Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label # Posted by kotar on နိုဘင်ဘာ 9. Show all posts
Showing posts with label # Posted by kotar on နိုဘင်ဘာ 9. Show all posts

Tuesday, November 10, 2009

ဗုဒ္ဓ၏ အယူဝါဒ ဆန်းစစ်ဝေဖန်နည်း

ဗုဒ္ဓ၏ အယူဝါဒ ဆန်းစစ်ဝေဖန်နည်း
အခါတစ်ပါး မြတ်စွာဘုရား ဒေသစာရီ လှည့်လည်တော်မူစဉ် ကေသမုတ္တိနိဂုံးရှိ ကာလာမအနွယ် အမျိုးသားတို့ နေရာသို့ ရောက်ရှိခဲ့ ပါသည်။ ကာလာမ အမျိုးအနွယ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုပြီး ၀မ်းမြောက်ဖွယ် စကားများကို ပြောဆိုပြီးနောက် ယခု ကဲ့သို့ လျှောက်ထားကြသည်။
" အရှင်ဂေါတမ ကျွန်တော်မျိုးတို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှ တို့သည် အချင်း ကာလာမ အနွယ်တို့ အယူဝါဒဟူသမျှတို့တွင် ငါတို့၏ အယူဝါဒသည်သာလျှင် အကောင်းဆုံး ဖြစ်သည်ဟု ဟောပြောလေ့ ရှိကြပါသဖြင့် ကျွန်တော်မျိုးတို့မှာ မည်သည့် အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို မဆုံးဖြတ်နိုင် ဖြစ်နေကြပါသည် ဘုရား " ဟု လျှောက်ထားကြရာ ဘုရားရှင်က သူ၏ ၀ိဘဇ္ဇ ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသော ၀ါဒကို ယခုကဲ့သို့ ရဲရဲတောက် ဟောကြားတော်မူ ပါသည်။

ဗုဒ္ဓ၏ ၀ိဘဇ္ဇတရားတော်

- အို . . အချင်း ကာလာမအနွယ်တို့၊ သင်တို့သည် အယူဝါဒ တစ်ခုကို တဆင့်ကြားဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်လို့ မယူကြနဲ့၊

- ဤသို့ ဖြစ်ဖူးသတဲ့ ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- ကျန်းဂန်နှင့် ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- အကြောင်းခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊

- မိမိတို့ ကြံစည် နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့် အမှန်လို့ မယူကြနဲ့၊

- လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကား ဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊

- မိမိတို့ လေးစားအပ်သော ဆရာ၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊

သင်တို့သည် မိမိကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့၊

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ၊ ချမ်းသာခြင်းငှာ ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

ဝါဒလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ကြသူများ

ဖော်ပြပါ မြတ်ဗုဒ္ဓ၏ အယူဝါဒ ဆန်းစစ်ဖေ၀န်နည်းကို မသိခဲ့ကြသောကြောင့် ကမ္ဘာနှင့်အ၀န်း အစုလိုက် အပြုံလိုက် ဘာသာရေးဗန်းပြ သက်သေမှုများ မကြခဏ ဖြစ်ခဲ့ရပါသည်။

၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက် ကိုးရာကျော်တို့သည် စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး မိမိကိုယ်ကိုမိမိ အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန် သေခြင်းသည် မြင့်မြတ်ပြီး ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။

၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊ ၀ုမီတန်ကျေးရွာတွင် လူမျိုးစု အကြီးအကဲတစ်ဦးက ဘုရားသခင်ကို တွေ့ရမည်ဟု ပြောပြီး လူပေါင်း ၇၀ ကို ပိုးသတ်ဆေး ခတ်ထားသော ယာဂုကို တိုက်ကျွေးရာမှ အားလုံး သေကြရကြောင်း ဖော်ပြထားသည်။

