Monday, October 19, 2009
ရှင်ဆံတော် (ကလိန်အောင်ဆံတော်ရှင် စေတီ)
. . . ရှင်ဆံတော် . . .(ကလိန်အောင်ဆံတော်ရှင်စေတီ)
ထားဝယ်မြို့ မြောက်ဘက် ၄၇ မိုင်အကွာ ထားဝယ်- ရေး မော်တော်ကားလမ်းပေါ်ရှိ ကလိန်အောင်ရွာကြီး
အနောက်ဘက် ထားဝယ်မြစ်ကမ်းဘေး တောင်ပေါ်တွင် တည်ရှိသည်။ ဂေါတမမြတ်စွာဘုရား ၁၁ ၀ါမြောက်တွင်
ဥတ္တရကုရုမှ ဆွမ်းခံတော်မူပြီးအပြန် ဝေမိဿက တောင်အရောက်တွင် ဂ၀ံပတေ့ရသေ့၊ ဒူရက နတ်သား၊
ဂုမ္ဘဏ္ဏနတ်ဘီးလူးတို့ နှင့် ကြုံကြိုက်၍ ဘုရားရှင်က ဆံတော်သုံးဆူ သနားတော်မူသည်။ ရသေ့ ၊ နတ်သား ၊
ဘီးလူးတို့ သည် ဝေသာဝဏ္ဏတောင်ကုန်း၌ ရှေးဘုရားသုံးဆူတို့ ၏ ဆံတော်မြတ်များနှင့်အတူ ဂေါတမဘုရား၏
ဆံတော်သုံးဆူကို ဌာပနာ၍ မူလစေတီကို တည်ခဲ့လေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment