Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label # Posted by Pyae Phyo on နိုဘင်ဘာ 10. Show all posts
Showing posts with label # Posted by Pyae Phyo on နိုဘင်ဘာ 10. Show all posts

Friday, November 13, 2009

သဲပြင် နှင့်ကျောက်တုံး

သဲပြင် နှင့်ကျောက်တုံး

တနေ့သောအခါ လူငယ်လေး သူငယ်ချင်း နှစ်ယောက် ဟာ သဲကန္တာရ တခုကို ဖြတ်ပြီး
လှမ်း လျှောက် ခရီး ထွက်လာကြ တယ်။ ခရီး တနေရာ အရောက် မှာ သူတို့နှစ်ယောက်
ဟာ စကားများ ပြီး ရန်ထဖြစ် ကြတော့ တယ်။ အဲဒီလို ဖြစ် ကြ တဲ့အခါမှာ
သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ ပါး ကို ထ ထိုး လိုက် တယ်။ အထိုးခံ
ရတဲ့ လူငယ်လေးဟာ တော်တော်လေး နာသွား ပြီး စကားဘာမှ ပြန်မပြောဘဲ သူဟာ
သဲပြင်ပေါ်မှာ ဒီ လို ရေး ချ လိုက် တယ်။ " ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်း
င့ါကိုထိုး၏။ "

အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရ မှာ ရှိ တဲ့ စိမ်း လန်း
စိုပြေပြီး မြေသြဇာ ကောင်း တဲ့ နေ ရာ ကို ရောက်တဲ့အထိလှမ်း ဆက် လျှောက်
လာ ကျ ပြီး၊ အဲဒီမှာ ခြေ လက် သန့် စင် တ ထောက် နားဘို့ ဆုံးဖြတ် လိုက်
ကြတယ်။ အဲဒီ မှာ အထိုး ခံရ တဲ့ လူငယ် လေး ဟာ အခန့် မ သင့် ဘဲ နွံ
နှစ်ပြီး နွံထဲ က ရုန်း မထွက်နိုင်ဘဲ သေလုမြောပါး ဖြစ် နေခဲ့ တယ်။ ထိုး
လိုက်တဲ့ သူငယ်ချင်းက သေမယ့် ဘေး က ကယ်လိုက်ပြန်တယ်။ သေဘေး ကလွှတ်လာပြီး
ပုံမှန် အနေ အထား ကိုရောက်လာတဲ့ အခါ မှာ၊ သူဟာ ကျောက်တုံး ကြီး တစ်ခု
ပေါ်မှာ နောက်တ ဖန် ရေး လိုက် ပြန်တယ်။ " ယနေ့ ငါ့ အခင်ဆုံး သူ ငယ် ချင်း
ငါ့ အသက် ကို ကယ်ခဲ့၏။ "
အဲဒီလက် သီး နဲ့ ထိုး လဲ ထိုး၊ ကယ်လဲကယ် ခဲ့ တဲ့ သူငယ်ချင်း က မေး
လိုက်တယ်။" ငါ မင်း ကို နာကျင်အောင် လုတ်တဲ့ အခါတုန်း က မင်း ဟာ
သဲပြင်ပေါ်မှာ ရေး ခဲ့တယ်။ အခု လဲ မင်း ရေး ကျောက် တုန်း ပေါ်မှာ ရေး
ပြန်ပြီး။ ဒါ တွေဟာ ဘာ ကြောင့်လဲ။"

သူ့ သူငယ်ချင်း က သူ့ကို ဒီလို ပြန် ဖြေ ခဲ့တယ်။ " သူငယ်ချင်း ရေ...
တစုံတယောက် က မင်း ကို နာကျင် အောင် ပြုလုပ်တဲ့ အခါမှာ၊ မင်း ရဲ့
တုန့်ပြန် မှုတွေက ခွင့်လွှတ်ခြင်း တွေ ပါတဲ့ လေ ရဲ့ပယ်ဖျက်ခြင်း
ကိုခံရမယ့် သဲပြင် ပေါ်မှာ ရေး ထား တဲ့ စာ သား တွေ လို မင်း လဲ ဘဲ သူတို့
မကောင်း တာ တွေ ကို လေ တွေ လို အ လွယ် တ ကူ ပြယ် ဖျက် သင့်တယ်။ ဒါပေ မယ့်
တစုံတယောက် က မင်း ကို ကောင်း တာ တွေ လုပ် ပေး တဲ့ အခါမှာ တော့ လေ တွေ အ
လွယ် တကူ မ ဖျက်နိုင်တဲ့ ကျောက်တုံး ပေါ်မှာ မင်း မှတ်တမ်း တင် ရေး သား
ထား သင့်တယ်။"

(အဲဒီလို ဘဲ ကျွန်တော်တို့ ရဲ့ နာကျင်မှု့တွေ နဲ့ နာ ကျည်း မှု့တွေ ကို သဲ ပေါ်မှာ ရေး ထား တဲ့ စာ တွေ လို ဘဲ ရေး တတ်အောင် ကြိုး စား သင့်သလို ကျွန်တော်တို့ အတွက်ကောင်း ကျိုး ဖြစ် စေမယ့် အ ရာတွေကို တော့ ကျောက်တုံး တွေပေါ်မှာ မှတ်တမ်း တင် ကြရအောင် လား ဗျာ။ )

ဒီအကြောင်း လေး ကို တော့ တော်တော်များ များ သိကြ ဖတ်ဖူးကြ မယ်လို့ထင် ပါ တယ်။ အနှစ်သာရ အရမ်း ရှိတဲ့အကြောင်း ပါ။ ဒါကြောင့်ပြန်ပြီး ဝေမျှ ခြင်း သက်သက် တာဖြစ် ပါတယ်။

Thursday, November 12, 2009

တခါတလေ၇ိုး၇ိုးလေးတွေးကြည့်ကြပါစို့..

ဘောင်တွေကို ကျော်ကြည့်

အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအား
မရှိတော့တဲ့ ဟင်းလင်းပြင်မှာ
သူတို့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ်။ဒီတော့ ပညာရှင်တွေ
နာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာ
သုံးပြီးချိန်မှာ pump pen လို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့
ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။အမေရိကန်ရဲ့
ပြိုင်ဖက်ဆိုဗီယက်တေတွကအမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့
အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကို
ဖြေရှင်းလိုက်တယ်။

ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။

ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီး
ဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။

ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့
ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိရင် မြေဆွဲအားလို မှင်ကို ထွက်စေဖို့
ဘယ်လိုလုပ်မလဲဆိုတဲ့ သိပ္ပံဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာဖြစ်တယ်။

ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာ ဘာရှိလဲလို့ လွတ်လပ်စွာ
စဉ်းစားခဲ့တာဖြစ်တယ်။ဒီတကယ့်ဖြစ်ရပ်မှတ် အဖြစ်အပျက်လေးက ဘာကို
ပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထားနေရပြီး
အဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်။အီတလီနိုင်ငံ
တူရင်မြို့မှာ ကုလသမဂ္ဂ အရာရှိတွေရဲ့ ဦးစီးတက္ကသိုလ်ရှိတယ်။ သိတဲ့အတိုင်း
ကုလသမဂ္ဂ အရာရှိဖြစ်တယ်ဆို ကတည်းက နိုင်ငံတကာ ထိပ်သီးတက္ကသိုလ်တွေက
ပါရဂူဘွဲ့တွေ၊ မဟာဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင်ကြီးတွေပေါ့။

အဲဒီလူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေတဲ့
အဖြေတွေကလည်း လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ကျောင်းအုပ်ကြီးက
အဲဒီလူတွေကို ဘေးနားက မူကြိုကျောင်းလေးကို ခေါ်သွားပြီးကလေးတွေကို
အဲဒီမေးခွန်မေးတော့ကလေး အကုန်နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။
ဘာလို့ဖြေနိုင် သလဲဆိုတော့ ကလေးတွေမှာ ဘာအသိပညာ၊ အတတ်ပညာ ဘောင်တွေမှ
ခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။

အဲဒီမေးခွန်းတွေကတော့

(၁) ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။

(၂) တောဘုရင် ခြင်္သေ့ ကြီးက တောနေသတ္တ၀ါအားလုံးကို အစည်းဝေးခေါ်တယ်။ဘယ်သူတွေ
မလာဘူးလဲ၊ဘာလို့ မလာတာလဲ။

(၃) မိချောင်းတွေပေါတဲ့ချောင်းကို ရေထဲဖြတ်ပြီးဘယ်အချိန်ကူးမလဲဆိုတဲ့
မေးခွန်းသုံးခုပါ။

ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။ ဒါပေမဲ့ ပြောနိုင်တာ တစ်ခုကတော့သင်လည်း
သိမြင်တတ်သိထားတဲ့ ပညာဘောင်တွေထဲကပဲ စဉ်းစားပြီး အဖြေမရနိုင်ဘူး
ဆိုတာပါပဲ။

နောက်ဖြစ်ရပ်မှန်တစ်ခု ကတော့ ပေါင်ဒါကုမ္ပဏီတစ်ခုမှာ ဖြစ်တာပါ။ အဲဒီ
ကုမ္ပဏီ ဟာ မာကတ်တင်း(Marketing) နည်းမျိုးစုံ သုံးပြီး
အရောင်းမြင့်တင်ခဲ့ရာမှ အရောင်းက တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာ
အရောင်းတန့်သွားပါတယ်။ ကုမ္ပဏီပိုင်ရှင်က အစည်းဝေးခေါ်ပြီး အရောင်းကို
နောက်ထပ်သုံးပုံတစ်ပုံတက်ချင်သေးတယ်။ ဒါပေမဲ့ ကွာလတီလည်း မလျှော့ဘူး၊
ဈေးလည်း မတင်ဘူး၊ ပေါင်ဒါတစ်ဘူးစီမှာထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန်လည်း
မလျှော့ဘူးလို့ ပြောပါတယ်။ စီနီယာ မာကတ်တင်းတွေက အကြံတွေ တစ်ခုပြီးတစ်ခု
ပေးပေမယ့် အသုံးမတည့်ဘူးဖြစ်နေတယ်။အဲဒီအချိန် နောက်ဆုံးမှာ ကုတ်ကုတ်လေး
ထိုင်နေတဲ့ မာကတ်တင်း ၀န်ထမ်းကလေး က ထပြီး အကြံတစ်ခု ပေးပါတယ်။
ကျန်တဲ့သူတွေ က သူပေးတဲ့ ကို ၀ိုင်ရယ်ပေးမယ့် အဲဒီ့ ကုမ္ပဏီ ဟာ
ဒီဝန်ထမ်းအသစ်လေး ပေးတဲ့ အကြံနဲ့ ပဲ အရောင်းသုံးပုံတစ်ပုံတက်သွားတယ်။ သူ
ဘာအကြံပေးခဲသလဲ? သူပေးတာကတော့ ပေါင်ဒါသုံးသူတွေ ပုံမှန်ထက် အချိန်
သုံးပုံးတစ်ပုံ စောပြီး ကုန်အောင်လက်ရှိ ပေါင်ဒါဘူးက အပေါက်တွေရဲ့
အကျယ်ကို သုံးပုံ တစ်ပုံထပ်ချဲု့ ပေးဖို့ပါ။သင်ရော ဒီလို တွေးမိခဲ့ပါလား?

အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ခ်ျဝါရှင်တန် ငယ်စဉ်က သူ့အိမ်က
ပန်းသီးပင်ကြီးကို ပုဆိန်နဲ့ ခုတ်လှဲခဲ့ပါတယ်။ အဖေက ဘာလို့ ခုတ်လှဲခဲ့သလဲ
ဆိုပြီး ဆူတော့ ဂျော့ခ်ျဝါရှင်တန် က သူ့အပြစ်ကို ၀န်ခံပါတယ်။ သူ့အဖေကလည်း
သူ့ကို မရိုက်ပါဘူး။ ဒီနေရာမှာ ဘာလို့ အဖေက မရိုက်တာလဲဆိုတဲ့ မေးခွန်ကို
ကျောင်းတွေ တော်တော်များများမှာ မေးခဲ့ကြပြီး ဆရာတွေကိုသူတို့
တပည့်တွေပေးတဲ့ စံပြ အဖြေကတော့ အပြစ်ကို ၀န်ခံလို့ မရိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ကလေးတစ်ဦးကတော့ ဂျော့ခ်ျဝါရှင်တန် လက်ထဲမှာ ပုဆိန်ကြီး
ကိုင်ထားလို့ သူအဖေက သူရိုက်ရင် ထခုတ်မှာစိုးလို့ မရိုက်တာလို့
ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန်တစ်ခု မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ ပညာတွေ။
ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ်ထားတဲ့ ဒီကမ္ဘာမှာ ဒီကလေးရဲ့ အဖြေက
မှတ်တမ်း တင်မခံခဲ့ရပါဘူး။

ခုနက မေးခွန်သုံးခုရဲံ အဖြေတွေကို အခု ဖြေပေးပါမယ်။

(၁)အဖြေကတော့

ဆင်ရဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲကို ထည့်မယ်ဆိုရင် ရေခဲသေတ္တာရဲ့
တံခါးကိုဖွင့်ပြီးမှ ထည့်လိုရမှာ ဖြစ်လို့
ပထမအဖြေကတော့တံခါးဖွင့်ထည့်ရမယ်ဆိုတာပါပဲ ဖြစ်တယ်။

ရေခဲသေတ္တာဟာ ဘယ်အရွယ်ပဲရှိတယ်ဆိုတာ သိတဲ့သူတွေက ဒီအဖြေကို
မပေးခဲ့တာဖြစ်ပါတယ်။ ရေခဲသေတ္တာ ကိုဒီအကောင်တွေထည့်ဖို့ ကြီးကြီးလုပ်ရင်
မရဘူးလား။ ရေခဲသေတ္တာဆိုတာ ဘယ်အရွယ်ထက်မကြီးရဘူးလို့ ကန့်သတ်ထားလို့လား။
မထားပါဘူး။ ကိုယ်မြင်ဘူးတဲ့ အတိုင်းအတာကြောင့် ယုတ္တိကျတဲ့အဖြေကို
မပေးခဲ့ကြတာပါ။

ဒီတစ်ခုအဖြေရရင် ကျန်တာတွေက လွယ်သွားပါပြီး။

(၂)အဖြေကတော့

ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေးပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့က
ရေခဲသေတ္တာထဲ အပိတ်ခံထားရတာကိုး။

(၃)နောက်ဆုံးအဖြေ

ကို ဒီအချိန်ဆို သိလောက်ပြီထင်ပါတယ်။ မိချောင်းတွေ အစည်းဝေးတက်နေချိန်မှာ
ချောင်းကို ဖြတ်ကူးမှာပေါ့။

တကယ်တော့ ဘောင်တွေ၊ စည်းတွေကို ကျော်ပြီး စဉ်းစား ကြည့်ရင် လောကမှာ
ခက်ခဲတယ်ဆိုတဲ့ ပြသာနာတွေရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေပါဆိုတာ ဒီဥပမာအရ
သိနိုင်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the box
ဆိုတဲ့ စကားခေတ်စားလာပါတယ်။ စည်းမျဉ်းဘောင်ခတ်
သတ်မှတ်ချက်တွေအပြင်ဘက်ကနေတွေးတော ကြံစည်တာ ဖြစ်ပါတယ်။ နောက်နောင်
သင့်ဘ၀မှာ ခက်ခဲတဲ့ ပြသာနာတွေ ရင်ဆိုင်ရရင်ဘောင်တွေ စည်းတွေ မခတ်ဘဲ
လွတ်လွတ်လပ်လပ် စဉ်းစား ကြည့်ပါ။ သင့်အတွက် အကောင်းဆုံးနဲ့
အသင့်လျော်အဖြေက လွယ်လွယ်လေးနဲ့ ရလာပါလိမ့်မယ်။







ဟာသ


စာမေးပွဲကျခြင်းသည်..ကျောင်းသားတွေ..အပြစ်မဟုတ်ပါ ..

........ဘာကြောင့်ဆို..တနှစ်မှာ ၃၆၅ရက်ပဲရှိတာကိုး...

ကျောင်းသားတယောက်အတွက် ..တနှစ်တာ..

၁။ ဆန်းဒေး ... ၅၂ ရက် - ဆန်းဒေးက..ကျောင်းပိတ်ရက်လေ.. - ကျန်ရက်< ၃၁၃ >

၂။ နွေကျောင်းပိတ်ရက် ... ရက် ၅၀ - ရာသီဥတုအရမ်းပူတယ်လေ..
စာကျက်လို့မကောင်းဘူး.. - ကျန်ရက် < ၂၆၃ >

၃။ တနေ့၈နာရီ..အိပ်တယ် ... ရက် ၁၃၀... - ကျန်ရက် < ၁၄၁ >

၎။ တနာရီ..နေ့တိုင်းကစားတယ် - ၁၅ ရက် .. ကျန်းမာရေးအတွက်ကောင်းတယ်.. -
ကျန်ရက် < ၁၂၆ >

၅။ အစားအသောက်အတွက် တနေ့နှစ်နာရီ ( သေသေချာချာ
ဝါးတယ်..မြိုတယ်..အရင်မလိုဘူး..) .. ရက် ၃၀ - ကျန်ရက် <၉၆>