၁၉၉၃ ခုနှစ်ခန့်ကလည်း အမေရိကန် ပြည်ထောင်စု၊ တပ်ဆပ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှ် သည်လည်း ကြီးမားသော ခြံဝန်းကြီးတစ်ခုကို စစ်ဌာနချုပ်ကြီး တစ်ခုကဲ့သို့ လုံခြုံအောင်စီမံပြီး ဘာသာရေးဗန်းပြကာ ဆွဲဆောင်သဖြင့် မိန်းမ၊ ယောက်ျား အတော်များများ စုမိသည်။ ထိုဌာနချုပ်ထဲ ရောက်လာသော အမျိုးသမီးမှန်သမျှ သူနှင့်လွတ်ကင်းသူ ခပ်ရှားရှားဟူ ပါ၏။
နောက်တဆင့်တက်ပြီး လက်နက်များပါ စုဆောင်းလာသဖြင့် အမေရိကန် လုံခြုံရေးအရာရှိများက စစ်ဆေးခွင့်ပြုရန် တောင်းသော်လည်း မရဘဲ ဒေးဗစ်ကိုရက်ရှ်တို့ဘက်မှ စတင်ပစ်ခတ်သဖြင့် လုံခြုံရေး အရာရှိများမှာ လက်နက်သုံးပြီး အတင်းဝင်သိမ်း ကြရတော့သည်။ ထိုအခါ သူ့ကိုယ်သူ မေတ္တာရှင်၊ ကရုဏာရှင် ဟု ၀န်ခံထားသော ဒေးဗစ်ကိုရက်ရှက်က ဌာနချုပ်ကြီးကို အလုံပိတ်ပြီး မီးတင်ရှို့ကာ အထဲမှ အမျိုးသား၊ အမျိုးသမီးများကို ထွက်မပြေးစေဘဲ မီးလောင်ခံသေရန် ပြောကြားပါသတတ်၊ မနေနိုင်၍ ထွက်ပြေးသူများသာ အသက်ရှင်ပြီး ဒေးဗစ်ကိုရက်ရှ် အပါအ၀င် ၈၅ ယောက်တို့မှာ မီးလောင်ခံပြီး သေကြရသည်။

၈-၁၀-၁၉၉၄ ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဘာသာရေး အယူမှားကြောင့် အစုလိုက် အပြုံလိုက် သေဆုံးရသော သတင်း တစ်ပုဒ်ကို ဖတ်ရပြန်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် ဘာသာရေး အယူလွဲမှုကြောင့် မီးလောင်ကျွမ်း သေဆုံးသူများ၏ အလောင်း ၄၈ လောင်းကို တွေ့ရှိရကြောင်း အေပီက ဖော်ပြသည်။ သေဆုံးသူများမှာ ခရော့အင်ရိုစ် ဘာသာရေးအသင်းမှ အသင်းဝင် ၄၈ ဦး ဖြစ်သည်ကို တွေ့ရှိရပြီး မြေအောက် ဘုရားကျောင်းနှင့် အခြားအဆောက်အအုံများအတွင်း အလောင်းများကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများ၏ ခေါင်းဆောင် လမ်းပြဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဆရာဝန်နှင့် ကနေဒါနိုင်ငံ ကွီဘက်မှ အော်ဒါအော့ဖ်ဆိုလာ ဘုရားကျောင်း ၀တ်အသင်း တည်ထောင်သူ လပ်ဂျူးနက် ဖြစ်သည်ဟု ယူဆသည်။ ၄င်းမှာ လက်နက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ ယမန်နှစ်က တိမ်းရှောင်လာသူ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။

ဤကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံရခြင်း၏ အဓိက အကြောင်းဇာစ်မြစ်ကား ယုံကြည်၊ ကြည်ညိုမှု သဒ္ဓါများ၍ ခွဲခြားဝေဖန်ပိုင်းခြားမှု ပညာ နည်းသောကြောင့်ပါတည်း။

မျက်ရည်မကျခင် သိစေချင် စာအုပ်မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

Tags:

မျှဝေရန်

ကိုယ်ချင်းစာထားကြည့်


သည်တိုင်းပြည်ခို သည်ရေကိုသောက်
သည်မြေအောက်က ကူထောက်စီးပွား
ထုတ်ယူစားပြီး ပြည်ဖွားအိမ်ရှင်
ရန်သူထင် အသင်မှားနေပြီး။

အိမ်ရှင်ရိုကျိုး အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ သာသနာကို
ခြေရာနင်းလျက် အတင်းဖျက်
ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား သမီးသားကို
မယားအဖြစ် လင်အဖြစ်ဖြင့်
အနှစ်ကိုနှုတ် အညစ်မြှုပ်လျက်
မွေးထုတ်ခလေး စပ်တူသွေးတွင်
အရေးချက်ခြာ မျိုးဘာသာအား
လုယူထား စော်ကားလွန်းနေပြီ။

*သင့်အိမ်ခိုလျက် သင့်ကိုဖျက် သင်လက်ခံမည်လော။
*သမီးပျော်ပါး သားပျော်ပါး စော်ကားခံမည်လော။

