Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, October 19, 2009

ရှင်တောင့်ပုံ စေတီ



" ရှင်တောင့်ပုံ စေတီ ". . . ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့ မြို့ လယ်ရှိရှင်တောင့်ပုံတောင်ပေါ်တွင်

တည်ရှိသည်။ ထားဝယ်ရာဇ၀င်အရ ဘူမိဒေ၀နာဂရမြို့  ရန္တပိုမင်း၏ မိဖုရားကြီး စုမဒ္ဒိဒေ၀ီက ရွှေအဆင်းရှိသော

ဥဒေါင်းကို အလိုရှိ၍ ဖမ်းခိုင်းသဖြင့် မုဆိုးမောင်နွား ဆိုသူသည် ဒေါင်းဖမ်းထွက်သည်။ ယခု သရက်ချောင်းမြို

့အနီးတောင်ပေါ်တွင် ဂီရိပစ္စယရသေ့ကြီးနှင့် မောင်နွားတွေ့ ၍ ရသေ့က တရားဓမ္မဟောပြသဖြင့် တရားရကာ

မောင်နွားရသေ့ဝတ်သည်။ ဂေါဝိန္ဒရသေ့ဟု အမည်တွင်သည်။ မုဆိုးမောင်နွား ဘ၀က အသုံးအဆောင်

လက်နက်ကိရိယာ ထည့်သောတောင့်၊ ပလုံး တို့ ကို မီးပုံ၍ ရှို့ သောနေရာ၌ အထိမ်းအမှတ်စေတီတည်ရာ

ရှင်တောင့်ပုံ စေတီဟုတွင်သည်။ ရှင်အဓိပ္ပာယ်မှာ ဘုရားဟူ၍လည်းကောင်း၊ တောင့် (ပေါရဏ)မြားပုံ၊

မြားကျည်တောက်ဟူ၍လည်းကောင်း အဓိပ္ပာယ်ရသည်ဆိုရာ ရှင်တောင့်ပုံစေတီဆိုရာ၌

မြားကျည်တောက်များစုပုံရာ ဘုရားစေတီဟု အဓိပ္ပာယ်ရသည်။

ရှင်တောင့်ပုံသီးချင်း (ရှင်တောပေါင်)

တောပေါင်၊ တောပေါင်၊ ရှင်တောပေါင်

တောပေါင်ပေါင်၊ မတ်စော့၊ တပ်မရော့

(တောပေါင်) ၂ ရွှေဖလားန ပူဇော်ပါလေ

နို့ နော်ဝေး နို့ မယ်ဝေး မ၀ါလွန်းဇလေ


No comments:

Post a Comment