Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label မောင်ဒဂုန်. Show all posts
Showing posts with label မောင်ဒဂုန်. Show all posts

Monday, October 26, 2009

ပူတက်စိုးရိမ်တက်တဲ့ အကျင့်

အလုပ်တစ်ခုကို တစ်ခါလုပ်တယ် နှစ်ခါလုပ်တယ် သုံးခါလုပ်တယ် ဥပမာပြောရယင် မနက်တိုင်းလဘက်ရည်အချိုသောက်တယ် နောက်ချွေတာရမယ့် အခြေအနေမျိုးနဲ့ ကြုံလို့ မသောက်ပဲနေကြည့်တယ် သူကိုစွဲလန်းနေမိတယ်၊ လဘက်ရည်အချိုမသောက်ရတဲ့နေ့ ဆိုယင် စိတ်ထဲတစ်မျိုးကြီးပဲ တစ်ခုခုလိုနေသလိုလဲထင်ရပါတယ်။

တကယ်တော့ဘာမှဖြစ်တာမဟုတ်ပါဘူး၊ အကျင့်ပါ အကျင့်လုပ်ထားလို့ အကျင့်ဆိုတာ အစပထမကတော့ အပ်ချည်မျှင်လိုပါပဲ အားနဲ့ ဆွဲဖြတ်ယင် ပြတ်နိုင်ပါသေးတယ်၊ ကြာလာတဲ့အခါမှာတော့ သံကြိုးမျှင်လို ခိုင်မာသွားတက်ပါတယ် ၊ဖြတ်လို့ မရတော့ပါဘူး၊ ခဲယဉ်းသွားပါတယ်။

ဒါပေမယ့် ဇွဲနဲ့ စိတ်ဆုံးဖြတ်ပြီး ဖြတ်ယင်ရနိုင်ပါတယ်။

တစ်ချို့သိပ်စိတ်ပူတက်တယ်၊ စိုးရိမ်တက်တယ်၊ အထူးသဖြင့် သံယောဇဉ်အသိုင်းအဂိုင်းနဲ့ ပတ်သက်လာယင် ခံစားမူပြဿနာတက်ပါလေရော သားသမီး သားမယားအပေါ်အစစ အရာရာ စိတ်မချနိုင်ပဲရှိနေတယ်တယ် ၊အိမ်မှာလူမစုံမချင်းလည်ပင်း တရှည်ရှည်ဖြစ်နေတက်ပါတယ်၊ အဲဒါဟာနေ့ စဉ်အလုပ်ပါပဲ။

ကြာတော့ပူရ စိုးရိမ်ရတဲ့ အလုပ်စာကိုယ့် အလုပ်မလုပ်ယင်ဖြစ်တဲ့အလုပ်ဖြစ်လာပါတော့တယ်။ ဒီလိုလူမျိုးတွေမှာလဲ စိတ်အေးချမ်းသာမူဆိုတာ မရှိပါဘူး၊ သူတို့ နဲ့ အပူဟာမီးနဲ့ မီးစာလိုပဲ ဒွန်တွဲနေပါတယ်၊ မီးမရှိလဲ မီးခြစ်နဲ့ ခြစ်ပြီးညှိလို့ ရတယ်၊ မီးစာကုန်လဲ အသစ်ထည့်ယင်ဖြစ်တယ်၊ဒါနဲ့ ပဲ အပူပြတ်တယ်ဆိုတာမရှိတော့ဘူး၊ လူနဲ့ အပူဆိုတာကတော့ လုံးဝကင်းရိုးထုံးစံမရှိရိုးအမှန်ပါ၊ ဒါပေမယ့်အပူကို နည်းနိုင်သမျှနည်းအောင်တော့ လုပ်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စိုးရိမ်ပူပန်မူတွေဟာ လူကို - - -