၆။ စကားပြောဖို့အတွက်..တနေ့တနာရီ ( လူသားတွေက..ဆိုရှယ်ကျရမယ် ) ၁၅ ရက် -
ကျန်ရက် <၈၁>

၇။ စာမေးပွဲရက်..တနှစ်မှာ..အနည်းဆုံး ၃၅ ရက်ရှိတယ်..(လပတ်..နှစ်ပတ်..) -
ကျန်ရက် < ၄၆>

၈။ ဟောလီးဒေး..ရက်ပေါင်း ၄၀ ဆိုတော့.. - ကျန်ရက် < ၆ >

၉။ ဖျားနာရက်.. ၃ရက်လောက်တော့ရှိမယ်.. - ကျန်ရက် < ၃>

၁၀။ ရုပ်ရှင်ကြည့်မယ်..သူငယ်ချင်းတွေနဲ့လျှောက်လည်မယ်.. ၂ရက်ထားပါတော့..
- ကျန်ရက် < ၁>

၁၁။ နောက်ဆုံးကျန်တဲ့၁ရက်က မွေးနေ့လေ...

မွေးနေ့မှာ..ဘယ်လို စာကျက်မလဲ..??????!!!!!!!!!!

ကျန်ရက် - ဝ

ကဲ..ဒါဆိုရင် ..ကျောင်းသားတယောက်.ဘယ်လိုလို့..စာမေးပွဲအောင်တော့မလဲ..

စာမေးပွဲကျခြင်းသည်..ကျောင်းသားတွေ..အပြစ်မဟုတ်ပါ ..
ဘာကြောင့်ဆို..တနှစ်မှာ ၃၆၅ရက်ပဲရှိတာကိုး...

Tuesday, November 10, 2009

ဆေးသိပ္ပံနည်းကျ ကျန်းမာရေးအတွက်သတိပြုဖွယ်များ To: >

မျက်နှာသစ်
မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ ရေပူ ရေအေး တလှည့်စီဖြင့် မျက်နှာကိုပွတ်ပေးခြင်းသည်
ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာတင့်တယ်စေပါသည်၊ ပွတ်သည့်အခါတွင် အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊ နေ့စဉ် မျက်နှာသစ်သည့်အခါတွင် များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိသည်၊ ဤသို့ပြုခြင်းသည် သွေးလည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။


လက်များများဆေး တုပ်ကွေးကာကွယ်ပေး
လူတယောက်၏ နှာခေါင်းပေါက်အတွင်းပိုင်းသည် စိုစွတ်နွေးထွေး၍ တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး ပွားများရန်သင့်လျော်သော နေရာကောင်းတခုဖြစ်သည်။ရောဂါပိုးကပ်ငြိနေသောလက်ဖြင့်မျက်စိပွတ်မိပါကပိုးမွှားများကိုမျက်ရည်ပြွန်မှတဆင့်နှာခေါင်းပေါက်
အတွင်းပိုင်းသို့ ရောက်သွားစေနိုင်သည်၊ နှာခေါင်းပေါက် နှိုက်ခြင်းဖြင့်ပိုးမွှားများ ကိုတိုက်ရိုက်နှာခေါင်းပေါက်အတွင်းပိုင်းသို့ အရောက်ပို့နိုင်ပါသည်၊ နှာခေါင်းပေါက်အတွင်းပိုင်းသို့ ရောဂါပိုးမွှား ရောက်ရှိပွားများနေလျှင် တုပ်ကွေးရောဂါကို ခံစားရဖွယ်ရှိသည်၊ ထို့ကြောင့် လက်များများဆေးခြင်းဖြင့် ပိုးမွှားကပ်ငြိခြင်းမှ ကာကွယ်ရမည်၊ ဖြစ်နိုင်လျှင် နှာခေါင်းပေါက်ကို လက်ဖြင့် မကလော်ဘဲ အပေါ်မှသာ ဖျစ်ညှစ် နှိပ်နယ်သင့်ပါသည်။


