Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Friday, December 18, 2009

Theravada (White Paper & Black Text)
Theravada (Black Paper & White Text)

Wednesday, December 16, 2009

Ko Min Ko Naing (Back Mirror)

ကျေးဇူးတင်ပါတယ် သူငယ်ချင်း (စောမြတ်ထူး)

မြန်မာအလုပ်သမားများအား တင်ဆောင်လာသည့် ထိုင်းရဲကားကို စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်မြို့နှင့် ရနောင်းမြို့အကြားရှိ အမှတ်(၂) စစ်ဆေးရေးစခန်းတွင် ချွန်ဖွန်ဘက်မှလာသော မြန်မာအလုပ်သမားများအား တင်ဆောင်ထားသည့် ထိုင်းရဲကားတစ်စီးကို ယခုလ (၆)ရက်နေ့၊ နံနက်ပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

(၁၉၁) အရေးပေါ် ကားနံပတ် ၃၉၂၉၇ ကားဖြင့် လိုက်ပါလာသူ မောင်ဝါး အသက်(၄၆)နှစ်၊ အလင်း အသက် (၄၀)နှစ်နှင့် မအမိုး အသက် (၂၁)နှစ်တို့ကို ခေါ်ဆောင်လာသည့် ရဲတပ်သားများနှင့်အတူ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်သား နိုင်စုန်ပိုး (၄၃)နှစ်နှင့် နိုင်ကဆင် အသက် (၅၂)နှစ် တို့နှစ်ဦးအား အာဏာပိုင်များက မေးမြန်းစစ်ဆေးရာ၊ ရနောင်းမြို့မှ ထိုင်းလူမျိုး ရာဘာခြံ လုပ်ငန်းရှင်းတဦးက ခေါ်လာခိုင်းသဖြင့် ခေါ်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသွားသည်။

အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းအစိုရမှ ထုတ်ပေးထားသော အလုပ်လုပ်ကိုင် နေထိုင်ခွင့် လက်မှတ်(ဘတ်)ရှိသော်လည်း နယ်မြေဖြတ်ကျော်ခွင့် မပါသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးခံရသည့် ထိုင်းရဲတပ်သားနှစ်ဦးက မြန်မာအလုပ်သမားများတွင် အလုပ်သမားလက်မှတ်ရှိသဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသော်လည်း ၄င်းတို့ကို မြန်မာအလုပ်သမားများနှင့်အတူ ရနောင်းမြို့ အချုပ်ခန်းတွင် ဖမ်းဆီး ထိမ်းသိမ်းထားသည်။

ယခုလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်မှ အဖြတ်တွင် (၁၉၁)အရေးပေါ် အနောက်အမိုးဖွင့်ကားပေါ်၌ ပန်ကာနှင့်အတူ အိမ်အသုံးအဆောင်များ တင်ဆောင်လာသဖြင့် သံသယရှိသောကြောင့် စစ်ဆေးရာမှ ယခုကိစ္စ ပေါ်ပေါက်လာခြင်ဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ယမန်နေ့က ထုတ်ဝေသည့် ထိုင်းရပ်သတင်းစာ မျက်နှာဖုံးတွင် ရေးသားဖေါ်ပြထားသည်။

Tuesday, 08 December 2009 13:12
http://www.ghre.org/mm/index.php?option=com_content&view=article&id=419:2009-12-08-06-14-41&catid=1:latest-news&Itemid=54

