Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, October 18, 2009

စကားပြောသည့်မျက်လုံး

" အို "
ထေရီမလေးဖြစ်နေတဲ့ သုဘာကုမာရီ ကျွန်ုပ်ကိုတွေ့ လိုက်တာနဲ့  ထိန့် လန့် အံ့သြတဲ့အမူအရာနဲ

့ရေရွတ်လိုက်တယ်။ ကျွန်ုပ်ဟာ မထိမရိအပြုံးနဲ့ ကြည့်ရင်း ခြောက်ခြောက်သွေ့ သွေ့ ရယ်လိုက်သည်။"အဟဲ

......ဟဲ....မမှတ်မိဘူးလား ကုမာရီ၊ ကျုပ်ရာဓ၀လေ ...."

'' မနှောက်ယှက်ပါနဲ့  ရာဓ၀၊ ကျုပ်ဟာ ကုမာရီမဟုတ်တော့ဘူး။ ဘုရားသမီးတော် ထေရီဖြစ်နေပါပြီ "

ဘုဘာကုမာရီဟာ က္ကုနြေ္ဒကို ထိန်းပြီး တိုးညင်းတဲ့အသံနဲ့  ပြောလိုက်တယ်။ သစ်ခေါက်ဆိုး သင်္ကန်းဝတ်ရုံထားတဲ့

ကုမာရီဟာ ၀တ်စားဆင်ယဉ်ပုံ၊ နေထိုင်ပုံ၊ ပြောပုံ တည်ငြိမ်သွားတာကလွဲပြီး ကျုပ်စိတ်ထဲ ပြောင်းလဲမသွားဘူး။

အလှအပ မခြယ်သလို သစ်လွင်တောက်ပမူ မရှိပေမယ့် ကုမာရီဟာ ကျုပ်ရင်ထဲမှာ သစ်လွင်ဆဲ၊ လတ်ဆတ်ဆဲ၊

စွဲမက်ဆဲပါ။

" ဟို .........ဟိုဒင်း တစ်မျိုးမထင်ပါနဲ့  ကုမာရီစိတ်ဆင်းရဲအောင် ဘယ်တုန်းကမှ မကြံစည်ခဲ့ပါဘူး "

" ဒါဆိုလဲ လမ်းဖယ်ပေးပါ၊ ငါသွးပါရစေ "

ရှေ့ က ပိတ်ဆီးရပ်နေတဲ့ ကျူပ်ကို လမ်းဖယ်ပေးဖို့ ကုမာရီတောင်းဆိုလိုက်တယ်။ ကျူပ်ရင်ထဲက

ကျိတ်ပြုံးလိုက်မိတယ်။ ဘယ်ကလာ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမလဲ။ နှောက်ယှက်မယ့်သူ ကင်းတဲ့

ဒီလိုနေရာမျိုးမှာ နှစ်ယောက်တည်း ဆုံစည်းဖို့ ဆိုတာက လွယ်လား.........။

ဆရာဇီဝကရဲ့ သရက်ဥယျာဉ်က ရာဇာဂြိုလ်နဲ့  အလှမ်းဝေးတယ်။ တော်ရုံတန်ရုံအကြောင်းနဲ

့မလာတက်ကြတော့ လူစိမ်းဆိုတာ ဘယ်ရှိမလဲ။ သာသနာဝန်ထမ်းရဟန်းတွေနဲ့  ဘိက္ခူနီမတွေသာ ပျော်မွေ

့တဲ့အရပ်ဆိုတော့ ကိုယ့်တရားနဲ့ ကိုယ်အာရုံစိုက်နေတော့ ကျူပ်လို အကြံသမားအတွက်

အခွင့်ကောင်းဖြစ်ရော.......။

လူဘောင်လောကီကိုစွန့် ခွာပြီး ဘိက္ခုနီလုပ်သွားတဲ့ သုဘာကုမာရီကို ကျုပ်မပစ်ရက်ဘူး။

အကြောင်းမဲ့သက်သက် မိန်မသား ဘ၀ ဖျက်ဆီးပစ်မှာကို မလိုလားဘူး။

ဖြစ်နိုင်ရင်လောကီဘောင်ထဲပြန်ဆွဲသွင်းချင်တယ်။ ကျူပ်နဲ့  သူဟာ ကာမစည်းစိမ်အပြည့်အ၀ခံစားပြီး သားတွေ၊