ရေနွေးဖြင့် ခြေဆေးပါ
လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် ခြေထောက်အစုံသည် နှလုံးမှ အဝေးဆုံးဖြစ်သည်၊ သွေးကြောများ၏ အစွန်အဖျားများ ရှိသည်၊ ထို့ပြင် ခြေဖ၀ါး အရေပြားအောက် အဆီလွှာသည် ပါးလွှာသည်၊ အပူထိမ်းသိန်းနိုင်စွမ်း အားနည်းသည်၊ ခြေပိုင်းသည် ခန္ဓာကိုယ်တွင် အပူချိန်အနိမ့်ဆုံးနေရာဖြစ်သည်၊ခြေအစုံ အအေးမိလျှင် တကိုယ်လုံး တုံ့ပြန်အေးမှု ဖြစ်ပေါ်နိုင်သည်။အကယ်၍ အမျိုးသမီးများ ရာသီလာချိန်၊ ကိုယ်ဝန်ရှိချိန်တွင် ခြေအအေးမိပါက မီးယပ်ကိုင်၊ကိုယ်ဝန်ပျက်ကျ စသည်တို့ ဖြစ်တတ်သည်၊ ထို့ကြောင့် မည်သည့်ရာသီတွင်မဆို ခြေထောက်ဆေးမည်ဆိုပါက အေးသောရေကို မသုံးဘဲ နွေးသောရေကို အသုံးပြုသင့်ပါ
သည်။

ထမင်းစားပြီး ချက်ချင်း ရေမချိုးသင့်
ထမင်းစားပြီးလျှင်ပြီးချင်း ရေချိုးလျှင်လည်း ကျန်းမာရေးနှင့် မညီပေ၊ စားသောက်ပြီးချိန်တွင် လူ့ခန္ဓာကိုယ်တွင်းရှိ အစာချေစနစ်သည် ၀န်ပိပြီး အစာအိမ်နှင့် အူလမ်းကြောင်းသို့ သွေးများ ပိုမိုရောက်ရှိနေသည်၊ ထိုအချိန်၌ ရေချိုးပါက အရေပြားသို့လည်း သွေးကြောများ ကျယ်ပြန့်မှုကြောင့်သွေးများပိုမိုရောက်ရှိပြီးဦးနှောက်သို့သွေးရောက်မနည်းသွားပါမည်၊ထို့ကြောင့်အသက်ကြီးသူနှင့်နှလုံးသွေးကြော
ရောဂါရှိသူများ ပိုမို၍ ဂရုပြုသင့်ပါသည်။


ရေချိုးချိန် တိုရမည်
ရေပူချိုးချိန်ကြာလျှင် ခေါင်းမူး၊ မျက်စိပြာ၊ ရင်ဝမွန်းကျပ်၊ နှလုံးခုန်နှုန်းမြန်၊ သွေးတိုး စသည့် ရေပူချိုးခြင်း အဆိပ်သင့်ရောဂါစုံ ရတတ်ပါသည်။ရေအေးချိုးချိန်ကြာလျှင်လည်း အအေးမိရောဂါ ရတတ်ပါသည်၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီရန် ရေချိုးချိန် တိုရပါမည်။


ကိုယ်တိုက်ဆပ်ပြာ အသုံးလွန်ခြင်း
လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် ချွေးထုတ်ပြွန်များ အပြည့်ရှိသည်၊ ယင်းပြွန်များမှ အဆီများနှင့် ချွေးများကို ထုတ်ပေးလေ့ရှိပြီး အရေပြားနှင့် ဆံပင် အမွှေးအမှင်များကို စိုစွတ်နူးညံ့စေသည်၊ ကိုယ်ခန္ဓာအပူချိန်ကို ထိမ်းသိန်းပေးထားသည်၊ ထို့ပြင် ယင်းတို့သည် ပူးပေါင်း၍ အက်စစ်ဂုဏ်သတ္တိကိုပြုပြီး ရောဂါပိုးမွှားကို သေစေနိုင်သည်၊ ထို့ကြောင့် ဆပ်ပြာအသုံးများလျှင် အရေပြားအဆီကို များစွာလျော့နည်းသွားစေနိုင်ပြီး ရောဂါပိုးမွှား ကာကွယ်အား ကျဆင်းသွားနိုင်သည်၊ အရေပြား ရုန်းပြန်အား လျော့နည်းသွားစေနိုင်ပြီး အိုလွယ်စေနိုင်ပါသည်။
( ၂၀၀၂-မေလထုတ် တရုတ်ဘာသာဖြင့် ထုတ်ဝေသော Baojian Shibao စာစောင်မှ ထုတ်နှုတ်ဘာသာပြန်ဆိုပါသည် )

( ပါမောက္ခ ဒေါ်ခင်ဖြူ-မြင်းခြံ ) -မြတ်မင်္ဂလာ ၂၀၀၈-ဒီဇင်္ဘာ