(အမျိုး၊ ဘာသာ ကာကွယ်တတ်စေဖို့ မဟာဗောဓိမြိုင်ဆရာတော်၏ ကဗျာဘဏ်တိုက်မှ ကူးယူဖော်ပြပါသည်။ )

သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ



သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မသိပါဘူး
သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကို
တချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်
ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့ ခေါ်ကြပါတယ်၊ မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တ၀ါတွေကို
ဖန်ဆင်းတယ်လို့ ဆိုပါတယ်။
ဗိဿနိုးက လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်
သိဝ က ဖျက်ဆီးပါတယ်။
ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊ ပါဠိဘာသာ နဲ့တော့ သရဿတီ
အများခေါ်ကြတာက သူရဿတီ၊
ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊
သိဝ ရဲ့ ကြင်ယာတော်က ပဗ္ဗတီ အဲဒီလို အသီးသီး ရှိကြပါတယ်။
မဟာဗြဟ္မာ ရဲ့ စီးတော်ယာဉ်က ဟံဆ၊ ပါဠိ လို ဟံသ မြန်မာလိုတော့ ဟသာင်္
သူရဿတီ မှာတော့ စိးတော်ယာဉ် ရှိတယ်လို့ မတွေ့မိပါဘူး
သို့သော်လည်း မဟာဗြဟ္မာ မှာ စီးတော်ယာဉ်ရှိနေရင် သူ့ရဲ့ ကြင်ယာတော် သူရဿတီမှာ
ယာဉ်သီခြားရှိဖို့ မလိုတော့ပါဘူး။ ဒါဟာ လောက သဘာဝ ပါပဲ
ဟံသ ဆိုတဲ့ စကားကို အိန္ဒိယ က swan လို့ အင်္ဂလိပ် လို ဘာသာပြန်ကြပါတယ်
swan ကို မြန်မာက ငန်း၊ ငန်းဘဲ လို့ မြန်မာမူ ပြုကြပါတယ်။
ဒီတော့ ပင်ရင်းကျတဲ့ အိန္ဒိယ သားတို့ မယူအဆကို လက်ခံရမယ်ထင်ပါတယ် ပြီးတော့ အိန္ဒိယ က
မဟာဗြဟ္မာ ရုပ်ပုံတွေမှာလဲ စိးတော်ယာဉ်ကို ငန်းဘဲ ရုပ်နဲ့ ပဲ ပြထားပါတယ်။
နောက်သမိုင်းတခု က ဆိုထားပါသေးတယ်
မှန်တယ် မမှန်ဘူး ဆိုတာတော့ သေချာမသိပါဘူး သူရဿတီ ဟာ လင်ကောင်မပေါ်ဘဲ မွေးလာတဲ့
ကောင်မလေးပါ သူ့ကို အမျိုးယုတ်တယ် ဆိုပြီး မြစ်ထဲမှာ သစ်ဖောင်ကလေးပေါ်တင်ပြီး
ငန်းဘဲ တစ်ကောင်နဲ့ အတူ မျှောလိုက်ပါတယ်၊ မြစ်ထဲမှာ မျှောချင်ရာ မျှောနေပြီး တနေ့မှာ
ပုဏ္ဏားတွေ နေတဲ့ ရွာတရွာမှာ သောင်တင်ခဲ့ပါတယ်၊ ထိုနှစ်မှာပဲ အဲဒီရွာလေးမှာ သီနှံ စပါး များ ခါတိုင်း
နှစ်များနှင့် မတူဘဲ အထွက်တိုးပြီး စီးပွါးဖြစ်ခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်
အသိညဏ် မဖွံ့ဖြိုးသေးတဲ့ ရွာသားတွေဟာ ဒီကောင်မလေး ရောက်လာလို့ ငါတို့ရွာမှာ
ဆန်ရေစပါး ရတာ သူဟာတန်ခိုးရှင်ပဲ လို့ သတ်မှတ်ပြီး ကိုးကွယ်ကြပါတယ်
နောင်ကြာလာတဲ့ အခါမှာ ပုဏ္ဏားတွေက သူ့ကို ဗေဒင် ဝေဒ သုံးပုံကို စောင့် ရှောက်တဲ့ သူလို့
လုပ်ကြံဖန်တီးပြီး ကိုးကွယ်မူပြုကြပြန်ပါတယ်
လိုရင်းကတော့ အခုပြောခဲ့တဲ သူရဿတီ ဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုတာ
စာပေလေ့လာလိုက်စားတဲ့ သူတိုင်းသိကြပါတယ်။