သမီးတွေနဲ့  နေချင်တယ်။ ဒါက ကျုပ်ရဲ့ တစ်ဖက်သတ်အတွေး။ ကျုပ်ရဲ့ ဆန္ဒ။

မှန်တာပြောရရင် သုဘာကုမာရီကို လိုချင်သူတွေက အမြောက်အများပါ။ ရာဇဂြိုလ်ပြည်က

မဟာသာလပုဏ္ဏားကြီးရဲ့ တစ်ဦးတည်းသောသမီး၊ ဆွေကြီး မျိုးကြီး၊ ပစ္စည်းဥစ္စာပြည့်စုံသူ။ ဒီလိုအရှိန်အ၀ါ

အကျော်အစောရှိတဲ့အပြင် ကောင်းခြင်းငါးဖြာနဲ့  ညီညွတ်အောင်ချောသူ ဆိုတော့ လိုချင်သူတွေ

ဝိုင်းဝိုင်းလည်နေတယ်။

သုဘာကုမာရီကို စုံမက်သူတွေထဲမှာ မင်းညီမင်းသားတွေပါတယ်။ အရာရှိ၊ အရာခံတွေပါတယ်။ သူဌေး၊

သူကြွယ်တွေပါတယ်။ တစ်ကယ့် ထိတ်ထိတ်ကြဲတွေပါ။အဲဒီထဲမှာ ကျုပ်လိုဟစုန်းပြူးကောင်ကလည်း

ကပ်ပါသေး။ အရာရှိ၊ အရာခံတွေထဲကျုပ်ကမျက်နှာမွဲ ပေမယ့် သုဘာကုမာရီအပေါ် ချစ်တဲ့စိတ်က မနည်းပါဘူး။

တခြားသူတွေ ထက်တောင် ပိုလွန်ပါသေးတယ်။ ဒါပေမယ့် သုဘာကုမာရီကတော့ ကျုပ်ကို ယုံမှာမဟုတ်ဘူး။

အင်း. .....ဒါကလည်းသဘာဝကျပါတယ် .......။ကျုပ်ကလည်း ကျုပ်ပဲလေ ............။

ကျုပ်အဖေက ဘုရင့်တော်ဝင် ပန်းတိမ်ဆရာ။ မင်းမိဖုရားတွေရဲ့ အသုံးအဆောင်၊

လက်ဝတ်တန်ဆာတွေလုပ်ရသူ။ ကျုပ်အဖေ ရာဝ ဆိုရင် တစ်နန်းတော်လုံး မသိသူမရှိဘူး။

မင်းဝတ်တန်ဆာဖြစ်တဲ့ ဦးသျှောင်၊ သရဖူ၊ မကိုဋ်၊ စလွယ်ကစပြီး လက်ဝတ်တန်ဆာတွေလုပ်ရတာဆိုတော့

မင်းပေါက်စိုးပေါက်။ အဲလိုဂုဏ်သရေရှိ လူကြီးလူကောင်းက မွေတဲ့အပြင် ရုပ်ရည် ရူပကာက မိန်းမသားတွေ

စွဲမက်လောက်တဲ့ အဆင်းရှိတော့......အဟင်း၊ အားမနာတမ်းပြောရရင် ကျုပ်ဟာ က္ကုတ္တိသိုက်သမားဖြစ်ခဲ့တယ်။

ငွေနဲ့ ပြပြီးအချောအလှလေးတွေမြူဆွယ်တယ်။ ရုပ်နဲ့ ဖြားယောင်းပြီး မိန်းမလှလေးတွေ ဖျက်ဆီးတယ်။

တန်ဖိုးမရှောင် စားမ မရှောင် ဆိုသလို ပျိုသော၊ အိုသော စည်းမစောင့်ပဲ ကာမ၀တ်ရည်သောက်သုံးခဲ့တယ်။


ကျုပ်အကျင့်၊ ကျုပ်စရိုက်ကြောင့် သူတို့ တစ်တွေက က္ကုတ္တိဓုတ္တ လို့ တောင်ခေါ်ကြတယ်လေ ....။