အလယ်တန်းပြ ဆရာမမှ ကျောင်းသူနှစ်ဦးကို ထိုင်၊ ထ အကြိမ်တထောင် အပြစ်ပေး

သင်္ချာပုစ္ဆာမတွက်နိုင်သဖြင့် အလယ်တန်း ကျောင်းသူနှစ်ဦးကို သင်္ချာဆရာမက ထိုင်၊ ထ အကြိမ်တထောင် အပြစ်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့က တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ အေးရိပ်ငြိမ်အထက်ကျောင်းတွင် အလယ်တန်းပြ သင်္ချာဆရာမက အသက် (၁၃)နှစ်အရွယ် သတ္တမတန်းကျောင်းသူ မဇာလွင်နှင့် မဇင်နိုင်ကို တို့(၂)ဦးကို မသင်ရသေးသော သင်္ချာပုစ္ဆာများ တွက်ခိုင်းပြီး မတွက်နိုင်သောကြောင့် ထိုင်၊ ထ အကြိမ် (၁၀၀၀) အပြစ်ဒဏ် ပေးခဲ့သည်။

ဆရာမအပြစ်ဒဏ်ပေးသည့်အတိုင်း ထိုင်၊ ထလုပ်နေစဉ် မဇာလွင်မှာ အကြိမ် (၈၀၀)ပြည့်ချိန်နှင့် မဇင်နိုင်မှာ အကြိမ် (၂၁၀)ပြည့်သည့်အချိန်တွင် ကျောင်းဆင်း ခေါင်းလောင်းထိုးသောကြောင့် ရပ်နားခဲ့ရသည်ဟု မဇာလွင်က ပြောပြသည်။

“သမီးကို သင်္ချာတွက်ရအောင်လို့ သင်္ချာဆရာမ ဒေါ်နေဇာထွန်းက ခေါ်ပါတယ်။ သမီးကို စာတော်တယ်ဆိုပြီး အမြဲခေါ်ပါတယ်။ ပထ၀ီလည်းမေး၊ သမိုင်းလည်းမေးတယ်ရှင့်။ ပြီးတော့ မသင်ရသေးတဲ့ သင်္ချာကို တွက်ခိုင်းတော့ သမီးတို့ မတွက်တတ်ဘူးလေ။ မတတ်ရကောင်းလားဆိုပြီး သမီးကို ထိုင်၊ ထအကြိမ်(၁၀၀၀) လုပ်ခိုင်းပါတယ်။ သမီးရှက်လည်း ရှက်တယ်။ ၀မ်းလည်း နည်းတယ်ရှင့်။ ကိုယ်လက်တွေနာလို့ သမီးလမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ဒီနေ့ သမီး ကျောင်းမတက်နိုင်ဘူး’’ဟု ငိုရှိုက်ရင်း ပြောပြသည်။

ကျောင်းသူမိဘများနှင့် နီးစပ်သူတစ်ဦးက “ဇာလွင်ကလေးက စာတော်တယ်။ နှစ်တိုင်း မထမ၊ ဒုတိယရတယ်။ မနေ့က ကျောင်းကဆင်းလာတာ လမ်းတောင် မလျှောက်နိုင်ဘူး။ ငိုပြီးတော့ လာတယ်။ သူမိဘတွေလည်း စိတ်မကောင်းကြဘူး။ သူ့အမေက ကျောင်းအုပ်ကြီးကို သွားပြီး တိုင်လိုက်တယ်” ဟုပြောပြသည်။

မဇာလွင်နှင့် မိခင် ဒေါ်ဖြူဖြူတို့အပါအ၀င် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက အထူးအစည်းအဝေး ပြုလုပ်ပြီး သင်္ချာဆရာမ ဒေါ်နေဇာထွန်းကို သူငယ်တန်းပြသို့ ပြောင်းရွှေ့ ပြစ်ဒဏ်ပေးခဲ့ကြောင်း အမည်မဖေါ်လိုသူ ဆရာမတစ်ဦးကပြောသည်။