. . . . အသက်ကိုတိုစေပါတယ် ဒါကြောင့်နေပူတာမှမဟုတ် မီးအပူနားမှာ ကြာကြာမနေအပ်သလို စိုးရိမ်ပူပန်မူတွေကိုလဲ ကြာကြာမသိမ်းပိုက်ထားသင့်ပါဘူး။

. . . . ရုပ်ဆင်းပျက်ယွင်းမှေးမှိန်စေပါတယ်။

စိုးရိမ်ပူပန်မူတွေကို လေ့လာကြည့်တဲ့အခါ - - -

. . . . အချိန်တန်ကျယင် သူဟာသူပြီးသွားမယ့် အပူမျိုး

. . . . မိမိကကြံဖန်တွေးပြီး မဖြစ်သေးပဲ ဖြစ်မယ်မဖြစ်ဖူးဆိုတာကို သေသေချာချာ မသိပဲအလကားနေယင်း ပူနေတဲ့အပူ

. . . . မိမိမဟုတ်မတရားလုပ်မှပေါ်ပေါက်မယ် အပူ(အသိတရားနဲ့ ရှောင်ယင်ငြိမ်းသွားမယ့်အပူ)စသည်ဖြင့်ဒီလောက်ပဲရှိပါတယ်။

အသက်နဲ့ ခန္ဓာရတဲ့ သတ္တ၀ါမှန်သမျှ တိရိစ္ဆာန်ကအစ ပူမယ်ဆိုယင် ပူစရာတွေက ပတ်ချာဝိုင်းလို့ နေပါတယ်။

. . . . ကိုယ်တုံးလုံးနဲ့ နေရတဲ့ တိရိစ္ဆာန်သတ္တ၀ါတွေအဖို့ အချိန်မရွေး အပူရှပ်နိုင်တယ် အအေးမိနိုင်တယ်၊

. . . . စားစရာသောက်စရာ ရေရေရာရာ အာမခံချက်မရှိတဲ့အတွက် အချိန်မရွေးငတ်ပြီးသေနိုင်တယ်၊

. . . . လူအပါအ၀င်သတ္တ၀ါတွေရဲ့ နှလုံးခုန်မူဟာ စက်များလိုအချိန်မရွေး ရပ်သွားနိုင်ပါတယ် နှလုံးခုန်ရပ်သွားတာနဲ့  ဘာဖြစ်သွားလေ့ရှိတယ်ဆဆိုတာ လူတိုင်း သိပြီးသားပါ၊

. . . .အားလုံးသိကြတဲ့အတိုင်း ဒီနေ့ ကာလမှာ ယာဉ် ယန္တရားတွေရဲ့ သွားလာလှုပ်ရှားမူ ဟာအထူးများပြားလှပါတယ်၊ လူတွေဟာ ဒီယန္တရားတွေ ပျားပန်းခတ်လှုပ်ရှားသွားလာ နေကြတဲ့ကြားကပဲဖြတ်သန်းသွားလာနေကြရပါတယ်၊ သူတို့ ကိုစီးနင်းပြီးခရီးဆက်နေကြရပါတယ်၊ ဒီတော့ယာဉ်တိုက်မိလို့ ပဲဖြစ်ပါစေ အဲဒီယာဉ်မှောက်လို့ ပဲဖြစ်စေ အချိန်မရွေးနေရာမရွေး သေစေနိုင်တယ်လို့  မဆိုနိုင်ပေဘူးလား။ ဒါကြောင့်ပူတက်စိုးရိမ်တက်တဲ့ အလေ့အထဆိုးကလေးများ အစို့ အညှောက်ပေါက်နေခဲ့ယင် အမြန်သတ်ပစ်ပါ။

ဘာကြောင့်ပါလိမ့်

အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိစမြဲဖြစ်ပါတယ်။ စိတ်ချမ်းသာအောင်နေနည်းဆိုတဲ့ အကျိုးတရားရှိမှသာဖြစ်ကြောင်းသဘောပေါက်ဖို့ လိုပါလိမ့်မယ်။ လောကမှာ လူနည်းစုလောက်ကသာ စိတ်ချမ်းသာအောင်နေနိုင်တာကို တွေ့ ရပါတယ် ဒါဟာ