အင်း ...........ထားပါ။ ဒါက အရေးအရာ မဟုတ်ပါဘူး။ တစ်ကယ်တမ်းဖြစ်နေတာက ကျုပ် သုဘာကုမာရီကို

စွဲလမ်းနေတာပဲ။ သူလေးကိုတော့ ကျုပ်နှစ်နှစ်ကာကာ ချစ်တာပါ။ ကြောရုံတင် ကြံချင်တဲ့စိတ်ထား

အမှန်မရှိပါဘူး။ ရင်ကိုအပ်၊ အသည်းချင်းထပ်နေလိုတဲ့ စိတ်ရှိလို့  သုဘာကုမာရီကို ချစ်ကြောင်းဖွင့်ပြောခဲ့တယ်။

ကျုပ်စကားကြားတော့ ပြုံးပြုံးလေးနဲ့ ခေါင်းခါရမ်းတယ်။ အိမ်ထောင်သားမွေးတဲ့ ဘ၀ကို ငါရွံရှာတယ် ရာဓဝ

.....စိတ်ကူးမယဉ်ပါနဲ့ လို့  ရေပိတ်စကားဖြေခဲ့တယ်။ သုဘာကုမာရီ စကားကို ကျုပ်လက်မခံချင်ဘူး။

မှန်ရာပြောရင် ရာထူး၊ ဂုဏ်ရှိန်မရှိလို့  ငြင်းပယ်တာ .......မင်းညီမင်းသားကသာ လက်ကမ်းရင်

ခေါင်းညိတ်မှာလားလို့ ထင်ခဲ့တယ်။ ဒါကြောင့် နွားပိန်တွယ်သလို အတင်းတွယ်ကပ်မိတယ် ။ ကလေးနို

့ပူဆာသလို တကျီကျီပူဆာမိတယ်။ အဲဒီတုန်းမှာပဲ သုဘာကုမာရီက မိထွေးတော်ဂေါတမီထေရီ မကြီးကို

ဥပဇ္ဈာယ်ထားပြီး ထေရီမယ်လေး လုပ်ပစ်တယ်။

ဟယ် ........။ ကျုပ်ရင်ထဲ မချိတင်ကဲ ဝေဒနာခံစားပြီး လှိုက်ဖိုရင်မောစွာ ရေရွတ်လိုက်တယ်။ တကယ်ပဲ

ခံစားသွားရတာပါ ။ အဖိုးတန် ပတ္တမြားတစ်လုံး ကောက်ရပြီးမှလွတ်ကျပျော်ဆုံးသလို နှမြောတသသွားရတယ်။

ဒါပေမယ့် ကျုပ်စိတ်မလျော့ဘူး။ တခြားလူတွေက ထေရီမယ်လေးဖြစ်သွားလို့  နောက်တွန့် ကုန်ပေမယ့်

ကျုပ်ကတော့ ဇွဲမလျှော့ဘူး ။ သုဘာကုမာရီကို ဘယ်လိုတွေ့ နိုင်မလဲ......လူသူကင်းတဲ့နေရာမှာ

နှစ်ယောက်ချင်းတွေ့ ရင် ထေရီဘ၀က ထွက်စမ်းပါ........နှစ်ကိုယ်တူ ချစ်ရည်လူးမြူးလိုက်စမ်းပါလို့ 

တောင်းဆိုချင်တယ်။ ဒီအခွင့်အရေး စောင့်နေတာအခုတော့ပေါ်ပြီ ။မြေနီလမ်းလေအတိုင်း

ထမ်းပိုးတစ်ပြန်လောက်သာကြည့်ပြီး လှမ်းလျှောက်လာတဲ့ သုဘာကိုတွေ့ ပြီး ။ သားကောင်လို ချောင်းနေတဲ့

ကျားတစ်ကောက်လို့  အချက်ကောင်းတွေ့ တာနဲ့  ခုန်အုပ်လိုက်ဖို့ ကျုပ်ပြင်လိုက်ပါတယ် ။ ရှောင်ခါတိမ်း စိမ်းပါနဲ

