Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, October 18, 2009

အလွမ်းမိုးဖျန်း ကမ်းရိုးတန်းသို့ 

* အနောက်ဘက်ပင်လယ်ပြင်

မေးတင်တဲ့ နေ၀န်း။

ထားဝယ်မြေ သာပေစွ လို့ 

တေးလှ သီညွှန်း။

* မြောက် ဘက်ကို မျှော်ငေးတော့

ရေး-မုတ္တမ ပဲခူးနယ်။

ထားဝယ်မြေ ထားဝယ်တောင်တန်း

လွမ်းချင့်စဖွယ်။

အရှေ့ ဘက် သူတို့ နယ်

ထားဝယ်အခေါ် ရှမ်းဒေသ။

တောင်ဘက်မှာ ရေပြင်ကျယ်နှင့်

ငွေပင်လယ် ပတ်ချာဝိုင်းတယ်

မှိုင်းရီညို့ပျ။

* ရာဘာပင် အတွင်စိုက်လို

ငှက်သိုက်လည်း ရှာရင်းပျော်။

မြေပြင် ရေပြင် မလပ်အောင်

သတ္တု တူးဖော့်။

ငါးဖမ်းလည်း ကျွမ်းသနော်

ရေပေါ်က ထားဝယ်သား။

ပြည့်ဘဏ္ဍာ ရိက္ခာတိုးအောင်

ကြိုးတက် သူများ ။

* မြို့ ထားဝယ် နယ်တစ်ဝှမ်းမှာဖြင့်

ရွှင်လန်းစရာ့ အလှခြယ်။

ရှင်ကိုးရှင် ဘုရားမြတ်တို့ 

ကိန်းဝပ် သပ္ပာယ်။

သည်ရေနဲ့  သည်မြေ၀ယ်

တင့်တယ် အလှ ရှုမငြီး။

"ရှင်တောက်ထိန်"ိ "ရှင်ဥသြ" ရယ်နဲ့ 

သာမောဖွယ် " ရှင်မျှော်တောင် " သို့ 

ဖူးရအောင် အလျင်ရှုပြန်တော့

"ရှင်ပင်ခရု" " ရှင်တောင့်ပုံ"တဲ့

"ရှင်ဇလွန်" အစုံဖူးနိုင်ရဲ့

ကြည်နူးဖွယ်"ရှင်ဆံတော် " မှ

ရှိကော်ရော် "ရှင်ဓာတ်ဝဲ"ဆီသို့ 

လွှဲမသွေ ပန်းတွေကပ်ကြမယ်

" မြတ်ရှင်မှတ္တီး "။


* ထားဝယ်သူ ၊ ထားဝယ်သားတို့ 

စကားအလှ ချစ်စဖွယ်။

"စားရှဉ်ဟာ စားဂေ့ဇို့ 

သွားရှဉ်ဟာ သွားဂေ့ဇို့ "

တို့ ဇာတိနွယ်။

ငါးပိ ငါးခြောက် ပေါပြည့်ကြွယ်

စားစရာရယ် ဘယ်မရှား။

ရေမြေအလှ အသွယ်သွယ်

သွားစရာရယ် ဘယ်မရှား။


သီးချင်း ကဗျာသီ အလွမ်းမိုး ဖျန်းဖွယ်ပ

တနသာင်္ရီ ကမ်းရိုးတန်းဆီက

ချစ်ပန်းနွယ် အဖူးအပွင့်တွေနဲ့ 

ထူးတင့်စွာ တစ်သွင်ဆန်းလေတဲ့

မြို့ ထားဝယ် အယဉ်ပန်းကိုဖြင့်

နမ်း မွှေးချင်သား။ ။



စားရှဉ်ယာစားဂေ့ဇို့  = စားချင်ရာ စားရအောင်

သွားရှဉ်ယာသွားဂေ့ဇို့  = သွားချင်ရာ သွားရအောင်

No comments:

Post a Comment