတ်တဲ့လယ်ယာ နဲ့ တူသောကြောင့်
ခင်သီတာ
မှတ်ချက် ။ ။ လိုအပ်တာများရှိရင်တောင်းပန်ပါတယ်
Tags: ဘာသာရေး
မျှဝေရန်
# Posted by ခင်သီတာ on နိုဘင်ဘာ 26, 2009 at 2:00pm
ရောင်နီတွေနဲ့ ဒို့အတူ
3 weeks ago
No comments:
Post a Comment