့လား သုဘာရယ် .......။

" ရာဓ၀ ငါရှေ့ ကဖယ်ပါ "

" နေပါဦး သုဘာရယ် .......ကိုယ်ပြောစမ်းပါရစေ ......အာရုံငါးပါးမှာ အထူးခြားဆုံးဟာ ဖောဋ္ဌဗ္ဗအာရုံတဲ့ သုဘာ

......အကြောပေါင်း တစ်ထောင်စိမ့်သွားအောင် ထူးကဲတဲ့ ဒီအရသာကို မင်းဘာလို့ ပစ်ပစ်ခါခါဖြစ်နေတာလဲ

သုဘာ .....၊ အေးလေ .....အထီးဆိုရင် ဖိုးမသန်းခဲ့တော့ မင်းဒီအရသာကို ဘယ်မှာသိမလဲ .......ဒီမယ်သုဘာ၊

မင်းဟာ ငယ်သေးတယ် ။ အရွယ်ရှိတယ်။ အဆင်းလှတယ် ။

ဒီအရည်အချင်းတွေဟာ လောကီအာရုံကာမဂုဏ်မွေ့ ပျော်ဖို့  အကောင်းဆုံးတွေမဟုတ်လား ...............။" ရာဓဝ

သင်ပြောတဲ့ ကာမဂုဏ်တရား အာရုံငါးပါးကို ငါဟာ အနာဂါမိမဂ်နဲ့ ပယ်ဖြတ်ပြီးဖြစ်တယ်..... " " ဘယ်လ

ို....အနာဂါမိမဂ်နဲ့  ပယ်သတ်ပြီးပြီ ။ အို ......ကျွတ် ကျွတ် မိုက်လိုက်တာ သုဘာရယ်. ....လောကီအာရုံ

ကာမဂုဏ်တွေစွန့် ပြီး ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့ ဘ၀ကိုဘာကြောင့် များမက်မောနေတာလဲ.......ကာမဂုဏ်ရဲ့

သဘောသဘာဝကို မြည်းစမ်းကြည့်စမ်းပါ ။ ဒီမယ် သုဘာ မင်းကအရွယ်ရှိတယ်။ ကိုယ်က နှပျိုတယ်။

အားကောင်းမောင်းသန် ဒီဘ၀ကို တို့ များနိမဲ့သက်သက် မပျက်စီးစေပါနဲ့ လား...." " တော်တော့ရာဓ၀ ။

သူတော်စင်ကို ယုတ်ညံတဲ့စကားတွေနဲ့  မပုတ်ခတ်ပါနဲ့  "


သုဘာကုမာရီ ဟာပြောပြောဆိုဆိုနဲ့ ရှောင်ကွင်းထွက်ဖို့ ကြိုးစားတယ်။ ကျုပ်ကလက်ကာထားလိုက်တယ် ။ သူ

့လက်ကိုဆွဲပြီး သူ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ဖို့ ကြံတယ် ။အနုနည်းနဲ့  မရရင်အကြမ်းနည်းနဲ

့လုပ်မယ်။ ကျုပ်အကြံကို ရိပ်စားမိတဲ့ သုဘာက နောက်ကိုဆုတ်ရှောင်လိုက်တယ်။ သုဘာတော်တော်

စိုးရိမ်သွားပုံပါ။ မစိုးရိမ်လို့ လည်းမဖြစ်ဘူးလေ။ ဘိက္ခုနီမ တစ်ယောက်ဟာ ယောက်ျားတစ်ယောက်ရဲ့ အသားနဲ

့ထိရင် သိက္ခာပျက်ရော မဟုတ်လား ။ ဒီပညတ်ချက်သိထားတဲ့ ကျုပ်က သုဘာ စိတ်ပျက်အောင်ကြံလိုက်တာပဲ။

" ရာဓ၀ သင်ဘာကြောင့် ဒီလောက်အသည်းအသန်ဖြစ်နေတာလဲ။ နေဦး. ....ရာဓ၀၊ သင်ငါ့ကို

ဘာမက်မောတာလဲ " " ဘာမက်မောလဲ ဟုတ်လား.

