Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, October 20, 2009

"ထားဝယ်ရိုး ကြက်ခိုး"

ပြောသင့်တာလေးတစ်ခု ပြောချင်လို့ ပြောရဦးမယ်။ ထားဝယ်သူ ၊ ထားဝယ်သား များဟာဆိုရင်အလွန်ပဲ

စေတနာတရားကောင်းကြပါတယ် မေတ္တာဖြူစင်စွာ ပေါင်းသင်းခင်မင် ဆက်ဆံတက်ပြီး အသည်းဖြူအူစင်း

သူများဖြစ်တယ် ။ မြန်မာများကို " ဂံသား "ဟု ချစ်စဖွယ်ခေါ်ဝေါ်လေ့ရှိပြီး (ဂံသား ဟူသည် ပုဂံ သားဟု

အဓိပ္ပာယ်ရ၍ မြန့် မာ့ယဉ်ကျေးမူနှင့် လိုက်ဖက်ဂုဏ်ယူစရာဖြစ်ပါသည်)



ယနေ့ လူအများ စကားပုံနှိုင်း၍ ပြောဆိုနေမူတွင် ဘ၀င်မကျမလိုလားအပ်သော စကားတစ်ခုကိုတွေ

့ရပါလိမ့်မယ်။ " ထားဝယ်ရိုး ကြက်သူခိုး" ဟူ၍ ထားဝယ်သား များကိုနှိမ်ထားသောယုတ္တိမဲ့သော စကားဖြစ်၍

အလွန်လွဲမှားနေသော ချစ်ကြည်ရေးမိတ်ဖျက်စကားဖြစ်သည်။ အမှန်မှာ . . . . . . . . . . .



ထားဝယ် ရိုးရာတွင် ကြက်ရိုးဗေဒင်တွက်ခြင်း ၊ရောဂါကုခြင်း (တောရွာအချို့ တွင်သာရှိတက်-

ယခုခေတ်မရှိတော့ပါ)။ " ထားဝယ် ရိုးကြက်ကိုး " (၀ါ) ကြက်သူခိုးမဟုတ်ပါ။ ဆင်ခြင်သင့်ပါသည်။ နောက်တစ်ခ

ု " ရှမ်းရိုးကိုးလင်တဲ့ " ရှမ်းမများ လင်ကိုးလင်ယူသည့် အဓိပ္ပာယ်ရောက်နေသည်။ အမှန်မှာ . . . . . . . .



ရှမ်းအမျိုးသမီးများသသည် ခင်ပွန်းလင်ကို အိမ်ဦးခန်းတွင်ထား၍

ကိုးကွယ်ချစ်ခင်ပေါင်းသင်းတက်သည်ဟူသောသဘောကို ထပ်ဟပ်ပြောဆိုကြခြင်းဖြစ်ပါသည်။ လင်ကိုးလင်

ယူခြင်းမဟုတ်ပါ။ အများစကားကို တရားစကားဟုမယူမှတ်ဘဲ သံသယကိုရှောင်၍ မှန်သမျှကိုထူထောင်ပြီး

ပြောဆိုကျင့်သုံးကြပါဟု သတိပေး၍ ပြောချင်တာလေးကို ရေးလိုက်ရပါသည်။

No comments:

Post a Comment