. . . .ပညာတက်လို့ လဲ မဟုတ်ဘူး၊
. . . .ပစ္စည်းရှိလို့ လဲ မဟုတ်ဘူး၊
. . . .ရာထူးကို လက်ညှိုးထိုးပြလို့ လဲ မဖြစ်ဘူး၊
. . . .နာမည်ကျော်ကြားခွင့်ရတာကိုလဲ မရည်ညွှန်းနိုင်ဘူး၊
. . . .ရုပ်ရည်ချောမောလှပတာကိုလဲ အကြောင်းမခံဘူး၊

ဒါဖြင့် ဘာကြောင့်ပါလိမ့် ဟုတ်ကဲ့ စိတ်ဝင်စားစရာပဲ အဖြေရှာဖို့ ကတော့ မခတ်လှပါဘူး။ ခါတိုင်းထက်နည်းနည်းကလေးပိုပြီး စဉ်းစားကြည့်လိုက်ယင် အဖြေပေါ်လာပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ လေးနက်တဲ့အကြောင်းတရားတွေနဲ့  ရစ်ပတ်ရှုတ်ထွေးနေတဲ့ အကြောင်းတရားကို ဆက်ပြီးသုံးသပ်လိုက်တဲ့အခါ လူတွေဟာ အများအားဖြင့် လောဘ၊ ဒေါသ၊ မောဟ နဲ့ ယှဉ်တဲ့အသိအမြင်တွေနဲ့ သာ လှုပ်ရှားသွားလာလုပ်ကိုင်နေကြတဲ့ အတွက် အမှန်နဲ့ အမှားကို တိတိကျကျမသိပဲ ဖြစ်နေကြရပါတယ်။

တရားတာမတရားတာ အပထား မိမိအလိုဆန္နပြည့်ဝဖို့ အရေးဟာအရေးကြီးတယ်လို့ ခံယူတဲ့အချက်တစ်ခုတည်းနဲ့ ကို စိတ်ချမ်းသာအောင်နေနိုင်ဖို့  ကိစ္စမှာ နက်နဲတဲ့အကြောင်းတရားတစ်ခုအဖြစ်နဲ့ လာပြီးရှုပ်ထွေးနေရပါတယ်၊ စင်စစ်တော့ မိမိတို့ လိုချင်တာရယင် စိတ်ချမ်းသလိမ့်မယ်လိုထင်တဲ့ အထင်ကိုက အရှုပ်အထွေးတရားအမှားတွေနဲ့ ပြည့်နှက်နေပါတယ်။

အမှားဆိုတာအမှောက်ဖြစ်ပါတယ်၊ အမှောင်ဆိုကတည်းက ပြဿနာတစ်ခုရှိလာတော့မှာဖြစ်ပါတယ်၊ ယုတ်စွအဆုံးဘာပြဿနာမှ မရှိစေဦးတော့ သံသယမကင်းတဲ့စိုးရိမ်ထိတ်လန့် စိတ်ကတော့ဖြစ်ပေါ်လာပါလိမ့်မယ် ဒီစိတ်ဟာ စိတ်အေးချမ်းသာမူကို လောင်မြိုက်တဲ့ အပူပဲ မဟုတ်ပါလား။