.....သုဘာရဲ့ကိုယ်လုံးလေးကိုလေ.......ကျွမ်းကျင်တဲ့ကျောက်ဆစ်ပညာရှင် ထုဆစ်ထားတဲ့

ယမင်းရုပ်လေးကို ၊ အချိုးအဆက်ပြေတဲ့ သုဘာကိုယ်လုံးလေးကို


" သင်မှာနေပြီ ရာဓ၀ ။ ဒီခန္ဓာကိုယ် အကောင်ပုပ်က ဘာများမက်မောဖို့ ကောင်းလို့ လဲ ။ ဒီမယ် ရာဓ၀ ၊

သင့်စိတ်ထဲရုပ်သေးစင်ပေါ်က ယမင်းရုပ်လေးကို မြင်ကြည့်စမ်းပါ '' "အင်း....ပြောပါဦး" " သစ်သားရုပ်ကို

ခြေလက်တွေတပ်၊ ဆေးခြယ် ၊ အ၀တ်တွေဆင်ယင်ထားတဲ့ ဒီယမင်းရုပ်ကို အဟုတ်ထင်နေကြတယ်။

ကြိုးလှုပ်ရင် လက်လှုပ်ကတက်တဲ့ ဒီအရုပ်ကို ပွဲပြီးတော့ သေတ္တာထဲ ခေါက်သိမ်းရင် ကြည့်ပါဦးမလား ..........."

"ဟိုက ယမင်းရုပ်၊ သုဘာက ပကတိလူ၊ မတူတာမနှိုင်းပါနဲ့  သုဘာရယ် "

"ရာဓ၀၊ ဒီခန္ဓာကိုယ် အကောင်ပုပ်ဟာ အသွေးအား၊ အကြော၊ အရိုး၊ အရေစတဲ့ သုံးဆယ်နှစ် ကောဋ္ဌာသနဲ့ ဖွဲ

့စည်းထားတာပါ ။ တရွေ့ ရွေ့ ပျက်စီးတက်တဲ့ သဘောဆောင်တဲ့ ဒီရုပ်က အိုရမယ် ၊နာရမယ် ၊သေရမယ် "


ိ" အို .....မဟုတ်သေးပါဘူး သုဘာရယ် ။ မအိုသေးခင် အပျိုလေးပင်မဟုတ်လား......မဖြစ်လာသေးတဲ့ ဘ၀ကို

ဖြစ်လာနှိုး၊ ဖြစ်လာနှိုးနဲ့  စိုးကြောက်တာ၊ မိုးပြိုမှာ စိုးလို့  ခြေထောက်မိုးထောင်အိပ်နေတဲ့ တီတီတွက်ငှက်နဲ့ 

မတူနေဖူးလား "


" မိုးကို ခြေနဲ့ ထောက်ဖို့  ကြိုးစားတဲ့ ဒီငှက်လေးဟာတခြားငှက်တွေထက်စာရင် အန္တရယ်ကင်းနိုင်တာပဲ ရာဓ၀ ။

ငါဟာ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ တရားကို ခွဲခြားမြင်ထားတော့ မနှစ်သက်အပ်တဲ့ ဒီဘ၀ကို ရွံမုန်းနေပြီ ရာဓ၀ "

ကျုပ်ကို လမ်းပြဆုံးမနေတာ သုဘာကုမာရီကို စိတ်ပျက်မိတာ အမှန်ပါ ။ ဒါပေမယ့် စိတ်ပျက်

လက်လျှော့သွားတယ် ဆိုတဲ့အဖြစ်ကို သုဘာမမြင်စေချင်ဘူး ။ သုဘာနဲ့ ပတ်သတ်လို့ လည်းနောက်ဆုတ်ဖို

့အကြံ ကျုပ်မှာမရှိဘူး။" ဒီမယ်သုဘာ ၊ ကိုယ်ဟာ နှစ်သက်မြတ်နိုးဖွယ်ရာ အလှတွေကို အကုန်အစင်မြင်နေတယ်

။ မင်းက ဒီအလှတရားမမြင်လို့ သာ ဒီစကားတွေပြောနေတာပါ ။ သုဘာ.......မင်း ကိုယ့်ကို

မယုံဘူးလား.......ကိုယ်ဟာ မိန်းမ တော်တော်များများတွေ့ ဖူးတယ် ။ရင်းနှီးဖူးတယ် ။ သူတို့ တစ်တွေကို