“ကလေးက စာညံ့လို့ ပြစ်ဒဏ်ခံရတာ မဟုတ်ဘူးရှင့်။ အဲဒီသင်္ချာ ဆရာမဆီမှာ ကျူရှင်မယူတဲ့ အတွက် အတန်းထဲမှာ စာတော်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ရွေးပြီးနှိပ်ကွပ်တာပါ။ ဒါမျိုး မလုပ်သင့်ဘူးပေါ့နော်” ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ ကျောင်းသူနှစ်ယောက်အပေါ် အပြစ်ပေးခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနမှ ပညာရေးဌာနတာဝန်ခံ ဦးမင်းသိမ်းကျော်က “ပညာရေး စံနစ်ကတော့ တူချင်မှ တူမယ်လေ၊ ဒါပေမယ့် ကလေးကို ပြစ်ဒဏ် ပေးတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မဖြစ်အောင် စဉ်းစားရပါမယ်။ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်” ဟုပြောသည်။

ကလေးများတွင် စွမ်းရည်ဆယ်တစ်မျိုးခန့် ရှိကြောင်းနဲ့ ဒါတွေကို ဆရာ၊ ဆရာမတွေအနေနဲ့ သိထားစေချင်ကြောင်း ဦးမင်းသိမ်းကျော်မှ အခုလို ဆက်ပြောပြသည်။

“သင်္ချာပုစ္ဆာမရတာ ပြစ်မှုမှ မဟုတ်ပဲဗျ။ သင်္ချာမရလို့ အပြစ်ပေးလိုက်မယ်ဆိုရင် ကလေးတွေမှာ ဆိုးကျိုးတွေ အများကြီး သက်ရောက်သွားပါမယ်။ သင်္ချာမရလို့ အပြစ်ရှိတယ်ထားအုံး၊ ကလေးက တခြား ဘာသာရပ်တွေမှာ တော်မယ်။ ကလေးတွေမှာ စွမ်းရည် ဆယ်တစ်မျိုးလောက် ရှိတယ်။ အများကြီး ရှိတယ်။ ဒါတွေကို ပြည်တွင်းပြည်ပက ဆရာ၊ ဆရာမတွေကို သိထားစေချင်တယ်လို့ အကြံပြုလိုပါတယ်”

ကလေးများရဲ့ အခွင့်အရေးနှင့် ပတ်သက်ပြီးလည်း အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနမှ ကလေးအခွင့်အရေး ဌာနတာဝန်ခံ ကိုဗညားက

“တိုင်းပြည်ရဲ့ အနာဂတ်ဟာ လက်ရှိ ကလေးတွေရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကလေးအခွင့်အရေး မရှိဘူး၊ နားမလည်ဘူးဆိုရင်၊ အဲဒီနိုင်ငံဟာ မဲမှောင် ကျတဲ့နိုင်ငံပါ။ နိုင်ငံသားကောင်းတွေ မရှိတော့တဲ့ နိုင်ငံက ဘယ်လို တိုးတက်နိုင်တော့မလဲ။ ကလေးတွေကို ပညာသင်ချင်အောင် ကျောင်းမှာပျော်အောင် လုပ်ပေးနိုင်ရပါမယ်။ ပညာရေး အခန်းကဏ္ဍဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ တိုင်းပြည်အုပ်ချုပ်တဲ့ လူတွေ သိဖို့လိုပါတယ်။ နောက်တစ်ပိုင်းက ဆရာ၊ ဆရာမတွေလည်း သိဖို့ လိုပါတယ်။ အဆင့်အတန်း ခွဲခြားမှုတွေ မရှိဖို့လိုပါတယ်။ လူထုအားလုံးလည်း ပညာရေး အခွင့်အလမ်းကို ရယူခွင့် ရှိရပါမယ်။ အပြင်ကကျူရှင်ကို အားကိုးပြီးတော့မှ ပညာသင်ကြားရတဲ့စနစ်ကို ရှောင်ရှားနိုင်ရပါမယ်”ဟု ပြောသည်။

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အထက်တန်းကျောင်းတွင် ပဉ္စမတန်းမှ ဆယ်တန်းအထိရှိပြီး ကျောင်းသား ကျောင်းသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။


http://www.ghre.org/mm/index.php?option=com_content&view=article&id=348:2009-07-23-12-30-01&catid=1:latest-news&Itemid=54