အခုတင်ပြခဲ့သလို လူတွေစိတ်ချမ်းသာမူကိုရှာပေမယ့် တွေ့ ရခဲ့တဲ့ မတွေ့ တဲ့အကြောင်းတရားတွေကို ဆန်းစစ်ကြည့်တဲ့အခါမသိလို့  အမှန်ကို ရှာမရပဲ အမှန်ခံစားမူကို နှလုံးမသွင်းနိုင်ကြောင်း တရားမှားကိုသွားတွေ့ ရပါလိမ့်မယ်၊ ဒီအကြောင်းတရားအမှားကို အတက်နိုင်ဆုံး အမှန်ဖြစ်အောင်ပြင်နိုင်ယင် စိတ်ချမ်းသာမူကို တင်းပြည့်ကျပ်ပြည့် မခံစားရဘူးပဲထား သုံးပုံနှစ်ပုံနီးပါးလောက်တော့ ခံစားရမှာဖြစ်ပါတယ်။

နှလုံးစိတ်ဝမ်းအေးချမ်းပါစေသား

သက်ရှိသတ္တ၀ါမှန်သမျှ စိတ်ချမ်းချမ်းသာသာနေချင်ကြတာချည်းပါပဲ ရှာကြံစားသောက်တက်တဲ့လူထက်စာယင် ခွေး၊ ကျွဲ၊ နွား၊ စတဲ့သတ္တ၀ါတွေရဲ့ ဘ၀ဟာပင်ပန်းဆင်းရဲလှပါတယ်၊ ဆာလောင်နေပေမယ့်လဲ အသိတရားနဲ့ ယှဉ်ပြီး ရှာကြံစားသောက်နိုင်စွမ်းမရှိ သူတို့ တွေရှာကြံစားသောက်ပုံကလဲ မရေရာနိုင်လွန်းလှပါတယ်၊ အနံခံပြီး ဆင်ကန်းတောတိုး ကြံရရှာပေသကို။

ဒါပေမယ့် သက်ရှိသတ္တ၀ါတွေအနေနဲ့ ဘေးကင်းရန်ကင်းနဲ့ အနှောက်အယှက်မရှိပဲ စိတ်ချမ်းချမ်းသာသာနဲ့ နေချင်ကြတဲ့ဆန္နကတော့ အသိတရားရှိတဲ့လူသတ္တ၀ါတွေနဲ့ အတူတူပဲလို့ ဆိုရပါမယ်၊ ဆိုကြပါစို့ ခွေးကတက်မှာ ဖြစ်သလိုလွတ်လွတ်လပ်လပ်အိပ်နေတဲ့ ခွေးတစ်ကောင်ကိုလေ့လာကြည့်ယင် ဒီခွေးဟာခွေးဆိုးတစ်ကောင်မဟုတ်ဘူးဆိုယင်

- - - လူတွေကအတက်အဆင်းမှာ ခလုတ်တိုက်သွားကြစေဦးတော့ အတက်နိုင်ဆုံးရှောင်တိမ်းပြီး မိမိစိတ်ချမ်းသာသလို နေနိုင်အောင် နေနေတာကို တွေ့ ရမှာဖြစ်ပါတယ်။

- - - နောက်ဆုံးအနှောက်အယှက်များလွန်းယင် တစ်နေရာကိုရွေးပြီး မိမိဖာသာ မိမိပြန်ခွေနေမှာဖြစ်ပါတယ်။

- - - ဒါဟာမိမိရဲ့ ဘ၀အတွေ့ အကြုံကို တက်နိုင်သလောက်မှတ်သားပြီး မိမိဘေးမရှိပဲ စိတ်ချမ်းသာအောင်နေတာဖြစ်ပါတယ်။ဒါကိုလူ့ ရဲ့ရှူဒေါင့်သုံးသပ်ပြီးပြောရယင်. . . .

. . . . . .မရှိလဲ အေးအေးဆေးဆေးပ
. . . . . . ဖြစ်နိုင်သလောက်တော့ စိတ်ချမ်းသာအောင် နေမယ်ဆိုတဲ့ သဘောပါပဲ။

ကဲ ဘယ်နဲ့ လဲ အသိတရားနည်းပါးတဲ့ ခွေးသတ္တ၀ါတောင် စိတ်ချမ်းသာအောင်နေနိုင်သေးယင် နေတက်သေးယင် . . . . .။