အပျော်သဘောနဲ့  ဆက်ဆံခဲ့ပေမယ့် သုဘာကို ဒီလို မကြံစည်တာ အမှန်ပါ။ ဒီမယ် သုဘာ ၊ မင်းကသာ

ကိုယ့်အချစ်ကို လက်ခံတယ်လို့  ခေါင်းညိပ်လိုက်စမ်းပါ ။ မင်းလို အင်ဆန္ဒအားလုံး ပြည့်စေရမယ် "

" အို........ရာဓ၀၊ သူတော်စင်ကို ပုတ်ခတ်စကားပြောတဲ့ သင့်မှာအကုသိုလ်များလှပြီ ။ ငါ့ကိုလမ်းဖယ်ပေးပါတော့ "

" အဟက်......ဟက်.......ဟက် ။ မင်းမှာ ရွေးစရာတစ်လမ်းပဲ ရှိတော့တယ် သုဘာ။ အဲဒါ

ငါ့ရင်ခွင်ထဲခိုဝင်ဖို့  "



ကျုပ်က ပြောပြောဆိုဆိုနဲ့ ရှေ့ ကိုတိုးလိုက်တယ်။ သုဘာတေရီက စိုးရိမ်ပူပန်တဲ့ မျက်နှာထားနဲ့ 

နောက်ကိုဆုတ်လိုက်တယ် ။ ကျွုန်ုပ်အနေနဲ့  အခွင့်ကောင်းကို လက်လွတ်ခံလို့ မဖြစ်တော့ဘူး။ သည်တောထဲမှာ

သူ့ ခန္ဓာကို အရယူတော့မယ်။ ၀တ်ရည်သောက်သုံးတဲ့ ပျားပိတုန်းဟာ ပန်းဝတ်ရည်ကို ထပ်ပြန်လဲလဲ

သောက်သုံးသကဲ့သို ကျွန်ုပ်သည်လည်း သုဘာကိုယ်လုံးလေးကို ရယူတော့အံ့လို့  ဆုံးဖြတ်လိက်မိတယ်။

" ရာဓ၀"

" မင်း၊ ဘာပြောချင်လဲ သုဘာ.......ကိုယ့် အလိုဖြည်ဆည်းတော့မလား "

" သင် ခေတ္တ ခဏလောက် စဉ်းစားစမ်းပါ ။ လူ့ သက်တမ်း ဟာတိုတောင်းပါတယ် ။ ကာမဂုဏ်ချမ်းသာ

မက်မောလိုက်စားသူဟာ ဒီအာရုံမတင်းတိမ်ခင်သေရလိမ့်မယ် ။ သေလွန်ပြီးရင် အပါယ်ငရဲမှာ

ဆင်းရဲဒုက္ခခံရမယ်။ ဒီမယ်ရာဓ၀ သင်ပြောတဲ့ ကာမဂုဏ်အရသာဟာ သင်တုန်းဓါးပေါ်တင်နေတဲ့ ပျားရည်စက်

လျှက်ရတာနဲ့  ဘာထူးလဲ........"

" ဘာထူးလဲဟုတ်လား.........ကာမဂုဏ်အရသာဟာ နုပျိုတုန်းခံစားရတဲ့ လောကီချမ်းသာပါ။ ဒီအရသာကို မအို ၊

မနာ ၊ မသေ မီခံစားရမယ် ။ ဘာမှမကြာတဲ့ ဒီကာလမှာ ကာမဂုဏ်အရသာခံစားဖို့ အချိန်ရှိသခိုက်

လုံးလစိုက်ရမယ် သုဘာ............လာပါ ။ ရင်ခွင်ထဲဝင်ခဲ့စမ်းပါ သုဘာရယ်။ "

" သြော်ရာဓ၀ရယ် ......ငါ့မှာ သင်နဲ့  ပျော်ပါးလိုတဲ့ ဆန္ဒမရှိဘူး။ ကိလေသာ နွမ်းခြောက်နေတဲ့ ငါ့ကို

ဘယ်ဟာစုံမက်တမ်းတနေတာလဲ " သုဘာကုမာရီ အမေးကြားတော့ ကျွန်ုပ်လှိုက်လှဲစွာ ပြုံးလိုက်သည်။

ထိုအပြုံးမှာ အောင်မြင်ခြင်း သင်္ကေတတွေ ရောယှက်နေတာ သုဘာမြင်ပါလိမ့်မယ်။

" ဘာကို တမ်းတနေလဲဟုတ်လား သုဘာ ......ကိုယ်စွဲလမ်းတာ ကိုယ့်ကို ကြည့်နေတဲ့

မင်းမျက်လုံး။ ၀ိုင်းစက်ကြည်လင်ပြီး ညိုမှောင်နေတဲ့ သုဘာမျက်လုံးက ကိုယ့်ကို ညို

့ယူဖမ်းစားထားတယ်လေ "


" သြော် .......ဒီမျက်လုံးလား ....ဒီမျက်လုံးကို ချစ်မြတ်နိုးတဲ့ သင့်ကိုငါပေးပါမယ် ....ရော့ ရာဓ၀ "

" ဟယ် ......အို သုဘာရယ် "

ကလေးတစ်ယောက်လို နားပူ နားဆာလုပ်နေတဲ့ ကျုပ်ကိုစိတ်ပျက်နေတဲ့ သုဘာဟာ ကျွန်ုပ်မတွေးတဲ့ ကိစ္စကို

လျှပ်တစ်ပြက်လုပ်လိုက်တယ်။ လျှင်မြန်လိုက်တာက ကျွန်ုပ်ထားချိန်ပင်မရလိုက်ဘူး။ လှပတဲ့ မင့်မျက်လုံးကို

စွဲမက်တာပါဆိုတဲ့ ကျွန်ုပ်စကားကို လက်တွေ့ အကောင်အထည်ဖော် ဖြည့်ဆည်းလိုက်တယ်။ သူ့ မျက်လုံးကို

လက်နှိုက်ကော်ထုတ်ယူလိုက်တာပါပဲ။ မျက်ဆန်ထွက်ပြီး ဟောက်ပက်ဖြစ်နေတဲ့ သုဘာမျက်ကွင်းကို

ကျွန်ုပ်ဟာကြောင်ငေးကြည့်နေတယ်။ သွေးတွေ ဟာ မျက်ကွက်ထဲက ယိုစီးကျလာတယ် ။ သူ

့ပါးတစ်ပြင်လုံးသွေးခြင်းခြင်းနီနေတယ်။

" ရော့ ယူလေရာဓ၀ ။ သမင်မျက်လုံးနဲ့ တူတယ်ဆိုတဲ့ ဒီမျက်လုံးကိုယူပါ။ သင့်နှလုံးကို ဆွဲယူဆွတ်ခြွေပြီး

ရမ္မက်ဇောတွေထန်စေတယ်ဆိုတဲ့ ဒီမျက်လုံးကို ယူလိုက်စမ်းပါ ။ ယူလိုက်ပါ ရာဓ၀။ ဘာလဲ ရွံနေပြီလား ။

စိုးရွံနေပြီလား "

နာကျင်မူဝေဒနာခံစားရဟန်မတူတဲ့ အမူအရာနဲ့ မျက်လုံးဖောက်ပေးတဲ့ သုဘာကို ငိုင်ကြည့်နေမိတယ်။

ဒီအထိသံယောဇဉ်ပြတ်မှန်း ၊ ကိလေသာစိတ်ခေါင်းပါးမှန်း မသိခဲ့တာအမှန်ပါ။ ကျွနု်ပ်စိတ်ထဲမှာ

သုဘာမျက်လုံးလေးကြည့်ပြီး ရွံရှာတာထက် နှမြောတာ ပိုပါတယ်။ ထိတ်လန့် တာထက်

ဂရုဏာသက်တာပိုပါတယ် ။ သုဘာသာ ဒီလိုလုပ်မယ်ထင်ရင် ကျွန်ုပ်ဒီစကားတွေ ပြောမိမှာ မဟုတ်ဘူး။

သုဘာရယ် ။

ကျွန်ုပ်ဟာ ၀မ်းနည်းဆို့ နစ်တဲ့ အသံနဲ့ ပြောရင်း သုဘာကုမာရီထေရီမ ရှေ့ မှာ ဒူးထောက်ထိုင်ချလိုက်တယ်။

သုဘာရဲ့ စိတ်ဓာတ်ကို လေးစားသွားတာကြောင့် လက်နှစ်ဖက်ယှက်ပြီး ရှိခိုးလိုက်မိတယ် ။

............... သုဘာရယ် ...........

" ကျုပ်ရဲ့ မိုက်မဲမူ၊ မလိမ္မာမူ အတွက် ခွင့်လွှတ်ပါ သုဘာ "

ကျွန်ုပ် နှုတ်ဖျားက ဒီစကားပဲထွက်လာပါတယ် ။ မှန်တာပြောရရင် သုဘာထေရီမ ခြေဖ၀ါးကို နဖူးနဲ့ တိုက်

ဦးခိုက်ချင်တယ်။ တောင်းပန်စကားတွေ အမြောက်အများပြောချင်တယ် ။ ကျွန်ုပ် ကျူးလွန်ခဲ့တဲ့

ပြစ်မူအတွက်အပါယ်ငရဲကျမှာကို မစိုးရိမ်ဘူး။ သုဘာထေရီမရဲ့ ခွင့်မလွှတ်နိုင်မှာကို စိုးရိမ်မိတယ်။ ကြောက်ရွံ

့ထိတ်လန့် မိတယ်။

ကျွန်ုပ်ဟာ တဒင်္ဂအတွင်းမှာပဲ သတိသံဝေဂ ရစရာတွေ ပေးလာတယ်။ တစ်ချိန်လုံးတရားပြဆုံးမခဲ့စဉ်က

တရားမရဘဲ ခုမှနောင်တာရမိတယ်။ ခွင့်လွှတ်ပါ ........ ခွင့်လွှတ်ပါဆိုတဲ့ စကားကိုသာ ထပ်မနားပြောနေမိတယ်။

" အို ....ရာဓ၀ ။ငါကိုဆဲရေးပါစေ။ ငါ့ကို ရှိခိုးသူနှယ်သဘောထားနိုင်ပါတယ် ။ ဒါဟာ သူတော်စင်တို့ ရဲ့

စိတ်ထားပါ ရာဓ၀။ သင့်ပြစ်ကို ခွင့်လွှတ်ပါတယ်။ " " ကျေးဇူးတင်ပါတယ် သုဘာထေရီ " " အင်း ....အခုတော့

သင်သိပြီမို့  လား ....သစ်သားရုပ်ကို ခေါင်း၊ ခြေ၊ လက်တွေဖြုတ်ရင် နှစ်သက်စရာမရှိသလို

ဟောဒီသုံးဆယ်နှစ်န၏ကောဋ္ဌာသနဲ့  ဖွဲ့ စည်းထားတဲ့ ဒီခန္ဓာဟာ တစ်ခုခု ဖယ်ထုတ်ရင် နှစ်သက်စရာမမြင်၊

ရွံရှာဖွယ်သာ ဧကန်ဖြစ်တယ် ဆိုတာသိပြီမို့ လား "

" မြင်ပါ၊ သိပါပြီ သုဘာထေရီမ "

" ဒါဆို ငါ့ကိုသွားခွင့်ပြုတော့ "

သုဘာထေရီမသည် ညင်သာစကားနဲ့  တောင်းဆိုလိုက်တယ် ။ သည်တစ်ခါမှာတော့ ကျွန်ုပ်ဟာ အရှင်မကို

ပိတ်ဆီးကာထားဖို့  မကြိုးစားတော့ဘူး ။ တရိုတသေ လမ်းဖယ်ပေးရင်း ဦးခိုက်လိုက်ပါတယ်။ ကုမာရီထေရီမကို

ကြည့်ရင်းကျွန်ုပ်ဟာ နောင်တမျက်ရည်တွေကျလို့  ကျန်ရစ်ခဲ့ပါတော့တယ်။ ။




No comments:

Post a Comment